လမ်းပြပေးသူ

in #myanmar9 years ago (edited)

73453_448285411957_1850863_n.jpg

ဝါလကင်းလွတ်လို့ သီတင်းကျွတ်ချိန်ခါသို့ပင်ရောက်လို့လာပါပြီ။ ဒီလိုအချိန်အခါရောက်လေတိုင်း ကျွန်မမွေးရပ်ဇာတိမြေ
ရွာလေးသို့အရောက်ပြန်ပါသည်။ မိဘမောင်ဖွားများ ဆွေးမျိုးများ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများနှင့်ရွာသူရွာသားများကို စုံညီစွာတွေ့ရတက်တဲ့ အချိန်အခါလေးပါ။ ပျော်ရာမှာမနေ တော်ရာမှာနေကြရင်းအဝေးရပ်မြေနယ်ခြားစီများသို့ ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် ရွာလေးကို ခဏတာခွဲခွါသွားကြသူများအတွက်အိမ်ပြန်ချိန်ခါ လရာသီဆိုလည်း မမှားပါ။

soe_htay_115a798_lighting_festival_at_mogkoke.jpg

မောင်နှမသားချင်းများစုပေါင်းလျှက် ရွာဦးကျောင်းကဆရာတော်ကြီးက အစပြုလို့ အဖိုး အဖွား ဖေဖေ မေမေနှင့် ဦးကြီး
ဒေါ်ကြီးများအဆုံး အိမ်စဉ်လှည့်ကာ ကန်တော့ကြရသည်မှာ ကြည်နူးဖွယ်ကောင်းလွန်းလှပါသည်။ညပိုင်းအချိန်ခါရောက်
ပြီဆိုလျှင်ဖြင့် ဖယောင်းတိုင်မီးလေးတွေ အိမ်တွင်းအိမ်ပြင်နေရာအနှံ့ ကိုယ်စိထွန်းညှိပူဇော်ထားသဖြင့် တစ်ရွာလုံး ထိန်ထိန်
လင်းလို့နေပါသည်။ ကလေးများကလည်း ပျော်ရွှင်မြူးတူးစွာဖြင့် ပြေးလွှားဆော့ကစားနေကြသည်။ဒီလိုပျော်ရွှင်ကြည်နူးစရာ
မြင်ကွင်းတွေကိုကြည့်နေရင်း ငယ်စဉ်ချိန်ခါ ကလေးဘ၀များကို တွေးတောအမှတ်ရလို့နေမိပြန်ပါသေးသည်။
ထိုအတွေးလေးနှင့်အတူ လူတစ်ယောက်ကို ကျွန်မ သတိရအမှတ်ရလို့နေမိသည်။ကျွန်မနည်းတူပင် ကျွန်မရဲ့သူငယ်ချင်းများကလည်းထိုသူအားသတိရလို့နေကြပါသည်။ရွာသူရွာသားများကလည်း သူ့အကြောင်းသတိတရ ပြောဆိုနေကြသည်။

922_333654586733528_1630397418_n.jpg

ထိုသူ့နာမည်ကား ဦးကောင်းစံ ဖြစ်ပါသည်။ ခုလိုသီတင်းကျွတ်ချိန်ခါ နှစ်တစ်နှစ်က ဦးကောင်းစံသည် ကျွန်မတို့ရွာလေးသို့
စတင်ရောက်ရှိလာခဲ့သည်။ရွာဦးကျောင်းဆရာတော်နဲ့ ညီအစ်ကိုတော်ပါတယ်။ မြို့ပေါ်မှာနေပြီး စာရေးဆရာအလုပ်လုပ်ပါတယ်။ဆရာတော် နာမကျန်းသည်မို့ လာရောက်ပြုစုရင်း ကျွန်မတို့ရွာလေးမှာ အချိန်အတော်ကြာပင် နေထိုင်သွားခဲ့ပါသည်။
ရွာမှာရှိနေစဉ်အချိန်အတွင်း ရွာက ကလေးများနှင့်ရွာသူရွာသားများအတွက် စာပေနှင့်ထိတွေ့နီးစပ်မှုရှိအောင် ဆောင်ရွက်ခဲ့
ပါသည်။ညနေချမ်းချိန်ခါရောက်ပြီဆိုလျှင် ဘကြီးမှုန်အိမ်ရှေ့မှာ ဖျာတစ်ချပ်ခင်းပြီး ရေနွေးကြမ်းတစ်အိုးနဲ့ ပုံတိုပတ်စလေးတွေ
ပြောတယ်။သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်ကို ပုံပြင်လေးတွေနဲ့ဖွဲ့နွဲ့ပြီးပြောသည်မှာ နားထောင်လို့အလွန်းကောင်းသည်။
ဇာတ်နိပါတ်တော်လာအကြောင်းအရာများပြောပြသည်။ ကျွန်မတို့တွေစိတ်ဝင်တစားနာယူမှတ်သားကြသည်။

images.jpg

ကလေးများဖတ်ရန်အတွက် ကလေးစာပေစာအုပ် စာစောင်များ ကို မြို့လူကြုံနှင့်မှာယူပေးပြန်သည်။ရွာမှလူကြီးတွေဖတ်ရန်အတွက်လည်းပါသည်။ဘကြီးမှုန်အိမ်အောက်ထပ်တွင် သစ်သားစင်ကလေးလုပ်ပြီး အသေးစား စာကြည့်တိုက်လေးဖန်တီးပေးသည်။ကျောင်းသင်ခန်းစာကလွဲလို့ ဖတ်ရကောင်းမှန်းမသိခဲ့သော စာများကိုဖတ်ရှုခွင့်ရအောင် လေ့လာမှတ်သားဖတ်ရူတက်အောင်အခြေခံမျိုးစေ့လေးကို စိုက်ပျိုးပေးခဲ့တယ်ဆိုတာ
ခုလိုအသက်အရွယ်ရောက်ချိန်မှာ နားလည်သဘောပေါက်မိပါသည်။

0821.jpg

ဦးကောင်းစံသည် စာပေသမားဖြစ်သူပီပီ စကားပြောကောင်းသည်။ ဥပမာ ဥပမေယျများနှင့် ဖွဲ့နွဲ့ပြောတက်သည်။စကားပြော
ချိုသာသည်။ သူ့မျက်နှာက အမြဲပြုံးချိုလို့နေသည်။တွေ့တဲ့လူနဲ့တည့်အောင်ခင်အောင်အဆင်ပြေအောင်ပေါင်းသင်းတယ်။
သူများအကျိုးစီးပွားအတွက် တတ်နိုင်သမျှကူညီရှာတယ်။ "နှင်းရည်တစ်စက် ပန်းတစ်ခက်ပင် လောကအကျိုးအတွက်ဆောင်ရွက်နိုင်သေးတာ လူဆိုတာက ပိုလို့တောင်ဆောင်ရွက်နိုင်ရမှာပေါ့" ဆိုတဲ့ သူ့အဆိုနဲ့အညီ သူဆောင်ရွက်သည်။
ရွာသူရွာသားတွေကိုလည်း ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်တယ်။ "မကောင်းမှုကိုလုပ်ဖို့ ရှက်တက်ကြောက်တက်ရတယ်။ဒါဟာ လောကကိုစောင့်ရှောက်တဲ့တရားပဲ" လို့အမြဲပြောတတ်ပါတယ်။ သူကိုယ်တိုင်လည်းလိုက်နာတယ်။

leslumignonsenchantes_damienfontaine_hoteldudepartement_lyon31.jpg

တဖြည်းဖြည်းနဲ့ရွာကလေးနဲ့ဦးကောင်းစံ ။ ဦးကောင်းစံနဲ့ရွာကလေး အကျွမ်းတ၀င်ရှိလို့လာပါတယ်။ သူမှာယူပေးတဲ့ စာအုပ်တွေဖတ် သူပြောတဲ့ပုံပြင်လေးတွေနားထောင်ရင်း ကြီးပြင်းလာတဲ့ လူငယ်လေးတွေ အခုဆိုရင် အရွယ်များပင်ရောက်လို့ ရပ်ထဲရွာထဲမှာရှေ့မှနေရာယူလုပ်ကိုင်ဦးဆောင်လို့ပင်နေကြလေပြီ။ တစ်ရွာလုံးလဲ စာပေလေ့လာလိုက်စားသူများ စာပေဖတ်ရူသူများနှင့် အသိပညာများ အတွေးအခေါ်များတိုးတက်ခေတ်မှီလို့နေကြပြီဖြစ်သည်။

ydn.jpg

ဦးကောင်းစံတစ်ယောက် ရောက်တဲ့နေရာရောက်တဲ့ဒေသမှာ တွေ့သည့်လူနှင့်တည့်အောင်ပေါင်းတယ်။ ပေါင်းတဲ့သူတွေကိုလဲ
ကြီးပွားချမ်းသာအောင် သူတက်စွမ်းသမျှနဲ့ကူညီလမ်းပြပေးတယ်။ဒါတွေကြောင့် ရွာကလေးကသူ့ကိုမမေ့။ရွာသူရွာသားများ
ကသူ့ကိုအမြဲသတိရလို့နေသည်။လောကအကျိုးအတွက် တာဝန်ကျေလေလေတန်ဖိုးရှိလေလေဆိုတာ ကျွန်မနားလည်လာခဲ့ပြီ။လောကအပေါ် တာဝန်ကျေတဲ့ဦးကောင်းစံ တစ်ယောက် ကျန်းမာလို့ချမ်းသာပါစေ ဟု ဆုတောင်းမေတ္တာပို့သလျှက်
စိတ်မှာဦးခိုက်ရှိခိုးကန်တော့လိုက်ပါသည်။

@yadanar
photo - google image.

Sort:  

စာဖတ်ခြင်းက နှလုံးသားရဲ့ အဟာရပါဘဲ

ဟုတ်ပါတယ်

သီတင်းကျွတ် ကို steemit နဲ့ ကန်တော့ခြင်း ပေါ့

ဟုတ် အဲ့လိုသဘောလေးပါစေချင်လို့ပါ

ကောင်းပါတယ် ဆက်ကြိုးစားပါ

ကျေးဇူးပါ

ဦးကောင်းစံ
နာမည်နဲ့ လိုက်ပါပေ့

ကျေးဇူးပါ

"မကောင်းမှုကိုလုပ်ဖို့ ရှက်တက်ကြောက်တက်ရတယ်။ဒါဟာ လောကကိုစောင့်ရှောက်တဲ့တရားပဲ" .....မှတ်​သား​လောက်​ပါ​ပေရဲ့။

ကျေးဇူးပါ

သာဓု သာဓု သာဓု ပါဗျာ

ဟုတ်ကဲ့ရှင့်

thanks for sharing!
အားတဲ့အချိန် comment တွေကို reply ပြန်ပေးလိုက်ပါဦး။

ဟုတ်ကဲ့ပါရှင့်

ကိုယ်တိုင်တွေး ရေးလေးဆိုတော့ နောက်လည်းအဆင်ပြေသွားတာပေါ့ ကြိုးစားပါ

ကွီးစိုး​ပြောသလိုပါပဲ

ကျေးဇူးပါ

ကျေးဇူးပါ

ဖတ်ရတာကောင်းတယ်။

ကျေးဇူးပါ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.101
BTC 65136.12
ETH 1881.91
USDT 1.00
SBD 0.38