ပြုပြင်​သင့်​တာ ပြု ပြင်​ပါ.....မြန်​မာ

in #myanmar7 years ago

IMG_20170906_181555_778.jpg

လောကမှာ​နေထိုင်​ကြ​သော ​ကောင်းသူဆိုးသူ မည်​သို့​ပင်​ဖြစ်​​စေ အလုပ်​လုပ်​ပြီး အသက်​ရှင်​​နေကြ​သောသူများဖြစ်​သည်​၊ဒါ​ကြောင့်​ တစ်​​နေ့ တစ်​​နေ့ မည်​သို့အလုပ်​မည်​နည်း၊ ...ပုံမှန်​အလုပ်​ရှိ​နေ​သောသူသည်​ အ​ကြောင်းမဟုတ်​​ပေ၊ ကြုံရာလုပ်​​လေ့ရှိ​သော ​နေ့စားများမှာ အခက်​​တွေ့​ပေသည်​၊

ဒါ​ကြောင့်​ တစ်​​နေ့တ​နေ့အလုပ်​လုပ်​ဖို့စဉ်းစားရင်း၊အလုပ်​လုပ်​ကြရင်းအချိန်​​တွေကုန်​ဆုံးကြသည်​၊မိမိဝမ်းစာအတွက်​ရှာ​ဖွေစား​သောက်​ရသည်​မှာ​လောကနိယာမ ဟုပင်​ဆို​ပေရမည်​၊ကမ္ဘာတစ်​ဝှမ်းကလူ​တွေလည်းထိုနည်းလည်း​ကောင်းပါပဲ၊အလုပ်​လုပ်​ကြသည်​၊​တွေး​တောကြသည်​၊ဆင်​ခြင်​ကြသည်​၊ထိုသို့အလုပ်​လုပ်​ကြ​သောအခါ ကျ​နော်​တို့လူအများစု ကြုံ​တွေ့လျက်​ရှိ​သော ပျင်းရိခြင်းသည်​ အ​တော်​ပင်​ဒုက္ခ​ပေးသည်​ ​နှောက်​ယှက်​၏ တိုးတက်​လမ်း၌ ခလုတ်​ဆူး​ ဖြစ်​​နေ​ပေသည်​၊

သို့​သော်​ထိုဆူးကို မထိမိ​သောသူ မရှိ​ပေ၊ လူစင်​စစ်​ဧကန်​မှန်​လျှင်​ ပျင်းရိခြင်းကို ​တွေ့ကြုံခံစားဖူးသည်​၊ထိုအရာ၏​ကောင်းကျိုးအရသာကိုလည်း သိ​ပေမည်​၊ ​ကောင်းသည်​မ​ကောင်းသည်​မှာလည်းသိ​ပေမည်​၊ သို့​သော်​ ​ရှောင်​လွဲနိုင်​​သောသူမှာ အနည်းငယ်​ မြူမှူန်​မျှသာ ဖြစ်​သည်​၊ထိုသို့​သော ပျင်းရိခြင်းကို​ဖြေ​ဖျောက်​ဖို့အတွက်​ ကျ​နော်​တို့ရဲ့အချိန်​​တွေကို ဖြုန်းတီးကြသည်​၊ ရ​သောစည်းစိမ်​​ပေါ်တွင်​​ပျော်​​မွေ့ကြရင်း ကျ​နော်​တို့ဘဝ နာရီလက်​တံ​တွေ ​ရှေ့ဆက်​သွား​နေသည်​၊

သို့​သော်​ ကျ​နော်​တို့​သည်​ ထိုသို့ ​ဖျောက်​ဖျက်​ရာတွင်​ နည်းလမ်းများစွာ ရှိကြပါသည်​ ထိုများအနက်​ အရက်​​သောက်​ခြင်းသည်​ တစ်​စိတ်​တစ်​​ဒေသ အပါအဝင်​ဖြစ်​သည်​၊ ​ယောက်ျားသားအများစု​သောက်​ကြပါသည်​၊ ​အားလပ်​ချိန်​၊သို့မဟုတ်​ ရှိတဲ့အချိန်​မှာ ​သောက်​ဖြစ်​ကြသည်​၊ ​ယောက်ျားမှန်​ရင်​ အရက်​​သောက်​ဖူးရမယ်​ ဆို​သော လက်​သုံးစကားရှိ​ပေသည်​၊ ကျ​နော်​စာ​ရေးသူသည်​လဲ ​သောက်​ဖူးပါသည်​သို့​သော်​ ​တ​နေ့ပြီးတစ်​​နေ့ ဆင်​ခြင်​သုံးသပ်​ရင်း အ​ရက်​​သောက်​ခြင်းသည်​ မ​ကောင်း၏မှန်​၏ သို့​သော်​ မ​ရှောင်​လွှဲဘဲ ​ရှေ့ဆက်​​နေခြင်းသည်​ ​နေ့ခင်း မျက်​လုံးကန်း​နေခြင်းနှင့်​တူ၏ ထို့​ကြောင့်​ မ​ကောင်း​သောအရာကို မ​လုပ်​သင့်​ပါ၊

images.jpg

ထိုအသိတရား လက်​ကိုင်​ထား​သော်​လည်းအမှားကိုဆက်​မှား၊ ​သောက်​ဆဲ​သောက်​မြဲဖြစ်​​နေကြသည်​မှာ မြန်​မာနိုင်​ငံမှ အရက်​ဆိုင်​များသာ ချမ်းသာ​နေခြင်းကို ကြည့်​လျှင်​ သိနိုင်​မည်​၊ ထို့​ကြောင့်​ ကျ​နော်​တို့လူမျိုးသည်​ အလုပ်​လုပ်​ချိန်​မအား၊ အားတဲ့အချိန်​​သောက်​၏ လူနည်းစုသာ ဖြစ်​၏ မှန်​သည်​၊ သို့​သော်​ လူများစုမှာ မအားလျှင်​ အား​အောင်​ ပြုလုပ်​၍​သောက်​ကြ၏ ။ တစ်​ခါက သတင်းစာထဲတွင်​ ဟာသတစ်​ခုဖတ်​လိုက်​ရသည်
" ​မေးသူ; အကို၊အကို အရက်​ဘယ်​ချိန်​​သောက်​ဖြစ်​လဲခင်​ဗျ "
"​ဖြေသူ ; ဟုတ်​ကဲ့ခင်​ဗျ ၊အ​ပေါင်းအသင်းစုံရင်​​သောက်​ဖြစ်​ပါတယ်​"
"​မေးသူ: အ​ပေါင်းအသင်းမဆုံရင်​​ကော?"
"​ဖြေသူ: လိုက်​စုတယ်​​လေ....."
ထိုဟာသအတိုင်းဖြစ်​​နေ​ပေသည်​၊မဆုံရင်​လိုက်​စုကြသည်​၊​သောက်​ဖြစ်​ကြသည်​ ​နောက်​ဆုံးတွင်​ မိမိအိုးအိမ်​၊မိသားစုကိုပင်​ လှည့်​မကြည့်​​တော့ဘဲ အရက်​၏​ကျေးကျွန်​ဖြစ်​သွားကြသည်​၊ထိုလူများကိုကြည့်​ရင်​ အ​တော်​ပင်​ နှ​မြောစရာ​ကောင်းလှ၏ ထိုသူတို့အချိန်​​တွေ၊ဘဝ​တွေ အလွန်​ပင်​ နှ​မြောစရာ​ကောင်းသည်​၊ အမှားကိုအမှန်​သိလျှင်​ အနည်းငယ်​မျှ ​လျော့​သောက်​ခြင်း သို့မဟုတ်​ လုံးလုံးဖြတ်​​တောက်​လိုက်​ခြင်းသည်​ ​ပညာတတ်​တို့၏ဆုံးဖြတ်​ချက်​ဖြစ်​သည်​၊ သိသိရက်​နဲ့ မိုက်​၊ နာမှာသိရက်​နဲ့တိုက်​၊ ပိုးဖလံလို မီးကို မတိုးချင်​စမ်းပါနဲ့မိတ်​​ဆွေ လူဆိုသည်​မှာ အသိတရား၊အရာအားလုံးမှာ တိရစ္ဆာန်​ ထက်​ မြတ်​ပါသည်​၊ ထို့​ကြောင့်​ သိရက်​နဲ့မိုက်​သည်​မှာ တိရစ္ဆာန်​ သာ ရှိ​ကြောင်း သိ​စေချင်​ပါသည်​၊ အ​ပျော်​အပါးလိုက်​စားခြင်း၊ ပုတုဇဉ်​လူသားတို့သ​ဘောသဘာဝအရ ​သောက်​စားသည်​မှာ မှန်​သည်​ဟုထင်​ရ​ပေမယ့်​ မည်​သည့်​အရာမှ အစွန်း​ရောက်​လျှင်​ မ​ကောင်း​ပေ၊ ကျ​နော့်​ဆရာသမားများဆုံးမစကားများတွင်​ ပါ​လေ့ရှိ​သောစကားမှာ အစွန်းနှစ်​ဖက်​ကို​ရှောင်​ ဟူ​သောစကားဖြစ်​၏ မည်​သည့်​အရာဖြစ်​​စေကာမူ အစွန်း​ရောက်​ရင်​ ပျက်​စီးတတ်​၏ ဟု ကျ​နော်​ဆရာများအမြဲမှာကြားပါသည်​ ကျ​နော့်​မိတ်​​ဆွေအ​ပေါင်းအသင်း​ရောင်းရင်းများကို ကျ​နော့်​ရင်​ဘတ်​အသဲထဲတွင်​ ​ကိန်း​အောင်း​နေ​သော ဖြစ်​​စေချင်​​သော ဆန္ဒ ကို ​ဖော်​ထုတ်​တင်​ပြလိုခြင်း သက်​သက်​ဖြစ်​ပါသည်​ တစ်​စုံတစ်​ရာ မှားယွင်းခြင်းရှိခဲ့ပါကလည်း ခွင့်​လွှတ်​ပါ​လို့ ဒီ​နေရာက​နေ ​တောင်းပန်​ရင်း အဆုံးသတ်​ပါရ​စေလားဗျာ........

Author : yairthiha
Credit to Google images
IMG_20170824_070118.jpg

Sort:  

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

အလယ်အလတ် လမ်းစဉ်ပဲကောင်းတယ်

Congratulations @yairthiha! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ပိုးဖလန်မျိုးမီးကိုတိုးဆိုသလိုပေါ့ဗျာ အရေးအသားလေးကောင်းပါတယ်

ဟုတ်​အကို ​ကျေးဇူးပါ

အိမ်း မိုက်ရဲတော့ပါဘူးဗျာ

အစွန်းနှစ်ဖက်ကိုရှောင်တာ လူမှန်းသိတတ်စကတည်းကပါခင်ဗျာ ဘာကြောင့်လဲဆိုတော့ လိမ့်ကျမှာစိုးလို့ပါ စာအရေးအသားတွေအတော်တိုးတက်လပီဘဲ ကြိုးစား ကြိုးစား ကြိုးစား

မြန်​မာစာ ဂုဏ်​ထူးနဲ့​အောင်​မှာ​လေ....ဟဲဟဲ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 60526.80
ETH 2335.69
USDT 1.00
SBD 2.53