Travelling (3)

in #myanmar6 years ago (edited)

ခရီးသွားခြင်း အကြောင်း နှစ်ခုတင်ထားပြီးပြီမို့ …
အခုတင်ပြမယ့်အကြောင်းကို Travelling ( 3) အဖြစ်ရေးသားဖော်ပြလိုပါတယ်…
ကရင်ပြည်နယ် မုလအိတောင်ရဲ့ တန်ခိုးကြီးဘုရားတစ်ဆူအကြောင်း
ရေးသားတင်ဆက်လိုပါတယ်…ရန်ကုန်မှ ကရင်ပြည်နယ်သို့ …
တိုက်ရိုက်သွားရောက်ဖူးမြှော်နိုင်ပါတယ်…
မြဝတီ-ဝေါလေ- စုကလိလမ်းကနေလည်း သွားလို့ ရသလို…
ကော့ကရိတ်-ကျိုက်ဒုံလမ်းကနေလည်း…သွားလို့ ရပါတယ်…ထိုင်းနယ်စပ်ဘက်ခြမ်းက…
လာမယ်ဆို…သိပ်မဝေးလွန်းတဲ့နေရာလေးပေါ့…
ကရင်ပြည်နယ် မုလအိတောင်ပေါ်တွင် တည်ထားသော…
အထင်ကရ ဘုရားစေတီဖြစ်ပါတယ်…
မိုးရာသီမှာ…သွားလာရခက်ခဲပြီး…ဘုရားဖူးသူအများစုဟာ…
နွေရာသီမှာပဲ…အလာများကြပါတယ်…တောတောင်ထူထပ်ပြီး …
ဆောင်းရာသီမှာ…မြူနှင်းတွေဝေတတ်သလို… မိုးရာသီလိုအချိန်တွေမှာတော့…
ဘုရားစေတီအနီးနားမှာ…တိမ်စိုင်တိမ်လိပ်တွေနဲ့ …
ဖုံးလွှမ်းနေတတ်ပါတယ်…တောင်ပေါ်ပိုင်းဖြစ်လို့ 
လေအရမ်းတိုက်ခတ်နေတတ်တာကြောင့်…ဘုရားဖူးသူများအနွေးထည်
ထူထူလေး …ဝတ်သွားကြဖို့ တော့ လိုအပ်ပါလိမ့်မယ်…

မုလအိစေတီဘုရားဟာ…သမိုင်းရာဇဝင်အရ…မြတ်စွာဘုရားရဲ့ …
ဆံတော်များဋ္ဌာပနာတည်ထားတဲ့…ဘုရားစေတီလို့ အကျဉ်းချုံး
လေ့လာသိရှိထားရပါတယ်…စေတီဘုရားဟာတစ်ကယ့်တောတောင်…ရေမြေတွေနဲ့ …
သဘာဝတရားတို့ နဲ့ သန့် ရှင်းစင်ကြယ်စွာ…တည်ရှိနေတဲ့…နေရာ ဖြစ်လို့ …
ဘုရားဖူးခရီးသွားပြည်သူအပေါင်းတို့ …သတိထားပြီး…နေထိုင်သွားလာရမယ့်…
အပိုင်းတွေ…ရှိပါတယ်…သတိမထားပဲ…ပြုမူလုပ်ဆောင်မိရင်…အချိန်အခါမဟုတ်…
မိုးရွာခြင်း…မိုးကြိုးပစ်ခြင်း…တောရိုင်းတိရိစ္ဆာန်များအမှတ်မထင်…တွေ့ မြင်ရန်မူခြင်းများ…
ကြုံရတတ်ကြောင်း…လည်း…လေ့လာတွေ့ ရှိရပါတယ်…
တောင်ထိပ်သို့ ရောက်လျှင်လည်း…ကိုယ်လက်သန့် စင်ဆေးကြောပြီးမှ…
ဘုရားကိုတက်ရောက်ဖူးမြှော်ရပါတယ်…အကျင့်သီလမစင်ကြယ်သောသူများ.…
ဝိနည်းနှင့်မညီသောရဟန်းများ…လာရောက်ဖူးမြှော်ခဲ့လျှင်…မကောင်းသော…
အတိတ်နမိတ်များပြပြီး…သတိပေးတတ်ပါတယ်…


ရေမြေတောတောင်…သဘာဝအလှတွေကို…
မြတ်နိုးတန်ဖိုးထားတတ်သူများအနေနဲ့ …
သွားရောက်လေ့လာဖူးမြှော်ဖို့ အသင့်တော်ဆုံးပါ…
နတ်ပြည်မှာ…တည်ထားသောစေတီဘုရားကဲ့သို့ ပင်…
အံ့သြကြည်ညိုဖွယ်ရာ …ကောင်းလှပါတယ်…နတ်ကောင်းနတ်မြတ်တို့ …
တောစောင့်…တောင်စောင့်နတ်တိုစောင့်ရှောက်သော…မုလအိစေတီတော်ကို…
ကြုံကြိုက်လို့ ရှိရင်…ဝင်ရောက်ဖူးမြှော်ရင်း.…ကုသိုလ်ယူနိုင်ပါကြောင်း…
နှိုးဆော်တိုက်တွန်း…လမ်းညွှန်ဖော်ပြလိုက်ပါသည်ခင်ဗျာ…

အားလုံး ကိုယ်စိတ်နှစ်ဖြာ…ကျန်းမာချမ်းသာကြပါစေ။

photo creditsး Facebook

MSCး 234

Author >>> winko

Sort:  

သူများတွေခရီးသွာတာမြင်မှကိုယ်တောင်ခရီးမသွားတာ၃နှစ်ကျော်ပီဆိုတာသတိရတယ်ခရီးသွားခြင်းကစိတ်ပင်ပန်းမှု့ပြေပြောက်စေသလိုကျန်းမာရေးအတွက်လည်းအထောက်ပြုပါတယ်ဗျာ

ဟုတ်တယ်ဗျ အကိုရေ ခရီးထွက်တော့ စိတ် Relax ဖြစ်တယ်

ရှုခင်းလေးတွေသာယာတယ်...ကြည့်မကောင်းဘူးလားကွယ်

သာယာလွန်းလှပါတယ်အကိုရေ

မရောက်ဖူးဘူးပဲ သွားဖူးသင့်တာပဲ နော် ကိုယ်ပါ နတ်ပြည် ရောက်နေသလို ခံစားရမယ် တူတယ်😁

မမကြည်က နတ်သမီးလေးပေါ့

စိတ်ဝင်စားစရာနေရာလေးတစ်ခုပါဗျာ ကြုံကြိုက်ရင်တော့ သွားရောက်ဖူးမြော်ချင်ပါတယ်ဗျ

ဟုတ်တယ်အကို ဖူးသင့်ပါတယ်

ဖတ်​လို့​ကောင်းပါတယ်​ဗျာ

ကျေးဇူးပါအကိုရေ

စိတ်​၀င်​စားစရာခရီးစဉ်​အ​ကြောင်း​ပြောပြလို့​ကျေးဇူးပါ
လှလိုက်​တာ

ဟုတ်ကဲ့ပါအမ နောင်လည်း တင်ဆက်ရေးသားပါမယ်

ဟိုတလောက fb မှာ ရောင်ခြည်တော်လွှတ်တယ် ဆိုတဲ့ ဘုရားလား

မဟုတ်ဘူးအကို အခုစေတီဘုရားလည်းတန်ခိုးကြီးပါတယ်

ဗဟုသုတရလို့ ကျေးဇူးပါဗျာ

ဟုတ် ကျေးဇူးပါအကို

ရှုခင်းတွေ သာယာလိုက်တာ ..

ဟုတ်တယ်အန်တီရေ

ညီက ‌နေရာစုံတာဘဲ‌နော်‌။သဘာဝရူ့ခင်း‌တွေ အရမ်းလှမှာဘဲ။

ဒီဘုရားကို မရောက်ဖြစ်သေးပါဘူး ပြောပြပေးတာပါအကို

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64432.28
ETH 2648.26
USDT 1.00
SBD 2.78