လွမ်းနေမိသော တရေးနိုးအိမ်မက်များ

in #myanmar6 years ago

ဟာ
Alarm မြည်တာမသိလိုက်ဘူး
ငါပဲ ယောင်ယမ်းပိတ်မိလိုက်သလား
အဝတ်လဲမနေနဲ့
မျက်နှာမြန်မြန်သစ်
လင်းဇင်းကိုဖြတ်
Chemistry ပရက်တီကယ်ရှိတယ်။
တူနဲ့တူနဲ့ပေါင်းရင် တူရမယ်
တူပြိုကွဲတော့ တူထွက်လာမယ်
မီသိုင်းအောရိမ့်ခ်ျ
တစက်ခြင်းချပါဟဲ့
ဟိုဘက်အဖွဲ့ကို တိုးတိုးမေးစမ်း
End point ဘယ်လောက်တုန်း။
ကာလာမချိန်းတော့ဘူး
နင်တွက်
ငါကူးချမယ်။
ပြီးရင် ဦးဝင်းမြင့်ဆိုင်သွား
စူပါတခွက် ပြောင်းဖူးကြော်တပွဲ
လက်ဖက်ထမင်းသုပ် အစပ်လျော့ပါဗျို့။

အော်ဒီတိုရီယမ်နဘေး
လမ်းကျဉ်းကျဉ်းလေးမှာ
နံရံဘက်တိုးလျှောက်
ဟိုဘက်နားက
ယင်းမာပန်းကြွေလေးတွေကောက်ရအောင်။

ရေမထွက်တဲ့ရေပန်းအနား
လှည်းဘီးအတုတွေကြားမှာထိုင်
Larva pupa adult
ခပ်ချောချော သဘောကောင်းကောင်းဆရာမဘေး
တီချယ်
A Plus ပေးနော်။

စည်းကမ်းသည်ပထမ
စည်းကမ်းသည် ဒုတိယ
Slide ကွဲရင် ၁၀၀
Cover slid ကွဲရင် ၅၀
ဘရိတ်ဒါးမပါတော့ အမှတ်လျော့
မီလွိုင်ဒိုဂိုင်နီ ဟထရိုဒါးရား
အဖီလန်ကွိုင်းဒီးစ်
နင့်ဆလိုက်ပြပြီး ငါ့ကိုပေးပါ
ဟေ့
Cotton blue တင်ပြီး air dry ထားနော်။

Balance sheet
Debit နဲ့ credit
သုညဖြစ်ရမယ်
အဆောင်ရောက်မှတွက်
မနက်ဖြန်မနက် စာအုပ်လာထပ်ကြ။

အီမာစကူလေးရှင်း
အန်သာဖယ်
ပိုလန်ဖယ်
ဘယ်ဟာဖယ်ရမှာလဲ
ပရိုဖေ့စ် အန်နာဖေ့စ် တီလိုဖေ့စ်
စီသရီး စီဖိုး ခရပ်ခ်ျဆိုင်ကယ်
စတားထုတ်ရင်
Roll နံပါတ် ၂၀ ပါလား ကြည့်ပေးအုံး။

သိပ္ပံထယ်ဆိုတာ ကောက်ကောက်လေး
လင်ပန်းထယ်ဆိုတာ အပြားလိုက်ကြီး
လိပ်ပြာတောင်ပံချိုး
လယ်ထွန်တာမလွယ်ပါလား
မက်ဒီဆင်နယ်ပလန့်တွေ spoting ဖြေရမယ်
Mean median mode
သေချာတွက်
တောင်ယာ cultivation ခက်တယ်အေ
အာရေးဘီကားကော်ဖီဆရာမအချိန် ငါမတက်တော့ဘူး။

ဟယ်
အရွက်က နံနံပင်လိုပဲ
Ediable portion တဲ့
ငါတော့ အရွက်လို့ဖြေခဲ့တယ်
ဟဲ့မဟုတ်ဘူး အဲဒါခါကျက်ဥအပင်
သေစမ်း။

ဟမ့်ရှိုင်းယား
ဝက်မဲမဲပုံကြီး ငါမဆွဲတတ်ဘူး
အင်ဂျင်အချိန်ကျ တွက်စာတွေပြအုံးနော်။

ပင်စိမ်းတောလမ်းကြားလေးအလွန်
တက္ကသိုလ်မှာ နေ့လည်စာစားမယ်
ထမင်း ၂ ပွဲ
ဟင်းတပွဲစပ်တူ
အချဉ်ရည် ၂ ခါတောင်း။
မြန်မြန်လုပ်
ဘော်တနီစာအုပ်ထပ်ရအုံးမယ်။

နင် လိုင်ဘရီသွားမှာလား
ငါမိတ္တူကူးထားတာယူပေး
ပိုက်ဆံပေးပြီးသား။

ညနေကျ ကြက်တောင်ပွဲကြည့်မယ်
သေချာတယ် ငါတို့နိုင်မှာပါ
အဆောင်က ကြက်သားကြော်တဲ့အေ့
စားဖိုစောင့်ဘယ်သူလဲ။

ဈေးလှည့်နေ့တော့ သပြေငုပ်ဝယ်မယ်အေ
နန်းစိန်က ပေါင်မုန့်
ပြည့်ဝက ဝက်သားပေါင်း
အချဉ်ရည်လည်းကောင်းတယ်။

ဒမ် ဒီဒီ ဟိုက်ဒီ
ဒမ် ဒီဒီဟေးးးးး
မင်းးး ဘယ်မှာလည်းအချစ်လေးးးးး
လျံစန်းပေါ် ကျူရင်ထွေး
တီဗွီရီမုတ်ဦးထား
ဇာတ်ကားပြီးရင် လက်ဖက်သုပ်စားရအောင်။

အဝတ်တွေရုတ်နော်
ဒဏ်ငွေငါးရာ
ညီးဒီည ဓမ္မစကြာသွားမှာလား
မုန့်ဟင်းခါးတဲ့အေ့။

အဘညိုလာပြီ
အကြော်၂ခု ဟင်းရည်နဲ့ပေးပါ
ပဲသီးများများနော်။

မနက်ကျ ငါ့နှိုးအုံး
ခုည မရတော့ဘူး
ငါစာတွေမရသေးဘူးအေ့
ကောင်မတွေ မဆူနဲ့
အဲ့အသံ ဘယ်သူ့အသံလည်း
နားစွင့်စမ်း
မြန်မာပြည်က ကောင်းဘွိုင် သေနတ်မပစ်ပါ
ငါဘိုဘိုဟန်ပါအချစ်။

လွမ်းတယ်
Botany နောက်နားက ပင်စိမ်းတော
လွမ်းတယ်
Chemistry ဘေးက ကျောက်ကြမ်းကြမ်းကွင်းပြင်
အိမ်မက်တွေဖြစ်ခဲ့ပေမယ့်
အခုတော့ အဓိပတိရင်ပြင်။

ရေတမာတန်းမှာ
တခွပ်ခွပ်အသံကြား
လမ်းပြဆိုင်းဘုတ်ကြီးတွေ့တော့
ဘယ်ဘက်ကွေ့လိုက်ပါ။
မော်တော်ကား ဂိုဒေါင်ကျော်ရင်
ညာကိုချိုး
ရေစင်ကြီးခြေရင်းမရောက်ခင်
ရေနံ့သာ roll call မှီဖို့.........
အခန်း ငါးဆယ့်ခုနှစ်
ရှိပါတယ်ရှင့်။

😃😃😃😃😃😃😃😃😃😃😃😃

အာ့ဘူလဲမမေးနက် မောင်ကျော်ခင်လေးရဲ့ ဘယ်လိုလို ညာလိုလို လေးဘာခွာ.......
😜😜😜😜😜

ငွေလမင်း
MSC No. 256
Monywa
Photo credit Facebook
image
image
image

Sort:  

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်ပါသည် ။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://m.facebook.com/story.php?story_fbid=898828770276609&id=100004484837030&_rdr တွင် တွေ့မိပါသည် ။ ထို post သည်ပင် credit ဖြစ်ပြီး facebook တွင် များစွာတွေ့မြင်နိုင်သော post ဖြစ်နေပါသည် ။

Myanmar Steemit Community တွင် MSC - number ရယူသူတိုင်းသည် ကိုယ်တိုင်ရေး ဆောင်းပါးများ ရေးသားသူ ဟု အသိအမှတ်ပြု ခံရသူများ ဖြစ်ပါသည်။ ဤကဲ့သို့ အရှက်တရားကင်းမဲ့စွာ တပါးသူရေးသားထားသော ဆောင်းပါးအား ရေးသားသူ မိမိ နာမည် တပ်၍ SBD ရယူ ရန် promotion တင်လာခြင်းမှာ MSC အား စော်ကားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ အဖြစ်မရှိ ခိုးကြောင်ခိုးဝှက် ဖြင့် သူတပါး voting ရယူ လိုသူအား MSC မှ အလိုမရှိပါ။ ယနေ့မှ စ၍ သင့်အား MSC တွင် post တင်ခြင်းနှင့် promotion တင်ခြင်းကို ပိတ်ပင်သည့် အပြင် MSC အဖွဲ့ ဝင် အဖြစ်မှ လည်း ရာသက်ပန် ထုတ်ပယ်လိုက်သည်။

ဆောင်းတွင်​ အိမ်​မက်​လားနောက်လည်းခုလိုဗဟုသုတရှိသော အသိပညာလေးတွေမျှဝေပေးပါ။အမြဲအားပေးနေပါမယ်

စာလေးကိုတော့ကြိုက်တယ်။ခုလိုကဗျာမျိုးက proတင်ခွင့်ရှိ မရှိ မကြည်ကို မေးကြည့်ပါအုံးညီ

သတိရမိတယ်​​ကျောင်းသားဘဝ

ဖတ်ရတာ အရသာ ရှိလိုက်တာ ဘာကို သတိရမိတာလိုလို

ကဗျာလား ​ဆောင်းပါးလား

ကျောင်းတုန်းက အချိန်လေးတွေဆိုတော့ သတိရလို့မဆုံးပဲပေါ့

တက္ကသိုလ် ကျောင်းသူ သား ဘဝ ..
တစ်ကယ်ပျော်စရာ ပါ ..

ရေးထားတာ Good တယ်ဗျာ

very good ပါဗျာ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.029
BTC 65051.86
ETH 3163.86
USDT 1.00
SBD 2.54