ဟင်း တခွက် လာရာလမ်း...

in #myanmar6 years ago

ဝက်သားဟင်းလေးချက်ဆိုတာ...ဒေသအလိုက်ပုံစံအမျိုးမျိုးရှိလိမ့်မယ်လို့ထင်ပါတယ်..
အထင်အရ..အရဆိုရပါရင်..ရှေးယခင်ကတည်းက အခမ်းအနား အလှူပွဲလမ်းသဘင်သာမက မင်းဘုရင် သူကြွယ်သူဌေးတို့ ပွဲတော်တည်ခဲ့ကြတဲ့ ဟင်းတမယ်ဖြစ်မယ်ထင်ပါတယ်...
တောသူတောင်သားတို့လဲ ငွေကြေးရွှင်ချိန်
တခုတ်တရ ချက်ပြုတ်စားသောက် ခဲ့ကြတဲ့ဟင်းလည်းဖြစ်ပါလိမ့်မယ်..
.တကယ်တော့..ဒီဟင်းရဲ့ သမိုင်းကြောင်း ကောက်ယူကြည့်ကြမယ်ဆိုရင် သိပ်ကောင်းမယ်ထင်ပါတယ်..
ငယ်စဉ်အခါ..မန္တလေးမှာ..သရက်သီးဆီစိမ်ကို နွမ်းကြေသွားအောင် အနှစ်ပြုပြီး အမေချက်တဲ့..ဝက်သားဟင်းလေး..ဟာ ထမင်းမြိန်ခံတွင်းတွေ့တဲ့...
ဟင်းတခွက်ပေါ့။
image
ဒီလိုနဲ့...အမရပူရကိုရောက်ခဲ့ပြီး အမရပူရ ဟင်းလေးချက်ကို..စားမိသွားခဲ့တဲ့နော်...မန္တလေးရဲ့ ဟင်းလေးချက်ဟာ..ကျွန်တော့်သတ်မှတ်ချက် တန်းလျောသွားခဲ့ရပါတယ်...ဒီဟင်းလေးချက်ရဲ့ အဓိကဇတ်ဆောင်တွေက သူ့ရဲ့ အနှစ်ပါဘဲ...
သရက်သီးခြောက်..ဖန်းခါးသီးခြောက်..ဇီးဖြူသီးခြောက်တွေကို ပြုတ်ချေပြီး အနှစ်အသားပြုပြီးချက်ကြတယ်
ပါဝင်တဲ့ ၀က်သားဟာလည်း သူတို့နဲ့ ဓာတ်ပြုပြီး အရသာ တမျိုးတဖုံ ထူးစေတာပေါ့ဗျာ..တခုတော့ရှိပါတယ်...ဒီဟင်းကို လျှပ်စစ်အိုးနဲ့ ချက်တဲ့ အရသာဟာ..ထင်းမီးသွေးအပေါ်သံဒယ်တင်ပြီးချက်တဲ့အရသာကို ဘယ်လိုမှမမှီဘူးထင်ပါတယ်(မကြာခဏ စမ်းသတ်မှု့အရပါ)...
တခါ တံတားဦးအင်းဝဘက် အရောက် ဒီဟင်းကိုဘဲ
ဒေသချက် အနေနဲ့ စားမိပါတယ်..အမရပူရချက်နဲ့ အကုန်နီးပါတူပါတယ်..ဒါပေမယ့် သူတို့ဆီမှာ ကရဝေး သျှစ်သျှား တွေပါထည့်ချက်ကြောင်းလည်းပြောပြကြပါတယ်..အရသာက ပိုထူးနေသလိုပါဘဲ...
image
အမရပူရ ဟင်းလေးချက်နဲ့ တူကြောင်းပြောမိတဲ့အခါ..ဒီဟင်းချက်အစပ်အဟပ်ရဲ့ မူရင်းပိုင်ရှင်ဟာသူတို့ဖြစ်ကြောင်းပြောပြကြပါတယ်။
ဆိုလိုချင်တာက ၀က်သားဟင်းလေး ကောင်းကြောင်းပြောချင်တာမဟုတ်ပါဘူး..ဟင်းတခွက်လာရာလမ်းကိုခန့်မှန်းကြည့်မိတာပါ...
အင်းဝ...အမရပူရ....ရတနာပူရ (မန္တလေး)ဆိုတဲ့
အမိမြန်မာပြည် အထက်အညာဒေသ ၏ နယ်မြေအနေအထား မဝေးလှသော အရပ်ဒေသမှာ...
ခိုင်မာအားကောင်းသော...ယဉ်ကျေးမှု့ စီးကြောင်းကြီးတခု စုန်မျော စီးဆင်းခဲ့ပါတယ်..
အင်းဝ ဆိုတာ ဒုတိယ နိင်ငံတော်ဖြစ်တည်မှု့ရဲ့ အခင်းအကျင်းဆိုတော့ ဦးဆောင်ခဲ့တဲ့ အခန်းကဏ္ဏကပါခဲ့ပါတယ်..အဲ့ဒီနောက် သမိုင်းဖြစ်တည်မှု့အရ...အမရပူရကို စီးဆင်းပါတယ်..စီးဆင်ပုံမှာလည်း ဘာသာတရား၏အထင်ကရပြယုဒ်များဖြစ်သော ဘုရားစေတီ ဂူကျောင်းဇရပ် များသာမက လူနေရပ်ကွက်အမည်များ..ဈေချို ဆိုတဲ့ ကုန်သွယ်မှု့ဆိုင်ရာ အခေါ်သညာကအစ လက်မှု့ အတတ်ပညာများအပြင်..အပန်းဖြေနားစရာ ဥယျာဉ်.(.မနော်ရမံ )အစရှိသော အမည်နာမ များပါ..ပုံစံတူ ယူခဲ့ကြတာတွေ့ရပါတယ်..
တခါ..အမရပူရမှတဆင့်...ရတနာပူရ (မန္တလေး) အရပ်ဆီသို့လည်း ထို့နည်းလည်းကောင်း ရွှေ့ပြောင်းစီးဆင်းခဲ့တာကိုလည်းတွေ့ကြရပါတယ်..
ဒီလိုစီးဆင်းခဲ့တဲ့ အထဲမှာ.. ၀က်သားဟင်းလေး ..ဆိုသော...သည်ဟင်းတခွက်လည်းအပါအ၀င်ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါတယ်...
အပြင်မှာ..အသီးခြောက်အစုံအလင်နဲ့ ချက်တဲ့ ၀က်သားဟင်းလေးချက်ကို...အမရပူရ ချက်ဆိုပြီး သာလူသိများပါတယ်...အထင်အရဆိုရင်ဖြင့်...သူ့ရဲ့ မူရင်းဟာ...အင်းဝမြို့ဆီမှ..စီးဆင်းလာခဲ့တာဖြစ်လိမ့်မယ်လို့လဲထင်မိပါတယ်..နောက်ဟင်းတခွက်လဲရှိပါသေးတယ်...ငါးခြောက်ကို အငံနုတ်ပြီးချက်တဲ့ဟင်းတခွက်လည်း ဒီလိုဘဲ စီးဆင်းခဲ့ တဲ့ ဟင်းတခွက် ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်ခင်ဗျား။

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by walone from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

voteမပေးတတ်လို့ commentပဲရေးလိုက်ပါတယ်ဗျာ

Thank! bro

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 64385.10
ETH 3209.83
USDT 1.00
SBD 2.49