ကျွန်တော် နှင့် Drugwars Game...!
အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်၏ motivation အားနည်းချက်ကြောင့် MSC တွင် post မတင်ဖြစ်ဘဲ ဟန်ချက်ပျက်နေပါ၍ အဖွဲ့သားအားလုံးအား တောင်းပန်ခြင်းနှင့်အတူ postတင်ရန် စာကြမ်းရေးထားပြီးသော်လည်း အချောသတ် postမတင်ဖြစ်သေးပါ။ ဒီနေ့တော့ ရေးချင်စိတ်ဖြစ်နေသော
ကျွန်တော် နှင့် Drugwars Game ၏လက်ရှိအခြေအနေလေးများကို အနည်းငယ်ပြောခဲ့ပါရစေ။
ကျွန်တော် drugwars game ကို ဆော့ခဲ့တာ အခုဆိုရင် 10 steems ခန့်အမြတ်ရရှိပြီးဖြစ်ပါသည်။
Headquarters လေး upgradeတင် / drugs လေးတွေများများထုတ်နိုင်အောင် upgrade တင် စသည်ဖြင့် weapon ; alcohol တို့ကိုလည်း အလားတူပြုလုပ်ပြီး နေ့စဉ်ထွက်ရှိလာသော drugs တွေကို Heist မှာ invest လုပ်ပြီး steem လေးတွေ အေးအေးဆေးဆေး အမြတ်ယူနေခဲ့ပါသည်။
သို့သော် Drugwars game မှ battles အပိုင်း Enable ဖြစ်ပြီး တိုက်ပွဲတွေ စစ်ပွဲတွေ စတင်တိုက်ခိုက်လို့ရသွားသောအခါ ယခင်အေးအေးဆေးဆေး အမြတ်ယူလို့ရသောအခြေအနေများ ပျောက်ဆုံးသွားခဲ့ပြီလို့ ပြောလို့ရနေပါပြီ။ ကျွန်တော့အတွက်တော့ စစ်တိုက်ရန်စိတ်ကူးမရှိ...CoC game လည်းမဆော့ဘူးခဲ့တော့ စစ်သားနှစ်ယောက် Bouncer (2-unit )သာဝယ်ထားခဲ့မိပါတယ်။
စစ်တိုက်လို့ရတဲ့ စစချင်းနေ့မှာပဲ စစ်အင်အား နှစ်ယောက်ပဲရှိတဲ့ ကျွန်တော်၏တပ်ရင်း အတိုက်ခံရပါလေရောဗျာ။စစ်အင်အားမှမရှိတာ စစ်ရှုံးတာပေါ့။ ရှိတဲ့ Drugs...weapons...alcohol အနည်းငယ်စီ ပါသွားတာပေါ့။
ပထမဦးဆုံးနေ့မှာတင် သွေးဆူနေကြသလားမသိပါဘူး နှစ်ပွဲတောင်အတိုက်ခံရပါတယ်။ဘာပြောကောင်းမလဲ အရှုံးပဲပေါ။
ဒါကြောင့် နောက်နေ့ဒီလိုမဖြစ်ရလေအောင် drugs ကို upgrade လုပ်ဖို့ရည်ရွယ်ပြီး ဆုထားတဲ့ weapon...alcohol တို့ကို စစ်သားတွေဝယ်ဖို့ စစ်အင်အားဖြည့်ဖို့ အသုံးပြုရတော့တာပေါ့။စစ်အင်အားလေး အနည်းငယ်ရှိတော့ တော်ရုံအဟန့်အတားဖြစ်အောင် မိမိ၏ထုတ်လုပ်မှုတွေကို လုံခြုံအောင်ကာကွယ်နိုင်တာပေါ့လို့ ဆုံးဖြတ်ပြီးဆောင်ရွက်ခဲ့ပါတယ်။ရှိသလောက်လေးနဲ့ ဝယ်ရတာဆိုတော့ စစ်အင်အားအနည်းငယ်ပဲရတာပေါ့။မိမိကိုယ်တိုင် သွားတိုက်ရန်မရည်ရွယ်ပဲ လာတိုက်ရင်ခံနိုင်အောင် ခံစစ်သဘောမျိုးလေး ဖန်တီးခဲ့တာပေါ့။
ဒုတိယနေ့မှာလည်း လာတိုက်တာပါပဲ။ထိုအချိန်အတွက်တော့ Draw ဆိုတဲ့ သရေရလဒ်လေးရခဲ့ပါတယ်။
တတိယနေ့မှာတော့ ဝယ်ထားတဲ့စစ်အင်အားတွေလည်း တိုက်ပွဲကြောင့်သေကုန်ပြီး မရှိတော့တဲ့အတွက် စစ်အင်အားထပ်ဖြည့်ရန် weapon နဲ့ alcohol ကလည်း သိပ်မရှိတော့ ရှိသလောက်လေး ဝယ်ထားပြီး စစ်အင်အားလေး စုဆောင်းတာပေါ့။စစ်အင်အား နည်းနည်းလေးဆိုတော့ သွေးဆာနေတဲ့သူတွေက မညှာမတာ လာတိုက်ပြန်တာပါပဲလေ။ကျွန်တော်၏ လေး ငါးယောက်လောက်ရှိတဲ့ စစ်တပ်ကို တိုက်ချင်တဲ့ သူက လောင်ချာနဲ့လာထုတော့တာပါပဲ။ အဲဒါကို သူတိုက်ဖို့လာ join ထားတဲ့အချိန်မှာ ကျွန်တော် line ဖွင့်ပြီး drugwars account အခြေအနေသွားကြည့်တဲ့အချိန်နဲ့သွားတိုးတော့ ဘယ်ရမလဲ ကျွန်တော်က ကျွန်တော့အကောင့်ထဲက drugs တွေကို invest လုပ်ထားလိုက်တာပေါ့။သူတိုက်သွားပါတယ်။ဒါပေမဲ့ သူဘာမျှ မရလိုက်ပါဘူး... စစ်ပွဲတော့သူနိုင်သွားပါတယ်။
အဲဒီအချိန်မှာ သူ့ကိုနိုင်အောင်လုပ်ဖို့ အကောင့်ထဲမှာရှိတဲ့ဟာနဲ့ စစ်အင်အားတိုးဖို့ မလုံလောက်ပါ။အပြင်က steemနဲ့ ဝယ်ပြီး အနိုင်တိုက်ရန်လုပ်နိုင်သော်လည်း မလုပ်ခဲ့ပါ။ထိုစစ်ပွဲအတွက် သူလည်းဘာမျှမရတဲ့အတွက် အကျိုးမရှိသောစစ်ပွဲတစ်ပွဲဖြစ်သွားတာပေါ့။
အချုပ်အားဖြင့်ဆိုသော် ယခင်က အေးအေးဆေးဆေး drugs ထုတ်ပြီး daily reward steem နှင့် heist invest steem များကို ယူနိုင်ခဲ့သော်လည်း ယခုအခါ ဒီလိုနေလို့မရတော့ဘဲ မိမိ drugwars game account အား ခဏခဏဝင်ကြည့်ပြီး လိုအပ်သလို လုပ်ဆောင်နေရပါကြောင်း...
အခြားသော drugwars ဆော့သောသူငယ်ချင်းများအားလုံးလည်း ဘယ်လိုအခြေအနေလေးတွေ တွေ့ကြုံနေကြသလဲဆိုတာ သိချင်နေမိပါကြောင်း...
မိမိလက်ရှိဖြတ်သန်းနေရသော စစ်ပွဲ အခြေအနေအတွေ့အကြုံလေးများအား မိမိထုတ်လုပ်မှုလည်း ဆုံးရှုံးမှုမရှိစေရန် အကောင်းဆုံးဖန်တီးရင်း Drugwars game account လေးအား ကာကွယ်စောင့်ရှောက်နေရပါကြောင်း... ပြန်လည်ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
All photos credited by @uthantzin
Posted using Partiko Android
ဆရာတောင်drugwar ဆော့တပ်နေပြီ
ဟုတ်ပါ့ ကိုယုရေ ကိုယ့်ကိုလာတိုက်နေတော့လည်း မခံရအောင် ကြိုးစားပြီးကာကွယ်နေရတာပါ။သွေးဆူနေတော့ စစ်အင်အားမရှိလည်း ရသလောက်ယူမယ်ဆိုပြီး တိုက်နေကြတယ်ထင်ပါရဲ့ဗျာ။
Posted using Partiko Android
ဟုတ်ပါ့ ကိုယုရေ ကိုယ့်ကိုလာတိုက်နေတော့လည်း မခံရအောင် ကြိုးစားပြီးကာကွယ်နေရတာပါ။သွေးဆူနေတော့ စစ်အင်အားမရှိလည်း ရသလောက်ယူမယ်ဆိုပြီး တိုက်နေကြတယ်ထင်ပါရဲ့ဗျာ။
Posted using Partiko Android
ကိုယ်တွေကတော့ Defence သီးသန့်ပဲ
ဆရာတို့ကတော့ ဆရာပဲပေါ့ဗျာ။
Posted using Partiko Android
daily rewardလေးအေးအေးဆေးဆေးယူမရတော့ဘူးနော်
ဟုတ်တယ်အစ်မ အရင်လိုတော့ အေးအေးဆေးဆေးမရတော့ဘူး
Posted using Partiko Android
Hi, @uthantzin!
You just got a 0.01% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.