ဘာမဆို ပိုရင်​လှူ ကြပါ ... စွမ်းရင်​ကူကြပါ

in #myanmar7 years ago

မ​နေ့ကsiteထဲ yellow bookကျန်​ခဲ့တယ်
ဒီ​နေ့ကြည့်​မိပြီး ပြုံးရတယ်
စာ​တွေ​မေ့ကုန်​မှာစိုးလို့ သူ​ရေးတတ်​သ​လောက်​​လေးရေးထားတာတဲ့
ကျောင်းတက်​ချင်​​ပေမဲ့ မိသားစုအကျပ်​အတည်း​ကြောင့်​ ၃တန်းနဲ့​ကျောင်းရပ်​ပြီး ပန်းရန်​​နောက်​လိုက်​လုပ်​​နေရတဲ့ ၁၀နှစ်​အရွယ်​က​လေးတစ်​​ယောက်​ရဲ့လက်​​ရေး

ကိုယ့်​တူမ​လေး​တွေ အဲကွန်းခန်းထဲစာသင်​​နေချိန်
သူတို့​လေး​တွေ ပင်​ပင်​ပန်းပန်း ဘဝတွက်​ရုန်း​နေရတယ်
မိသားစုကိုရှာ​ကျွေး​နေရတယ်
ဘယ်​သူ့မှာ အပြစ်​ရှိမလဲ?
ဘာ​ကြောင့်​ မညီမျှသလဲ?
တစ်​ခါတ​လေကျ ​လောကကြီးကို ​မေးခွန်းထုတ်​ချင်​မိတယ်

အားလုံးညီမျှဖို့မဖြစ်​နိုင်​​တောင်​ ​ဖေးမတတ်​ကြပါ​စေ
အလုံးစုံတာဝန်​မယူနိုင်​​တောင်​ အားနည်းသူကိုတတ်​အားသ​​ရွေ့ကူနိုင်​ကြပါ​စေ
မေတ္တာနဲ့ရှင်​သန်​တာ အ​အေးချမ်းဆုံးပါ
" ပိုရင်​လှူကြပါ ... စွမ်းရင်​ကူကြပါ "
image
သား​ကျောင်း​နေချင်​ရင်​ထား​ပေးမယ်​​ပြော​တော့
မိနစ်​ပိုင်း​လောက်​ငြိမ်​သွားပြီးပြန်​​ဖြေတယ်
"​စာသင်​​တော့သင်​ချင်​တာ​ပေါ့ ... ဒါမဲ့ သားအလုပ်​မရှိရင်​ အ​ဖေ ညဘက်​ပါဆိုက်​ကားနင်း​နေရမှာ"တဲ့
"သားဒီမှာအလုပ်​လုပ်​ရင်း ထမင်းစားနားချိန်​ စာသင်​​ပေးလို့ရမလား"တဲ့
ပြုံးပြီး​ခေါင်းငြိမ့်​ပြလိုက်​​တော့ ထခုန်​ပြီးထွက်​သွား​လေရဲ့

ခနကြာ​တော့ အချဉ်​ထုပ်​တစ်​ထုပ်​နဲ့ပြန်​​ရောက်​လာတယ်
"ဆရာမစားဖို့"တဲ့
ထပ်​ပြုံးရပြန်​တယ်​ ဘယ်​​လောက်​ချစ်​စရာ​ကောင်းတဲ့ ကျွန်​မတပည့်​​လောင်း​လေးလဲ!
မနက်​ဖြန်​ကစပြီး ​နေ့တိုင်းအတွက်​ ကျွန်​မရဲ့နားချိန်​ နာရီဝက်​ သူ့ကိုလှူဖို့ဆုံးဖြတ်​လိုက်​တယ်

စည်းကမ်းကြီးပြီးseriousဖြစ်​တတ်​တဲ့ကိုယ့်​စာအုပ်​မှာမှလာ​ရေးတဲ့က​လေး
အမှား​တွေအများကြီးနဲ့လက်​​ရေး
သို့​သော်​ ...
အမှတ်​တရသ​ဘောနဲ့ မဖျက်​ပဲသိမ်းထားလိုက်​ပါ​တော့တယ်

သူ့ရဲ့ဆရာမဖြစ်​လာ​တော့မဲ့ ကျွန်​မ
Yadanar Poe Kyuu
22.1.2018

Sort:  

အင်​ယာက​နေဆရာမဖြစ်​ပြီလားမွီး

အေ့ဆို ဖြစ်​​​ပီ
ကိုဗလသား​လေး​လေ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63615.94
ETH 2475.04
USDT 1.00
SBD 2.54