"ငထွေးရူး "

in #myanmar6 years ago (edited)

ကျွန်တော် အမှာစာလေး…နည်းနည်းနည်းရေးပါရစေ…
ပုဂံနဲ့ ပက်သက်လို့ …ပုဂံဘုရားခရီးသွားလမ်းညွှန်အကြောင်း…
ပုဂံရာဇဝင်ထဲက အရိန္ဒမာလှံတံအကြောင်း…ကျွန်တော်ရေးသားဖော်ပြဖူးပါတယ်
အခုလည်း ပုဂံအကြောင်းပဲ ဆက်လက်ရေးသားဖော်ပြချင်မိပါတယ်
ပုဂံသမိုင်းမှာ လူသိနည်းတဲ့အကြောင်းအရာလေးကို ရှာဖွေတင်ဆက်ပေးချင်မိပါတယ်…
(သိထားနှင့်တဲ့သူလည်း သိမှာပါ)
ပုဂံသမိုင်းမှာ စစ်သည်တော်လေးသိန်းနဲ့ ညီမျှတဲ့…
သူရဲကောင်းလေးယောက်အကြောင်းပါ…
ကျန်စစ်သား(အရိန္ဒမာလှံကိုပိုင်ဆိုင်ခွင့်ရပြီး…ဘုန်းတန်ခိုးကြီးသောမင်းကောင်းမင်းမြတ်)
ငထွေးရူး(ထန်းပင်တစ်ပင်မှတစ်ပင်ခုန်ကူးကာထန်းလှီးထန်းတက်…အလုပ်လုပ်နိုင်သူ) …
ငလုံးလက်ဖယ်( နွားအရှဉ်းတစ်ရာကို တစ်ယာက်တည်းထိန်းကျောင်း ထွန်ယက်နိုငိသူ)…နဲ့ 
ညောင်ဦးဖီး(အတော်အတန်ကျယ်တဲ့မြစ်ကိုတစ်ကြိမ်တည်းနဲ့ အသွားအပြန်…ကူးခတ်နိုင်တဲ့သူ)
တို့ ပဲဖြစ်ပါတယ်…

ကျန်စစ်သားမင်းကြီးအကြောင်းကတော့ …လူတော်တော်များများသိပြီး…
သူ့ အကြောင်းအရာ နဲ့ စွမ်းရည်သတ္တိတွေဟာ…
သမိုင်းမှာထင်ရှားသိမြင်နေတာမို့ လို့ …ကျန်သောသူရဲကောင်း ( ၃ )ယောက်အကြောင်းကိုပဲ
(မသိသေးသောသူများအတွက်သာ)ရှာဖွေလေ့လာထားမိသလောက်…
ရေးသားပြောပြချင်ပါတယ်…သမိုင်းထဲကဖြစ်ရပ်တွေမို့ လို့  လည်း…
လိုအပ်ချက်များရှိခဲ့ရင် ဖြည့်စွက် အကြံပေးနိုင်သလို …
အမှာစာရှည်သွားမိတဲ့အတွက်လည်း စာဖတ်သူ မိတ်ဆွေတို့ ကို တောင်းပန်အပ်ပါတယ်…

ပုဂံထီးနန်းကို…ကျန်စစ်သားမင်းကြီး ဆက်ဆံခွင့်ရတဲ့နေ့ ပြီးတော့…
နောက်တစ်နေ့ မှာပဲ…ငထွေးရူး …ငလုံးလက်ဖယ်…နဲ့ ညောင်ဦးဖီးတို့ ဟာ…
ပုဂံပြည်ကနေ…စွန့် ခွာထွက်ပြေးခဲ့ရကြတယ်…ဘာကြောင့်လဲဆိုရင်…
မဏိစန္ဒာနဲ့ ကျန်စစ်သားမင်းကြီးတို့  အချစ်ကိစ္စ (ချစ်ခင် နှစ်သက်နေမှု)ကို
သူတို့ က…လူပိုသိအောင်လုပ်ခဲ့ကြလို့ ပဲ…ဆိုလိုတာက အခုခေတ်စကားအရပြောရင်…
"ဖော်ကောင်"လုပ်တာပေါ့…အနော်ရထာမင်းကြီးသိအောင် ပြောခဲ့ကြလို့ ပေါ့…
(ဟုတ်သည် ။ မဟုတ်သည်တော့…တပ်အပ်မပြောနိုင်ပါ…ပုဂံသမိုင်းတွင်…
အနီးစပ်ဆုံးခန့် မှန်းရေးသားထားမှုများကို …ဖော်ပြရခြင်းဖြစ်သည်…)

ပထမဆုံး…" ငထွေးရူး " အကြောင်းကို…ရေးသားဖော်ပြချင်ပါတယ်…
ငထွေးရူးဟာ…မြင်းမူ ဇာတိ အရပ်မှာ မွေးဖွားခဲ့ပြီး…အနော်ရထာမင်းလက်ထက်…
သူရဲကောင်းစစ်သည်အဖြစ်…ချီးမြှောက်ခံစားခြင်းခံရသူလည်းဖြစ်ပါတယ်…
အပေါ်မှာရေးသားထားခဲ့သလို…ကျန်စစ်သားမင်းကြီးနန်းတက်တဲ့အချိန်…
မိမိကို ပြစ်ဒဏ်သင့်မည်စိုးတာကြောင့်.…"တညင် "လို့ ခေါ်ကြတဲ့
"သန်လျင်" ကိုထွက်ပြေးခဲ့တယ်….တညင်မှာ…
မွန်အမျိုးသမီးတစ်ဦးနဲ…ဆုံကာအိမ်ထောင်ကျတယ်…ထန်းတောတွေကို…
အောက်ဈေးနဲ့ လိုက်ဝယ်ပြီး…ထန်းရည်တဲလေးတွေစဖွင့်ခဲ့တယ်…
(ထန်းလျက်လည်းချက်ကြတယ် …) ထူးခြားတာက ထန်းရည်ကိုအပင်ပေါ်က
မချခင်မှာ…လက်ပံပွင့်ကိုထန်းရည်အိုးထဲ…
စိမ်ပြီးအရသာကောင်းအောင်လုပ်ခဲ့တဲ့အတွက်…ငထွေးရူးရဲ့ ထန်းရည်ဆိုင်က…
တညင်မှာအတော်လည်း လူသိများရေပန်းစားခဲ့တယ်.…

အဓိကပိုပြီးလူသိစေတဲ့အကြောင်းကတော့…အမျိုးသားယောက်ျားတွေသာမက…
အမျိုးသမီးတွေပါ တစ်ကယ်ကောင်းတဲ့ အားဆေး(အချစ်ဆေး)
လို့ တောင်ပြောပြီး သုံးစွဲရလောက်တဲ့အထိ…နာမည်ကြီးလို့ နေပါတယ်…
ထန်းရည်ဆိုင်ကြောင့်ပဲ…တညင်မှာ နောက်ထပ်ရွာသစ် (၂)ရွာထပ်ပြီးတိုးလာပါတော့တယ်
(အခုခေတ်မှာတော့မြို့ ဖြစ်နေပါပြီ)
နာမည်တွေကတော့ ခါးရမ်း(အခု …ခရမ်း)နဲ့ ကြုံးဟ( အခု…သုံးခွ )မြို့ တို့ ဖြစ်ပါတယ်…
(ထန်းရည်ဘယ်လောက်ကောင်းပြီး…အစွမ်းထက်သလဲဆိုတာ
ရွာတွေနာမည်သာ ကိုယ့်ဘာသာကိုယ်တွေးကြည့်ပါတော့နော်…)
"ငထွေးရူး "ဟာ …ထန်းရည်ရောင်းပြီးတော့…သူ့ ဘဝကို…
တညင်မှာပဲ…အချိန်ကုန်စေခဲ့တယ်လို့ …ခန့် မှန်းတွေးတော
ရှာဖွေ မှီငြမ်းပြီး…ရေးသားဖော်ပြလိုက်ပါတယ်…
ကျန်သောသူရဲကောင်းနှစ်ယောက်အကြောင်းကို…မကြာခင်မှာ
ရှာဖွေလေ့လာရေးသားပါဦးမည် ။

အားလုံးကိုကျေးဇူးတင်ပါတယ်…

ကိုးကားချက်များး >>ပုဂံသူရဲကောင်းများ(သော်တာဆွေ)
>>အထွေထွေရှာဖွေဖတ်ရှုမိသောစာအုပ်များ

photo creditsး Facebook

MSCး 234

Author >>> winko

Sort:  

အမျိုးသားခွန်အားတိုးတဲ့ထန်းရည်ဆိုရင်တော့ပိုပီးကြိုက်ပီလေဗျာ
ထန်းတောကြီးတွေကိုသတိရမိပါတယ်ဗျာ

ဒါမျိုးကျ ကွီးသာအေးတို့ ထိပ်ဆုံးကပါလားဟမ် ဟွင်းဟွင်း😏😏

ဟီးးးးကြည်ကလည်းသိရဲ့သားနဲ့ကိုသာအေးထန်းရည်ကြိုက်လွန်းလို့ရွာထဲကိုမ၀င်တာပါဆို ဟားးးးးးးးးး

ကိုသာအေး က ထန်းဂျိုး ခိခ်

ဟုတ်ကဲ့ ထန်းရည်ကြိုက်တယ် အကြိုက်တူတယ်

အကြိုက်တူရင်လစ်လိုက်ရအောင် သာအေးထန်းရည်ဆိုင်မသွားဘူးဈေးကြီးလို့ကိုဝင်းကိုအိမ်မှာဘဲဆော်ကြမယ်လေနော့ဟီးးးး

အောင် မ ငီး ထန်းတောလစ်မယ်ဘဒို

ဟော်ဗျာ အိမ်မှာကစ်ပါမယ်ဆိုထန်းတောဘာလို့လစ်မှာလဲဗျဟီးးးးးးးးးးအိမ်မှာကစ်မရဘူးထင်ပါတယ်ဗျာ ကျနော်နဲ့တူတယ်ဟားးးးးးးး

.😁.😁.😁.😁.😁

သောက်​ဖူးချင်​ထှာ...😁

ခါးရမ်း တဲ့အထိ ဖြစ်တယ် နော့် ခရမ်းမြို့  ဟီး

အဲ့လိုရာဇဝင်​အ​​ကြောင်း​တွေစိတ်​ဝင်​စားတယ်​ဗျာ

ဟုတ်ကဲ့ပါဗျ နောင်လည်း တင်ဆက်ပါမယ်

သမိုင်းကြောင်းလေးတွေပြန်ဖတ်ရလို့ကျေးဇူးပါ

ဟုတ် ဆရာ ဗဟုသုတအဖြစ်ပေါ့ဗျာ

သမိုင်းအကြောင်းဆိုစိတ်ဝင်စားတယ်

ဟုတ် အကို ကျေးဇူးပါဗျာ

မသိ‌သေးတာကိုေ ပြာ ပြ‌ပေးလို့ ‌ကျေးဇူးပါညီ။

ဟုတ်ကဲ့ပါ
လိုအပ်တာရှိလည်း လမ်းညွှန်ပါဦးနော်အကို

မြန်​မာ့ သမိုင်း​တွေ စိတ်​ဝင်​စား​တယ်​ဗျာ။ ပြန်​လည်​​ဝေတာ ​ကျေးဇူးပါ။ တခြားဆိုဖက်​ဖြစ်​မှာမဟုတ်​။ steemit မှာဆို​တော့ ဖက်​ရတယ်​​ခေ။

ဟတ်ကဲ့ bro ကျွန်တော်ကတော့ ရှာကြံရေးသားရတာမျိုးကြိုက်တယ် ကျေးဇူးပါ

Good post

Good Comment

ရှေးက သူရဲကောင်းတွေလည်း ထန်းရင်မပါမပီးသလောက်

ထန်းရင်,မဟုတ်ပါ
ထန်းရည် ပါ သက်လျာ နှမရယ်

ဗဟုသုတ​တွေရှာ​ဖွေ​ဖော်​ပြ​ပေးလို့​ကျေးဇူးပါ...

ဟုတ်ကဲ့ ကြိုးစားတင်ပြပါမယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58647.58
ETH 2550.58
USDT 1.00
SBD 2.50