ရေကြည်ရဖို့ "အချိန်"ပေးပါ...!

in #myanmar8 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းရင်း...
ဒီစာလေးကိုလည်း အားပေးကြပါအုံးခင်ဗျာ။
581cebbee0e488060a9e3cc6aa3fde1d--promotion-paulo-coelho.jpg
Crd-org-source
**တစ်ခါက ပညာရှိအဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုအတူတူ ထွက်ခဲ့ကြပါတယ်။လမ်းခရီးရဲ့ တစ်နေရာ တောနက်လာတော့ သူတို့လည်း ခဏနားရန်ဆုံးဖြတ်လိုက်ကြပါတယ်။နားနေကြရင်း အဖိုးအိုက ရေသောက်ရန်အတွက် ယူဆောင်လာသောရေကုန်ပြီဖြစ်၍ မလှမ်းမကမ်းမှာရှိနေတဲ့ ရေအိုင်မှာ ရေခပ်ရန် သူ၏တပည့်များအား စေညွှန်လိုက်လေ၏။တပည့်များမှာလည်း ဆရာကြီးခိုင်းတဲ့အတိုင်းရေခပ်သွားကြလေ၏။သို့သော် ရေအိုင်မှာ မကြာသေးခင်က သမင် ဒရယ်များ ရေသောက်ဆင်းသွားသဖြင့် ရေများနောက်နေသောကြောင့် တပည့်များမှာ ရေမခပ်ခဲ့ပဲ ပြန်လာကြလေသည်။အဖိုးအိုလည်း ဘာမှမပြောပဲ တိတ်တိတ်ဆိတ်ဆိတ် အနားယူနေ၏။ထို့နောက် တစ်နာရီလောက်ကြာသွားသောအခါ အဖိုးအိုမှ တပည့်များအား ရေမရသေးသဖြင့် ရေသွားခပ်ရန် ထပ်မံပြောဆိုခိုင်းစေပြန်၏။ထိုအခါ ရေအိုင်မှ ရေမှာ အနည်ထိုင်ပြီး ကြည်လင်သောရေများဖြစ်နေပြီဖြစ်သဖြင့် တပည့်များက ရေများကိုခပ်၍ယူဆောင်လာကြလေသည်။
အဲဒီနောက် အဖိုးအိုက တပည့်တို့... "ကြည်လင်သောရေများရရှိရန် တပည့်တို့ ဘာလုပ်လိုက်ရသလဲ" ဟု မေးလေတော့၏။တပည့်အားလုံးမှလည်း..."ဘာမှ မလုပ်လိုက်ရပါ"ဟု ပြန်ပြောကြလေသည်။ထိုအထဲမှ တပည့်တစ်ယောက်က "အချိန်စောင့်လိုက်ရပါသည်"ဟု ပြန်ဖြေသံထွက်လာ၏။ဒီတော့မှ အဖိုးအိုက အေး...ဟုတ်တယ် တပည့်... "အချိန်တစ်ခုစောင့်လိုက်ရပါတယ်" လို့ ပြန်လည် ပြောပြလေတော့သည်။
success-the-best-revenge-gym-and-money-have-them-haters-10058560.png
Crd-org-source
ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့် မည်သည့်ကိစ္စမဆို မိမိတို့လုပ်မည့်ကိစ္စ၏ အခြေအနေ အချိန်အခါ အတိမ်အနက်ကိုလိုက်၍ အချိန်လိုအပ်တာလား...ငွေလိုအပ်တာလား...လူအင်အားလိုအပ်တာလား...လေ့လာသင်ယူစရာပညာတွေလိုအပ်နေသေးတာလား...ကြိုးစားအားထုတ်မှုလိုအပ်တာလား စသည်ဖြင့် အခြားလိုအပ်သောအချက်များအားသိရှိပြီး စနစ်တကျ ဆောင်ရွက်ကြရန်ဟုမှတ်ယူရပါမည်။ပုံပြင်လေး၏အဓိပ္ပါယ်အရ ရေခပ်ခိုင်းသော်လည်း ရေဘာကြောင့်နောက်နေရတာလဲ... သားကောင်တွေ ရေဘယ်အချိန်ဆင်းသောက်သွားတာလဲ...ရေအိုင်အနီးနားမှာနေ၍မိမိတို့ရေကြည်ရရှိအောင် ရေသောက်ဆင်းနိုင်မည့်သားကောင်းမလာနိုင်စေရန် စောင့်ရှောင့်ခြင်းစတဲ့ လိုအပ်ချက်များအား သိရှိပြီး အချိန်အတိုင်းအတာတစ်ခုစောင့်လိုက်ရသည်ဟု ပုံဖော်၍ရနိုင်ပါသည်။သူပေးတဲ့ သာဓက အလိုက်ရေကြည်ရရှိရန်အတွက် အချိန်ပေးလိုက်ရပါသည်ဟုပြောခြင်း ဖြစ်ပေသည်။
ဒီလိုပဲ ကျွန်တော်တို့ စတီးမစ်လမ်းကြောင်းပေါ်ရှိ ညီအစ်ကိုမောင်နှမ များအားလုံးသည်လည်း ရေကြည်ကို တစ်ခါတည်းအဆင်သင့်ရဖို့ဆိုတာ မိမိတို့ဘက်မှ လိုအပ်သည်များ ကြိုးစားဆောင်ရွက်ရင်း စနစ်တကျ လုပ်ဆောင်မှသာ ရေကြည်နှင့်တူသော... မိမိတို့လိုချင်သော steem ပမာဏများရရှိ၍  ပျော်ရွှင်ကြရမည်ဖြစ်ကြောင်း... ဤကဲ့သို့ ကြိုးစားဆောင်ရွက်ရင်း ပေးရသောအချိန်သည် အချိန်ကိုတန်ဖိုးရှိစွာအသုံးပြုခြင်းဖြစ်ပါသဖြင့် ထိုကဲ့သို့သောအချိန်ကိုတော့ မိမိတို့အနေဖြင့် ပေးရမည်ဖြစ်ပါကြောင်း...
အောင်မြင်မှု၏နောက်ကွယ်တွင် မိမိ၏ယုံကြည်ချက်...မိမိ၏ကြိုးစားမှု...မိမိ၏အချိန်...စသော အချက်အလက်တွေကို မပေးဆပ်ပဲ မည်သို့သောအောင်မြင်မှုမှမရနိုင်ကြောင်း...မိမိတို့ ပြုလုပ်သောကိစ္စအကြီးအသေးအလိုက် အခြေအနေ အချိန်အခါ အတိမ်အနက်ကိုလိုက်ပြီး ခွဲခြားဆုံဖြတ်၍ စနစ်တကျ လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း မိမိဖြစ်ပေါ်လာသော အတွေးများအား ရေးသားမျှဝေလိုက်ရပါတော့သည်။
Make-Believe-Succeed-with-A-Handcrafted-Business.jpg
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

ဟုတ်တယ် မှန်ပါတယ်. ဥဥ ရေကြည်ဖို့ဆိုတာ အချိန်တစ်ခုတော့. ပေးသင့်ရမှာပေါ့လေ .. 😊

ဒါပေါ့ ချစ်ဆုံးရာ။ပေးသင့်တာတော့ပေးရမှာပေါ့

ရေကြည်အောင် စောင့်ရမယ် bot သုံးတယလဲ အာ့လိုပဲ အချိနိကောင်းကိုကြည့်ရမယ်💪💪

ခေါင်းများများမူးရအုံးမှာပေါ့နော်မမ။

You got a 100% upvote from @steempowergroup1 courtesy of @uthantzin! It is a cool free !

Thank you so much.

you received an up vote from danlupi with voting power of 39.03%. Estimated dollar amount of $2.2

အချိန်ကောင်းကိုစောင့်ရမယ်လေ😁😁

မှန်တာပေါ့အစ်ကိုရာ

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.088
BTC 59366.43
ETH 1561.59
USDT 1.00
SBD 0.42