" Our Regrets "

in #myanmar6 years ago

imageCrd-org-source

"နောင်တ" ဆိုတဲ့အတိုင်းပဲ အချိန်လွန်မှ အချိန်နှောင်းမှ "တ"မိတဲ့အရာပေါ့ဗျာ ဒါပေမယ့် နောင်တ ရတဲ့အကြောင်းကိစ္စတွေကတော့ လူ့ လောကမှာ အများကြီးပါ သိလျက်နဲ့ နောင်တရမိသလို မသိလိုက်ပါပဲနဲ့ နောင်တရမိတာတွေလည်းရှိပါတယ် နောင်တရတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေဟာ လူတိုင်းလူတိုင်းမှာ ရှိကြမှာပါ ဒါပေမယ့်တစ်ချို့ အရာတွေကျတောလည်း အခြေအနေ အကြောင်းကြောင်းကြောင့် သိနေပါလျက် စိတ် လျော့လိုက်ရတာမျိုး ရှေ့ ဆက်မိလိုက်တာမျိုး စသဖြင့် အကြောင်းအရာ ကိုယ်စီရှိ ကြ ပါလိမ့်မယ် ပြီးတော့မှ နောင်တဆိုတာ ဖြစ်ပေါ်လာတာပါ သူက အဖြစ်အျက်တွေရဲ့ အနောက်မှာ အမြဲကပ်ပါလာတတ်တယ်လေ ကပ်ပါးကောင်ပေါ့ဗျာ အဖြစ်အပျက်တစ်ခု မပြီးမြှောက်ဘူး ပျက်စီးသွားပြီဆိုတာနဲ့ နောင်တဆိုတာက ထွက်ပေါ်လာတယ် နေရာ ယူ လိုက်တယ်ပေါ့ဗျာ ကိစ္စတိုင်း အလုပ်တိုင်း အဖြစ်အပျက် တိုင်းကိုတော့ မရည်ညွှန်းပါဘူး ဒါပေမယ့်လို့ နောင်တ ကတော့ အမြဲလိုလို ကိစ္စ အကြောင်းအရာတွေမှာ မှီခိုကပ်တွယ် နေတဲ့ သတ္တဝါတစ်ကောင်လို့ တော့ မြင်မိတယ် ဒါ ကျွန်တော့်အမြင် အတွေးသက်သက်ပါ မှားကောင်းမှားနေပါလိမ့်မယ်

imageCrd-org-source

ဟုတ်ကဲ့ နောင်တ ကတော့ လူအနည်းအများအလိုက် ဖြစ်ပေါ်ခံစားခဲ့ကြပါလိမ့်မယ် ကိုယ်စီကိုယ်စီ မပြည့်စုံတာလေးတွေက ရှိတတ်တော့ တစ်ခါတစ်လေ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာလေးတွေ လက်လွှတ်မိလိမ့်မယ် ဒါဟာလည်း သူ့ အကြောင်းတရားနဲ့ သူလို့ လည်းပြောနိုင်ပါတယ် တစ်ခါတစ်လေ လုပ်ရင်းကိုင်ရင်းနဲ့ အချိန်တွေ ကုန်မှန်းမသိ
ကုန်လွန်ရင်း နောင်တရမိတတ်တာမျိုးလည်းရှိပါသေးတယ် နောင်တဆိုတာ တစ်ကယ် တော့ တမင်ရည်ရွယ်ပြီး လုပ်တာမျိုးမဟုတ်ပေမယ့် ဖြစ်စဉ်တွေကပဲ နောင်တ ရရှိအောင် ဖန်တီးပေးသွားကြတာပါ လူကြီးမိဘတွေ များသောအားဖြင့်ပြောပြတတ်ကြပါတယ် ငယ်စဉ်အခါမှာ ပညာမရှာခဲ့ရင် နောင်,အသက်ကြီးလာတဲ့အခါ ဒုက္ခရောက်တတ်ကြောင်း နောင်တရတတ်ကြောင်း မကြာခဏ ပြောဆိုဆုံးမတတ်ပါတယ် ပြီးတော့ မိမိက ပွေရှပ်ုဖောက်ပြန်တတ်သူ ဖြစ်နေ ခဲ့မယ်ဆိုရင် ကိုယ်အိမ်ထောင်ကျလို့ သားသမီးရလာရင် စိုးရိမ်ပူပန်ရလို့  ပြန်ပြီးတစ်ဖန်နောင်တရတတ်ပါတယ် သတိပြုဆင်ခြင်သင့်ပါတယ်

imageCrd-org-source

ဘာသာရေးအယူအဆဘက်က ကြည့်မယ်ဆိုလည်း ကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာတွေ ချမ်းသာ မှုတွေ အနည်းအများ အထိုက်အလျောက် ရှိကြမှာပါ တစ်ချို့ မရှိတော့မလှူနိုင် မလှူ တော့လည်း မရှိပြန်ဘူး ဒီလိုနဲ့ သံသရာမှာလည်နေတာ ဆိုလိုတာကတော့ ပစ္စည်းဥစ္စာ ရတနာတွေဟာ ကိုယ်မှာ ရှိပါလျက်နဲ့  ထိုက်သင့်သလောက် မလှူဒါန်း မပေးကမ်းမိတော့ ကိုယ့်မှာ မပြည့်မစုံဖြစ်လာတဲ့အခါမှ သူများလှူဒါန်းတာတွေ့ ပြီး မလှူမိတာမျိုး နောင်တ ရမိတတ်ကြပါတယ် နောက်တစ်ခုကတော့ ကိုယ့်မှာ မိဘစုံလင်ရှိပါလျက်နဲ့  ရှိနေတဲ့အချိန် ရှင်သန်နေတဲ့အချိန် မကျွေးမွေးမပြုစုလိုက်မိပဲ ဝေးကွာတဲ့အချိန် သေလွန်တဲ့ အချိန်တွေ ကျမှကျွေးမွေးချင်ရင် မရတော့ပါဘူး နောင်တတွေသာ ရရှိပါလိမ့်မယ် တစ်ကယ်တော့ ကြည့်တတ်မယ်ဆိုရင် ဆင်ခြင်တတ်မယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင် ကျွန်တော်တို့ အနီးနား ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ ဘဝတစ်စိတ်တစ်ဒေသမှာ နောင်တ ရမိတာတွေ အကြိမ်ကြိမ်ရှိနိုင်ပါတယ် ဆယ်ယူလို့ ရနိုင်တာ မရနိုင်တော့တာပဲ ကွာတာပါ တစ်ကယ် တော့ ကျွန်တော်တို့ လို ပုထုစဉ်လူသားများအဖို့ တော့ နောင်တတွေကို ရံဖန်ရံခါ တွေ့ ကြုံ ရင်ဆိုင်နေရဦးမှာ လို့ ပြောကြားရင်း ရေးသားမှုအဆုံးသတ်ပါတယ်ဗျာ

Author winko ( Maun Mou Nja)

MSCး 234

Sort:  

ဟုတ်​တယ်​​နော့...​နောင်​တဆိုတာကဖြစ်​ပြီးမှဘဲရကြတာ....

ဟုတ်တယ်အမ
ဖြစ်ပြီးမှ နောင်တ ရတာတွေများတယ်

မှန်ပါသည်နောင်တတရားနှင့်ကြုံရတိုင်းနောင်မဖြစ်အောင်ဆင်ခြင်နေရင်းနဲ့ကြုံလာရပြန်နေပါသည်

ဟုတ်တယ် အတတ်နိုင်ဆုံး ရှောင်တာပဲ ဒါမယ့်ကြုံလာကြတယ်

အမကတော့ နောင်တထဲမှာမှ လုပ်မိလို့ဖြစ်တဲ့ နောင်တထက် မလုပ်မိလိုက်လေခြင်း ဆိုတဲ့ နောင်တကို အကြောက်ဆုံးပဲ ...

အဲ့တာလည်း တစ်မျိုးခံစားရတယ် မလုပ်မိလိုက်ရလေခြင်းဆိုပြီး

ကျွန်​မ​နောင်​တကိုအ​ကြောက်​ဆုံး​ပဲ အဲ့​ကြောင့်​သတိနဲ့လုပ်​တယ်

ဟုတ်တယ် ကိုလည်း မင်းလိုပါပဲ "သီ"

မလုပ်ခင် ကြိုတွေးကွာ နောင်တနည်းအောင်😁

ဟုတ် မမ တွေးပါတယ် ဒါပေမယ့်

‌နောင်‌တ ရတယ်‌ဆိုတာ အသိတိုးတဲ့ သ‌င်္ကေတတစ်‌ခုပါ။ဒါ‌ပေမယ့်‌ ပြု ပြင်‌လို့ မရ‌တော့တဲ့‌နောင်‌တ၊ပြင်‌ဆင်‌ခွင့်‌မရ‌တော့တဲ့ ‌နောင်‌တမျိုးမ ဖြစ်‌ရ‌အောင်‌ သတိထား‌တော့ ‌နေသင့်‌တယ်‌။

ဟုတ် အကိုမဟော် ညီလည်းသတိထားပြုမူ ဆင်ခြင်ပါ့မယ် နောင်တတွေ ထပ်မရချင်တော့ပါဘူး

နောင်တဆိုတာ မိမိတို့ရဲ့အနီးနားမှာ သတိထားပြီး ဆင်ခြင်ကြည့်မယ်ဆို အများကြီးရှိနေနိုင်တယ်ဆိုတာလေး ပြောပြထားတာ နှစ်သက်စရာကောင်းပါတယ်။ပြန်ပြင်လို့မရနိုင်တော့တဲ့ အခြေအနေမျိုးဖြစ်တဲ့ နောင်တတွေကိုတော့ သတိနဲ့ နေထိုင်သင့်ပါတယ်။ကောင်းသော post လေးပါခင်ဗျာ

နောင်တဆိုတာ နောင်မှတရတာ။
အနောင်ခါမှအသိဝင်တော့အသုံးမတည့်တော့ဘူးပေါ့။
နောင်တရမိတဲ့အခါတွေရှိခဲ့ဖူးတယ်။ အလားတူမ ဖြစ်အောင်နောက်ကျ သတိထားရတာပေါ့

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63096.55
ETH 3032.40
USDT 1.00
SBD 3.69