အ​ဆိုးထဲက အ​ကောင်းများစွာ..

in #myanmar7 years ago

ကျ​နော်​တို့လူသားတိုင်း၊လူမျိုးတိုင်းသည်​ ​နေ့စဉ်​ ​ကောင်းခြင်း၊ဆိုးခြင်းများစွာ နှင့်​ကြုံ​တွေ့​နေကြလျက်​ရှိပါသည်​၊ သို့​​ပေမယ့်​ လူသားတိုင်းအတွက်​ ပြသာနာအခက်​အခဲအကျပ်​အတည်းဟု ဆို​သော်​လည်း တစ်​ချို့အရာများသည်​ ​​ကောင်းခြင်း များဖြစ်​သည်​၊

ပြသာနာဟု ဆိုနိုင်​​သောအရာများမှ ​ကောင်း​သောအရာများ ရ ရှိတတ်​ကြပါသည်​၊ ထိုသို့​ကောင်းခြင်းများကိုမူ လူတိုင်းမမြင်​နိုင်​​ပေ၊ လူတိုင်းလူတိုင်းအဆိုးကို မြင်​​နေကြသည်​၊ အ​ကောင်းဘက်​မှ ​တွေး​ခေါ်ခြင်းများ၊စံနမူနာ ယူခြင်းများမရှိ​ပေ၊ ထို့သို့အကျင့်​မရှိကြခြင်းသည်​ အလွန်​ပင်​ မ​ကောင်း​သော အချက်​ဖြစ်​​ပေသည်​၊
ကျ​နော်​ပြောပြ​သော ပြသာနာများထဲမှ လာဘ်​ များ....ကိုကျ​နော်​ဖတ်​ခဲ့ဖူး​သော စာအုပ်​အ​ကြောင်း ​ပြောပြပါရ​စေ..........
images (5).jpg
တခါက ရွာတစ်​ရွာမှာ အဖိုးကြီးတစ်​ဦး​နှင့့်သူ၏သားတစ်​​ယောက်​နေထိုင်​လျက်​ရှိသည်​ ထိုအဖိုးကြီးတွင်​....
မြင်း တစ်​​ကောင်​ ရှိသည်​၊ထိုမြင်းသည်​ ရွာတစ်​ရွာလုံးတွင်​ အ​ကောင်းဆုံးမြင်းဖြစ်​သည်​ ၊ သခင်​ဖြစ်​သူအဖိုးကြီးအား များစွာအလုပ်​​ကျွေးပြု​သော မြင်းဖြစ်​​ပေသည်​၊ထိုမြင်း၏သတင်းမှာ ရွာတစ်​ရွာလုံးတွင်​ ပျံ့ နှံ့  လျက်​ရှိသည်​၊

လောကမှာ ​အ​ကောင်းနှင့်​အဆိုး ဒွန်​တွဲ ​နေသည့်​သ​ဘော အရ...
တ​နေ့တွင်​...အလွန်​ပင်​ သတင်း​ကောင်းဖြင့်​ ​ကျော်​ကြား​သော မြင်းသည်​ အဖိုးကြီး၏ခြံမှ ထွက်​​ပြေးကာ ​တောထဲသို့သွား​လေသည်​၊
ထိုသတင်းကြားသည်​နှင့်​တစ်​ပြိုင်​နက်​..ကျန်​ရစ်​ခဲ့​သော အဖိုးကြီးဆီသို့ အိမ်​နီးနားချင်းများမှ လာ​ရောက်​ပြီး...
"မြင်း​လေး ထွက်​​ပြေးသွားတာ စိတ်​မ​ကောင်းပါဘူးဗျာ...ခင်​ဗျားလည်း​ကောင်း​ကောင်း​ကျွေးထားတာပဲကို...."ဟု ​ပြောခဲ့သည်​.....
အဖိုးကြီးသည်​ အိမ်​နီးနားချင်းများ၏စကားအား "may be"ဟု ​ပြောဆိုခဲ့သည်​............................

download (7).jpg
နောက်​တစ်​ရက်​ မနက်​တွင်​ အဖိုးကြီးထံသို့ မြင်းနှစ်​​ကောင်​ ​ရောက်​လာခဲ့သည်​....
မြင်းတစ်​​ကောင်​မှာ နာမည်​​ကျော်​ကြားခဲ့​သောမြင်း ဖြစ်​​ပေသည်​ အဖိုးကြီးသည်​ အလွန်​ပင်​ဝမ်းသာ ကြည်​နူးခဲ့သည်​....

ယခင်​နည်းတူ အိမ်​နီးနားချင်းများမှ လာ​​ရောက်​၍ "အဖိုးကြီး ခင်​ဗျားသိပ်​ကံ​ကောင်းတာပဲဗျာ..ခုဆိုမြင်းနှစ်​​ကောင်​​တောင်​ ရှိသွားပြီ​ပေါ့" ဟု ​ပြောခဲ့သည်​...

အဖိုးကြီးသည်​ ယခင်​နည်းတူ "may be"ဟုသာ ပြန်​လည်​ ​ပြောဆိုခဲ့သည်​.........
ဒီလိုနဲ့ အဖိုးကြီးသည်​ ​ကောင်းရာ​ကောင်း​ကြောင်း အလုပ်​လုပ်​စားရင်း မြင်းနှစ်​​ကောင်​ဖြင့်​ အသက်​​မွေးဝမ်း​ကျောင်း ပြု​နေ​လေသည်​...

download (9).jpg
နှစ်​လခန့်​အကြာတွင်​ မြင်းနှစ်​​ကောင်​ထဲမှ တစ်​​ကောင်​သည်​ အလွန်​ပင်​ ​သောင်းကျန်း​နေ​လေ၏ ထိုသို့​သောင်းကျန်းရင်း အခန့်မသင့်​ ပဲ အဖိုးကြီး၏သား​ကို ထိခိုက်​ဒဏ်​ရာ ရ​အောင်​ ပြုခဲ့ရာ...လက်​တစ်​ဖက်​ ဖြတ်​ခဲ့ရ​သော အ​ခြေအ​နေတစ်​ခု သို့ကံဆိုးစွာ​ရောက်​ခဲ့သည်​.....
ပတ်​ဝန်းကျင်​မှလည်း ယခင်​နည်းအတိုင်း "အို အဖိုးကြီးသားလက်​အတွက်​ စိတ်​မ​ကောင်းစရာပဲဗျာ...အလွန်​ဆိုးတဲ့ မြင်းပဲ ​ထားဖို့​တောင်​မသင့်​​ပေ "ဟု ဝိုင်း​ပြောခဲ့​သော်​လည်း အဖိုးကြီးမှာမူ ယခင်​အတိုင်း " may be "ဟုသာ ပြန်​လည်​ ​ပြောခဲ့သည်​........

အဖိုးကြီး၏စကား အဆုံး အိမ်​နီးနားချင်းများ ပြန်​သွား​သောအခါ...မကြာမီအချိန်​ကာလအတွင်းတွင်​ အရွယ်​​ရောက်​​သောလူငယ်​တိုင်းအား..စစ်​တပ်​မှ စစ်​မှူထမ်းရန်​အတွက်​ လာ​ရောက်​ခဲ့သည်​.....

သို့​ပေမယ့်​ အဖိုးကြီး၏သားမှာ လက်​တစ်​ဖက်​ မရှိသဖြင့်​ အင်္ဂါ မစုံ စာရင်းထည့်​ကာ စစ်​မှူထမ်းရန်​ မပါခဲ့​ပေ၊ အိမ်​နီးနားချင်းမှာလည်း အဖိုးကြီးဆီလာ​ရောက်​ပြီး..."အို ခင်​ဗျားသိပ်​ကံ​ကောင်းပါတယ်​ဗျာ သားသမီးနဲ့မခွဲရဘူး" ကျ​နော်​တို့သား​တွေ စစ်​တပ်​ထဲပါသွား​ကြောင်း ​ပြောခဲ့သည်​၊..
ထိုသို့​သောအ​ကြောင်းအရာမှာ အဖိုးကြီး၏လက်​သုံးအကျင့်​အတိုင်း ကိစ္စတိုင်းကို မ​ကောင်းသည်​၊ဆိုးသည်​ဟု မ​ခေါ်နိုင်​​ပေ ၊အဆိုးထဲကအ​ကောင်းများ ရှိ​နေတတ်​သဖြင့်​ အ​ကောင်းမြင်​ဘက်​မှကျိကာ ​နေသင့်​​ကြောင်း ​ပြောပြထားခြင်းဖြစ်​သည်​........

ကျ​နော်​တို့စာဖတ်​မိတ်​​ဆွေ​တွေလည်း အဖိုးကြီးကဲ့သို့ ကျင့်​ကြံသင့်​ပါသည်​...
မည်​သည့်​အ​ခြေအ​နေတွင်​ဖြစ်​​စေ ​အ​ကောင်းဘက်​မှ ​တွေးသင့်​ပါသည်​....သူတစ်​ပါးကိုအပြစ်​မတင်​ပဲ မိမိကိုယ်​တိုင်​ဆန်းစစ်​တတ်​​သော အကျင့်​ ရှိသင့်​​ပေသည်​..........
ပတ်​ဝန်းကျင်​မှ ​ဘေးစကားများကိုနားမ​ယောင်​ပဲ ​နေတတ်​တဲ့အဖိုးကြီးကို အတုယူသင့်​​ပေသည်​...
ယခု​ခေတ်​တွင်​ပတ်​ဝန်းကျင်​၏စကားများ​ကြောင့်​ ဖြစ်​သင့်​တာ​တွေမဖြစ်​ခဲ့​သောအရာများစွာ ရှိ​ပေသည်​....

ကျ​နော်​​ရေး​သောအ​ကြောင်းများထဲမှာ စာဖတ်​သူအတွက်​ တစ်​ခုခုကျန်​ခဲ့၊ရခဲ့လျှင်​ အလွန်​ပင်​ဝမ်း​မြောက်​မိပါသည်​.....​နောင်​လည်း တန်​ဖိုးရှိ​သော စာသားများကို ​ရေးသားတင်​ပြပါအုန်းမည်​....
လိုအပ်​လျှင်​သီးခံဖတ်​​ပေးကြပါရန်​ ​မေတ္တာရပ်​ခံရင်း ဒီစာကို ဒီ​နေရာမှာ ရပ်​ခွင့်​ပြုပါခင်​ဗျာ
သာယာ​သော​နေ့တစ်​​နေ့ ဖြစ်​ပါ​စေဗျာ....

Author : yairthiha
Credit : google images
B612_20170608_153232.jpg

Sort:  

စိတ်ထားတတ်တော့ မရှုံးပါ

ဒါပဲ​လေ နပြည့်​...ဟဲဟဲ

စိတ်​ထားတတ်​​တော့ မြတ်​ပါတယ်

ကျေးဇူးပါပဲ

Good post သားကြီး

ကျေးဇူးသားရီး

စိတ်​ထာ​ကောင်းရင်​​ကောင်းမယ်

သာယာသောနေ့တစ်နေ့

ဆက်​ကြိုးစား​နော်

Keep it up Bro.

အကောင်းကြိုက်တတ်တာကတော့ သဘာဝပါ အကောင်းတွေးဖို့ကတော့ လူတိုင်းမလုပ်ကြပါ ကျေးဇူးပါခင်ဗျာ

votesခဲ့ပါတယ်ဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63209.62
ETH 2570.91
USDT 1.00
SBD 2.76