ဖြစ်စေချင်သည်

in #myanmar7 years ago

===============================
=====ဖြစဖစ်စေချင်သည်=======
steemit တည်ထောင်သည့် ရည်ရွယ်ချက်ကိုဖြင့်
ကျွန်ုပ် တကယ်မသိသေးပါဘူး သို့သော်လည်း တွေးမိတာလေးတစ်ခု
တင်ပြပါရစေ
ဆိုကြပါစို့---ကျွန်ုပ်တို့သည် postများ သူသူငါငါတင်ကြသည် ပြီး တစ်ယောက်နှင့်တစ်ယောက် voteတွေ အပြန်အလှန် ပေးကြသည် ကိုယ်ပေးလိုက်သည့် voteတစ်ခုနှင့် ထိုက်တန်သည့်
အကျိုးအမြတ်ပြန်ရဖို့ လိုအပ်ပါလိမ့်မည် ဒါဆိုဘာလုပ်မလဲ postတစ်ခုကို voteပေးတော့မည်ဆိုလျှင် ရမ်းသမ်းပေးတာမျိုး
မဟုတ်ပါပဲ စာဖတ်ပြီးမှ ပေးစေချင်သည် postတစ်ခုကို
ကြိုက်ရင်ပေးတယ် မကြိုက်ရင် မပေးဘူးဆိုတာမျိုး မဟုတ်လျှင်တောင်မှ အနည်းဆုံး စာဖတ်ပြီးမှပေးတာ ပိုအဓိပ္ပါယ်ရှိမည်ဟု ယူဆမိသည် postတင်သည့်သူသည် ဘာကိုဆိုချင်တာလဲ
အချက်အလက်ကဘာတွေလဲ စသဖြင့် ဗဟုသုတအနေဖြင့်
မှတ်သားစရာ အတုယူစရာတွေ အများအပြား ရရှိနိုင်သည်
ဒါမှလည်း ကိုယ့်အဖို့ အကျိုးကျေးဇူး များပေလိမ့်မည်
စာကိုဖတ်ခြင်းအားဖြင့် ကိုယ့်အတွက်တာ အကျိုးယုတ်စရာ မရှိနိုင်ပါဘူး စာဖတ်ခြင်းမှ အတွေးအခေါ်တွေ အများအပြားရရှိနိုင်သလို စိတ်ဓာတ်ခွန်အားတွေလည်း အများမပြားရရှိနိုင်သည် စီးပွားရေး ပညာရေး အိမ်ထောင်ရေး အချစ်ရေး ဘာသာရေး နိုင်ငံရေး စသည့်အရေးတွေ၏ အခက်အခဲမှန်သမျှတွေကို ဖြေရှင်းနိုင်သည့် နည်းလမ်းတွေ အကြံဥာဏ်တွေ အားလုံးရရှိ သိရှိနိုင်သည်
လူနှင့်တိရိစ္ဆာန်တို့၏ ကွဲပြားခြားနားနေမှုသည်
စာပေကြောင့်သာဖြစ်လေသည် ဆိုကြပါစို့
လူတွေထဲ၌ ချမ်းသာသူသည်လည်း ချမ်းသာသည့်လျောက်
ဆင်းရဲနွမ်းပါးသူသည်လည်း ဆင်းရဲနွမ်းပါးသည့်လျောက်
လုပ်ကိုင်ရှာဖွေရင်း စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားရသည် တိရိစ္ဆာန်တွေထဲ၌လည်း ဆင်သည်လည်း ဆင်လျောက်
ပုရွက်ဆိတ်သည်လည်း ပုရွက်ဆိတ်အလျောက်
စားရေး နေရေးအတွက် ရုန်းကန်လှုပ်ရှားရသည်
ယင်းအချက်အလက်တွေတူညီနေပါလျက်
ဘာကြောင့်ကွာခြားနေရပါသလဲ အသိဥာဏ်ကြောင့်ပင်
လူ့အသိုင်းအဝိုင်းသည် စာပေရှိသည် တိရ်စ္ဆာန်အသိုင်းအဝိုင်း၌ စာပေမရှိသောကြောင့် ကွဲပြားခြားနားနေသည် စာပေရှိသောကြောင့်
လူတွေ၏ အသိဥာဏ်မြင့်မားလာသည် စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားလာသည် ယဉ်ကျေးမှုတွေထွန်းကားလာသည် လူဖြစ်သော်လည်း
စာပေမရှိသောကြောင့် တောထဲနေ လူရိုင်းများသည် ကျွန်ုပ်တို
့ လူ့အဖွဲ့အစည်းနှင့် နေထိုင်မှုစရိုက် အသိဥာဏ်တွေ စားဝတ်နေရေး
ဖြေရှင်းပုံတွေမှအစ ကွဲပြားခြားနားနေသည် လူရိုင်းတွေသည်
တိရိစ္ဆန်တွေနှင့် သိပ်မကွာခြားလှ
ဒါကိုကြည့်ခြင်းအားဖြင့် စာပေ၏ အကျိုးသက်ရောက်မှုသည်
ဘယ်အတိုင်းအတာထိ အရေးပါအရာရောက်နေသလဲဆိုတာ လယ်ပြင်မှာ ဆင်သွားသလို အင်မတန်မှ ထင်ရှားလှပါသည်
သည့်အတွက်ရယ်ကြောင့် စာပေတွေ ဖတ်ပြီး ဗဟုသုတတွေရှာမှီးရင်း ကိုယ့်အချင်းချင်း voteတွေ အပြန်အလှန် အားမနာတမ်း
ဝုန်းခွဲလိုက်ကြရအောင်လားဗျာ
image(မှတ်ချက်)ကျွန်ုပ်၏ယူဆချက်မျှသာ====
===============================

Sort:  

ဝုန်းသွားပြီဘဒို

ကျေးဇူးပါ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 61092.62
ETH 2666.59
USDT 1.00
SBD 2.62