လောဘစိတ်...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ပတ်တော့ လောဘစိတ်နဲ့ပတ်သက်ပြီး တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ပြန်လည်ရေးသား မျှဝေပေးခဲ့ချင်ပါတယ်။
image
Crd-org-source
ကျွန်တော်တို့ လူ့လောကကြီးထဲမှာရှိတဲ့ ပုထုဇဉ်လူသားအားလုံးဟာ လောဘ ကိုယ်စီရှိကြပါတယ်။အစားအသောက်အတွက် လောဘ..
အဝတ်အထည်အတွက် လောဘ..
အနေအထိုင်အတွက် လောဘ..စသည်ဖြင့် မြောက်များစွာသော လိုချင်သောအရာများအတွက် လောဘတွေနဲ့ မိမိတို့ဘဝ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ရှင်သန် နေထိုင်လျက်ရှိကြပါသည်။
ဒါကြောင့် မိမိတို့ သဘာဝအလိုက် လောဘ အနည်းအများသာ ကွာခြားနိုင်ပါသည်။သင့်တင့်တဲ့ လောဘတော့ရှိနေကြမှာပါ။ဒါပေမဲ့
လောဘတွေအားကြီးလာသောအခါ အမှားအမှန်ခွဲခြားနိုင်စွမ်းအား လျော့နည်းသွားပြီး အမှားများပြုလုပ်မိတတ်ကြပါသည်။
ဒီလို လောဘနဲ့ပတ်သက်ပြီး သတိထားနိုင်ကြစေရန်  ကျွန်တော်တို့စက်ရုံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေနဲ့ မီးမောင်းထိုးပြခဲ့ချင်ပါတယ်ခင်ဗျာ...။
image
Crd-org-source
*လွန်ခဲ့သော ရှစ်နှစ်ခန့်လောက်က ကျွန်တော်တို့စက်ရုံ၏စက်ရုံမှူးအတွက် ကားမောင်းပေးသော ဒရိုင်ဘာတစ်ဦးအကြောင်းလေးပဲဖြစ်ပါတယ်။သူဟာ စက်ရုံမှူး၏လုပ်ငန်းကိစ္စများသွားရန်အတွက် ကားမောင်းပေးရပြီး တစ်ခါတစ်ရံ လုပ်ငန်းလိုအပ်ချက်အရ လစာထုတ်ရက်များတွင် account ဌာနမှ ငွေစာရင်းအရာရှိနှင့်အတူ လစာထုတ်ရန် ကားမောင်းပို့ဆောင်ပေးရလေ့ရှိပါသည်။
ထိုသို့ လုပ်ကိုင်ဆောင်ရွက်ကြရင်း တစ်နှစ်ခန့်ကြာသောအခါ ထိုကားဒရိုင်ဘာဟာ လစာထုတ်ရန်  ရုံးချုပ်သို့ကားမောင်းပို့ပြီး  လစာငွေများယူဆောင်ကာ account အရာရှိနှင့်အတူ စက်ရုံသို့အပြန် လမ်းတွင် account အရာရှိမှ ပစ္စည်းတစ်ခုဝယ်ရန် ရှစ်မိုင်နားတွင် ကားရပ်ပြီး ဆိုင်ထဲသို့ ဝင်ရောက်ပစ္စည်းဝယ်လေသည်။ဝယ်ယူမည့်ပစ္စည်းမှာ သိပ်မကြာလောက်သဖြင့် account အရာရှိမှ ကားသမားအား ကားပေါ်တွင် ပိုက်ဆံများရှိ၍ ခေတ္တစောင့်ပေးရန် မှာကြားပြီး ဆိုင်ထဲသို့ သွားရောက်ခဲ့လေသည်။သို့သော် ပစ္စည်းဝယ်ပြီး ပြန်ထွက်လာသောအခါ ကားမှာ မရှိတော့ဘဲ ထွက်ပြေးသွားကြောင်း.. လစာငွေများပါသွားကြောင်း စက်ရုံသို့ဖုန်းဝင်လာပါတော့သည်။
ခင်မင်ရင်းနှီးပြီးသား လုပ်ဖော်ကိုင်ဖက်လည်းဖြစ်.. အချိန်ခဏသာကြာမည်ဖြစ်တာကလည်းတစ်ကြောင်းကြောင့် ကားမောင်းထွက်ပြေးမည်ဟု မထင်မိသော်လည်း ကားမောင်းသမားဟာ ပိုက်ဆံတွေမြင်ပြီး လောဘစိတ်ကိုမထိန်းနိုင်ဘဲ ထွက်ပြေးယူဆောင်သွားခြင်းဖြစ်ပါသည်။
ထို့နောက်မှ ရဲစခန်းတွင် အမှုဖွင့်ပြီး အားလုံးကြိုးစားကြသောအခါ သုံးလေးရက်မြောက်တွင် နယ်စပ်ရှိ သူ၏ဆွေမျိုးများရွာတွင် လက်ရဖမ်းဆီးမိခဲ့ပါသည်။
ဤအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် ပိုက်ဆံများကို မြင်မိသောအခါ မိမိ၏လောဘစိတ်ကို မထိန်းနိုင်ဘဲ.. အမှားအမှန်မခွဲခြားနိုင်တော့ဘဲ မမှန်ကန်သောနည်းဖြင့် လောဘတက်ပြီး ထွက်ပြေးယူဆောင်သွားခြင်းကြောင့် မိမိဘဝ ပိုမိုဆိုးရွားသောအခြေအနေများ ထပ်မံရရှိခံစားခဲ့ရခြင်းဖြစ်ပါသည်။ထိုသူသည် အဖမ်းခံရပြီး ထောင်ကျသည်အထိဖြစ်ခဲ့ရပါသည်။
ထို့ကြောင့် တဒင်္ဂဖြစ်ပေါ်လာသော လောဘစိတ်ကို ကောင်းစွာမထိန်းချုပ်နိုင်ပါက ထိုကဲ့သို့သော အဖြစ်ဆိုးများ ရရှိလာမည်ဖြစ်ပါသည်။
image
Crd-org-source
**နောက်အဖြစ်အပျက်လေးတစ်ခုက မန်နေဂျာတစ်ယောက်၏ အဖြစ်အပျက်လေးပဲ ဖြစ်ပါတယ်။
သူဟာ စက်ရုံတွင်းမှာ သူခေါင်းဆောင်ပြီး ငွေစုချင်သော လုပ်ဖော်ကိုင်ဖက်များအားစုပေါင်း၍ လအလိုက် ငွေထည့်ဝင်ခြင်းဖြင့် ဆုမဲ ကိုင်ခြင်း ပြုလုပ်ပါသည်။ထိုသို့လုပ်ရင်း ကြာလာသောအခါ ဆုမဲရက်ထုတ်ရန် ဆုမဲချိန်ရောက်လာရင် ငွေတွေလိုက်လံစုပြီး ငွေမလည်ဘဲ ငွေမပြည့်သောအခြေအနေ အခက်အခဲလေးတွေ ဖြစ်လာပါသည်။မိမိလက်ထဲတွင် လွယ်လွယ်ရှိနေ၍ ကိုယ်ရေးကိုယ်တာအတွက် သုံးမိတာမျိုးလည်း ပါလာသောကြောင့်ဖြစ်မည်ထင်ပါသည်။
ဒီလိုနဲ့ တဖြည်းဖြည်းကြာလာသောအခါ ဆုမဲတစ်ဦးထုတ်ရန်အလှည့်တွင် ငွေများမပြည့်တော့သဖြင့် လက်ဝယ်ရှိနေသောငွေများပါမပေးတော့ဘဲ ထိုငွေများပါယူဆောင်ပြီး ထွက်ပြေးတဲ့အဆင့်ထိ ရောက်သွားခဲ့ပါသည်။
ထို့ကြောင့် မိမိတို့၏ဘဝတွင် မည်သို့သော အခက်အခဲ အခြေအနေများ ရှိသည်ဖြစ်ပါစေ မိမိတို့၏လောဘစိတ်ကို ထိန်းပြီး အကောင်းဆုံး ဖြေရှင်းဆောင်ရွက်ရမှာပါ။
ရှိသင့်ရှိထိုက်တဲ့ လောဘစိတ်တော့ အထိုက်အလျောက် ရှိနေကြမှာပါ။
လောဘအရမ်းကြီးပါက အလိုကြီးပြီး အရနည်းနိုင်ပါကြောင်း...
သို့ဖြစ်ပါ၍ မတော်လောဘစိတ်ဖြစ်ပြီး လောဘအရမ်းကြီးမိပါက အမှားအမှန်ခွဲခြားနိုင်စွမ်းမရှိတော့ဘဲ မိမိဘဝပျက်ပြားသွားစေနိုင်တဲ့အတွက် အသိညဏ်ဖြင့် ခွဲခြားဆင်ခြင်ကြရမှာဖြစ်ပါကြောင်း...
လောဘစိတ်အား ထိန်းချုပ်ပြီး မှန်ကန်စွာ ဖြင့် မိမိဘဝ..မိမိသမိုင်းအား ကောင်းမွန်စွာ ဖန်တီးပုံဖော်နိုင်ကြစေရန်အလို့ငုာ ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
image
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

တဒင်္ဂ လောဘစိတ်ကို မထိန်းနိုင်ရင် အကျိုးနည်းစေပါတယ်။ဒေါသလည်း ဒီအတိုင်းပါဘဲ ။လေးစားလျက်

ဟုတ်တယ်အစ်ကိုမဟော်ရေ အကောင်းဆုံး ထိန်းချုပ်ပြီး သတိထား ကြိုးစားနေထိုင်သွားကြတာပေါ့ဗျာ။ကျေးဇူးတင်ပါတယ်အစ်ကို။

လောဘကြောင့် လူ့လောကကြီးပျက်စီးနေတာပါပဲ

လောကကြီးကိုပျက်စီးစေသော အကြောင်းအရင်းတစ်ရပ်ဆိုတာ မှန်ကန်လှပါတယ်။

လောဘတော့ ရှိဆဲပါ နေရာမှန်ပဲ သုံးနေရတယ်

Posted using Partiko Android

ဟုတ်ပါတယ်အစ်ကို ကျွန်တော်တို့လည်းအတူတူပါပဲအစ်ကို။

လောဘစိတ်​​ကြောက်​စရာပါ...ကား​မောင်းသမားဆိုလည်း​လောဘစိတ်​​ကြောင့်​ပြုလုပ်​ပြီး၊ဒီ​ငွေ​တွေနဲ့​ဘယ်​​လောက်​ပုန်း​နေနိုင်​မလဲ...

Posted using Partiko Android

ဟုတ်ပါ့အစ်မရေ မကောင်းတာလုပ်ရင် တစ်နေ့မလွဲမသွေ မကောင်းကျိုးပြန်လာမှာပဲလေ။သတိမထားမိဘူး ဖြစ်ပါလိမ့်မယ်။

လူဆိုတာလည်း ​လောဘသား​တွေမို့ 😁

Posted using Partiko Android

ဟုတ်တယ်ဗျ အဲဒါကြောင့် သတိတရားလေးနဲ့ နည်းမှန်လမ်းမှန် လုပ်ကိုင်ဆောင်ရွက်ကြရမှာပါ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63191.06
ETH 2551.41
USDT 1.00
SBD 2.65