" ကျွန်တော် နှင့် *ဂရုမစိုက်ခြင်း အနုပညာ(စာအုပ်) "
in #myanmar6 years ago (edited)
image
ဟုတ်ကဲ့  ကျွန်တော် ပေ(လေကြော)ရှည်နေတာကိုရပ်ပြီး ဒီစာအုပ်ဝယ်ဖြစ် ဖတ်ဖြစ်တာ လေးကို နည်းနည်းပြောပြပါရစေ အစကတော့ ဝယ်မဖတ်ဖြစ်ပါဘူး ကျွန်တော် အပေါ်မှာ ရေးထားသလိုပေါ့ စာဖတ်ပျင်းတာလည်းပါပါတယ်လို့  စာအုပ်ဒီဇိုင်းပုံစံ စကားလုံး အနေ အထား ကာလာ အကုန်ကြိုက်တယ် ဖတ်ချင်တယ် ဒါပေမယ့်စာအုပ်ကြည့်တော့( ၁လက်မ နီးပါး)အထူကြီးဆိုတော့ ဖတ်ချင်စိတ်က လျော့သွားတယ် အနီးအနားအလွယ်တကူဝယ် မရတာလည်း ပါတာပေါ့ အင်းတကော်မြို့ ဆိုပေမယ့် Delivery ကျ ကိုယ့်အိမ်တန်း မရောက်ဘူးလေ ကားဂိတ်သွား စောင့်ရတာနဲ့  ကားဂိတ်မှူးဆီကားသမားက မအပ်လို့ စောင့်ရတာနဲ့ ဘာနဲ့ ညာနဲ့ ပေါ့ အဲ့ဒုက္ခတွေကြောင့်ပဲ Delivery ဆို မမှာဖြစ်တော့ဘူး ရန်ကုန်ထဲကြုံမှ ကိုယ်ကြိုက်တဲ့ ပစ္စည်းတိုင်း ဝယ်ဖြစ်တာများတယ် အဲ့လိုနဲ့ စာအုပ်ကို မေ့မေ့ပျောက်ပျောက် မေ့ထားလိုက်မိတယ် စာအုပ်ထွက်ပြီးနှစ်ပတ်လောက်ကြာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီ ဖတ်ချင်စိတ်တောင် ပျောက်နေပြီ ခေါင်းထဲထည့်ရတဲ့ ကိစ္စတွေကလည်း များတာကိုးဗျ ဟိုဟာ လုပ်ရ ဒီဟာလုပ်ရ ဟိုလိုရှာလိုက် ဒီလိုရှာလိုက်နဲ့ နိစ္စဓူဝ လုပ်နေကြရတော့လည်း စာအုပ်ဖတ်ချင်တာမေ့ နေတယ် မဖတ်ချင်တော့ဘူး
image
အဲ့လိုနဲ့ ဖြစ်ချင်တော့ အလုပ်ထဲက brother တစ်ယောက်က ဒီစာအုပ်ကို ဖတ်ချင်တယ် မြို့ ထဲကြုံရင် ဝယ်လာပေးဆိုပြီး မှာတော့မှ အတွေးထဲ ဒီစာအုပ်က ပြန်ပေါ်လာတယ် ဒါပေမယ့် သိပ်မဖတ်ချင်တော့ဘူး ပြီးခဲ့တဲ့ Sunday အလုပ်ပိတ်ရက် မြို့ ထဲ သွားတာ့ စာပေတိုက်တွေ ထဲလိုက် ရှာတာ မတွေ့ ဘူးဗျာ ကုန်နေတယ်ဆိုတာကြီးပဲ နောက်ထက် စာအုပ်ဆိုင်တွေမှာ နည်းနည်းထပ် ရှာကြည့်တော့မှပဲ ရလာတော့တယ် ဒါတောင် ဒုတိယ အကြိမ်ထုတ် ဝေတာတဲ့ ဒါတောင် နှစ်ပါတ်ကျော် သုံးပါတ်အတွင်း ရောင်းကုန်ချက်က ရှယ်ပဲ (အခု သိရသလောက် ရောင်းအားအုပ် တစ်သောင်းကျော်ပြီးသိရပါတယ်) ဒါနဲ့ ပဲ မြန်မာငွေ ၄၀၀၀ ကျပ်တိတိနဲ့  ဝယ်လာခဲ့ပါတယ် ကိုယ်ဖတ်ဖို့ တော့မဟုတ်ပါဘူး အလုပ် အကို မှာထားတာကိုး အဲ့နေ့ ညပဲ မနက်အလုပ်သွားရင် ယူဖို့  ပြင်ဆင်စရာ ရှိတာပြင် ဆင်ရင်း စာအုပ်ကိုလည်း ဂရုတစိုက်ထည့်တော့မှ တွေးမိတယ် ခဏဖတ်ကြည့် မယ်ပေါ့ ဘာတွေများဂရုမစိုက်တဲ့ ပညာတွေလည်း ဆိုပြီး စာအုပ်ဖွင့်ဖတ် ကြည့်မိတယ် မာတိကာ အမှာစာနဲ့ တင် ဒီစာအုပ်ဟာ " လူတိုင်းနီးပါးကြုံတွေ့ နေရတာတွေကို နည်း လမ်းတကျ ဖြေရှင်းတာမျိုးလည်းမဟုတ် ဖြေရှင်းလို့ မရတောင် အခက်အခဲတွေကို ဖြေရှင်းပုံနည်း လမ်းတွေ ညွှန်ကြားပြသထားတယ် တစ်ကယ်ဂရုမစိုက်တတ်တဲ့ ပုံစံမျိုးနဲ့ ကိစ္စ တိုင်းကို ဖြေရှင်းရတာမဟုတ်ပဲ နေရာတကာ ဂရုစိုက်ဖြေရှင်းဖို့ မလိုတဲ့အကြောင်းကို ကြည့် တတ်ဖို့ မြင်တတ်ဖို့  ဖြေရှင်းထားတဲ့စာအုပ်ပါ ဘယ်သူ့ မှဂရုစိုက်စရာမလိုဘူးဆိုတဲ့ ဘောင်ကို မရောက်ပဲ အခက်အခဲတွေကို ဂရုစိုက်ပုံ စိုက်နည်းမျိုးစုံ လက်တွေ့ ကျကျ ဖြစ်ရပ်လေး တွေနဲ့  ပြောပြဖြေရှင်းထားတဲ့ စာအုပ်ပါ တစ်ကယ်ကောင်းတယ် အခန်းတို ဝတ္ထုလေး တွေနဲ့ ရေးသားထားလို့  ဖတ်ရတာ မအီဘူး အိပ်မငိုက်ဘူး ကျွန်တော်ကြိုက်တဲ့ ပုံစံနဲ့ ကွက်တိပဲ အဲ့နေ့ ညက နည်းနည်းပဲဖတ်လိုက်ရတယ် (စာအုပ်အကုန်မဖတ်ရ သေး တော့ စာအုပ်ရဲ့ တစ်ကယ့်အနှစ်သာရတော့မသိသေးပါဘူး) ဖြစ်ချင်တော့ သူများအတွက် ဝယ်လာပေးတဲ့စာအုပ် ကိုယ်မဝယ်မိတာမှားသွားတယ် နောက်နေ့ မနက်အလုပ် ရောက် တော့ မှာထားတဲ့အကိုကိုပေးလိုက်တယ်လေ နောက်အပါတ်ထဲ မြို့ ထဲရောက်ရင်တော့ ဝယ်ဖြစ် အောင် ဝယ်မယ်လို့ စိတ်ကူးမိပါတယ် Steemit က ညီအကို မောင်နှမတွေကို လည်း စာအုပ်မိတ်ဆက်ပေးရင်း Sharing ထပ်လုပ်ရတာပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ။
"ကျွန်တော့်ပုံ မြင်လို့ လန့် မသွားကြပါနဲ့ ဦး အဆင်းမလှပေမယ့် အချင်းလှအောင်နေထိုင်တတ်သူတစ်ယောက်ပါ"
image
Photo by me (Camera)
Author winko ( Maun Mou Nja)
MSCး 234
Sort:  
ကောင်းပါတယ်​ စာအုပ်​ စာ​ပေလူ့မိတ်​​ဆွေတဲ့
မဖတ်​သင့်​တဲ့စာအုပ်​မရှိ မမှတ်​သင့်​တဲ့စာအုပ်​ဘဲရှိပါတယ်
ဟုတ် အကိုကြီးယု ပြောတာမှန်ပါတယ် မမှတ်သင့်တဲ့စာအုပ်ရှိပါတယ် Thank
စာအုပ်​​ကောင်းများရှယ်​​ပေးလို့​ကျေးဇူးပါ...မဖတ်​ရ​သေးပါဘူး....
ဟုတ်ကဲ့ပါ ဖတ်စေချင်ပါတယ်ဗျ ကျွန်တော်လည်ူ ဝယ်မှာပါ
စာအုပ်လေးကိုညွှန်းထားတာ ကောင်းပါတယ်ခင်ဗျာ။မဖတ်ရသေးဘူးဗျ။ဝယ်ချင်စိတ်ကဖြစ်နေပြီဗျာ။ကျေးဇူးပါ။
လက်တွေ့ ဆန်တာနှစ်သက်တဲ့သူတွေကတော့ ကြိုက်မှာပဲဗျ ဖတ်စေချင်ပါတယ်ဗျ ကျွန်တော်လည်း ဝယ်မှာပါ
ညီအ‌ပြော‌ကောင်း‌တော့ အဲ အ‌ရေး‌ကောင်း‌တော့ အစ်‌ကို‌တောင်‌ဖတ်‌ချင်‌လာပြီ။‌ရေးတဲ့စတိုင်‌ကိုကြိုက်‌တယ်‌ ညီ‌ရေ။Good.
ဟုတ်ကဲ့ပါအကိုကြီးမဟော် ကျွန်တော်လည်း စာအုပ်ကို ညွှန်းတာ မမှားစေချင်လို့  ရေးတတ်သလိုလေး ရေးထားမိတာပါ
ဖတ်စေချင်ပါတယ်ဗျ☺
ဖတ်​ကြည့်​အူးမယ်​ဗျာ ☺ ☺
ဟုတ်ကဲ့ပါ ဖတ်စေချင်ပါတယ်ဗျ ကျွန်တော်လည်းဝယ်မှာပါ
အန်တီလည်းဝယ်အုံးမှပဲ
ဟုတ်အန်တီ စာအုပ်က ဖတ်ကောင်းမယ့်ပုံ
အဲ့စာအုပ်ကိုဖေ့ဘုတ်မှာတော့ ရင်းနှီးနေပါပြီ
ဖတ်သာမဖတ်ရသေးတာ
ဟုတ်တယ် Fb မှာပလူပျံနေတာပဲ ဖတ်ကောင်းမှာပါ
စာအုပ်တွေမဖတ်ဖြစ်တာတောင်အတော်ကြာသွားပေါ့လေ ကျေးဇူးပါ
ဟုတ်ကဲ့ ကျွန်တော်လည်းစာဖတ်အားနည်းတယ် ကြုံလို့ Sharing လုပ်ပေးမိတာပါ
ဖတ်ကြည့်ဦးမှပါ
ဟာ အကိုကြီးဒွန် လာမန့် တော့ ပျော်တာပေါ့
ဟုတ် အကို ရေ ဖတ်ကြည့်ပါဗျာ
အိမ်း ဖတ်ဖူးသေးဘူး pdf ရမှ ဖတ်ဖြစ်မယ်ထင်တယ်
ဒါမျိုးကျတတ်တယ် ဒို ရေ မီဖာ ဆို လာ ဒီ ဒို
Coin Marketplace
STEEM 0.19
TRX 0.15
JST 0.029
BTC 64349.20
ETH 2673.53
USDT 1.00
SBD 2.83