ထိန်းချုပ်ကြစေချင်...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
မနေ့က သီတင်းကျွတ်လပြည့်နေ့လေးဆိုတော့ မိဘတွေကိုလည်းကန်တော့ ဘိုးဘွား ဆွေမျိုးများအား လိုက်လံကန်တော့ခြင်းကုသိုလ်များနှင့်အတူ နီးစပ်ရာ ဘုရားများဖူးရင်း စိတ်အေးချမ်းသာစွာဖြင့် ကုန်ဆုံးခဲ့ပါသည်။
20181024_154711.jpg
#photo credited by @uthantzin
ဆွေမျိုးသားချင်းတွေပြန်ဆုံကြတာဆိုတော့ နင့်ဦးလေးက ဘယ်လို.. နင့်ဦးကြီးကဘယ်လို.. ဘယ်သူတွေကအဆင်ပြေကြောင်း စသည်ဖြင့် စကားတွေမကုန်နိုင်အောင် ဖောင်ဖွဲ့ပြောဆိုနေကြတာပေါ့။
ဒီလိုပြောနေရင်း ဦလေးတစ်ယောက်အရက်သောက်တာများနေကြောင်း မနက်ရော ညနေပါ အရက်သောက်ကြောင်း.. ကျန်းမာရေးပါညံ့လာကြောင်း စကားစပ်မိသွားကြပါတယ်။ဒါကြောင့် ဒီအကြောင်းအရာလေးနဲ့ ပတ်သက်ပြီး စာတစ်ပုဒ်ရေးချင်စိတ်ဖြစ်ခဲ့ပါတော့သည်။
Have_you_had_too_much_to_0.jpg
Crd-org-source
ကျွန်တော်တို့ ယောက်ျားလေးတွေအများစုဟာ များသောအားဖြင့် ကျွန်တော်ကိုယ်တိုင်ကအစ အရက် ဘီယာသောက်တာ ရှိတတ်ကြပါတယ်။party ပွဲတွေ မွေးနေ့ပွဲတွေ နဲ့ အခြားအလားတူပွဲတွေ အလုပ်ကိစ္စပိုင်းအရသော်လည်းကောင်း သောက်စားဖူးကြတာတွေရှိနေကြမှာပါ။ဒီလိုအခြေအနေတွေကြောင့် အရက် ဘီယာသောက်တာဟာ အဆန်းကြီးမဟုတ်သလို အခုခေတ်မှာ နီးစပ်မှုပိုရှိလာကြပါတယ်။ဒါတွေဟာ လူ့လောက လူ့သဘာဝတွေအရ မလွဲသာမရှောင်သာ ရှိတတ်ကြတာကိုတော့ လက်ခံပါတယ်။အဲဒီလို သောက်ရင်းနဲ့ ဒီနေ့တော့ သူငယ်ချင်းနဲ့တွေ့လို့.. ဒီနေ့ဘာပွဲရှိလို့ဆိုပြီး တဖြည်းဖြည်းနဲ့ နေ့စဉ်သောက်တတ်လာပါတယ်။ဒီလိုနေ့စဉ်သောက်တတ်လာပြီဆိုရင်တော့ သတိလေးနဲ့ ယှဉ်ပြီး စဉ်းစားရမယ့် အနေအထားရောက်လာပါပြီ။ဘာကြောင့်ဒီလိုပြောသလဲဆိုရင်တော့ ဒီအနေအထားမှာ မိမိ၏စိတ်ကို အထိန်းအကွပ်မထားပါက အခြေအနေဟာ ပိုမိုဆိုးရွားပြီး ပျက်စီးဖို့လမ်းစဖြစ်နေပါပြီ။နေ့တိုင်းအရက်ကိုသောက်တတ်နေပြီး မိမိကိုယ်ကို မထိန်းချုပ်နိုင်ပါက တဖြည်းဖြည်း စိတ်အလိုလိုက်ကာ စိတ်ညစ်လည်းသောက် ပျော်လည်းသောက်တဲ့ အခြေအနေဖြစ်လာပါမည်။ထိုမှတစ်ဆင့် တက်လာပါက မနက်ပိုင်း ညနေပိုင်း မခွဲခြားတော့ပဲ သောက်တတ်လာပါသည်။အရက်ကို စွဲစွဲလမ်းလမ်းသောက်တတ်သွားပြီး မသောက်ရရင် မနေနိုင်တဲ့အဆင့်အထိဖြစ်လာမှာ သေချာပါသည်။ထိုသို့ တဖြည်းဖြည်းချင်း အဆင့်တက်လာပြီး မနက်ရော ညရော သောက်တဲ့အပြင် ပမာဏလည်းများလာပြီး အရက်သမားဘဝ မသောက်ရရင်မနေနိုင်တဲ့ဘဝ ရောက်သွားတတ်ပါသည်။ဒါကြောင့် ဒီလိုမျိုး အရက်သမားဘဝအဆင့်ထိမရောက်အောင် မိမိကိုယ်ကို ထိန်းချုပ်ဖို့တော့ မဖြစ်မနေလိုအပ်ပါသည်။
9f3q7yqy-1371508196.jpg
Crd-org-source
ဒီလိုတွေပြောနေတော့ ပြီးခဲ့တဲ့ post မှာရေးခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စိတ်ရဲ့တန်ခိုးကြီးမားပုံကို ပြန်ပြီးသတိရမိပါတယ်။
ကျွန်တော်တို့ ကမ္ဘာကြီးမှာရှိတဲ့ လူတွေအားလုံးရဲ့စိတ်ဟာ စွမ်းအင်အကြီးမားဆုံးဖြစ်ပြီး ဒီစိတ်တွေကြောင့်ပဲ လူတိုင်းရဲ့ဘဝတွေဟာ ကွဲပြား ဖန်တီးပုံဖော်သွားကြရတာပါ။မည်သည့်အကြောင်းအရာကိစ္စမဆို စိတ်နဲ့သာသက်ဆိုင်ပြီး စိတ်က စေ့ဆော်ပေးမှုကြောင့်သာ လုပ်ဖြစ်သွားကြတာပါ။ဒါကြောင့် ဒီစိတ်ကိုပဲ အသိညဏ်နဲ့ယှဉ်ပြီး ဒါဟာ မကောင်းဘူး..ဒါဟာကောင်းတယ်.. ဒီအခြေအနေဟာ မလုပ်သင့်တဲ့အခြေအနေ.. မကောင်းတဲ့အခြေအနေပါလားဆိုပြီး ခွဲခြားဆင်ခြင်ကြရမှာပါ။ဒီလိုမှမဟုတ်ဘဲ ဒီစိတ်ကို ဖြစ်ချင်တာဖြစ်ဆိုပြီး မထိန်းချုပ်ဘဲ လွှတ်ထားလိုက်ပါက ပျက်စီးသောအခြေအနေ.. ပျက်စီးသောဘဝသို့သာ ရောက်ရှိသွားမည်ဖြစ်ပါသည်။
ပုထုဇဉ်လူသားများဖြစ်တဲ့အတွက် မကောင်းမှု၌သာ ပျော်မွေ့တတ်တဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။
အရက်သောက်တတ်တာ မထူးဆန်းသော်လည်း မိမိစိတ်အား မထိန်းချုပ်နိုင်ပါက တဖြည်းဖြည်း အချိန်ကြာလာတဲ့အခါ အရက်မသောက်ရမနေနိုင်သောဘဝ.. လူအများမလေးစားသောဘဝ.. ပျက်စီးသောဘဝ..နောက်ဆုံး ကျန်းမာရေးမကောင်းတဲ့ဘဝ အခြေအနေအထိရောက်လာတော့တာပေါ့။
ဒါကြောင့် ကောင်းသည်ဖြစ်စေ.. ဆိုးသည်ဖြစ်စေ စိတ်၏စေ့ဆော်မှုကြောင့်သာ လုပ်ဆောင်ဖြစ်တာဖြစ်တဲ့အတွက် စိတ်ကို အသိညဏ်လေးနဲ့ထိန်းချုပ်ပြီး သတိထားလုပ်ဆောင်ပါကြရမှာဖြစ်ပါတယ်။
အရက်စသောက်တတ်လာတာဟာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်လို့ဆင်ခြေပေးလို့ရနေပေမဲ့ အရက်နေ့တိုင်းသောက်တတ်လာတာဟာ စိတ်ကြောင့်ပဲဖြစ်သလို မနက်ဖြစ်စေ.. ညဖြစ်စေ အချိန်တိုင်းသောက်ဖြစ်တာဟာလည်း စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။
keep-calm-and-don-t-drink-so-much-alcohol.jpg
Crd-org-source
ထို့ကြောင့် ဒီလို အခြေအနေတွေအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်တာဟာလည်း မိမိတို့၏စွမ်းအင် အကြီးမားဆုံး စိတ် ပဲ ဖြစ်ပါကြောင်း...
မိမိဘဝအတွက် မိမိ မိသားစုအတွက်  မိမိပတ်ဝန်းကျင်အတွက် ဘာမျှအကျိုးမပေးသော အရက်သေစာ သောက်စားခြင်းကို မပြုလုပ်ကြရန်နှင့် အကယ်၍ သောက်စားမိနေပါက မိမိဘဝပျက်စီးသည့်အခြေအနေမျိုးမဖြစ်ရအောင် မိမိစိတ်ကို ထိန်းချုပ်ပြီး ဆင်ခြင်ကြရန်နှင့် တဖြည်းဖြည်း ဖြတ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း...
တန်ဖိုးရှိသော လူ့ဘဝကို အရက်ကနိုင်သော အရက်သမားဘဝနဲ့ မလဲလှယ်မိကြစေရန် စိတ်အတွေးရောက်သွားပါ၍ ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

အရက်ကိုတော့ ကြိုက်ကိုမကြိုက်တာ ၊ဒါပေမယ့် ဘီယာတော့

Posted using Partiko Android

ဟုတ်တယ်ဦးမင်းရေ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအဓိကကျတာပဲလေဦးမင်း။

ဖြစ်ဖူးတယ်ဗျာ သူငယ်ချင်းတွေနဲ့ တစ်ခါသောက်ရင်းနောက်နေ့ မှာပါ ဆက်သောက်ဖြစ်နေတယ် ကိုယ်တိုင်ကိုယ်ကျ တစ်ပွေတည်းပါ သောက်လာမိတာ အခုတော့ မနည်း ထိန်းထားရတယ်

ဟုတ် ဖြစ်တတ်ပါတယ် သတိလေးထားနိုင်ဖို့ပဲ အရေးကြီးတာပါညီဝင်းကိုရေ။

စည်ကမ်းလေး ဘရိတ်လေးထား
ဆေးဖြစ် ဝါးဖြစ် မိတ်ဆွေဖြစ် စီးပွားဖြစ်လေးပေါ့

အကောင်းဆုံးသော စကားလေးပါပဲ ။စည်းကမ်းဆိုတာလေးရှိမယ်ဆိုရင်ဖြင့်;;;;;;;;

ကျနော်က တော့ လုံးဝ မသောက်ပါဘူးဗျာ။
esteem သုံးပြီး post တင်ပါလား bro။ တစ်နေ့ တစ်ခါ 0.3 $လောက် upvote တွေ ပေးနေပါပြီ။

Posted using Partiko Android

ဟုတ်အစ်ကို တင်မယ်လို့ စဉ်းစားထားပါတယ်ခင်ဗျာ။

ဟုတ် ကျေးဇူးပါ။ ကျနော် အသေးစိတ် ရေးတဲ့ အခါ ထပ်ပြောပြပါ့မယ်။

Posted using Partiko Android

မူးယစ်စေတတ်တဲ့အရာကို အစမလုပ်လေကောင်းလေပဲဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ လူမှုရေးဆိုတာကြီးကို ထည့်ပြောပြီး လုပ်တတ်ကြပါတယ် ဘီယောက်မသောက်ပေမယ့် ငြင်းရမှာ အားနာတဲ့အတွက် သောက်လိုက်ရတယ် ဆိုတာမျိုးကနေ စပြီးသောက်တတ်သွားကြတယ်ထင်ပါတယ် အစကတည်းက ငြင်းဆိုထားရင် အကောင်းဆုံးဖြစ်သလို စိတ်ကို အလိုမလိုက်မှ ဆိုးကျိုးကိုရှောင်နိုင်ကြတယ်လို့ ထင်မိပါတယ်ဗျာ

ဟုတ်ပါတယ် ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ဆိုးကျိုးများတဲ့အတွက် ရှောင်ကြဉ်ကြရမှာပါ။

တန်ဆေး လွန်ဘေးဆိုသလိုပေါ့။

Posted using Partiko Android

ဟုတ်ပါတယ်အစ်ကို အသေချာဆုံးသောစကားတစ်ခွန်းပါခင်ဗျာ။

အရမ်းကောင်းတဲ့ ပညာပေးပိုလ့်လေးပါ မောင်လေးရေ အားလုံးလိုက်နာသင့်ပါတယ်

ဟုတ်တယ်အစ်မ ရှောင်နိုင်လေ ကောင်းလေပါပဲနော်။

ဟုရယ် သောက်ဖု အဲ့အီရက်

ကောင်းတာပေါ့အစ်ကို လေးစားလျက်ပါကိုဒိုမီ။

လော​လောဆယ်​ post ​ကောင်းလို့. C2 အတွက်​ မသွားပြီ bro ​ရေ

Posted using Partiko Android

ကောင်းတယ် ဘရို။ အခုလို comment ရေးပေးတာ တကယ်ကောင်းတယ်

ဟုတ်အစ်ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲဘရို။

အကောင်းဆုံးပဲ ဖြစ်ပါတယ်ခင်ဗျာ။ကျေးဇူးပါ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62915.59
ETH 2542.92
USDT 1.00
SBD 2.63