**ပုဆိန်သွေးဖို့မမေ့ပါနဲ့**

in #myanmar6 years ago (edited)

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ "ပုဆိန်သွေးဖို့မမေ့ပါနဲ့" ဆိုတဲ့ပုံပြင်လေးကို ဥပမာပေးပြီး ရေးသားလိုက်ရပါတယ်သူငယ်ချင်းတို့...
FB_IMG_1526015443605.jpg
Crd-org-source
ပုံပြင်လေးကတော့...
တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦးဟာ တောထဲသွားပြီး ထင်းခုတ်လေသည်။မကြာမီ ထင်းခုတ်သမားအဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ထင်းများကိုခုတ်ကြရင်း ညနေစောင်းချိန်တွင် အဘိုးအို၏ထင်းအရေအတွက်မှာ လူငယ်ထက်ပိုများနေလေသည်။အဘိုးအိုမှာ နောက်ကျမှရောက်လာပြီး မိမိထက်ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လေသည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက်စောပြီး ထင်းခုတ်ရန် ထွက်ခဲ့လေ၏။စိတ်ထဲမှာလည်း အဘိုးအိုထက် ထင်းပိုရမည်ဟု တွေးနေမိသည်။
သို့သော် ညနေအလုပ်သိမ်းချိန်တွင် အဘိုးအို၏ထင်းမှာ သူ့ထက်ပိုများနေသည်ကို တွေ့ရပြန်သည်။သို့နှင့် လေးရက်... ငါးရက်လောက်ဆက်တိုက် အဘိုးအိုထက် စောစီးစွာရောက်နှင့်ပြီး ညနေနေဝင်ချိန် နောက်ကျမှပြန်သော်လည်းမိမိ၏ထင်းမှာ အဖိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
513.-let-go-of-perfect-sq.jpg
Crd-org-source
ခြောက်ရက်မြောက်နေ့တွင် သူသည်မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား မေးမြန်းခဲ့လေသည်။
"အဘိုး...ကျွန်တော်သည် အဘိုးအိုထက် အားသန်တယ်။တောထဲကို အဘိုးအိုထက်စောရောက်ပြီးထင်းခုတ်တယ်... နောက်ကျမှအိမ်ပြန်တယ်။ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ထင်းဟာ အဘိုးထက် နည်းနေခဲ့တယ်...အဲဒါဘာကြောင့်လဲ ဟုမေးလေတော့၏။
ထိုအခါ အဘိုးအိုက...
"ဒီလို လူလေးရဲ့...အဘိုးက ထင်းခုတ်ပြီးအိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ပုဆိန်ကို အမြဲသွေးဖြစ်တယ်။လူလေးကမသွေးခဲ့ဘူး။ထင်းခုတ်ပြီး ပုဆိန်ကို ဒီအတိုင်းပစ်ထားတယ်။အဘိုးက အသက်ကြီးပြီ။တောထဲကို နောက်ကျမှရောက်ပြီး လူလေးထက်စောပြီး အလုပ်သိမ်းခဲ့တယ်။ဒါပေမယ့် အဘိုးရဲ့ပုဆိန်က လူလေးရဲ့ပုဆိန်ထက် ထက်နေတဲ့အခါကြတော့ အဘိုးခုတ်လို့ လေးချက်...ငါးချက်နဲ့ခုတ်လို့ ပြတ်တဲ့သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ယူနေရတယ်...ဒါကြောင့် လူလေးရဲ့ထင်းတွေနည်းနေရတာပါကွာ" ဟုပြောပြလေတော့၏။

အထက်ပါပုံပြင်လေးအား "အသိပညာများတိုးစေတဲ့ ဗဟုသုတ စာစုများ" (ဗဟုသုတဒိုင်ဂျက်)page မှ ကူးယူ၍တင်ပြပေးခြင်းဖြစ်ပါသည်။
ref; link address >>https://m.facebook.com/KnowledgesDigest/albums/2006490382943918/?tn=%2Cg
ဤပုံပြင်လေးကို ဖတ်ပြီး မိမိစိတ်ထဲ အတွေးများဖြစ်ပေါ် လာသောကြောင့် ပြန်လည်သုံးသပ်ရင်း ဝေမျှလိုက်ပါတယ်။
ပုံပြင်လေး၏အချင်းအရာကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ မိမိပြုလုပ်တဲ့ ကိစ္စတွေမှာ မိမိတို့အနေနဲ့ ဘာတွေလိုအပ်သလဲဆိုတာ အမြဲတမ်း လေ့လာပြီး ပိုမိုတိုးတက်အောင် ကြိုးစားဖြည့်ဆည်းပြီး လုပ်ဆောင်ကြရမှာပါ။ထင်းခုတ်သမားအတွက်တောင် ထင်ခုတ်ပြီးကြိုးစားနေရုံတင်မဟုတ်ပဲ တစ်ဖက်က ပုဆိန်ကို ထက်နေအောင်သွေးဖို့လိုအပ်နေပါသည်။သို့မှသာ မိမိကြိုးစားသလောက် အရာထင်မည်ဖြစ်ပါသည်။
တိုးတက်ပြောင်းလဲလာသော ယနေ့ခေတ်အချိန်ဆိုရင်ဖြင့် ပုဆိန်ထက်အောင် သွေးရုံတင်မကပဲ ပုဆိန်ကို ထက်အောင် ဘယ်လိုမြန်မြန်သွေးမလဲ?..ဘယ်လိုကျောက်မျိုးနဲ့သွေးမလဲ?..စသည်ဖြင့် နည်းလမ်းများစွာကို သင်ယူလေ့လာနိုင်သည်အထိ ရောက်ရှိနေပြီဖြစ်ပါသည်။ထို့အတွက်ကြောင့် ခေတ်အချိန်အခါကိုပါလိုက်၍ နောက်ထပ်လိုအပ်သည်အထိ လေ့လာဆည်းပူး၍ ကြိုးစားလုပ်ကိုင်ကြရမည်ဖြစ်ပါသည်။
cc90ce738aa2495423dc5d4cbe83796b.jpg
Crd-org-source
နောက်တစ်ချက်အနေနဲ့ ထင်းခုတ်သမားလေးဟာ သူခုတ်ရတဲ့ထင်းနည်းနေတာကို သိပြီး ရပ်တန့်မနေပဲ မိမိဘာလိုအပ်တယ်ဆိုတာကို သိဖို့ အဘိုးအိုထံမှ မေးမြန်းပြီးသိအောင်လုပ်ခဲ့တယ်။ဒီအချက်ဟာလည်း မှတ်သားစရာပါ။ကျွန်တော်တို့တွေဟာ မိမိရောက်နေတဲ့ အနေအထားမှာ ရပ်တန့်မနေပဲ မိမိဘာတွေလိုအပ်သလဲဆိုတာကိုသိအောင်လုပ်ပြီး ပညာများကို ဆည်းပူးလေ့လာသင်ယူနေရမှာဖြစ်တယ်။မိမိအလုပ်လုပ်ပြီးကြိုးစားနေတာပဲလို့ မယူဆပဲ ပိုမိုတိုးတက်အောင်မြင်လာအောင် တစ်ဖက်ကလိုအပ်သည့် ပညာရပ်များကိုပါ ပူးတွဲလေ့လာသင်ယူရမှာဖြစ်တယ်။သို့မှသာ သူများဆယ်ချက်ခုတ်တဲ့သစ်ပင်ကို မိမိမှ လေးချက်...ငါးချက် နဲ့ခုတ်နိုင်ပြီး ထိုမှတစ်ဆင့် တစ်ချက်တည်းနဲ့ပြတ်အောင်ခုတ်နိုင်တဲ့အထိ ဖြစ်လာမည်ဖြစ်ပါကြောင်း...
သို့ဖြစ်ပါ၍ အချိန်တိုင်း မိမိပြုလုပ်သောကိစ္စများကို သုံးသပ်ပြီး လိုအပ်သည်များကို လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း...
ယခု မိမိတို့ steemit platform ပေါ်တွင်လည်း မိမိတို့သည် စာရေးပြီး post တင်နေရုံတင်မဟုတ်ပဲ မိမိတို့၏စာအရေးအသားများ ပိုမိုကောင်းမွန်ပြီး ဗဟုသုတများရရှိစေရန် အခြားပြင်ပဗဟုသုတစာပေများ နှင့် မိမိတို့ထက် စာအရေးအသားနှင့်အတွေ့အကြုံ  အတွေးအခေါ် ပိုမိုမြင့်မားသော ဆရာဦးတင်လိုင်ဦး...ဦးညီညီဝင်း...group-leaderများနှင့် အခြားကျန်သောဆရာအစ်ကိုအစ်မ များထံမှ လေ့လာသင်ယူမှတ်သားခြင်းများကိုပါ ပြုလုပ်ကြရပေမည်။ဒါ့အပြင် postများ၏ google ပုံများအား credit ပေးရာတွင်လည်း orginal source မှန်ကန်စွာပေးနိုင်ခြင်း... steem account များအား လုံခြုံမှုရှိစေရန်အတွက် active key ,posting key များအားအသုံးပြုခြင်း စသည်ဖြင့် အဘက်ဘက် မှလိုအပ်သောပညာရပ်များပါ ပူးတွဲသင်ယူလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း...
ပုဆိန်သွေးဖို့မမေ့မှသာ ပိုမိုတိုးတက်အောင်မြင်ပြီး မိမိရည်မှန်းချက် ကို လွယ်ကူချောမွေ့စွာ ရောက်ရှိမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတော့သည်။
Success-1.jpg
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သော ဘဝပိုင်ဆိုင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

သတိထားကြိုးစားရမယ့် အပိုင်းလေးတွေထောက်ပြသွားတာ အရမ်းကောင်းမွန်ပါတယ်အစ်ကို

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စိတ်ခွန်အားရစေပါတယ်

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပုံပြင်​နှင့်​နားလည်​လွယ်​​အောင်​​ပြောပြ​ပေးသွားလို့​ကောင်းပါတယ်​...right
ကိုယ်​လိုအပ်​တာ​တွေပြင်​ဆင်​ပြီးပုဆိန်​​သွေးသလိုအမြဲ​လေ့​လာ​နေရ​မှာပါ​နော့.....

ဟုတ်ပါတယ်အစ်မ မိမိလိုအပ်တာတွေကို သိရှိပြီး ဖြည့်ဆည်းကြိုးစားဆောင်ရွက်နေရမှာပါ။ကျေးဇူးပါခင်ဗျာ

က‌လောင်‌ဓားထက်‌‌အောင်‌‌တော့ အမြဲ‌သွေး‌နေပါ တယ်‌။

ဟုတ်ကဲ့ပါအစ်ကို မိမိရဲ့ ယုံကြည်ချက်နဲ့ ထက်နေအောင် အမြဲသွေးနေဖို့ပဲလိုတာပါ။သွေးနေတဲ့သူတွေကတော့ သူများထက်သာနေမှာ အမှန်ပေါ့ဗျာ

ဦးနှောက် ဆိုတဲ့ အရာကို အမြဲသွေးပီး တီထွင် တွေးတောကြံဆနေမှ ပုဆိန်လိုအသွားထက်လာမှာပေါ့ အကိုနော်

ဦးနှောက်က မသွေးပဲထားရင် သံချေးတက်သလိုဖြစ်သွားမှာပါ။

ခေါင်းစဉ်မြင်တာနဲ့တင် လူတိုင်းဖတ်ချင်စရာပါ

အဲဒီလိုဆန္ဒလေးဖြစ်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်အစ်ကို။ကျေးဇူးတင်လျက်

လူတိုင်းကိုယ့်ကိုကိုယ်သုံးသတ်ပြီးအလူပ်လုပ်ကြမယ်ဆိုရင်အကောင်းဆုံးပေါ့ဗျာ

မှန်ပါတယ်အစ်ကို မိမိ၏လိုအပ်ချက်တွေကို မိမိကိုယ်တိုင်သိအောင်လုပ်ပြီး ပိုမိုတိုးတက်အောင် ကြိုးစားဖြည့်ဆည်းဆောင်ရွက်ရမှာပါ။

ဟုတ်ပဗျာ ပုဆိန်အမြဲသွေးနေမှ သူများထက်ရှေ့ရောက်မှာ 😊😊

လိုအပ်မှုကိုပါ ပူးတွဲဖြည့်ဆည်းပြီးလုပ်ဆောင်ပါက ပိုမိုတိုးတက်ပြီး သူများထင်ရှေ့ရောက်နေမှာသေချာတာပေါ့ဗျာ

ဥပမာပေးပြီး ပြောပြ ပေးတဲ့အကို့ စေတနာကို လေးစားမိပါတယ်ကိုသန့်ရေ

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သားရေး Reply လေးဘာလေးပြန်ရေးပေးပါဦး။ ချိတက်လေးလဲရှင်းလိုက်ဦး။

ဟုတ်ကဲ့ပါဆရာ အကုန်ပြန်မှာပါဆရာ စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ။လေးစားလျက်။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 60833.36
ETH 3370.32
USDT 1.00
SBD 2.49