မသောက်ပဲမူးခဲ့သောအဖြစ်အပျက်...!
ဒီရက်ပိုင်းအလုပ်လေးများနေတာနဲ့ ရေးဖို့အာရုံတွေမရဘူးဖြစ်နေတယ်ခင်ဗျာ။စာရေးတယ်ဆိုတာက ရေးမယ်ဆိုတဲ့အချိန်လေးအတောအတွင်းတော့ အေးအေးဆေးဆေးနဲ့ လန်းဆန်းနေမှ ပိုပြီးပြည့်စုံတာပါ။အခုလည်း စက်ပြင်ပြီး ကော်ဖီသောက်နားမဲ့ အချိန်လေး ဖုန်းလေးဖွင့်ပြီး steemit လေးထဲဝင် account လေးရဲ့အခြေအနေလေးဝင်ကြည့်ပြီး daily တစ်ပုဒ်လောက်တော့ တင်အုံးမယ်ဆိုပြီး ရေးနေတာပါ။
Crd-org-source
ညတုန်းက leader မမ က steem bot tracker က bidတွေရဲ့အသွားအလာကိုကြည့်ပြီးလေ့လာနေတယ်လေ။ဒါနဲ့ ကိုယ်လည်းဘယ်ရမလဲ သူလည်းကြည့်နေတာ ကိုယ်လည်းဝင်ကြည့်ပြီးမွှေတာပေါ့။ထူးထူးခြားခြားဘာမှတော့ မသိပါဘူး။မကြည် chat groupကနေပြောတာလေး နားထောင်လိုက် ပြန်ကြည့်လိုက်နဲ့ပေါ့။ဒီကြားထဲ ကောင်မလေးတစ်ယောက်တော်တော်ဆိုးတယ်။ဆူကိုဆူနေရသေးတယ်ဗျာ။
Crd-org-source
နောက်ဆုံးတော့ ကြည့်နေလည်းမထူးဘူး တစ်ခုလောက်တော့ စမ်းကြည့်မယ်ဆိုပြီး စမ်း bid လိုက်တာပေါ့။ကိုယ့်မှာ sbd ကလည်းအဆင်သင့်ရှိနေတယ်လေ။နာမည်ကတော့" mercurybot "တဲ့ active လေးနှိပ်ပြီး 3 sbd ပို့လိုက်တာပေါ့။ ဟဲဟဲ ဆရာကြီးလေ မိနစ်(20)လောက်ကြာတော့ မျက်လုံးညောင်းပြီးခေါင်းမူးလာတာနဲ့ ပိတ်လိုက်တာပေါ့။အဲဒီအချိန် မကြည်လည်းမသောက်ပဲနဲ့ မူးနေပြီဆိုပြီး ဆက်မကြည့်တော့ပါ။ဒီမနက်ဖွင့်ကြည့်တော့ (3sbd)ပို့လိုက်တာ သူပြန်ပေးတော့ 6$ဖိုးလောက်ပဲပြန်ပေးတယ်ဗျာ။ရှုံးပြီပေါ့ အော်..ဒီလိုလေ့လာတာလည်း အရှုံးတွေပါပဲလား။မကြည်ရေ messenger ကြည့်ရမှာလန့်နေပြီနော်။messenger လေးကြည့်လိုက် ဟိုတစ်ယောက်က..ဟိုဟာလေးပြောလိုက်.. ကောင်းမလားလုပ်ကြည့်လိုက်နဲ့ အကုန်ပြောင်နေပြီဗျာ။အော် အဲဒါကြောင့်နဲ့တူတယ်။ကိုသာအေးကြီး မျက်နှာတွေ့ရင် တော်တော်ပြောင်နေပါလား ဘယ်ဟုတ်မလဲ သူလည်းဒီလိုအခြေအနေတွေ ကိုယ့်အရင်ဖြတ်သန်းခဲ့ရတာပဲဖြစ်မယ်လို့စဉ်းစားမိပြီး အခုတော့ အေးအေးဆေးဆေး ဘိလယယက် super8ballclub game ပဲဆော့တော့တာဖြစ်မယ်။ကယ်..ကိုကြီးသားအေးရေ ကျွန်တော်လည်းဒီလောက်ပြောင်ပီဆိုတော့ game ဆော့ ဖို့ ပဲလာတော့မယ်ဗျာ။မောတာ.. ထန်းရေလေးတော့ တစ်ခွက်တိုက်အုံးနော်။သူတို့က ထန်းရေလေးသောက်ပြီး game ဆော့တာလေ။ပိုပြီးလက်တည့်တယ်လို့ပြောတာပဲ။
Crd-org-source
ဘာပဲဖြစ်ဖြစ် မကြည်တို့ vote တွေ..bid တွေက မသောက်ပဲမူးတာ ဒီဟာက သောက်ပြီးမှမူးတာ ပိုကောင်းတာပဲလုပ်တော့မည်ဟုဆုံးဖြတ်လိုက်ရပါတော့သည်။
မြန်မာ့စတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
ဒါက ဒီလိုဗျ အမြတ်ရချင် စိတ်ရှည် သည်းခံရမယ် total bid ကို last round ရော current round ရောကြည့်တတ်ရမယ် အရင်က မမလဲ အာ့လိုပဲ ဘာမကြည့်ဘူး ရမ်းပို့တယ် သေချာ လေ့လာ သင်ယူပါလေ😊
ဟုတ်ကဲ့ ကြိုးစားပါ့မယ်ခင်ဗျာ။
ချသာချ😆😆😆
ဟုတ်ကဲ့ချပြီဗျာ
ထန်းရည်သောက်ပြီးgameဆော့မှာလား😁
မသောက်ရသေးဘူးမူးနေတာနဲ့ မထူးတော့လို့ပါ။နောက်ပြီး သောက်ပြီးထိုးရင် လက်ပိုငြိမ်တယ်တဲ့။
Bot အကြောင်းတစ်စေ့တစ်စောင်းပေါ့
အစ်ကိုက ခေါင်းစဉ်ဖော်ပေးတာ ကျွန်တော်လည်းအခုမှစဉ်းစားမိတယ် ဟုတ်ပါ့ဗျာ။ပြန်ပြောင်းရမယ်နဲ့တူတယ်။
You got a 100% upvote from @steempowergroup1 courtesy of @uthantzin ! It is a cool free !
Thank you so much,sir.