ကျိုက်ထီးရိုးခရီးစဉ် အမှတ်တရ...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
image
ကျွန်တော်တို့ မိသားစုဆွေမျိုးများအားလုံး၏ တတိယအပန်းဖြေခရီးစဉ်ဖြစ်သော ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်လေးအား 29.12.2018 ရက်နေ့ ညဘက် (9:30)PM အချိန်တွင် ရန်ကုန်မြို့မှ အားလုံးပျော်ရွှင်စွာ စတင်ထွက်ခွာခဲ့ကြပါသည်။
လမ်းတစ်လျှောက်တွင်လည်း ရုံးပိတ်ရက်များနှင့်တိုက်ဆိုင်နေ၍ ဘုရားဖူးခရီးသွားသူများ အရမ်းများပြီး ပဲခူးအဝင်တိုးဂိတ်တစ်ခုတွင် တစ်မိုင်နီးပါးခန်း ကားတစ်ဘီးချင်းလှိမ့်ပြီး နာရီဝက်ခန့်ကြာအောင် စောင့်ဆိုင်းပြီး ခရီးဆက်ခဲ့ရပါသည်။
image
လမ်းတွင် တစ်ကြိမ်ခန့်နားပြီး မနက်(3:00)AM တွင် ကင်းပွန်းစခန်တောင်ခြေသို့ ရောက်ရှိခဲ့ကြပါသည်။တောင်ခြေအရောက်တွင် တောင်တက်ကားစီးမည့်သူများမှာ အဆမတန်များပြားလွန်းသောကြောင့် တောင်တက်ကားပေါ်သို့ အလုအယက် အပြေးအလွှားတက်နေကြသည်ကိုလည်း တွေ့မြင်နေရပါသည်။
ထိုအခြေအနေတွင် မိမိတို့အုပ်စုမှာလည်း ထိုသို့ပင် အလုအယက် တက်ရမည်ဖြစ်ပါသည်။မိမိတို့တက်မည့်အချိန် မနက် (3:30)ခန့်တွင်ပင် လူအရမ်းများနေပြီဖြစ်သောကြောင့် မိုးလင်းခါနီးအချိန်ရောက်ပါက ထိုအခြေအနေထက် ပိုမိုဆိုးမည်ကို တွက်ဆမိခြင်းဖြစ်ပါသည်။
ထိုတွက်ဆမိချက်မှန်ကန်ခဲ့ပါသည်။
မိမိတို့အဖွဲ့မှ သုံးယောက်သည် မိုးလင်းမှတက်မည်ဟုပြော၍ တောင်ခြေတွင် ကျန်ခဲ့ကြပြီး သူတို့သုံးယောက်တက်လာသောအခါ တောင်တက်ကားစီးပြီး တောင်ပေါ်သို့ရောက်လာသော်လည်း ကားဂိတ်နေရာမှ ဘုရားရင်ပြင်ပေါ်သို့ ရောက်ရန် 10:00 min ခန့် လမ်းလျှောက်ရမည့်နေရာတွင် အဆင်းအတက်လူများပြည့်နေပြီး တောင်ပေါ်သို့ လမ်းလျှောက်ရန် အရမ်းခက်ခဲနေပါ၍ အဝေးမှသာ လှမ်းဖူးပြီး တောင်အောက်ပြန်ဆင်းသွားရသော အခြေအနေဖြစ်ပါသည်။ ဘုရားရင်ပြင်ပေါ်မရောက်ခင်ကတည်းကပင်  ဘုရားဖူးများပြည့်နေပြီဖြစ်ပြီး မိမိတို့ အရင်တက်သောအဖွဲ့မှာလည်း  ဘုရားရှေ့ရောက်သောအခါ မတ်တပ်ရပ်ပြီး  ဘုရားဖူးမျှော်ခဲ့ရပါသည်။ဘုရားပေါ်တွင် ထိုင်စရာနေရာပင်မရှိအောင် ဘုရားဖူးများပြားလှသော်လည်း  မိမိတို့မှာ တောင်ပေါ်တွင် တစ်ညအိပ်ကြမည်ဖြစ်၍ ဘုရားအာရုံပြုပြီးတာနဲ့ တည်ခိုးညအိပ်နိုင်ရန် တည်းစရာနေရာ အရှာထွက်ရပါတော့သည်။
image
ခက်ခက်ခဲခဲဖြင့် မိမိတို့အုပ်စုနှစ်နေရာခွဲပြီး အဆင်ပြေအောင် တော်တော်လေးကြိုးစားခဲ့ရပါသည်။
မနက်(8:00) ခန့်မှစ၍ ရင်ပြင်တော်ပေါ်မှ အသံချဲ့စက်ဖြင့် ဘုရားမှပြန်ဆင်းမည့်သူများအား ရင်ပြင်တော်ပေါ်တွင် ခေတ္တအနားယူရပ်နားပြီး တောင်အောက်သို့မဆင်းကြရန် ပြောကြားနေရပါသည်။အကြောင်းမှာ အတက်ဘုရားဖူးများလွန်း၍ အဆင်းဘုရားဖူးများ တောင်အောက်ပြန်ဆင်းပါက လမ်းတွင်းအရမ်းကြပ်ပြီး facebook ပေါ်တွင်ပြောနေကြသလို ခြေတစ်လှမ်းနှစ်လှမ်းရွေ့ဖို့အတွက် (10:00)မိနစ်ခန့်ကြာပြီး လူပိတ်ဆို့မှုဖြစ်ပေါ်နေသည်မှာ အမှန်ပင်ဖြစ်နေပါတော့သည်။
image
ကျွန်တော်အခုစာရေးနေတဲ့အချိန်..post တင်တဲ့အချိန်မှာလည်း ဘုရားဖူးများ အရမ်းပင်များပြားလှပါကြောင်း...
ခက်ခက်ခဲခဲ ဖူးမျှော်ရသောကြောင့် ပို၍ပင်တန်ဖိုးရှိလှပါကြောင်း...
အခက်အခဲများရှိသော်လည်း မိမိတို့၏ခရီးစဉ်အား အနည်းငယ်ပိုမိုအားစိုက်ထုတ်လိုက်ရသည်မှအပ ပျော်ရွှင်စွာ ဘုရားဖူးရောက်ရှိနေပြီဖြစ်ပါကြောင်း ယနေ့ကျိုက်ထီရိုးဘုရားမြင်ကွင်း ဓါတ်ပုံ အမှတ်တရများနှင့်တကွ ရေးသားမျှဝေတင်ဆက်လိုက်ရပါတော့သည်။အခြားအကြောင်းအရာ ကိုယ်တွေ့များ ထပ်ရေးချင်သော်လည်း စာအရမ်းများနေမည်ဖြစ်ပါသောကြောင့် ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်သူငယ်ချင်းတို့...
image
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်...
@uthantzin
MSC-211
all photos credited by @uthantzin
စာစရေးချိန်>>>>5:00PM(30.12.2018)
စာရေးပြီးချိန်>>>>6:00PM      ။

Sort:  

ကျွန်တော် တန်ဆောင်မုန်းလပြည့်နေ့ သွားတုန်းက လည်း မတ်တတ်ရပ်ဖူးခဲ့ရတာပ နောက်နောင် လူစည်ကားတဲ့အချိန်ရှောင်သွားမှဗျ

ဟုတ်ပ ဦးထွေးရေ။အဲသလိုဖြစ်နေပြီဗျ။

ကြည်းနူးပီတိဖြစ်ရသလို အားကျမိပါတယ်။ သာဓုလည်းခေါ်ပါတယ် ကိုသန့် ။ ပျော်ရွှင်စရာ ခရီးစဉ်လေးပါ။

ဟုတ်ကဲ့ပါအစ်ကို။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

Hi, @uthantzin!

You just got a 0.01% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Thank you so much.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64176.22
ETH 2624.19
USDT 1.00
SBD 2.78