အမေ့ကို ချစ်တယ်မလား.....
ပြီးခဲ့တဲ့နှစ်တုန်းက...
ကိုးတန်းအောင်ခါစ....
..ကျနော်သိပ်ချစ်ရတဲ့ကျနော့်မိသားစု အခက်အခဲတွေ အတုံးလိုက် အတစ်လိုက် ကျရောက်လာခဲ့တယ်...........
အာ့အချိန်တုန်းက ကျနော် တက္ကသိုလ် တက်နေပြီ။
ငယ်ငယ်ကတည်းက ပြီးပြည့်စုံအောင် မနေခဲ့ဖူးတဲ့ ကျနော့်ရင်ဘတ်ထဲမှာ ညီလေး တစ်ယောက် ဆုံးရှူံးခဲ့ရတယ် ၊ ဒါတင်မကသေးပါဘူး ညီမလေးကိုလည်း အဒေါ်တွေ မွေးစားသွားခဲ့တယ်။
အမြဲတမ်း အထီးကျန်ခဲ့ရတဲ့ ကျနော် အမြဲတမ်းငိုခဲ့ရတယ် အမြဲတမ်း ငိုခဲ့ရတယ် ..နေ့ချင်းညချင်း တစ်ကောင်ကြွက် ဘဝ ကို ကူးပြောင်းခဲ့ရတယ် မိဘသိရင် စိတ်မကောင်းဖြစ်မှာ စိုးရိမ်လို့ ချောင်မှာ ကပ်ပြီး ငိုခဲ့ရတယ် ကျနော် ဆယ်တန်းတက်ရမယ့်အချိန် အိမ်မှာ ရှိရှိသမျှ အကုန် အခက်အခဲတွေ ပိုဆိုးဝါးလာခဲ့တယ် .......အလွန်ရက်စက်တဲ့ မုန်တိုင်း ရောက်လာသလား ကျနော်ထင်မှတ်ခဲ့ရတယ် ......
စာအုပ်ဖိုးကျောင်းကတောင်းရင် အမေ့ကို ဘယ်လိုပြောရမလဲ ဆိုပြီး ကြိတ်ငိုခဲ့ရတယ်......
ဆရာမတွေက တောင်းမှာကြောက်လို့ အတန်းချိန်တွေ လစ်ခဲ့ရတယ်........ပေတေ ဆိုးမိုက် ခဲ့တယ်.............
မိဘတွေ ရှာတဲ့ပိုက်ဆံ အဓိပ္ပါယ် ရှိအောင်
အိမ်ကမိဘတွေ စိတ်မဆင်းရဲ ရအောင် ကြိုးစားခဲ့တာ အရာထင်ပြီး အဖေအမေ ဖြစ်စေချင်တဲ့ တက္ကသိုလ် ကို ကျနော် တက်ရောက်နေပြီလေ........
အဖေနဲ့အမေတို့ရဲ့ သား ကျနော်ဘွဲ့ယူရင် ကျနော်မြင်ချင်တယ် အဖေတို့ပြုံးနေတာလေး....
အဖေနဲ့အမေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျနော် ကြိုးစားတယ် အရာအားလုံး ကျနော်ဂရုမစိုက်ဘူး ငါ့မိဘ ဆိုတဲ့အတွေးနဲ့ ကျနော်ကြိုးစားရင်း အလုပ်တစ်ခုမှာ တိုးတက်လာခဲ့တယ် ...
အဘက်ဘက်က နိမ့်ကျစွာ တက်လှမ်းခဲ့ရတဲ့ကျနော် အခုချိန်မှာ အမေတို့ပေးတဲ့ခွန်အားနဲ့ အပေါ်သို့ ရောက်နေပြီ......
ကျနော့်ဘဝ နိမ့်ကျမှူကြောင့် ကျနော့်ချစ်သူလည်း ဆုံးရှူံးခဲ့ရတယ် သို့သော် ကျနော် ကျနော့်မိဘတွေ ပျော်နေတာဘဲ မြင်ချင်တာပါ..
အမေ့သား ကျနော် တစ်ခုပဲ ပြောချင်မိတယ်....
ကျနော် အရွယ်ရောက်မှ အမေ့ကိုချစ်တယ် လို့ တခါမှ မပြောခဲ့ဘူး.....ပြောဖို့လဲ သတိမရခဲ့ဘူး.....................
အဖေရဲ့ အမှားကိုမြင်အောင် ပြတဲ့စိတ် အမေ့ရဲ့ သားကိုအပြစ်မမြင်ပဲ ကြိုးစားအောင် အားပေးခဲ့တဲ့ စကားတွေ အဖေနဲ့အမေ ကျနော့်ကို မေ့ မနေခဲ့ဘူး.........
အမေ့ကို ကျနော်ဂရုစိုက်ရင်....အဖေ့အတွက် ဝယ်ထားတဲ့ ပုဆိုးတစ်ထည်က ကျနော့်အတွက် ဖြစ်ခဲ့တယ်....
ကျနော်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေတာကို အဖေနဲ့အမေ တို့ ရဲ့ ဝမ်းသာလို့ ကျခဲ့တဲ့ မျက်ရည်တစ်စက်က ကျနော့်အတွက် ထပ်ကြိုးစားဖို့ ခွန်အားတွေ ပေးနေခဲ့တယ်...
အဖေ နဲ့ အမေ ကို အရမ်းချစ်ပါတယ် ဗျာ......
သာမန်သူစိမ်းကောင်မလေးကိုတော့ ပြောရဲတဲ့ ကျနော့်လို လူများ.....အခုပဲ အမေနဲ့အဖေကို ပြောပေးပါဗျာ.....ချစ်ပါတယ်.......
yairthiha...
ငယ်ဘဝ မှ ကိုးကားချက်
good post
Thz
Great post
Thz for your support .I'm trying more ...
parents always love us and nice to meet you.
Please follow me @patricksanlin and upvote. Thanks
Yes,I followed you...
See you around.
nice post fri