" ညောင်ဦးဖီး "
ပုဂံသမိုင်းမှာ စစ်သည်တော်လေးသိန်းနဲ့ ညီမျှတဲ့…
သူရဲကောင်းလေးယောက်ရှိခဲ့ဖူးပါတယ်…အဲဒီ့အထဲက…
ကျန်စစ်သားမင်းကြီးအကြောင်း (လူသိများလို့ )…ရေးသား,မဖော်ပြခဲ့ပါ…
ငထွေးရူး…နှင့် ငလုံးလက်ဖက် အကြောင်းရေးသားပြီးဖြစ်၍…
ယခုနောက်ဆုံး…ညောင်ဦးဖီးအကြောင်း…ရေးသားဖော်ပြမှာဖြစ်ပါတယ်…
ညောင်ဦးဖီးဟာ…ညောင်ဦးအရပ်သားဇာတိဖြစ်ပါတယ်…သူဟာ…
ညောင်ဦးကမ်းပါးထက်ကနေ…(ပြေးဆင်းပြီး)ဧရာဝတီမြစ်ကို…
တစ်ဖက်ကမ်းရောက်အောင်လက်ပစ်ကူးနိုင်ပါတယ်…ပြီးတော့ ရပ်နားခြင်းမရှိပဲ…
နောက်တစ်ဖက်ကမ်းကို…ပြန်ကူးလာနိုင်ပြီး…
ကမ်းပါးပေါ် ရောက်အောင်ပြေးတက်နိုင်သူလည်းဖြစ်ပါတယ်……
အဲဒါကြောင့်လည်းအနော်ရထာမင်းရဲ့ မြှောက်စားခြင်းခံရပြီး…
ပုဂံနေပြည်တော်မှာအမှုထမ်းခွင့်ရခဲ့သူ ဖြစ်ခဲ့ပါတယ်…
ညောင်ဦးဖီးလည်း…သူ့ သူငယ်ချင်းတွေ(ငထွေးရူး နှင့် ငလုံးလက်ဖယ်)လိုပဲ…
ကျန်စစ်သားမင်းကြီးအမျက်တော်ရှမှာ,စိုးတာကြောင့်…
ပုဂံပြည်မှ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်…ဒါပေမယ့်…
ငထွေးရူး နှင့် ငလုံးလက်ဖယ်တို့  လောက်တောင်…ရင်းနှီးလုပ်စားဖို့ 
အဆင်မပြေတာကြောင့်…(ကျွန်တော် စာရေးသူလို ပေါ့)
ငထွေးရူးဆီမှာနေလိုက်…ငလုံးလက်ဖယ်ဆီမှာနေလိုက်နဲ့ …
ဝိုင်းလုပ်ဝိုင်းစားသဘောမျိုးနဲ့ …နေထိုင်ရပ်တည်လာ
ဖြစ်ချင်တော့ငလုံးလက်ဖယ်ဆီမှာ…နေတုန်း,သူ့ သူငယ်ချင်းစီးပွားပျက်လို့ …
ပဲခူးကိုပြောင်းတော့ညောင်ဦးဖီးဟာ…လိုက်မသွားတော့ပဲ…
ပင်လယ်ကူးသင်္ဘောတွေ,ကုန်တင်ကုန်ချနဲ့ ကြုံကြိုက်လို့ …
သင်္ဘောနောက်လိုက်အဖြစ်လိုက်သွားရာကနေ…
ကော့ဆောင်( ယခု ကော့သောင်း)ဆိုတဲ့မြို့ ကိုရောက်လာခဲ့တယ်…
တစ်ကယ်တော့ရေကြိုက်တဲ့ ညောင်ဦးဖီးဟာ…လှေလုပ်သားအလုပ်…
စိတ်ပါတာမဟုတ်ပေမယ့်…
အချိန်အတော်ကြာ …သင်္ဘောပေါ်မှာ လုပ်ကိုင်လာခဲ့ပြီးတဲ့နောက်…
ကိုယ်ပိုင်ငွေလေးနဲ့ …ကုန်ကူးနိုင်မယ့်လှေတစ်စင်းလောက်…ဝယ်လိုက်တယ်…
တစ်ရက်မှာတော့… ထားဝယ်ဘက် ကုန်ကူးဖို့ ထွက်လာပြီး.…
ကော့ဆောင်အနီးနားက ကျွန်းတစ်ခု(ယခုညောင်ဦးဖီးကျွန်း)မှာ…
ဗိုက်ဆာလို့ ခဏနားခိုလိုက်တယ်…အကူအညီတောင်းဖို့ …
ကြည့်လိုက်တာ…ရေချိုးနေတဲ့…ဆလုံမကို တွေ့ လိုက်တော့…စားစရာအချို့ 
တောင်းမိတယ်…ဆလုံမကလည်း …သူ ယူလာတဲ့…သံပချုပ်
(အစားအစာတွေ ထည့်တဲ့  ဆလုံ လူမျိုးရဲ့ ပစ္စည်း ) ထဲမှ အစားအစာတွေ…
၃လုံး ၄လုံးစာလောက်ကျွေးလိုက်တယ်…ညောင်ဦးဖီးကလည်း…
အကုန်စားပစ်နိုင်ခဲ့တယ်…နောက်တော့ ခင်မင်သိကျွမ်းသွားပြီး
မကြာခင်မှာပဲ…ဆလုံမနဲ့ ညောင်ဦးဖီး ညားပါတော့တယ်…
တစ်ချို့ ကလည်း သံပချုပ်စာမိသွားတယ်ပြောပါတယ်…
(ဘာကို ဘယ်လိုဆိုလိုမှန်းတော့…ကျွန်တော်လည်းအတိအကျမသိရပါ)

ညောင်ဦးဖီးဟာ…သံပချုပ်စာ ကောင်းလွန်းလို့ လားတော့မပြောတတ်ပါ…
နောက်ထပ်…ဆလုံမ နှစ်ယောက်…စုစုပေါင်း ဆလုံမ သုံးယောက်ယူထားပါသတဲ့ဗျာ…
သူ နဲ့  ဆလုံမ …စတင်တွေ့ တဲ့ ကျွန်းဟာ… ညောင်ဦးဖီးကျွန်းဆိုပြီး…
ကော့သောင်းမြို့ ရဲ့ …ရေမိုင် ၄၀ အကွာမှာ…တည်ရှိပါတယ်…အခုတော့ အဲ့ကျွန်းမှာ
အပန်းဖြေဟိုတယ် ဖွင့်ထားပြီး… သွားရောက်လည်ပတ်အနားယူလို့ ကောင်းတဲ့…
နေရာအဖြစ်ထင်ရှားနေပါတယ်…
ပုဂံသမိုင်းရဲ့  စစ်သည်တော်လေးသိန်းနဲ့ ညီမျှတဲ့…
သူရဲကောင်းလေးယောက်မှ …ငထွေးရူး…ငလုံးလက်ဖက်နဲ့ (ယခု)့ ညောင်ဦးဖီးတို့ ရဲ့ 
နောက်ဆက်တွဲ(လူတိုင်း,သိပ်မသိတဲ့အပိုင်း)အကြောင်းတို့ ကို…
လေ့လာဖတ်သားမိထားသမျှ …ဗဟုသုတရစေရန်အလို့ ဌာ…ရေးသားဖော်ပြရင်း
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ…
"ကျွန်တော် ဝင်းကိုပါ…(Facebook >>> Maun Mou Nja)"
ကိုးကားချက်များး ပုဂံသူရဲကောင်းများ( သော်တာဆွေ )
photo creditsး Facebook
MSCး 234
Author >>> winko



သမိုင်းကို ပြန်လည်ထင်ဟက်စေခဲ့တာဘဲဗျာ
ဟုတ်တယ် bro ရေ RIGHT
လာပီနောက်အသစ်အပိုင်းကျေးဇူးဗျာ
ကိုသာအေး ကျေးဇူး Sky Beer
သူရဲကောင်း တွေရဲ့ ဇာတ်သိမ်းက မထင်မရှားဘဲနော်။
ဟုတ်တယ်ကိုကြီးရေ တိမ်မြုပ်စွာဖြတ်သန်းကြရတယ်
ကြိုက်တယ်ဗျာရာဇဝင်တွေဖတ်ရတာ
ဟုတ်ကဲ့  ကျေးဇူးပါဗျာ
ဗဟုသုတရပါတယ်
ဟုတ် ကဲ့ ကျေးဇူးပါဆရာ
များများရေးပါဗျာ ကျွန်တော်တို့လည်း အရင်ကမသိခဲ့တာတွေ သိရတာပေါ့ဗျ
ဟုတ် ကဲ့ပါ ဗျ
လူသိနည်းတာလေးတွ ရှာဖွေတင်ဆက်ပါမယ်
နောက်တစ်ခါကျရင် သူရဲကောင်းဗညားပိစိအကြောင်းလေးဖတ်ချင်ပါတယ်
ဟားးးး ဟုတ်ကဲ့ပါဗျာ ကိုပိ
ပုံဂံရာဇဝင်တွေအရမ်းကြိုက်ပုံရတယ်နော်
ပုဂံဆိုတာ သမိုင်းရဲ့ အစ
စာေဲပရ့ အစပါ
ဒါဆိုညောင်ဦးဖီးကျွန်းကသူရဲကောင်းညောင်ဦးဖီးကိုအစွဲပြုပြီးဖြစ်လာတာနေမယ်နော့...ဖတ်ရတာကောင်းပါတယ်...ဗဟုသုတရတယ်...နောက်လည်းရှာဖွေပြောပြပေးပါ....
ဟုတ်ပါတယ်ဗျ သူ့ ကိုအစွဲပြုပြီးဖြစ်လာတာပါ
အားပေးလို့ ကျေးဇူးတင်ပါတယ် ဗျာ
တစ်ခေါက့်တစ်ခေါတ် အရမ်းကောင်း😅😅
ဟုတ်ကဲ့  အားပေးလို့ ပျော်ပြီဗျာ