အတြင္းအျပင္ သို႔မဟုတ္ အနီးအေဝး

in #myanmar7 years ago

Zawgyi

စိတ္နဲ႔ လူနဲ႔မကပ္ဘူး ဆိုတဲ့စကားကို ငယ္ငယ္ထဲက မၾကာခဏ ၾကားဖူးပါတယ္။ လက္ရိွေနရာ လုပ္ေဆာင္ေနတဲ့ အလုပ္အေပၚ အာရံုစူးစိုက္မႈ႔မရိွ စိတ္ပ်ံ႕လြင့္ေနတာကိုဆိုလိုတယ္ လုိ႔ နားလည္ထားၾကပါတယ္။ စိတ္နဲ႔ကိုယ္နဲ႔မကပ္တာၾကာေတာ့ ဘာေတြျဖစ္လာတတ္ပါသလဲ။ ကဲ ေျပာၾကည့္ရေအာင္
ဆက္သြယ္ေရးေတြက ေကာင္းမြန္ လူတိုင္းလိုလို ဖုန္းေလးနဲ႔ ကြ်န္ေတာ္ျဖစ္ေနတဲ့ ေခတ္ဆိုေတာ့ ကြ်န္ေတာ္လဲ ဖုန္းေလးပြတ္ လူမႈ႕ကြန္ယက္ေတြေပၚမွာ က်င္လည္ အေ၀းအရပ္က သတင္းေတြကိုဖတ္ ဟုတ္လွၿပီ ထင္ေနခဲ့တာ
အခ်ိန္ကေလးနဲနဲ ရလာတာနဲ့ ဖုန္းကို ထုတ္ကိုင္တဲ့ အက်င့္ရလာခဲ့ၿပီ။ အလုပ္လုပ္ေနရင္း ဘယ္ကဖုန္းေခၚေလမွာလဲလို႔ နားတစြင့္စြင့္ ဒီလိုဒီလိုနဲ႕
ကိုယ့္ကို ထမင္းေကြ်းေနတဲ့ လုပ္ငန္းအေပၚ စိတ္၀င္စားမႈ႕ ေလ်ာ့လာပါတယ္။ လုပ္ငန္းပိုမိုတိုးတက္ဖို႔မေတြးေတာမိေတာ့သလို လုပ္ငန္းရဲ့ ခ်ိဳ႕ယြင္းခ်က္ ခ်ိဳ႕ယြင္းမႈ႕ေတြကို ျပဳျပင္မြမ္းမံမႈ႔ေတြ လစ္ဟလာခဲ့ပါၿပီ။
ညေနခင္း သူငယ္ခ်င္းေတြဆံုရာ လက္ဖက္ရည္ဆိုင္မွာလဲ စကားသံ ရယ္သံေတြ မၾကားရေတာ့ပါဘူး။ အနီးကပ္ထိုင္ေနတယ္ဆိုေပမယ့္ စိတ္က အေ၀းအရပ္မွာပဲ ကိုယ္စီေရာက္ေနၾကပါတယ္။
၀မ္းနဲဖို႔ေကာင္းတာကေတာ့ ဘယ္ေတာ့မွ႔အစားထုိးလို႔မရႏိုင္ေတာ့တဲ့ မိသားစုနဲ႔ တစ္အိမ္ထဲ အတူေနၿပီး ကမၻာျခားေနတဲ့ အျဖစ္ပါ။ ေလးစားျမတ္ႏိုးရတဲ့ အေမနဲ႔ ေႏြးေႏြးေထြးေထြး မေနျဖစ္ မေျပာျဖစ္သလို ညီ ညီမငယ္ေတြနဲ႔လဲ ဘာေျပာလို႔ေျပာရမွန္း စကားရွာမေတြ႔တာပါ။ အေ၀းအရပ္က ငလ်င္၊ မီေတာင္၊ စစ္ေဘးဒုကၡသည္ေတြ အေၾကာင္း စိတ္ဝင္စားေနေတာ့ အတူေန တူမငယ္ေလး က်န္းမာေရးမေကာင္းတာ ဂရုမျပဳျဖစ္မိပါဘူး။ မိသားစုထဲမွာ ကြ်န္ေတာ့ရုပ္လႊာ မႈန္၀ါး၀ါး ျဖစ္ေနပါၿပီ။ ကိုယ့္အိမ္ထဲမွာေနရင္း မိသားစု ဆက္သြယ္ေရးလမ္းေၾကာင္းျပင္ပေရာက္ေနတဲ့ လူဟာ ကြ်န္ေတာ္ ျဖစ္လာေနပါတယ္။
အဆိုးဆံုးကေတာ့ ယို႔ယြင္းလာတဲ့ စိတ္ပိုင္း ရုပ္ပိုင္းႀကံ့ခုိင္မႈ႕ေတြျဖစ္မယ္ထင္ပါရဲ႕။
တစ္ကိုယ္လံုးေလးလံ၊ အေညာင္းမိ၊ ထံုထံုထိုင္းထိုင္းျဖစ္၊ မ်က္လံုအေရာင္ေတြ မႈန္မိႈင္းမိႈ္င္း၊ နားထိုင္းခ်င္သလို ခါးကိုင္းခ်င္သလို အစာမေၾကရင္ျပည့္ရင္ကယ္။
စိတ္ပိုင္းကေတာ့ ပိုၿပီး ထိခုိက္ပ်က္စီးမႈ႕မ်ားမယ္ ထင္ပါရဲ႕။ စိတ္အာရံုစူးစိုက္မႈ႕ အားမေကာင္းေတာ့ဘူး၊ ေမ့ေလ်ာ့လာမယ္၊ ေပါ့ဆမႈ႔ေတြမ်ားလာၿပီ၊ အျမဲလိုလို စိတ္တို စိတ္ဆတ္ လာတယ္ ေျပေျပလည္လည္ေျပာရမယ့္ စကားမ်ိဳးကို ျပတ္ေတာင္းေတာင္း မာဆတ္ဆတ္ျပာတတ္လာတာ အေတာ္ၾကာခဲ့ပါၿပီ။ ကိုယ္ေရးတင္လိုက္တဲ့ post တစ္ခုအေပၚ like လုပ္တဲ့သူ အနဲအမ်ားလိုက္ျပီး ေပ်ာ္ရႊင္မႈ႔တည္ေဆာက္ထားရတာကလဲ မဟုတ္ေသးပါဘူး။
အခ်ိန္မေနွာင္းေသးဘူးထင္ပါတယ္။ ေနာင္တ တရားၾကီးၾကီးမားမား မပိုင္ဆိုင္ရေသးခင္မွာ ျပင္သင့္တာကို ျပင္ရပါေတာ့မယ္။
အတြင္းအျပင္ အနီးအေ၀းကို ဟန္ခ်က္ ညီညီ ကိုင္တြယ္ရပါေတာ့မယ္။ အေရးႀကီးတယ္ထင္ရတာေတြ အစစ္အမွန္အေရးႀကီးတာေတြ အေရးႀကီးဆံုးဆိုတဲ့ကိစၥရပ္ေတြကို ခြဲျခားသိျမင္ဖို႔ ဘယ္လိုဆက္သြယ္ေရးကိရိယာေတြနဲ႔မွ႔မပက္သက္တဲ့ “ကိုယ္ပိုင္အခ်ိန္ေလး” တည္ေဆာက္ရပါေတာ့မယ္။
အားလံုး ကိုယ္ပိုင္အခ်ိန္ေလးကို အကိ်ဳရိွစြာ အသံုးခ်နိုင္ပါေစ

Unicode

စိတ်နဲ့ လူနဲ့မကပ်ဘူး ဆိုတဲ့စကားကို ငယ်ငယ်ထဲက မကြာခဏ ကြားဖူးပါတယ်။ လက်ရှိနေရာ လုပ်ဆောင်နေတဲ့ အလုပ်အပေါ် အာရုံစူးစိုက်မှု့မရှိ စိတ်ပျံ့လွင့်နေတာကိုဆိုလိုတယ် လို့ နားလည်ထားကြပါတယ်။ စိတ်နဲ့ကိုယ်နဲ့မကပ်တာကြာတော့ ဘာတွေဖြစ်လာတတ်ပါသလဲ။ ကဲ ပြောကြည့်ရအောင်
ဆက်သွယ်ရေးတွေက ကောင်းမွန် လူတိုင်းလိုလို ဖုန်းလေးနဲ့ ကျွန်တော်ဖြစ်နေတဲ့ ခေတ်ဆိုတော့ ကျွန်တော်လဲ ဖုန်းလေးပွတ် လူမှု့ကွန်ယက်တွေပေါ်မှာ ကျင်လည် အဝေးအရပ်က သတင်းတွေကိုဖတ် ဟုတ်လှပြီ ထင်နေခဲ့တာ
အချိန်ကလေးနဲနဲ ရလာတာနဲ့ ဖုန်းကို ထုတ်ကိုင်တဲ့ အကျင့်ရလာခဲ့ပြီ။ အလုပ်လုပ်နေရင်း ဘယ်ကဖုန်းခေါ်လေမှာလဲလို့ နားတစွင့်စွင့် ဒီလိုဒီလိုနဲ့
ကိုယ့်ကို ထမင်းကျွေးနေတဲ့ လုပ်ငန်းအပေါ် စိတ်ဝင်စားမှု့ လျော့လာပါတယ်။ လုပ်ငန်းပိုမိုတိုးတက်ဖို့မတွေးတောမိတော့သလို လုပ်ငန်းရဲ့ ချို့ယွင်းချက် ချို့ယွင်းမှု့တွေကို ပြုပြင်မွမ်းမံမှု့တွေ လစ်ဟလာခဲ့ပါပြီ။
ညနေခင်း သူငယ်ချင်းတွေဆုံရာ လက်ဖက်ရည်ဆိုင်မှာလဲ စကားသံ ရယ်သံတွေ မကြားရတော့ပါဘူး။ အနီးကပ်ထိုင်နေတယ်ဆိုပေမယ့် စိတ်က အဝေးအရပ်မှာပဲ ကိုယ်စီရောက်နေကြပါတယ်။
ဝမ်းနဲဖို့ကောင်းတာကတော့ ဘယ်တော့မှ့အစားထိုးလို့မရနိုင်တော့တဲ့ မိသားစုနဲ့ တစ်အိမ်ထဲ အတူနေပြီး ကမ္ဘာခြားနေတဲ့ အဖြစ်ပါ။ လေးစားမြတ်နိုးရတဲ့ အမေနဲ့ နွေးနွေးထွေးထွေး မနေဖြစ် မပြောဖြစ်သလို ညီ ညီမငယ်တွေနဲ့လဲ ဘာပြောလို့ပြောရမှန်း စကားရှာမတွေ့တာပါ။ အဝေးအရပ်က ငလျင်၊ မီတောင်၊ စစ်ဘေးဒုက္ခသည်တွေ အကြောင်း စိတ်ဝင်စားနေတော့ အတူနေ တူမငယ်လေး ကျန်းမာရေးမကောင်းတာ ဂရုမပြုဖြစ်မိပါဘူး။ မိသားစုထဲမှာ ကျွန်တော့ရုပ်လွှာ မှုန်ဝါးဝါး ဖြစ်နေပါပြီ။ ကိုယ့်အိမ်ထဲမှာနေရင်း မိသားစု ဆက်သွယ်ရေးလမ်းကြောင်းပြင်ပရောက်နေတဲ့ လူဟာ ကျွန်တော် ဖြစ်လာနေပါတယ်။
အဆိုးဆုံးကတော့ ယို့ယွင်းလာတဲ့ စိတ်ပိုင်း ရုပ်ပိုင်းကြံ့ခိုင်မှု့တွေဖြစ်မယ်ထင်ပါရဲ့။
တစ်ကိုယ်လုံးလေးလံ၊ အညောင်းမိ၊ ထုံထုံထိုင်းထိုင်းဖြစ်၊ မျက်လုံအရောင်တွေ မှုန်မှိုင်းမှိုင်း၊ နားထိုင်းချင်သလို ခါးကိုင်းချင်သလို အစာမကြေရင်ပြည့်ရင်ကယ်။
စိတ်ပိုင်းကတော့ ပိုပြီး ထိခိုက်ပျက်စီးမှု့များမယ် ထင်ပါရဲ့။ စိတ်အာရုံစူးစိုက်မှု့ အားမကောင်းတော့ဘူး၊ မေ့လျော့လာမယ်၊ ပေါ့ဆမှု့တွေများလာပြီ၊ အမြဲလိုလို စိတ်တို စိတ်ဆတ် လာတယ် ပြေပြေလည်လည်ပြောရမယ့် စကားမျိုးကို ပြတ်တောင်းတောင်း မာဆတ်ဆတ်ပြာတတ်လာတာ အတော်ကြာခဲ့ပါပြီ။ ကိုယ်ရေးတင်လိုက်တဲ့ post တစ်ခုအပေါ် like လုပ်တဲ့သူ အနဲအများလိုက်ပြီး ပျော်ရွှင်မှု့တည်ဆောက်ထားရတာကလဲ မဟုတ်သေးပါဘူး။
အချိန်မနှောင်းသေးဘူးထင်ပါတယ်။ နောင်တ တရားကြီးကြီးမားမား မပိုင်ဆိုင်ရသေးခင်မှာ ပြင်သင့်တာကို ပြင်ရပါတော့မယ်။
အတွင်းအပြင် အနီးအဝေးကို ဟန်ချက် ညီညီ ကိုင်တွယ်ရပါတော့မယ်။ အရေးကြီးတယ်ထင်ရတာတွေ အစစ်အမှန်အရေးကြီးတာတွေ အရေးကြီးဆုံးဆိုတဲ့ကိစ္စရပ်တွေကို ခွဲခြားသိမြင်ဖို့ ဘယ်လိုဆက်သွယ်ရေးကိရိယာတွေနဲ့မှ့မပက်သက်တဲ့ “ကိုယ်ပိုင်အချိန်လေး” တည်ဆောက်ရပါတော့မယ်။
အားလုံး ကိုယ်ပိုင်အချိန်လေးကို အကျိုရှိစွာ အသုံးချနိုင်ပါစေ

Sort:  

မုိက္​တရ္​ bro,

ေက်းဇူးပါဗ်ာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by waihlyan123 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 66057.55
ETH 2576.06
USDT 1.00
SBD 2.65