"ရင့်ကျက်ပြုပြင်လာခြင်း"

in #myanmar6 years ago

ရင့်ကျက်မှုကို အဓိပ္ပာယ်များစွာဖွင့်ဆိုကြည့်ကြပါမယ် ရင့်ကျက်မှုဆိုတာ အသက်အရွယ် ကြီးတာလာနဲ့ အမျှ အထိုက်အလျောက်ပြောင်းလဲလာနိုင်တာမျိုးတော့ ဟုတ်ပါတယ် ဒါပေမယ့် ရင့်ကျက်မှုဆိုတာ အသက်အရွယ်ကြီးရင့်လာမှ မဟုတ်ပါဘူး အသက်အရွယ် ငယ်ရွယ်စဉ်မှာလည်း ရင့်ကျက်လာနိုင်စေပါတယ် ရင့်ကျက်မှုဟာ အသက် အရွယ် ကြောင့်အနည်းအကျဉ်းတော့ မှန်ပါလိမ့်မယ် ဒါပေမယ့် တစ်ကယ် ရင့်ကျက်မှု ဆိုတာ ပြင်ပအတွေ့ အကြုံ ဗဟုသုတတွေ ကို ရှာဖွေလေ့လာရင်း ရရှိလာတာမျိုးပါ အသက် ကြီးလာပြီးမရင့်ကျက်နိုင်သေးတာမျိုးလည်း ရှိနိုင်ပါတယ် ရင့်ကျက်လာတဲ့သူဆိုတာ သူတစ်ပါးအပေါ်နားလည်လာမယ် အပြုသဘောဆောင် ပေါင်းသင်းမိတ်ဖွဲ့ လမ်းညွှန် လာနိုင်မယ် ဦးဆောင်နိုင်မယ် အမြဲတမ်းလေ့လာသင်ယူ ရှာဖွေလေ့လာ နိုင်တဲ့သူမျိုးပါ

image
Crd-org-source

ကိုယ်ပတ်ဝန်းကျင်မှာလည်း ရင့်ကျက်တဲ့သူတွေ တွေ့ နိုင်ပါတယ် အဲ့လိုရင့်ကျက်တဲ့ သူ တွေကပဲ ကိုယ့်ကို လမ်းညွှန်ပေးတယ် သူတို့ ရဲ့  ဖြတ်သန်း ကြုံတွေ့ ရတဲ့ပြဿနာတွေကို ပြသပေးတယ် ဒါဟာ ရင့်ကျက်သွားတဲ့သူတွေရဲ့ လမ်းစဉ်တွေပါ ကိုယ်ကိုယ်တိုင်လည်း ရှာဖွေလေ့လာရင်း ရင့်ကျက်လာနိုင်ပါတယ် ရင့်ကျက်မှုဟာ တစ်ကယ်တော့ သဘော ထားကြီးလာတတ်ခြင်းမျိုးပါပဲ ဒါကို တစ်ချို့ က ဟန်ဆောင်တယ်လို့ ထင်ချင် ထင်ကြပါ လိမ့်မယ် အမှန်တော့ ရင့်ကျက်နေတဲ့သူတွေဟာ သူတို့ ရဲ့ အတွေ့ အကြုံက ရရှိလာတဲ့ ခါးသီးခြင်းတွေ ရက်စက်ခြင်းတွေကို ကြုံတွေ့ ဖြတ်သန်းလာပြီး သည်းခံလာ နိုင်ခဲ့တဲ့သူ တွေ များပါတယ် ဆိုရိုးစကားတောင် ရှိပါတယ် အတွေ့ အကြုံဆိုတာ ခါးသီးတယ် ရက်စက်တယ် ဒါပေမယ့်အကောင်းဆုံးဆရာတွေလို့  သတ်မှတ်ကြတယ်လေ ဒါဟာ ရင့်ကျက်မှုကိုဖြစ်လာစေတဲ့ လက္ခဏာတွေပါ

image
Crd-org-source

ရင့်ကျက်မှုကို အတင်းဖန်တီးဆောက်တည်လို့ မရပါဘူး ကိုယ်ကိုယ်တိုင်လေ့လာ ရှာဖွေ ရင်း ဖြတ်သန်းရင်းရရှိလာတာပါ ကိုယ်ကိုယ်တိုင် ရင့်ကျက်လာတယ်ဆိုတာကို လည်း ကိုယ့်လုပ်ရပ်တွေကနေ သိနိုင်ပါတယ် ကိုယ်ဟာသူတစ်ပါးကို သဘောထားကြီးစွာ နားလည်ခွင့်လွှတ်တတ်လာပြီဆိုရင် ဒါဟာရင့်ကျက်လာတာပါပဲ သူတစ်ပါး အပြော အဆိုကို ကိုယ်ကတည်ငြိမ်စွာဖြေရှင်းလာနိုင်ပြီ သူတစ်ပါးရဲ့ ကဲ့ရဲ့ မှုကိုလည်း ကိုယ်က ခံနိုင်ရည်ရှိလာပြီ ဆိုရင် ဒါတွေဟာ ရင့်ကျက်လာတဲ့  အလေ့အထတွေပါပဲ တစ်ခြား ရင့်ကျက်စေနိုင်တာတွေလည်း ရှိပါသေးတယ် ကိုယ်က တစ်ဖက်သားရဲ့ ကျေးဇူးတရား ကို နားလည်သိတတ်တယ် တစ်ဖက်လူ ရဲ့ အောင်မြင်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူတယ် ဒါမှမဟုတ် တစ်ဖက်လူက တိုက်ခိုက်လာရင်လည်း ခံနိုင်ရည်ရှိတယ် စိတ်ဓာတ် ခိုင်မာ တယ် ကိုယ်ကိုယ်တိုင်လည်း အစွန်းရောက်အောင် မပြောဆိုဘူး မနေထိုင်ဘူး စသဖြင့် ဒါတွေအားလုံးဟာ ရင့်ကျက်မှုရဲ့ ဝိသေသ လက္ခဏာတွေပါပဲ

image
Crd-org-source

ကျွန်တော်တို့ လည်း ရင့်ကျက်စွာနဲ့ ရှင်သန်နေထိုင်ရင်း အတ္တမဆန်ပဲ အနာဂတ်ကို ဥာဏ်စွမ်းရှိသလောက် ပုံဖော်ဆောင်တည်ကြပါစို့ ဗျာ
အားလုံးကိုကျေးဇူးတင်ပါတယ်

Author winko ( Maun Mou Nja)

MSCး 234

Sort:  

ဘယ်‌သူလဲကွ ကိုယ့်‌ညီကို ရင့်‌ကျက်‌လာ‌အောင်‌ လုပ်‌‌နေတာ။

အကိုမဟော် လုပ်တာပါ ဟီး
နောက်တာပါအကို ဒီလိုပဲ ကြားဖူးမြင်ဖူးတာလေးတွေ ရေးကြည့်တာပါ

မှတ်​သားစရာများနှင့်​​ကောင်း​​သောပိုစ့်​ပါ.....ဗဟုသုတရပါတယ်​.. ..

ဟုတ်ကဲ့ ကျေးဇူးပါဗျာ အမကိုလည်း အားပေးနေပါတယ်

ရင့်​ကျက်​လာ​တော့ ​ကောင်းတာ​ပေါ့:-) ☺ ☺

ဟုတ်တယ်ဗျအကိုလွှမ်း Right

အတ္တဆန်​​နေသ၍ ဤလူသား မရင့်​ကျက်​​​သေး​ပေ

အကျွန်ုပ်ကား မရင့်ကျက်သေးသည်မှာ ဧကန်မုချ ဖြစ်ပါသကော!!!!!!

အသက်ကြီးလာတာနဲ့ အမျှ အတွေ့ကြုံတွေကြောင့် ရင့်ကြပ်လာကြတယ်😊

ဟုတ်တယ် မမကြည်ရေ ရင့်ကျက်လာမှ ခံနိုင်ရည်ရှိတာ

အထူးသဖြင့် ဘ၀ကို အခက်အခဲပေါင်းစုံ ကျော်ဖြတ်ရှင်သန်ရလေ မြန်မြန်ရင့်ကျက်လေပဲ ..

ဟုတ်တယ်ဗျ ခက်ခဲမှုတွေက ကိုယ့်ကိုရင့်ကျက်လာစေတယ်

ဟုတ်ပ။ဟုတ်ပ

သိပ်ကို မှန်ကန်တဲ့ စကားလေးပါပဲဗျာ

ရင့်ကျက်မှုကို မိမိရဲ့ အတွေ့အကြုံ ဗဟုသုတ လေ့လာလိုက်စားမှု ညဏ်ပညာ စသောအချက်တွေနဲ့ မိမိကိုယ်မိမိ ဖန်တီးပုံဖော်နိုင်ပါတယ်။ဒါလေးတွေကို အဓိပ္ပါယ်ဖွင့်ပြီး ပြောပြပေးထားတာ ကောင်းလှပါတယ်။စဉ်းစားပြီးရေးတတ်တာလေး နဲ့ တင်ပြပုံ ရည်ရွယ်ချက်လေး ကောင်းမွန်ပါတယ်ခင်ဗျာ

ကို သန့် ကတော့ ကျွန်တော့်ဆို အမြဲချီးမွှမ်းပြောပြပေးတတ်တယ်
ကျေးဇူးလည်းတင်ပါတယ် ကိုသန့် တို့ လို မြင်ဆရာတွေရှိလို့  တွေးခေါ်ရေးသားလာနိုင်တာပါThank ကိုသန့် 

ရက့်ကျက်မှုကိုသေချာဆန်းစစ်ရင် ဥပက္ခာ ပြုနိုင်လာခြင်းတစ်မျိုးပဲ

ဟုတ်တော့ ဟုတ်ပါတယ် ဒါမယိ့လည်း ဟုတ်တာကများပါတယ်

ရင့်ကျက်မှုဆိုတာ ဖြတ်သန်းလာတဲ့ ဘ၀ကနေ ရရှိလာတဲ့ အမြတ်အစွန်းများပါပဲ။

ကြိုက်တယ်ဗျာ အဲ့စာသားက တစ်ကယ့်အနှစ်သာရအပြည့်ပေးတယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63126.02
ETH 2553.49
USDT 1.00
SBD 2.78