ကိုယ်ပြုသမျှကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်!!!

in #myanmar7 years ago

လူသားအားလုံးဟာ မိမိဘဝတိုးတက်ရေးအတွက် ဆိုင်ရာ ဆိုင်ရာ ကိစ္စရပ်တွေကို အကောင်းဆုံးကြိုးစားရုန်းကန်ရင်းဆက်လက်ရှင်သန်နေကြပါတယ်။အဲဒီလိုကြိုးစားဆောင်ရွက်ရင်း တစ်ချို့ဟာ ဝန်ထမ်းဘဝ တစ်ချို့ဟာဈေးသည်ဘဝ တစ်ချို့ဟာ အသေးစား အလတ်စား ကိုယ်ပိုင်လုပ်ငန်းရှင်များ တစ်ချို့ဟာ ကုမ္ပဏီပိုင်ရှင်သူဌေးကြီးများစသဖြင့်အမျိုးမျိုးရှိကြမှာပါ။အဲဒါကြောင့် တစ်ချို့မှာ အရမ်းချမ်းသာကြပြီး တစ်ချို့မှာ ဆင်းရဲနေကြအုံးမှာပါ။ဘယ်လိုပင် ကွာခြားနေကြပါစေ လောကဓမ္မ တရားအောက်မှာရှိနေကြသောသူများသာဖြစ်ကြပါသည်။ထို့အတွက်ကြောင့် မိမိလုပ်ကိုင်ဆောင်ရွက်သောကိစ္စရပ်များမှာ မှန်ကန်သောလုပ်ရပ် စိတ်စေတနာကောင်းမွန်သောလုပ်ရပ်များဖြစ်ဖို့ အရေးကြီးပါတယ်။
image
ပထမဦးဆုံး ငါးပါးသီလထဲမှ သူတစ်ပါးအသက်သတ်ခြင်း... သူတစ်ပါး၏ပစ္စည်းဥစ္စာခိုးယူခြင်း... ကာမပိုင်ရှိသော အုပ်ထိန်းသူရှိသော သားပျိုး သမီးပျိုများအား ပြစ်မှားခြင်း... လိမ်ညာပြောဆိုခြင်း... ဆိုတာရယ်ကိုပြောချင်ပါတယ်။မိမိဟာ သူတစ်ပါးအသက်ကိုသတ်လိုက်မိပြီဆိုပါစို့။မိမိ၏ပင်ကိုစိတ်ကိုဖုံးကွယ်ထားနိုင်ရင်တောင်မှမိမိမသိစိတ်ကိုဖုံးကွယ်၍မရပါ။မိမိအိပ်တဲ့အခါ ရုတ်တရက်လန့်ပြီးအော်မိတာမျိုး...ပေါ်သွားမှာစိုး၍စိုးရိမ်စိတ်ဖြစ်နေတာမျိုး...တွေရှိကိုရှိနေတော့မှာပါ။နောက်ပြီး မိမိမျက်လုံးတွေ မိမိဟန်ပန်အမူအရာတွေ တခါတလေ ပျက်နေတာမျိုးတွေလည်းဖြစ်နေမှာပါ။ဒါတွေဟာ လူအများတွေကို မသိအောင်ညာလို့ရချင်ရနေပေမယ့် မိမိကိုယ်မိမိမညာနိုင်တာတွေပဲဖြစ်နေပါလိမ့်မယ်။မိမိလုပ်မိတဲ့ မကောင်းကံက မိမိကိုလက်ငင်းအကျိုးပေးလေးတွေစနေပါပြီ။အလးတူပဲ သူတစ်ပါးပစ္စည်းဥစ္စာ ခိုးယူမိမယ်ဆိုရင်လဲ ဒီအတိုင်းပဲ မိမိစိတ်တွင်သော်လည်းကောင်း ဟန်ပန်အမူအရာသော်လည်းကောင်း ပျက်နေတတ်၏။သူတစ်ပါသားမယားပစ်မှားမိမယ်ဆိုရင်လည်း  မိမိပြန်လည်အပြစ်ဒဏ်ခံရမှာပါ။မိမိမှမဟုတ်မမှန်လိမ်ညာပြောဆိုနေမယ်ဆိုရင်လည်း မိမိကိုလိမ်ညာမဲ့သူများပေါ်လာအုံးမှာပါပဲ။
image
ဒီနေရာမှာ ဒေါက်တာအရှင် နန္ဒမာလာဘိဝံသဟောထားတဲ့ တရားလေးသွားသတိရတယ်။မိမိမှမကောင်းတာတစ်ခုခုလုပ်ထားခဲ့ရင် အဲဒီကံဟာ လက်ငင်းလည်းအကျိုးပေးနိုင်တယ်။ကံကောင်းထောက်မလို့ လက်ငင်းအကျိုးမပေးသေးပဲ မိမိ၏ကုသိုလ်ကံအရှိန်ကောင်းနေသေးခဲ့မယ်ဆိုရင် နောင်ဘဝများစွာ၏ဘဝတစ်ခုခုတွင် မိမိကံအားနည်းသောအချိန် မကောင်းကံပေးရန်သင့်လာသောအခါ အဲဒီမကောင်းကံကို ပြန်လည်ခံရမည်ဖြစ်ပေသည်...ဆိုတဲ့ တရားလေးပါ။မှတ်သားလိုက်နာရမှာပါ။ဒါနဲ့ တိုက်ဆိုင်မှုတစ်ခုလေးပြောပြအုံးမယ်ဗျာ။ပြီးခဲ့တဲ့အပတ်promotion အတွက် post တင်ပြီး နောက်လာမည့်ယခုအပတ်အတွက်pro;post ရေးရန်ဒီခေါင်းစဉ်ရထားပြီး ကုန်ကြမ်းတွေရှာဖွေစုစောင်းနေသောအချိန် minminthant ဆိုတဲ့ အကောင့်ပိုင်ရှင် copy post ထိတယ်ဆိုပြီးတက်လာရော... အော်ဒါနဲ့ ငါ့အတွက်တော့ ကုန်ကြမ်းအစအနလေးတစ်ခုပေါ့ ဘာပဲဖြစ်ဖြစ်နောင် သူ့လိုမဖြစ်ရအောင်တော့ စကားလက်ဆောင်ပေးရမယ်။"မိမိပြုတဲ့ကံမိမိထံပြန်လာပါမည်"ဆိုတဲ့စကားလေးပါ။မမေ့ကြပါနဲ့။
image
နောက်ပြီး ဒီကဗျာစာသားလေးရဲ့ အဓိပ္ပါယ်ပေါ်လွင်မှုရှိပြီးထိရောက်ပါတယ်။သူငယ်ချင်းတို့ဖတ်ကြည့်ပါအုံး...။
ကောင်းကင်ဗွေဝဲ...
ရေထဲမှာနေ...
လှိုဏ်ဂူတောင်ခေါင်း..
ပုန်းအောင်းကာနေ...
အကုသိုလ်မျိုး...
ဆိုးကျိုးထွေထွေ...
ဘယ်လိုပုန်း လွတ်ထုံးမရှိပေ...။ ဘုရားရှင်ဟောပြသွားတဲ့အောက်ပါသာဓကလေးတွေကိုလည်းလေ့လာကြည့်ပါအုံးဗျာ။
image
**လယ်သမားတစ်ဦးသည် တစ်ကြိမ်မျှသာဆုံးမခက်သော နွား၏လည်ပင်းမှာ ကောက်ရိုးများရစ်ပတ်ပြီး မီးရှို့သတ်ခဲ့၏ထိုမကောင်းမှုကံကြောင့်ငရဲ၌နှစ်ပေါင်းများစွာ ကျခံခဲ့ရ၏။ကံကြွင်းအားဖြင့် ကျီးဘဝ (၇)ကြိမ်တွင်လည်းကောင်းကင်၌မီးလောင်သေးဆုံးရ၏။
**အမျိုးသမီးတစ်ဦးကို သံယောဇဉ်ရှိနေသောခွေးတစ်ကောင်ရှိ၏။ထိုအမျိုးသမီးမှ မည်သည့်ကိစ္စ လုပ်သည်ဖြစ်စေ ခွေးဟာ တကောက်ကောက်လိုက်ပြီးစောင့်ကြည့်နေလေ၏။ကြာလာတော့လူအများက သူမအားပြက်ရယ်ပြု စကြသဖြင့် ရှက်ပြီးထိုခွေအား လည်ပင်းတွင် ကြိုးတစ်ဆချည် သဲအပြည့်ထည့်ထားသေားအိုးတွင်ကြိုးတစ်ဆချည်ပြီးရေထဲသို့ပစ်ချကာ တစ်ကြိမ်မျှသတ်ခဲ့ဖူး၏။ထိုမကောင်းမှုကံကြောင့် ငရဲ၌နှစ်ပေါင်းများစွာ ကျခံရပြီး ကံကြွင်းအားဖြင့် လှေသူကြီးကတော်ဘဝအပါအဝင် ဘဝတစ်ရာ လည်ပင်း၌ကြိုးချည်ခံရပြီး သေဆုံးရပေသည်။ထိုခွေးမှာလည်း လွန်ခဲ့သော(၃)ဘဝမြောက်က သူမနဲ့ လင်ယောင်္ကျားတော်စပ်ခဲ့သူဖြစ်၏။
**ထို့အတူ နွားကျောင်းသား(၇)ယောက်ဟာ နွားကျောင်းကြရင်းဖွတ်တစ်ကောင်တွေ့ရာ ဖွတ်နောက်လိုက်ရင်း ဖွတ်ဟာတောင်ဘို့ထဲပြေးဝင်သွားလေ၏။ထိုတောင်၌ဂယ်ပေါက် (၇)ပေါက်ရှိရာ တစ်ယောက်တစ်ပေါက်စီ တာဝန်ယူပြီး သစ်ကိုင်းခြောက်သစ်ရွက်တို့ဖြင့်ပိတ်ထားလေ၏။နောက်နေ့ ကြတော့ ထိုစားကျက်သို့မသွားဖြစ်သေးပဲ (၇)ရက်မြောက်မှသာ ထိုစားကျက်သို့နွားပြန်ကျောင်း၍ရောက်ရှိတော့မှ တောင်ဘို့ဂယ်ပေါက်အားဖွင့်ကြည့်ရာ (၇)ရက်လုံးအစားမစားရပဲ တုန်တုန်ရင်ရင်နဲ့ အားအင်ချည့်နဲ့နေသော ဖွတ်ကိုမြင်၍သနားပြီးမသတ်တော့ပဲ လွှတ်ပေးလိုက်၏။ဖွတ်မသေသဖြင့် ငရဲမကျသော်လည်း လှိုဏ်ဂူထဲတွင်အပိတ်ခံရသော ရဟန်းဘဝအပါအဝင် (၁၄)ဘဝ (၇)ရက်ပတ်လုံး အစာရေစာငတ်ကာ ဒုက္ခဆင်းရဲကြုံခဲ့ကြရ၏။ဤကဲ့သို့သာဓကများကြောင့် ကျွန်တော်တို့အားလုံးဟာ မည်သည့်ကိစ္စမဆို သတိထားဆင်ခြင်လုပ်ကိုင်ဆောင်ရွက် သင့်ကြောင်း...မိမိပြုလုပ်သောကံသည် မိမိဆီသို့ ပြန်လည်အကျိုးပေးမည် ဖြစ်ပါကြောင်း...ရှာဖွေစုပေါင်း၍ ထုတ်နုတ်တင်ပြရေသားလိုက်ရပါတော့သည်။ image
မြန်မာ့စတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်နိုင် ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
photos from facebook

Sort:  

တစ်ဘဝတစ်ခါ သေကြရမယ့်လူတွေဖြစ်လို့ လူတိုင်းမကောင်းမှုကို အသက်နဲ့ရင်းပြီး ရှောင်ရှားစေခြင်ပါတယ်

သေချာတာပေါ့ဗျာ။မကောင်းပါဘူးဆိုမှတော့ မလုပ်မိအောင်ကြိုးစားရမှာပေါ့

ဒါ​ပေါ့ဗျာ အရာရာတိုင်းဟာနယူတန်​ရဲ့နိယာမလိုပါဘဲ
တန်​ပြန်​သက်​​ရောက်​မှူရှိရမယ်​​လေ
ကောင်းတာလုပ်​ရင်​ ​ကောင်းတာဖြစ်​မည်
မ​ကောင်းတာလုပ်​ရင်​ မ​ကောင်းတာဖြစ်​မည်

မှန်ပါတယ်။သိပ္ပံပညာရပ်မှာလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။Action is going to reaction.

သတိသံဝေဂ ရစေသော ပိုစ်ကောင်းလေးပါဗျာ။ ဘယ်သူမပြု မိမိမှု မိမိပြုသမျ ကုသိုလ်ကံတရားတို့သည် မိမိထံသာပြန်လာပါတယ်ဗျာ။

ကျေးဇူးတင်ပါတယ်အစ်ကို။

ဝဋ်ကြွေးတွေ ကြောက်စရာကွယ် မကောင်းတာမလုပ်မိဖို့ အရေးကြီးပါတယ်

ဟုတ်ပါ့မမရယ်။

That idea looks great. I like it @uthantzin ♩ •♬

ကိုယ်‌လုပ်‌ တာ ကိုယ်‌ခံရမယ်‌ ဆိုတာသိတာ‌တောင်‌ အ ပြစ်‌‌တွေကျူးလွန်‌ကြတယ်‌။ စိတ်‌ထိန်းချုပ်‌နိုင်‌ဖို့ အ‌ရေးကြီးပါတယ်‌။

ဟုတ်ပါတယ်အစ်ကို။စိတ်ကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးဆုံးပါ

ကိုယ်​လုပ်​လိုက်​တဲ့​ကောင်းကျိုးဆိုးကျိုးကကိုယ်​ဆီပပြန်​လာမှာပါ

မှန်တာပေါ့။ဒါလေးကိုသတိထားပြီးဆင်ခြင်နေထိုင်ကြရမှာပါ။

သာဓကများနှင့်​ခုလို​ရေးပြလို့ဗဟုသုတရပါတယ်​....​ကောင်း​သောပို့စ်​ပါ။

အားပေးတဲ့ သူတွေရှိတော့ အားရှိတာပေါ့ဗျာ။ကျေးဇူးတင်ပါတယ်အစ်မ။

မကောင်းတာလုပ်ရင်လည်းကိုယ်ခံ ကောင်းတာလုပ်လဲကိုယ်ခံဆိုတော့ ကောင်းတာ လုပ်ရမှာပေါ့ဗျာ

အဖြေက ဒါပဲပေါ့ဗျာ

ဟုတ်ပါ့ဗျာ လူတွေက သူတို့ကိုသူတို့ မသေတဲ့လူတွေ လို့ ထင်မှားနေကြတာပေါ့ဗျာ

အတ္တတွေ များနေကြတော့ သတိပါနည်းသွားတာပေါ့ဗျာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63439.39
ETH 2545.40
USDT 1.00
SBD 2.66