ခရစ်စမတ်နေ့၏အလည်အပတ်အမှတ်တရ...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
image
မနေ့က ခရစ်စမတ်နေ့ ရုံးပိတ်ရက်လေးဆိုတော့ ကျွန်တော်တို့မိသားစု ဆွေမျိုးများ ရွှေတိဂုံဘုရားဖူးရင်း ကလေးတွေအား ကစားကွင်းပို့ရန် မြို့တွင်းခရီးတိုလေးတစ်ခု စီစဉ်၍သွားခဲ့ကြပါသည်။တူမလေးမှ ရွှေတိဂုံဘုရားတွင် မနက်အစော ပဌာန်းရွတ်ဆိုပူဇော်ချင်ပါ၍ မနက်ပိုင်း(6:00)နာရီ ကျော်လောက်တွင် ဘုရားသို့ရောက်ရှိအောင် သွားခဲ့ကြပါသည်။ပထမဦးဆုံး မြောက်ဘက်မုခ်မှတက်၍ အောင်မြေတွင် ဘုရားပန်းများ ကပ်လှူကုသိုလ်ပြုပြီး ရှိခိုးပူဇော်ကြပါသည်။
ထို့နောက် တူမလေးတို့လင်မယားမှ မြောက်ဘက်မုခ် ယက္ခမယ်တော်အား ပွဲကပ်လှူပြီး သားသမီးလိုချင်နေကြ၍ သားဆုပန် ကန်တော့ကြလေသည်။
image
ရွှေတိဂုံဘုရား၏မြောက်ဘက်မုခ်တွင် အောင်မြေနင်းဆုတောင်းပြီးပါက ထိုအနီးတွင် လူအများအာရုံစိုက်လေ့ရှိသော နောက်အကြောင်းအရာတစ်ခုမှာ ယက္ခမယ်တော်ဖြစ်ပါသည်။
ဘုရား၏မြောက်ဘက်မုခ် ယက္ခမယ်တော်သည် များသောအားဖြင့် စီးပွားရေးသမားများ.. ယဉ်ယန္တရားမောင်းသူများ.. သားသမီးလိုချင်၍သားဆုပန်သောသူများ.. အစရှိသဖြင့် မိမိလိုအပ်သောအရာအတွက် ယက္ခမယ်တော်ထံသို ယုံယုံကြည်ကြည် လာရောက်ပူဇော်လှူဒါန်း ဆုတောင်းကြခြင်းဖြစ်ပါသည်။
ဘုရားပေါ်တွင် တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်မင်းသား--မင်းဦး..ရုပ်ရှင်မင်းသမီး-- မြတ်ကေသီအောင်..myanmar Idol မင်းသား--ကျော်ထက်အောင်.. အခြားတက်သစ်စ model မင်းသမီးများမှာလည်း မနက်အစောတွင် ဗီဒီယိုရုပ်ရှင်ဇတ်ကားတစ်ခုအတွက် အောင်မြေတွင် ကန်တော့ ဆုတောင်းခြင်းများနှင့်အတူ ယက္ခမယ်တော်ထံတွင်လည်း ကန်တော့ဆုတောင်းခြင်းများ ပြုလုပ်နေသော အချိန်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဘုရားမြောက်ဘက်မုခ်တွင် မနက်အစောဖြစ်သော်လည်း မင်းသားမင်းသမီးများနှင့် ဓါတ်ပုံတွဲရိုက်ချင်ကြသောပရိသတ်များ စည်းကားနေပြီ ဖြစ်ပါသည်။
ကျွန်တော်၏တူမများကလည်း ရုပ်ရှင်မင်းသား မင်းသမီးများနှင့် ဓါတ်ပုံတွဲရိုက်နေကြခြင်းဖြင့် အလုပ်များနေခဲ့ကြပါသေးသည်။
ထို့နောက် တောင်ဘက်မုခ်အနီး ဘုရားရင်ပြင်တော်ပေါ်ရှိ ဆယ်တော်မူဘုရားတွင်လည်း ဝင်ရောက်ကုသိုလ်ပြုဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
image
ရင်ပြင်တော်ပေါ်၌ စိတ်တိုင်းကျ အေးအေးဆေးဆေး လှူဒါန်းကုသိုလ်ပြုဆုတောင်းပြီးသောအခါ ကလေးငယ်များအတွက် တောင်ဘက်မုခ်မှဆင်းပြီး Happy World ကစားကွင်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။ကစားကွင်းတွင် ခရစ်စမတ်နေ့ဖြစ်သောကြောင့် ခရစ်စမတ်အရုပ်ကြီးများ.. ခရစ်စမတ်အလှသစ်ပင်များ..ခရစ်စမတ် ဘိုဘိုးကြီးများစသည်ဖြင့် လှလှပပ စိတ်ဝင်စားအောင် ခင်းကျင်းထားသဖြင့် ဓါတ်ပုံ selfie ရိုက်နေကြသော သူများဖြင့် စည်ကားလျက်ရှိပါသည်။
ကလေးများသည် ကစားကွင်းတွင် ကစားနည်းများစုံလင်လှ၍ အားရပါးရ ပျော်ရွှင်စွာ ကစားခဲ့ကြပြီး ညနေစောင်းမှ အိမ်သို့ပြန်ခဲ့ကြပါတော့သည်။
ထို့ကြောင့် မိမိတို့ဆွေမျိုးမိသားစုများသည် မနေ့က ခရစ်စမတ်နေ့ ရုံးပိတ်ရက်အား ရွှေတိဂုံဘုရားဖူးခြင်း..ကလေးငယ်များအား ကစားကွင်းပို့ပေးခြင်းများဖြင့် အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးခဲ့ပါကြောင်း ခရစ်စမတ်နေ့ လည်ပတ်ခဲ့ပုံလေးအား ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
image
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
#all photos credited by @uthantzin

Sort:  

Hapoy christmas ပေါ့

Posted using Partiko Android

ဟုတ်တယ် bro;ပိတ်ရက်တွေဆို မိသားစုတွေ လျှောက်လည်ဖြစ်နေတာများတယ်။29.12.18နေ့ကနေ 31.12.18 အထိ ကျိုက်ထီးရိုးခရီးစဉ်ကို အားလုံးစီစဉ်ထားပြီးသွားပြီအစ်ကို။Merry christmas ပြီးတော့ Happy New Year ပေါ့အစ်ကို။

ကျ​နော်​​တော့ဘယ်​မှမလည်​ဖြစ်​ဖူးဗျာ

ကိုယုက အလုပ်တွေကြီး ကြိုးစားနေလို့ဖြစ်မှာပါ။

မိသားစု စိတ်အပန်းပြေစေတာပေါ့

ဟုတ်တယ်အစ်မ စိတ်အပန်းပြေပြီးပျော်ရွှင်ရပါတယ်။ကျေးဇူးပါနော်။

ခရစ်​စမတ်​မှာမိသားစုအလည်​အပတ်​သွားကြတာဖတ်​ရင်းနဲ့​ပျော်​စရာပါ....

Posted using Partiko Android

ဟုတ်ကဲ့အစ်မ ကျေးဇူးပါခင်ဗျာ။

ခရစ်​စမတ်​မှာမိသားစုအလည်​အပတ်​သွားကြတာဖတ်​ရင်းနဲ့​ပျော်​စရာပါ....

Posted using Partiko Android

Hi, @uthantzin!

You just got a 0.01% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

ပျော်ရွှင်ပါစေခရစ်စမတ်နေ့လေးထဲ😘😘

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 64052.62
ETH 2530.03
USDT 1.00
SBD 2.65