အေးချမ်းသောနေ့တစ်နေ့...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ပြီးခဲ့တဲ့  sunday ရုံးပိတ်ရက်လေး မှာ လုပ်ဖြစ်သွားတဲ့ ကုသိုလ်လေးတွေ ပြောပြချင်ပါတယ်။

Screenshot_2018-08-28-18-21-25-1.png
#photo credited by @uthantzin

ပုံမှန်အားဖြင့် ရုံးပိတ်ရက်တွေမှာ အပြင်သွားစရာကိစ္စ.. အခြားလုပ်စရာများနှင့် သိပ်အားလေ့မရှိပါ။
ပြီးခဲ့တဲ့ ရုံးပိတ်ရက်လေးမှာတော့ အပြင်သွားစရာလည်းမရှိသဖြင့် စိတ်လေးငြိမ်ပြီး အေးအေးချမ်းချမ်းလေးဖြစ်အောင် မနက်ပိုင်းလေးမှာ ဘုရားကျောင်းဆောင် နှင့်  ကျောင်းဆောင် ပတ်ပတ်လည် နေရာများအားသန့်ရှင်းခြင်း..ဘုရားပန်းအိုး.. ဘုရားပန်း.. သောက်တော်ရေချမ်းများ လဲလှယ်ခြင်း.. အောင်အိုးအောင်သပြေလဲလှယ်ခြင်း..များကို အားလုံးစိတ်တိုင်းကျ သန့်ရှင်းလဲလှယ်ပြီးသောအခါ ဘုရားဆီမီးကပ်လှူခြင်း.. ဘုရားဆွမ်း ဆွမ်းဟင်းကပ်လှူခြင်း စသော မိမိပြုလုပ်သော ကောင်းမှုကုသိုလ်များကို ဘုရားရှိခိုး တရားထိုင်ပြီး အမျှအတန်းပေးဝေခြင်းများဖြင့် စိတ်အေးချမ်းစွာ ဖြတ်သန်းလုပ်ဆောင်ခဲ့ပါသည်။

Screenshot_2018-08-28-18-20-57.png
#photo credited by @uthantzin

နေ့လည်ပိုင်းမှာတော့ ကျွန်တော်တို့ဝန်ထမ်းအိမ်ရာ ကိုယ်ထူကိုယ်ထ ပတ်လမ်းကွန်ကရစ်ခင်းရာတွင် ဝိုင်းဝန်းကူညီလုပ်ဆောင်ခဲ့ပါသည်။
လမ်းခင်းရာတွင်လည်း သဲသယ်သူကသယ်.. ဘိလပ်မြေသယ်သူကသယ်.. ဘိလပ်မြေဖျော်သူကဖျော် နှင့် ဟန်ချက်ညီစွာ လုပ်ဆောင်နေကြသည်မှာ စိတ်ကြည်နူးစရာကောင်းပြီး ဝမ်းသာပီတိဖြစ်မိပါတယ်။
ထိုသိုလမ်းခင်းရာတွင် တစ်ချို့လူများမှာ လမ်းခင်းကုသိုလ်ယူချင်သောသူများဖြစ်၍ မိမိအိမ်နှင့်ဝေးသော်လည်း လာရောက်၍ကုသိုလ်ယူလုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။
ထို့အပြင် လမ်းခင်းရာတွင် ဝိုင်းဝန်းလုပ်ဆောင်ကြသောသူများအား အမောပြေ သာကူတိုက်ကျွေးမည်ဖြစ်ပါသဖြင့် လိုအပ်သည်များ လုပ်ဆောင်လျက်ရှိနေကြပါသေးသည်။အုန်းသီးခြစ်တဲ့သူကခြစ်..မီးမွှေးတဲ့သူကမွှေး.. အမိုးလုပ်တဲ့သူကလုပ် စသည်ဖြင့် ကိုယ့်အသိစိတ်နဲ့ကိုယ် လိုအပ်သလို လုပ်ဆောင်နေကြပါသည်။
ထိုကဲ့သို့ ပျော်ပျော်ရွှင်ရွှင် တက်ညီလက်ညီ ဖြင့် အများနှင့်ဆိုင်သောကိစ္စရပ်တွေကို အားတက်သရော လုပ်ဆောင်ကြသည့်စိတ်ဓါတ်များဟာ  လေးစားဂုဏ်ယူစရာကောင်းလှပါသည်။
အားလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်တတ်သောစိတ်ဓါတ်များရှိမှသာ မိမိတို့ဆောင်ရွက်သော ကိစ္စရပ်များ ပြီးမြောက်အောင်မြင်ပြီး ပျော်ရွှင်အေးချမ်းကြရမှာ ဖြစ်ပါသည်။

20180826_150912-2.jpg
#photo credited by @uthantzin

**ကိုယ်ထူကိုယ်ထ လမ်းလေးအား ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြသော ညီအစ်ကိုမောင်နှမများအားလုံး၏စိတ်ဓါတ်များကို လေးစားနှစ်သက်မိပါကြောင်း...
**ဒီလိုမျိုး မိမိတို့ရပ်ကွက်..မိမိတို့မြို့နယ်.. မိမိတို့ တိုင်း..နိုင်ငံအထိ အားလုံးစည်းလုံးညီညွတ်စွာ စုပေါင်းလုပ်ဆောင်တတ်တဲ့အလေ့အထများ နှင့် ဆောင်ရွက်ကြပါက အေးချမ်းပျော်ရွှင်သော အနာဂတ်ကို ရရှိပိုင်ဆိုင်ကြမှာ ဖြစ်ပါကြောင်း...
**ပြီးခဲ့သောsunday ရုံးပိတ်ရက်လေးတွင် မိမိဖြတ်သန်းခဲ့သော အေးချမ်းပီတိဖြစ်စရာများအား  ပြန်လည်မျှဝေရေးသား လိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအာလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

ငြိမ်းချမ်းတဲ့ တနင်္ဂနွေလေးပါဘဲ ဒီထက်မက လှူ ဒါန်းနိုင်ပါစေ

ဟုတ်ကဲ့ပါခင်ဗျာ ကျေးဇူးတင်ပါတယ်အစ်မ။

ယူတတ်ကုသိုလ်

ဟုတ်ပါတယ်ခင်ဗျာ။ယူတတ်ရင် ကုသိုလ်တွေဖြစ်ပြီး စိတ်အေးချမ်းမှုတွေ ရလာတာပေါ့။

သာဓု ၃ကြိမ်ပါ

ဟုတ်ကဲ့ပါအစ်မ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Sundayရဲ့​အေးချမ်းပီတိဖြစ်​တာကိုပြန်​လည်​​ဝေမျှလို့ဖတ်​ရင်​​အေးချမ်းရပါတယ်...​ကောင်းပါတယ်​​....

ဟုတ်ကဲ့ပါခင်ဗျာ ကျေးဇူးတင်ပါတယ်။

ဆီမီး ပငှာန်းပူစော်ထားတာလား အကိုသန့်ရေ
Sunday မှာ ကုသိုယ်တွေရပြီပေါ့

ဟုတ်ပါတယ်ညီရေ sunday အားတဲ့ရက်လေးဆိုတော့ ပိုပြီးအားထည့် လုပ်နိုင်ခဲ့တာပေါ့။

ကုသိုလ်‌‌တွေ တိုးပွား‌သော‌နေ့တစ်‌‌နေ့ ‌ပေါ့ ကိုသန့်‌။

ဟုတ်ပါတယ် အစ်ကိုမဟော်။ပိတ်ရက်လေးဆိုတော့ အချိန်ပိုပေးနိုင်တယ်လေ။

နေ့စဉ်နေ့တိုင်း ကုသိုလ်ရနေစေတဲ့ ကုသိုလ်လေးပါ သာဓုခေါ်ပါ၏

ဟုတ်ကဲ့ပါခင်ဗျာ။နေ့စဉ်ရနိုင်သော ကုသိုလ်လေးတွေပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လမ်းခင်းကုသိုလ်ယူရင် နတ်သားဖြစ်တယ်တဲ့😁

ဟုတ်ပါ့မတ်မတ်ရေ။ကုသိုလ်လေးလည်းရ နတ်သားလေးလည်းဖြစ်ပေါ့။

သောကတွေကြောင့် စာမရေးနိုင်သေးဘူးဗျာ

ဟုတ်လားအစ်ကို။ကျွန်တော်သတိရနေပါတယ်ခင်ဗျာ။အစ်ကို့ သောကတွေမြန်မြန်ငြိမ်းအေးပါစေလို့ ဆုတောင်းနေပါ့မယ်ခင်ဗျာ။အစ်ကိုပြောတော့ ဘာကိစ္စမှန်းမသိပေမယ့် စိတ်မကောင်းလဲဖြစ်မိပါတယ်။

ပျော်ရွင်စရာပိတ်ရက်လေးပါပဲဗျာ

ဟုတ်ပါတယ်အစ်ကို ကုသိုလ်လေးတွေနဲ့ ပျော်စရာကောင်းသောနေ့ပါ။

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66361.53
ETH 3253.14
USDT 1.00
SBD 4.43