မလွှဲသာလို့ လိမ်ညာရပါသည်

in #myanmar7 years ago

ydn.jpg

တစ်ပါးသူ အထင်အမြင် တစ်မျိုးတစ်မည် လွဲမှားသွားစေရန် ရည်သန်ပြီး ပြုမူ ပြောဆို လုပ်ဆောင်ခြင်းသည် လိမ်ညာ
ခြင်းပါပဲ။ မုသာဝါဒ ပြောမှ လိမ်တာမဟုတ်ပါဘူး။ အမူအရာနှင့်လည်းလိမ်လို့ရပါတယ်။ ဟိုလိုလုပ်မယ်ဆိုပြီး အရောင်
ပြကာ ဒီလိုလုပ်တာမျိုးလဲရှိပါတယ်။ စိတ်နှင့်လည်းလိမ်လို့ရပါတယ်။ မရဘူးမထင်ပါနဲ့။ အနီးဆုံးပြောရရင် ကိုယ့်ရဲ့စိတ်
ကို ကိုယ်ပြန်လိမ်တာမျိုးပေါ့။ မလွယ်ပေမယ့် မခက်တော့မခက်လှပါဘူး။ ဦးစွာပထမ အယုံသွင်းရပါတယ်။ မဖြစ်နိုင်မှန်း
သိလျှက်နဲ့ ဖြစ်နိုင်တယ် ဖြစ်မှာပါလို့ အကြိမ်ကြိမ် လက်ခံယုံကြည်ပေးကြည့်ရင် တဖြည်းဖြည်းနဲ့ ဟုတ်မှာပါ ဟုတ်တယ်
လို့ မိမိကိုယ်တိုင်တောင်လက်ခံသွားရတဲ့အခြေအနေမျိုးပေါ့။

11.jpg

လိမ်တယ်ဆိုတာ မကောင်းဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။ ဒါပေမယ့် လောကကြီးမှာ အလိမ်အညာလေးတွေဟာ
လိုအပ်ချက်အရ ရှိလို့နေပါသည်။လူသားတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ လိမ်ညာခြင်းဟာ ချောဆီအဖြစ် အသုံးဝင်
လို့နေပြန်ပါတယ်။ မုသားချိုချိုလေးတွေပေါ့။ ထင်သာမြင်သာလာအောင်ပြောရရင် အင်ဂျင်စက်တွေထဲမှာထည့်သုံး
ရတဲ့ အင်ဂျင်ဝိုင်လို ပေါ့။တစ်ခုနဲ့တစ်ခုပွတ်တိုက်မိတဲ့အခါ ချောဆီက အဆင်ပြေစေရန်ကြားခံအနေနဲ့ အသုံးတည့်
သည။် မဖြစ်မနေသုံးရသည်မဟုတ်ပါလား။လိမ်ညာခြင်းဆိုသည်မှာ တစ်ခါတစ်ရံ သို့မဟုတ် အချိန်အခါ အခြေအနေ
တော်တော်များများမှာ အကောင်းဆုံး ဂယ်ပေါက် အသက်ရှူပေါက် လွတ်မြောက်ရာထွက်ပေါက်တစ်ခုဖြစ်ပါသည်။

376281.jpg

မြန်မာစကားမှာလည်း မုသားမပါ လင်္ကာမချော ဆိုတဲ့စကားလေးရှိနေပြန်သေးတယ်လေ။ ဒါကြောင့်လည်းထင်ပါတယ်
လိမ်ညာခြင်းတွေဟာ အပြစ်မဆိုသာလောက်အောင်ကို လူမှုဆက်ဆံရေးနယ်ပယ်မှာ တွင်ကျယ်လို့နေပါတယ်။
မုသားနဲ့ကင်းသူဆိုတာ လက်ညှိုးထိုးလို့မရလောက်အောင်ကို ရှားပါတယ်။ ရှားသည်ဆိုတာထက် မရှိဘူးလို့ပြောရင်
အမှန်တရားနဲ့ ပိုနီးစပ်မယ်ထင်ပါတယ်။ လူတိုင်းမုသား သုံးကြပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မုသားနဲ့မကင်းနိုင်တာ
မလို့ တစ်ပါးသူတွေရဲ့ မုသားတွေအပေါ် လုံးလုံးအပြစ်မတင်နိုင်တာလဲဖြစ်နိုင်ပါသည်။ကိုယ်ကလည်း သူတစ်ပါးကို
မုသားပြောသည်။သူတစ်ပါးကလည်း ကိုယ့်အပေါ်ဆက်ဆံတဲ့အခါ မုသားလက်ဆောင်တွေကို ရက်ရောစွာနဲ့ပေးလို့နေ
ကြပြန်သည်။ကိုယ်လည်း ပြေားဖူးသည်။သူများပြောတာလည်း ခံရဖူးကြသည် မဟုတ်ပါလား။

youngman.jpg

လက်တလောအခြေအနေမှာ အကျိုးရှိပြီး အပြစ်လို့မဆိုသာတဲ့ နူးညံ့သိမ်မွေ့သောအလိမ်အညာတစ်ခုကို
ဖွင့်ဆိုကြည့်ရအောင်ပါ။ ရန်သူကပြောသောစကားများသည် အမှန်ဖြစ်၏ တဲ့။ အလုံးစုံတော့မဆိုလိုပါဘူး။
ရန်သူဆိုတာက ကိုယ်နဲ့မတည့်တဲ့သူပေါ့နော် ။ကိုယ်နဲ့ အဆင်မပြေတဲ့သူ တစ်နည်းအားဖြင့် ကိုယ့်အပေါ်အမြင်
မကြည်သူ ကိုယ့်ကိုမလိုလားသူပေါ့။ သူက ကိုယ့်အားနည်းချက်တွေကို မှိုချိုးမျှစ်ချိုး အမှန်အတိုင်းပဲပြောပါလိမ့်မယ်။
ဘာမှထောက်ထားငဲ့ညှာနေမှာ မဟုတ်ပါဘူး။ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းနဲ့ ကိုယ်နဲ့မျက်နှာနာသူတွေက
တော့ကိုယ့်အပေါ်မှာ ပြောစရာရှိရင်တောင် သွယ်ကာဝိုက်ကာနဲ့ စောင်းပါး ရိပ်ခြည်လောက်ပဲ ပြောမှာဖြစ်ပါတယ်။
မသင့်တော်တဲ့အချက် လွဲမှားတဲ့အချက်တွေကို ထောက်ပြပြောဆိုမယ်ဆိုရင်တောင် အသက်ညှာဆုံးနဲ့ ချိုသာစွာဖြင့်
လက်ခံနိုင်သလောက်သာပြောမှာဖြစ်ပါတယ်။

onlinelover.jpg

ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေများစွာကိုတော့လိုတာပိုပြီးချဲ့ကားပြောဆိုပေးပါတယ်။ အဲ့ဒိလိုဦးစွာပြောပြီးမှလို
အပ်ချက်တစ်ခုတလေကို ပြောပါလိမ့်မယ်။ဆိုလိုချင်တာက နေ့စဉ်ပြောဆိုနေကျ ပဠိသနာရ စကားတွေထဲမှာ
မုသားချိုချိုလေးတွေ အများကြီးပါနေတယ်ဆိုတာပါ။စကားလုံး အဌားတရားမ၀င်ယူသုံးရရင်တော့ ချစ်လို့ပြော
တယ်မှတ်ပါ လို့ပြောရတော့မယ်နော်။ ဒါကြောင့် ချစ်လို့လိမ်တယ်မှတ်ပါလို့ပဲယူဆထားရတော့မယ်။ဟုတ်တယ်လေ
နော် ချစ်လို့လိမ်တာပါ။ မုန်းတယ်ဆိုရင် အမှန်းအတိုင်းပဲပြောကြမှာပေါ့။ရုပ်ဆိုးလိုက်တာ ။ ၀လိုက်တာ။ အရပ်ကပု
ုသေး ။ဗိုက်ကပူသေး။စကားပြောတက အော်ကြီးဟစ်ကျယ်။ ကိုယ်နဲ့လိုက်
မှန်းမသိ မလိုက်မှန်းမသိ နားမလည်တက် ၀တ်စားလာတာက တလွဲ စသဖြင့်ပေါ့လေနော်။
2457331_165011226608_2.jpg
အဆုံးသက်လေးကိုထပ်ဖြည့်ပြောရရင်တော့ လူတိုင်းလိမ်ဖူးကြပါသည်။အလိမ်ခံဖူးကြပါသည်။ဆက်ပြီးတော့လည်း
လိမ်ကြဦးမည်။အလိမ်ခံကြရဦးမည်။အလိမ်အညာတစ်ခုကြောင့် မိမိသူတစ်ပါး နှစ်ဦးနှစ်ဝအကျိုးစီးပွား တစ်စုံတစ်ရာ
ထိခိုက်နစ်နာစေမှုမရှိဖို့ရန်အတွက် အသိတရားလေးများဖြင့်သတိထားလို့နေထိုင်လုပ်ကိုင်ပြောဆိုသင့်ပါသည်။

@yadanar
msc - 065
photo - google image.

Sort:  

ကောင်းမွန်စွာရေးသားထားကြောင်းတွေ့ရှိခံစားရပါတယ်ကွယ်

ကျေးဇူးတင်ပါတယ်

လိမ်​တာမကြိုက်​ပါဘူး😁😁😁

မလွှဲမရှောင်သာပါဆို

ဘာလို့ပဲလိမ်လိမ် လိမ်တာက လိမ်တာပါဘဲ

ဟုတ်ပါတယ်

Good story & writing

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63549.46
ETH 2562.53
USDT 1.00
SBD 2.66