ဖန်ဆင်းရှင်သုံးဦး...!
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ ဆရာတော် အရှင်ဇဝန မေတ္တာရှင် (ရွှေပြည်သာ) ဟောကြားခဲ့သော တရားစာအုပ်လေး တစ်အုပ်ဖတ်မိပြီး ခေါင်းစဉ်လေးကို နှစ်သက်လွန်းသဖြင့် မိမိသိသလိုလေး ပြန်လည်ရေသား မျှဝေလိုက်ပါတယ်။စာအုပ်ထဲမှာတော့ ဆရာတော်ဟာ တရားသဘောလေးနဲ့ ဘုရားဟော ကျမ်းဂန်တွေကို ဥပမာပေးပြီး ထောက်ပြသွားပါတယ်။
Crd-org-source
ကျွန်တော်တို့ ကမ္ဘာလောကကြီးမှာ လူသားအားလုံးဟာ ဆင်းရဲ ချမ်းသာ အချော အလှ အယုတ် အမြတ် ဘဝမျိုးစုံ ပုံစံမျိုးစုံ ရှင်သန်နေထိုင်လျှက်ရှိကြပါသည်။ဒီလို ပုံစံမျိုးစုံ ဖြစ်နေသော လူသားအားလုံးကို ဖန်ဆင်းသော ဖန်ဆင်းရှင်သုံးဦးရှိပါသည်။ဒါတွေကတော့ "ကံ" "ညဏ်" "ဝီရိယ" တို့ပဲဖြစ်ပါသည်။ဒီသုံးခုကသာ မိမိတို့၏ဘဝများကို ပုံစံမျိုးစုံ ဖန်တီးပေးခြင်းဖြစ်ပါသည်။
ဒီနေရာမှာ ပထမဦးဆုံးဖြစ်တဲ့ ကံ ဆိုတာလေးကိုပြောချင်ပါတယ်။
ကံ ဆိုတာ တနည်းအားဖြင့် အလုပ်ပဲဖြစ်ပါတယ်။ကောင်းတာတွေလုပ်ရင် ကောင်းကျိုးခံစားရမှာဖြစ်ပြီး မကောင်းတာတွေလုပ်ရင်တော့ မကောင်းတဲ့အကျိုးပဲ ခံစားကြရမှာဖြစ်တယ်။ကံ ကံ၏အကျိုးပဲပေါ့။ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအဖို့ ဒီအချက်ကို ပြတ်ပြတ်သားသားမြင်နိုင်စွမ်းရှိရမှာပါ။
နောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားတဲ့အခါ အော်...သူ့ ကံကုန်သွားလို့ပဲဆိုပြီး ပြောကြပါတယ်။တစ်ချို့ မွေးလာကတည်းက ကိုယ်လက်အင်္ဂါ ချို့ယွင်းနေတာ တွေဟာ သူ့ကံကြောင့်လို့ပြောကြတာပဲ။အခု ဒီpost မှာ ဒါတွေဟာ အသေအချာပဲလို့ ထောက်ပြထားတာပါ။
Crd-org-source
ဒီအချက်လေးနဲ့ ပတ်သက်ပြီး ဥပမာလေးတစ်ခု ပုံဖော်ပေးခဲ့ချင်ပါသည်။
**မိမိဟာ သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးယူထားတယ် (သို့) မိမိဟာ လူတစ်ယောက်ကို သတ်ခဲ့တဲ့အမှားတစ်ခု ကျူးလွန်ခဲ့တယ်ဆိုပါစို့။
မိမိဟာ ဒါကို အများမသိအောင် ဟန်ဆောင်ပြီးနေထိုင်နေလျင်သော်လည်းကောင်း အခြားတစ်နေရာသို့ ပုန်းရှောင်ထွက်ပြေးနေလျင်သော်လည်းကောင်း အဆင်ပြေကောင်းပြေနိုင်ပါသည်။
မိမိ၏စိတ်ကို ကြိုးစားပြီး ဟန်ဆောင်ကာ ပုံမှန်အတိုင်းဖြစ်အောင် နည်းမျိုးစုံနဲ့ လူအများကို လိမ်ညာလို့ ရချင်ရနေပါလိမ့်မည်။သို့သော် မိမိတစ်ယောက်တည်းနေတဲ့အချိန် မိမိမသိစိတ်က တစ်ခုခုကိုကြောက်နေတာမျိုး ဒါမှမဟုတ် မိမိအိပ်ပျော်သောအခါ အိမ်မက်မက်ပြီး ရုတ်တရက် ထအော်ပြီး ကြောက်နေတာမျိုးတွေ ခံစားရလာမှာပါ။မိမိဟာ သူတစ်ပါးကို ညာလို့ရပေမဲ့ မိမိရဲ့မသိစိတ်..မိမိကိုယ်ကို ညာလို့မရခြင်းပဲဖြစ်ပါတယ်။မိမိမကောင်းတာပြုလုပ်မိတဲ့အတွက် မကောင်းကျိုးကို လက်ငင်းပြန်ခံစားနေရတာပဲဖြစ်ပါတယ်။
ဒါကြောင့်မိမိပြုလုပ်သောမကောင်းမှုကံက မိမိဘဝကို ပြန်လည်ဖန်တီး ခံစားမှု အကျိုးပေးစတင်နေပြီလို့ မှတ်ယူရမှာပဲဖြစ်ပါတယ်။
Crd-org-source
ဆရာတော် ဟောခဲ့တဲ့ ဥပမာလေးကိုလည်း အကျဉ်းချုံး ပြန်လည်မျှဝေပေးခဲ့ပါရစေ။
**တစ်ခါက ဗာဟိရဒါရုစီရိယ ဆိုတဲ့ ကုန်သည်တစ်ယောက်ဟာ သုပ္ပါဒ ဆိပ်ကမ်းမြို့ရှိ ဒကာ ဒကာမတွေက ရဟန္တာ အထင်နဲ့ ကိုးကွယ်ကြရင်း မြို့ကြီးနှစ်မြို့လောက်အထိ ကျော်ကြားသူ ဖြစ်လာခဲ့ပါတယ်။သုပ္ပါဒဆိပ်ကမ်းကို ဘယ်လိုရောက်လာပြီး ဘယ်လိုကြောင့် ကိုးကွယ်ဖြစ်တယ်ဆိုတာ ထည့်ရေးရင် အရှည်ကြီးဖြစ်သွားမှာကြောင့် ထည့်မရေးတော့ပါ။
ဒီလိုနဲ့ လိမ်ညာစားပြီး နှစ်အတော်ကြာလာတော့ အရင်ဘဝက သူငယ်ချင်းဖြစ်ခဲ့တဲ့ ဗြဟ္မာတစ်ဦးက ကောင်းကင်ကနေ "ဗာဟိရ" မင်း.သူများကို လိမ်လို့ရပေမဲ့ ကိုယ့်ကိုယ်ကို လိမ်လို့မရဘူး။မင်းဟာ ရဟန္တာ မဟုတ်ဘူး။ သာဝတ္ထိမှာ ဘုရားပွင့်နေပြီ ဘုရားကို တရားဟောခိုင်းပြီး ရဟန္တာဖြစ်အောင်ကျင့်လို့ပြောတော့ ဗာဟိရသည်လည်း ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်ဆိုတော့ ညတွင်းချင်းပဲ မိုင်တစ်ထောင်ကျော်ဝေးတဲ့ သာဝတ္ထိကို အပြေးသွားပါတော့သည်။ဘုရားရှင်နဲ့တွေ့ပြီး တရားဟောရန် သုံးကြိမ်တိုင်လျောက်ထားပြီး တရားဟောပေးသောအခါ တရားလည်းဆုံးရော ရဟန္တာဖြစ်သွားပါတော့သည်။ရဟန္တာဖြစ်ပြီး ဗာဟိရက တပည့်တော်အား ရဟန်းပြုပေးတော်မူပါဟု လျှောက်ထားသေားအခါ "အို..ချစ်သား ငါဘုရားသာသနာတော်မှာ ရဟန်းပြုလိုလျင် ပရိက္ခရာ ရှစ်ပါးရှိရတယ်။ပရိက္ခရာရှစ်ပါး အလှူရှင်သွားရှာချေ"ဟု မိန့်မှာသည့်အတိုင်း အလှူရှင်လိုက်ရှာရပါတော့သည်။
**နောက်ထပ် ဥပမာလေးတစ်ခုက မဟာကပ္ပိနမင်းကြီးဟာ သာဝတ္ထိမြို့မှာ ဘုရား တရာ သံဃာ ပေါ်ထွန်းနေပြီလို့ သိတဲ့အခါ အမတ်ပေါင်းတစ်ထောင်ခြံရံပြီး မြတ်စွာဘုရားရှိရာသို့ သွားကြပါသည်။ဘုရားဆီရောက်ပြီး တရားနာယူကြကာ တရားလည်းဆုံးရော သောတပန်တည်သွားကြပါတယ်။
ဒီလိုသောတပန်တည်ပြီး ဒီဘဝမှာပဲ ရဟန္တာဖြစ်အောင်ကြိုးစားမည်ဟုဆုံးဖြတ်ခါ တပည့်တော်တို့အား ရဟန်းပြုပေးတော်မူပါဟု လျှောက်ထားတောင်းပန်ကြပါသည်။
ထိုအခါ "အို..ချစ်သားတို့လာကြ ငါဘုရားသာသနာမှာ မြတ်သောအကျင့်ကို လာကျင့်ကြ"ဟုဆိုပြီး "ဧဟိဘိက္ခူ"လို့ပြောလိုက်တာနဲ့ မဟာကပ္ပိနမင်းကြီးနဲ့ အမတ်တစ်ထောင်တို့ဟာ နန်းဝတ်နန်းစားတွေပျောက်ပြီး သင်္ကန်းဆင်မြန်းပြီးသားရဟန်းတွေဖြစ်ကုန်ပါတယ်။
ဒီနေရာမှာ ရဟန္တာဖြစ်တဲ့ ဗာဟိရက ဧဟိဘိက္ခူလို့ အခေါ်မခံရပဲ သောတပန်လောက်သာဖြစ်တဲ့ မဟာကပ္ပိနမင်းကြီးနဲ့အမတ်တွေကတော့ ဧဟိဘိက္ခူလို့အခေါ်ခံရပါတယ်။ဒါလေးကိုပြောပြချင်တာဖြစ်ပါတယ်။ဗာဟိရဟာ ရဟန္တာဖြစ်ဖို့အတွက် အတိတ်ဘဝက ဝိပဿနာတရား နာကြားရှု့ပွားခဲ့တာမှန်သော်လည်း သင်္ကန်း သပိတ် စသော ပရိက္ခရာတွေ တစ်ခုမှမလှူခဲ့ပါဘူး။ဒီဒါနကံ ပါမလာလို့ပဲဖြစ်ပါတယ်။
မဟာကပ္ပိနမင်းကြီးနဲ့ အမတ်တစ်ထောင်တို့ဟာ ရှေးဘဝက ပစ္စေကဗုဒ္ဓ တစ်ထောင်ကို သင်္ကန်းတစ်စုံကြစီ လှူဒါန်းခဲ့တဲ့ ကုသိုလ်ကံကြောင့် ဧဟိဘိက္ခူလို့ အခေါ်ခံရခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် သင်္ကန်းပရိက္ခရာတွေဟာ ဘုရားကပေးတာမဟုတ်ပဲ သူတို့ရဲ့ "ကံ" "ညဏ်" "ဝီရိယ" ကပေးတာပဲ ဆိုတာကိုထောက်ပြသွားခြင်းဖြစ်တယ်။
*သူတို့ရဲ့ ကောင်းမှုကုသိုလ်ကံ...
*ထိုကောင်းမှုပြုလုပ်ရန် အတွက် အကောင်းအဆိုးကို ခွဲခြားသိနိုင်တဲ့ညဏ်...
*ဤကဲ့သို့ သင်္ကန်းတစ်စုံစီကပ်လှူနိုင်ရန် ကြိုးစားရှာဖွေစုဆောင်းပြီး ဖြစ်အောင်ကပ်လှူခဲ့တဲ့ ဝီရိယ...ဆိုတဲ့အရာတွေကသာ ဖန်ဆင်းပေးခဲ့တာ ဖြစ်တယ်လို့ မှတ်ယူကြရမှာဖြစ်ပါတယ်။
Crd-org-source
သို့ဖြစ်ပါ၍ "ကျန်းမာရပါလို၏" "ချမ်းသာရပါလို၏" ဟု ဆုတောင်းနေရုံနဲ့မပြီးပဲ မိမိတို့၏ "ကံ" "ညဏ်" "ဝီရိယ" တွေကိုသာ အကောင်းဆုံး ထိန်းသိမ်း ဆောင်ရွက်နေထိုင်မှသာ လောကီ လောကုတ္တရာအတွက် အကောင်းဆုံးဖန်တီးပြီးသား ဖြစ်မှာဖြစ်ပါကြောင်း...
ဘယ်လို ဘယ်ဘဝ ဘယ်အခြေအနေပဲဖြစ်ဖြစ် "ကံ" "ညဏ်" "ဝီရိယ" သုံးခုကသာ မိမိတို့၏ဖန်ဆင်းရှင်ပဲ ဖြစ်ပါကြောင်း ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
ဗဟုသုတအများကြီးရစေသောပိုစ်လေးဖြစ်ပါတယ်
ကျေးဇူးတင်ပါတယ်အစ်ကို။
ကံ၊ဥာဏ်၊၀ီရိယဖန်ဆင်းရှင်သုံးဦးမှတ်သားစရာပါ....ဗဟုသုတလည်းရလိုက်တယ်...ကောင်းသောပိုစ့်ပါ.....
ဟုတ်ကဲ့ပါအစ်မ ကျေးဇူးတင်ပါတယ်။
Luck , wisdom and diligence are three creators of human being.
Yes,my brother. There are three main creators of human beings and we must try our best these creators for our present and future.Thank you so much.
အနှစ်သာရနဲ့ပြည့်စုံသော၊တန်ဘိုးရှိသော post ကောင်းလေးပါကိုသန့်။ကံ ၊ဉာဏ် ၊ဝီရိယဟာ ကျွန်တော်တို့ရဲ့ ဖန်တီးရှင်ဆိုတာ နားလည်သဘောပေါက်အောင် ရှင်းပြပေးလို့ ကျေးဇူးအထူးတင်ပါတယ်။လေးစားလျက်
ဟုတ်ကဲ့ပါ အစ်ကို။တကယ်အရေးကြီးဆုံး သတိထားရမဲ့ အရာ သုံးခုပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ
တစ်ကယ်ကို မှတ်သားစရာ ဗဟုသုတ ဆောင်းပါးလေးပါဗျာ ☺
ဟုတ်ကဲ့ပါအစ်ကို ။ဒီလို comment လေးတွေကြောင့် ကြိုးစားရတာ အားဖြစ်စေပါတယ်။ကျေးဇူးလည်းတင်ပါတယ်။
ကံ၊ဥာဏ် ၊ဝိရိယ တကယ်လိုအပ်ပါတယ် ကိုသန့်ရေ😁 ခုလို ပြောပြပေးလို့ ကျေးဇူးပါ
ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော်ကလည်း ကျေးဇူးတင်လေးစားလျက်ပါ။
ကံဆိုတာ လူကဖန်တီးတာပါ
ကျွန်တော်တို့ လူ့လောက လူ့ဘုံအတွက်တော့မှန်တာပေါ့။နတ်ပြည်(၆)ထပ် အပ္ပါယ်လေးဘုံ ဗြဟ္မာ (၂၀) မှာ ရူပဘုံ အရူပဘုံတွေ အားလုံးပေါင်းပြီး ဆရာတော်ကဟောထားတာ ဆိုတော့ ကံ ညဏ် ဝီရိယကပဲ ဖန်ဆင်းပေးတယ်လို့ ဆိုလိုတာပါ။
မှန်ပါသည်ကံဥာဏ်ဝီရိယအရေးကြီးဆုးံပါ
ဟုတ်တယ် ကံ ညဏ် ဝီရိယ အရေးကြီးဆုံးပါ။မိမိတို့ရဲ့ဖန်ဆင်းရှင်ပါပဲခင်ဗျာ
ကံ၊ဥာဏ်၊၀ီရိယဖန်ဆင်းရှင်သုံးဦးကို ကိုယ်ကိုယ်တိုင်ထိန်းသိမ်းဦးဆောင်နိုင်မှသာလျှင်
လောကီ လောကုတ္တရာ နှစ်ဖြာ အကိုးရှိနိုငိစေမှာပါ
ကောင်းလှသော Post ပါ အကို
ဟုတ်ပါတယ် ဒီသုံးခုကို အကောင်းဆုံး ထိန်းသိမ်းကျင့်ကြံကြရမှာပါ။ကျေးဇူးတင်ပါတယ်။
ဆရာ့တော် စာတွေ အရမ်းကောင်းပါတယ်
ဟုတ်ပါတယ်အစ်မ။