ရေဆင်း ဖီလင် မှသည် နိုင်ငံသစ်ဆီသို့ အတွေးတစ်စ ===================================

in #myanmar6 years ago (edited)

image
ရေဆင်း ဆိုတဲ့ ကျောင်းတော်ကြီး မှာ တက်ဖူးသူတိုင်းအတွက်

အဲ့ ရေဆင်း ဆိုတဲ့ နေရာကလေးဟာ

အမြဲသတိယ အမြဲသွားချင် အမြဲနေချင်စိတ်

နှစ်လုံးသားထဲမှာ ဒုတိယမိခင်လို့ကို အမြဲရှိနေကြတာ

ကြီးငယ်မဟူ လူတိုင်းကိုယ်စီပါ။

ရေဆင်းကျောင်းကြီးက ကောင်းလို့

ရေဆင်းက ပညာမှ ကောင်းလို့ ဟု ဆိုလိုခြင်းမဟုတ်ပါ။

ရေဆင်းဟာ ရေခံမြေခံ ယခုထိ ကောင်းဆဲပါ။

ဆိုလိုတာက ရေဆင်းကို အဓိက နှစ်လုံးသားထဲက

သတိယ မေ့မရကြတာက.....

ရေဆင်းဟာ သိပ် လူသားဆန်လို့ပါ။

သိပ်နွေးထွေးလို့ပါ။

သိပ်ရိုးသားပြီး သိပ် ကြိုးစားကြလို့ပါ။

ရေဆင်းမှာ ကုလား ဗမာ မရှိပါဘူး။

ဗမာ ရခိုင် မခွဲပါဘူး။

သူငယ်ချင်း ညီအစ်ကို မောင်နှစ်မ နဲ့ ဆရာ ဆရာမ များသာ

ရှိပါတယ်။

သိပ်ဖြူစင်တဲ့ ချစ်ခြင်းတွေ နားလည်မှုတွေ

အရမ်းအားကောင်းပါတယ်။

အပူပေး ဖို့ထက် ကူညီပေးဖို့ သူတွေ ပိုများပါတယ်။

အပူကပ်ဖို့ထက် ကြိုးစားမယ်ကွ ဆိုတဲ့မာန်တွေ

ပိုများပါတယ်။

အောင်မြင်သူကို မုဒိတာပွား မအောင်မြင်သူ ကို

ကူညီမြှင့်တင်ကြဖို့ဘဲ တွေးပါတယ်။

အဓိက က အရမ်းစည်းလုံးပါတယ်။

ရေဆင်းသားးတွေကို ရေဆင်းကို ချစ်ပါ လို့

လှုံ့ဆော်စရာ မလိုသလို ၊ ဒီရေဆင်းမျိုးချစ်စိတ်ကို

ကာကွယ်ကြစို့ ဘာညာ အပို အပလာတွေ မှိုင်းတိုက်၍

မရပါ။

ရေဆင်းကို ဥပမာပြု ၍

နိုင်ငံသားများးး

လူသားဆန်လာကြရင်ဖြင့်

ရိုးသားကြိုးစား လာကြရင်ဖြင့်

လူမျိုးဘာသာမခွဲ ငါတို့အားလုံးစည်းရုံးမည် ဆိုရင်ဖြင့်

တစ်ဦးက တစ်ဦးကို တွဲခေါ် စည်းရုံးကြလျင် ဖြင့်....

ဖြစ်ပေါ်လာမယ့် နိုင်ငံတော်သစ်ကြီးဟာဖြင့်

ရင်ခုန်စရာ အတိ

သမိုင်းရှိချင်ရင်

သမိုင်းကိုသိအောင်ကြံဆောင်ပါကွဲ့။

ဝိုင်အေယူကမွေးသမျှ အဖိုးတန်တွေကြား

ကလန်ကဆန်ရှားပါတယ်ကွဲ့။

သတ္တိဆိုတာ အာခံခြင်းနဲ့လားရာမတူဘူး

မောင်တို့ နိုးကြားတာကို ဂုဏ်ယူတယ်

မယ်တို့ ကြိုးစားတာကို ဝမ်းမြောက်တယ်

လမ်းတော့ ဖြောင့်အောင်လျှောက်ကြကွဲ့။

ငါလိုတာ မရရကောင်းစေ့

သူလိုတာ မရရကောင်းစေ့

လူ့အလိုပြည့်အောင် ဖြည့်ဖို့ခက်သား

အမှားသွားရာနောက်

အမိုက် မယောင်စေနဲ့ကွဲ့။

ငါတို့ရှေ့

ငါတို့နောက်

ဝိုင်အေယူမိခင် ဂုဏ်တောက်အောင်ကြံကွဲ့။

ငါတို့စကား လက်မခံငြားတောင်

ဒီအမိကဖွား

ဒီသားသမီးတွေကို

အများအမြင်မမှားစေနဲ့ကွဲ့။

ဆိုးလိုက ဆိုးနိုင်တယ်

မမိုက်မိစေနဲ့

အမှန်ကို ရှာမတွေ့သေးခိုက်

အမှားနောက် မလိုက်မိစေနဲ့

အမောင်တို့ လေ့လာပါ

အမိတို့စူးစမ်းပါ

ငါတို့ရဲ့ အနာဂတ် မင်းတို့လက်ထဲအပ်ပါရစေ။

သွေးနီနီ ရဲတဲ့အထဲ

ဘေးပယောဂ သွေးမရောလိုက်ပါနဲ့

ကွေ့နေရင် အချိန်မီဖြောင့်

မကောက်သွားရအောင်။

ရောင်နီကိုမြင်ဖို့အရေး

မိုးလင်းအောင်စောင့်ရစမြဲမို့

နှောင့်နှေးတယ်မထင်ကြပါနဲ့

မောင်လေးငယ် နှမထွေးတို့

အသိကြွယ်သွားမှ နိုးထကြပါစို့လားကွဲ့။

ငွေလမင်း
MSC NO. 256
MONYWA
IMG_20180312_072035.png

Photo credit# Nay Htike်

image

Sort:  

စည်းလုံးညီညာ အောင်ကြောင်းဖြာတဲ့ ရေဆင်းသားသမီးတွေလို့ ပြောရမှာပေါ့ဗျာ

ဟုတ်ပါတယ် bro

ခွန်အားတွေ ဖြစ်စေတဲ့ post

ကျေးဇူးပါ

ဟုတ်ကဲ့ အရေးအသားလေး ဖတိလို့ကောင်းပါတယ်

ကျေးဇူးပါ

စာဖက်လို့ကောင်းတယ် ဒါပေမယ့် ..promotion တင်တဲ့ပို့စကအနညးဆုံး စာလုံးရ ၂၀၀၀ ပြည့်မှရမှာမလို့စာလုံးထပထည့ပါအုန်းလို့အကျြံပးပါရစ

အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ် ထပ်ဖြည့်လိုက်ပါပြီ

နောက်တပိုဒ်လောက်ထပ်ထည့်လိုက်ပါလား
ဒီနေ့တနေ့အချိန်ရပါသေးတယ်

ဟုတ် ဖြည့်လိုက်ပါပြီ ကျေးဇူးပါ

အစအဆုံးဖတ်​ခဲ့ပါတယ်​ NICE POST ပါ

အစ်​ကို စာ​လေးထပ်​ဖြည့်​​ရေး​စေချင်​ပါတယ်​အစ်​ကို။MSC ရဲ့စည်းကမ်းအရ စာလုံး​ရေ ၁၀၀၀ နှင့်​အထက်​ရှိရပါမယ်​။pro မရမှာစိုးလို့ပါခင်​ဗျာ ​ကျေးဇူးတင်​ပါတယ်​။

မှန်ပါတယ်ဗျ အခွင့်ရေးက ၂ ခါပြန်မရပါဘူး ထပ်ဖြည့်ရေးလိုက်ပါဗျ pro ပြီးမှ မရလိုက်လျင် နှမျောဖို့ကောင်းပါတယ်ဗျ

ဟုတ် ဖြည့်လိုက်ပါပြီ အကြံဥာဏ်ပေးတာ ကျေးဇူးပါဗျာ

‌ကျေးဇူးသိတတ်‌ခြင်း ဟာ မင်္ဂလာ တစ်‌ပါးပါ။

ဟုတ်ပါတယ်ဗျာ

ဟုတ်​ ​ကောင်းတယ်​ဗျာ

ကျေးဇူးပါ

Good တယ်​ဗျာ

ကျေးဇူး

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64768.36
ETH 3436.88
USDT 1.00
SBD 2.51