လူတိုင်း...တန်ဖိုးထားတတ်ပါစေ......
သင့်စိတ်တွင် ဖြစ်လေ့ရှိသောအရာများ...
ကျနော်တို့လူအများစုတွင် ဖြစ်တတ်သော ဖြစ်လေ့ရှိသော စိတ်နေစိတ်သဘောထား လေးတခု ပေါ့..
ကျနော်တို့ပတ်ဝန်းကျင်တွင် လူဦးရေ တိုးပွားလာသည်နှင့်အမျှ မိသားစုတိုင်းတွင် လူသစ်များ များပြားလာသည်။..
ထိုလူသစ်များရောက်ရှိလာချိန်တွင် လူဦးရေတိုးလာသော်လည်း...ကျနော်တို့သတိမမူမိပေ....သို့သော် မိသားစုအတွင်းမှ တစ်ဦးတစ်ယောက်မျှ ပျောက်ဆုံးသည် ဖြစ်စေ ၊ခရီးသွားသည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ မရှိတော့လျှင် ကျန်ခဲ့သော မိသားစုလူထဲတွင် လျော့သွားသည်ကို သတိပြုမိပေသည်၊...
ထိုအကျင့်သည် လူတိုင်းခံစားရသော စိတ်ခံစားမှူ ဖြစ်ပါတယ်၊ အကြောင်းမှာ တိုးပွားသည့်အခြေအနေ ထက် လျော့နည်း သွားမှ သတိပြုမိ ၊ သတိထားမိခြင်း သည် လူတိုင်းတွင် အမူအကျင့် တစ်ခုလို ဖြစ်နေပေသည်။....
ထိုသို့ကိစ္စကိုလည်း...
နေရာ ကဏ္ဍအသီးသီးတွင် တွေ့နိုင်တယ်
အလုပ်တွင်လည်းကောင်း၊ ကျောင်းတွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း တွေ့နိုင်သည်။....
လူဦးရေတိုးလာပေမယ့် ထိုတိုးလာသည့်လူ ပြုလုပ်သည့် အရာမှန်သမျှ သည် ထိုသူ ပျောက်ဆုံး၊ မရှိမှ သာ တန်ဖိုးရှိလာပေတယ်...
ကျနော်တို့လူတွေသည် ရှိတုန်းက မလေးမထား...မရှိမှ တန်ဖိုးသိကြသည်။...
အမှန်ဆိုရလျှင် ကောင်းသော အကျင့် မဟုတ်ပေ၊ သို့သော် ယနေ့ထိတိုင် ဖြစ်နေသော အမူအကျင့် ဖြစ်နေပေတယ်။...
အလုပ်တွင်လည်း...လူတစ်ယောက်၏ လုပ်ဆောင်ချက်၊အားထုတ်မှူတွေဟာ ထိုသူမရှိမှ အလုပ်ရှင်၊လုပ်ဖော်ကိုင်ဖက်တွေ နားလည်လာသည်။.....
##################################
တစ်ဦးနှင့်တစ်ဦး တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် နေထိုင်ကြနိုင်သည်မှာ လက်ရှိအချိန်ပဲ ဖြစ်ပါတယ်။....
လက်ရှိအချိန်တွင် ပျော်ပျော်ရွှင်ရွှင် မနေထိုင်ပဲ ဝေးကွာမှ လွမ်းမိတတ်ကြတယ်၊....
လက်ရှိအသိမိတ်ဆွေတိုင်း၊မိသားစုတိုင်းကို အလေးထားပါ၊ ဂရုစိုက်ပါ၊ ၎င်းတို့ပြုလုပ်သမျှကို အတတ်နိုင်ဆုံး အကောင်းမြင်ပြီး အသိအမှတ်ပြုပေးပါ၊..ထိုသို့ပြုလုပ်လိုက်ခြင်းသည် ကမ္ဘာကြီး ပေါ်တွင် ချစ်ခင်သူများသာ ရှိနေပေမည်.....
တစ်လောကလုံးတွင် နေထိုင်သောသူများသည် ချစ်ချစ်ခင်ခင် နေထိုင်သွားလျှင် ကျနော်တို့ ယခုလက်ရှိနေသော ပြသာနာ အရပ်ရပ်ကို ကျော်လွှားနိုင်မည် ဖြစ်ပြီး ရန်ပွဲ ပြသာနာဆိုတာ နည်းသထက်နည်းသွားပေမည်။.....
အသိအမှတ်ပြုပေးရမည့် မိမိပတ်ဝန်းကျင်ကလူများတွင် အဓိက အရေးအပါဆုံးမှာ မိဘ ဖြစ်ပေသည်၊..မည်သို့ပင် အလေးထားသည်ဖြစ်စေ မိမိဖုန်းထဲတွင် or Laptop ထဲတွင် မိမိ မိဘ ပုံများထည့်ထားကြသည်မှာ အလွန်ပင် နည်းပါးနေပါတယ်၊....မိမိကို အရာရာကောင်းစွာနားလည်သိမြင်အောင် ကြိုးစားပေးခဲ့ကြသည်မှာ မိဘ ဖြစ်ပေသည်၊...
ကျနော်တို့အများစုသည် မိသားစုနှင့် အသိုင်းအဝိုင်းကို မေ့ထားကြပါသည်၊...
အရေးတကြီးကိစ္စ ဥပမာ မီးလောင်သည့်အခါ
ဝိုင်းဝန်းဖြေရှင်းပေး၊ကူညီပေးသည်မှာ မိမိပတ်ဝန်းကျင် ဖြစ်ပေသည်၊...
မိမိပတ်ဝန်းကျင် ကိုလည်း အလေးထားသင့်ပါတယ်၊......
လူတစ်ဦး၏တန်ဖိုး ဝေးမှ သိပါတယ်...
ကျနော်ကိုယ်တိုင်လည်း ခံစားဖူးပါတယ်..
ဒါကြောင့် ကျနော့်အတွေ့အကြုံများကို ပြန်လည်ဝေမျှ ခြင်း ပင် ဖြစ်ပါတယ်.....
အမှားများပါလျှင် ...ဖြည့်စွက်ပေး၍ ဖတ်စေလိုပါသည်။...
ကျနော်ဝေမျှလိုသော ရည်ရွယ်ချက်ကိုလည်း နားလည်မယ်လို့ မျှော်လင့်ထားပါတယ်...
Crd; google images
Written by yairthiha
@yairthiha
Myanmar Steemit
Good
Thanks
good post
Thanks
Man cannot live by incompetence alone.
Yeah....
စာတော့မသိဘူး
ပုံလေးကတော့
ချစ်ဆာလေး ဟယ်
ငင့်...မကြံကောင်းဘူး...
Value
ကျေးဇူး အကိုDon
Good post
လူတိုင်းမှာ သူ့အရည်အချင်းနဲ့သူရှိကြပါတယ်