ကျ​နော့်​ တ​နေ့ တာ

in #myanmar7 years ago

IMG_20180128_094448.jpg

သာယာ​သော​နေ့တ​နေ့မှာ ကျ​နော်​ ​လေ​ကောင်း​လေသန့်​ ရ ​အောင်​ တံတား​ပေါ်ကို လမ်း​လျှောက်​ထွက်​ခဲ့သည်​၊ ကံ​ကောင်းချင်​​တော့ ​ရှော်​တီတချို့လဲ လမ်း​လျှောက်​လာသည်​နှင့်​တိုးသည်​၊အင်​မတန်​မှ ​အေးခဲ​နေတဲ့ ကျ​နော်​စိတ်​သည်​ မြူနှင်းကြားမှာ မီးခဲပမာ ထကြွလာခဲ့သည်​၊သို့​ပေမယ့်​အ​ဝေးမှာ ရှိတဲ့ချစ်​သူကိုပြန်​​တွေးရင်း တစ်​ချက်​ပြုံးလိုက်​သည်​။ဒီလိုနဲ့ မနက်​စာ Breakfast စားဖို့ ကမ်းနားရှိ ​ရွှေ​လှေဟူ​သော လက်​ဖက်​ရည်​ဆိုင်​သို့သွား​ရောက်​ပီး မနက်​စာစားကာ စာ​ရေးသူ၏မနက်​ ကုန်​ဆုံးခဲ့သည်​၊

ရုံးကို ခွင့်​ယူကာ နားမည်​ဟု ဆိုထား​သော ဤ​နေ့တွင်​ ​နေ့ခင်းအချိန်​၌ ​သောင်​ပြင်​မှာ ဘီယာ​လေး​မော့ရင်း ဇင်​​ယော်​ငှက်​​တွေ ပျံသန်း​နေသည်​ကို ရှူမဝ ခံစားရင်း သဘာဝ နှင့်​ ခဏတာ ထိ​တွေ့ခဲ့​သေးသည်​၊.....​နေ့ခင်းအချိန်​ကုန်​ဆုံးပြီး ည​နေ​စောင်းမှ ကမ်းနားလမ်း​ပေါ်က အကင်​ တုတ်​ထိုးဆိုင်​ သွား၍ အကင်​စားကာ တစ်​​ယောက်​တည်း​သောသူကိုသတိရမိ​သေးသည်​၊ည​နေ ​စောင်းပြီး အနည်းငယ်​အ​မှောင်​ကျလာချိန်​၌ ကမ်းနားလမ်းတစ်​ခုလုံး ရှင်းလင်းကာ အရင်​​နေ့ကလို လူမရှူပ်​ပဲ ဖြစ်​​နေသည်​၊အဘယ်​​ကြောင့်​ ဆို​သော်​ အားကစားကွင်းတွင်​ IC SHOW ပွဲရှိ၍ ဖြစ်​သည်​၊ထို​နေ့က စာ​ရေးသူ show ပွဲမ​ရောက်​ခဲ့ပါ၊အ​ကြောင်းမှာ Tickets မဝယ်​နိုင်​၍ဖြစ်​သည်​၊

ဒီလိုနဲ့ မနက်​က ည တ​နေကုန်​ တ​နေ့တာရဲ့ အချိန်​ ကုန်​ဆုံး​တော့မည့်​ဆဲဆဲ ည ၈နာရီ ခန့်​တွင်​ မ​ကွေးမြို့ရဲ့ အဓိက လမ်းမ ကြီး စာရင်းဝင်​ လမ်းငါးသွယ်​ တွင်​ Camera ရိုက်​၍ အလှဖန်​တီးမည့်​အ​တွေးဝင်​ကာ long exposure ဆွဲခဲ့​သေးသည်​၊ ထိုအချိန်​က လက်​မငြိမ်​​သော​ကြောင့်​ အနည်းငယ်​ ဝါးခဲ့သည်​၊
ဘာပဖြစ်​ဖြစ်​ ​ပျော်​ခဲ့မိသည်​၊ရုံးမှာပဲ အချိန်​ကုန်​သည်​များ​သော​ကြောင့်​ တခါတ​လေ အ​ပျော်​ခရီးထွက်​ခြင်းသည်​ လူတစ်​​ယောက်​တွင်​ လွန်​စွာ လိုအပ်​​ပေသည်

DSC_0013.JPG

၊အ​ဝေးမှ IC SHOW ပွဲအသံ ​တွေ ကြား၍ သွားချင်​​သော်​လည်း လက်​မှတ်​မရှိ အ​ဝေးကပဲ နား​ထောင်​ကာ လိုက်​ဆိုခဲ့သည်​၊
ကင်​မရာ ပုံ​လေးကို ကျိရင်း လက်​မငြိမ်​​သော​ကြောင့်​ ​ဝေဝါး​နေ​သော်​လည်း လှသည်​၊မိုက်​သည်​ ​ခေတ်​စကားဖြင့်​​ပြောရလျှင်​ အလန်းပဲ ​ပေါ့ဗျာ၊စာ​ရေးသူကိုင်​​ဆောင်​သည်​မှာ ကင်​မရာအ​ကောင်းစားမဟုတ်​​ပေ၊သို့​သော်​ တတ်​နိုင်​​သောအရာဖြင့်​သာ ဖန်​တီး​သောအလှတရားသည်​ ပို ၍ လှ သည်​၊ လမ်းငါးသွယ်​အနီးရှိ အကိုဝမ်းကွဲ အိမ်​​ရှေ့တွင်​ ထပ်​ ဆွဲ ရိုက်​ခဲ့​သော Long Exposure တပုံမှာလည်း အင်​မတန်​လှသည်​၊
တ​နေကုန်​ ကုန်​ဆုံး​လေ့ရှိသည့်​ရုံးပုံများနှင့်​ ကျ​နော်​ ရိုက်​ကူးခဲ့​သော Long Exposure များအား ​အောက်​တွင်​ ​ဖော်​ပြလိုက်​ပါသည်

IMG_20180128_092015.jpg

DSC_0012.JPG
သာယာ​သော​နေ့ဖြစ်​ပါ​စေဗျာ

စာ​ရေးသူ yairthiha
Photos from yairthiha
MSC 003

Sort:  

အောက်ဆုံးကပုံလေးလှတယ်။

ကောင်းပါတယ် ဒါပေမဲ့ မြို့မပါတော့ ဘယ်မှာဆိုတာ ပုံဖော်ရခက်တာ တစ်ခုပါပဲ

မကွေးမြို့မှာပါ

ဝင်​ဖတ်​သွားသည်

ကျေးဇူး အကိုအတာ

Good tal :-)

ကျေးဇူးပါဗျ

အလုပ်ရှုတ်မယ့်ရုံးပဲနော်၊ပုံကြည့်ရတာ

ရှုပ်ဆို စော်ပဲ ငေးနေတာ အာဟ ...

ဟျောင့်​ မိုက်​တယ်​ကွာ😜

အေးကွာဟျောင့် မိုက်တယ် ဟျောင့်

ဘဝတူလေးတွေလာတွေ့နေတယ်။ကျွန်တော်လည်း IC showကြည့်နိုင်သေးဘူး။

အကိုက မကွေးကလား ....ငိငိ

ရွှေဘိုသားပါ။အခုအင်းတကော်မှာနေပါတယ်။

Good!!!!! I upvote u

အလုပ်​​တွေပုံ​နေသလိုပဲရုံးက

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 64182.74
ETH 2768.00
USDT 1.00
SBD 2.66