** အတုယူလိုက်ပါ တို့မြန်မာ..**

in #myanmar6 years ago

ကျွန်တော်ဒီအကြောင်းအရာလေးကို ဖတ်ပြီးကတည်းက အရမ်းနှစ်သက်ပြီး လေးစားစရာ ကောင်းတဲ့အတွက် အားလုံးသိရှိ ပြီး အတုယူဆောင်ရွက်နိုင်ကြစေရန် ပြန်လည်မျှဝေရေသားလိုက်ပါတယ်။အကြောင်းအရာလေးကတော့ လေးစားဂုဏ်ယူစရာကောင်းပါတယ်။အီတလီနိုင်ငံရဲ့မြို့လေးတစ်မြို့မှာဖြစ်ပါတယ်။
image
**သူငယ်ချင်းနှစ်ယောက် ကော်ဖီဆိုင်တစ်ဆိုင်ထဲသို့ဝင်ပြီးကော်ဖီနှစ်ခွက်မှာတယ်။ပြီးတော့ မလှမ်းမကမ်းမှာရှိတဲ့ စားပွဲသို့ ဆက်လျောက်သွားတယ်...
စားပွဲမှာထိုင်ဖို့ပြင်ဆင်နေတုန်းမှာပဲ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ လူနှစ်ယောက် ဝင်လာပြီး ကော်ဖီမှာပါတယ်။
မှာပုံက ကော်ဖီငါးခွက် နှစ်ခွက်က ကျွန်တော်တို့သောက်ဖို့ ကျန်သုံးခွက်က suspended (ဆိုင်းငံ့)ထားပေးပါ...
**မှာထားတဲ့ ကော်ဖီမလာသေးတာကတစ်ကြောင်း ရှေ့တည့်တည့်မှာရောက်နေတာကြောင့်တစ်ကြောင်း ကြည့်ကောင်းကောင်းနဲ့ ဆက်ကြည့်နေမိတယ်...သူတို့ကော်ဖီငါးခွက်ဖိုးရှင်းတယ်...
ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီးပြန်ထွက်သွားတယ်...
**ကြည့်နေရင်းနဲ့ သူ့သူငယ်ချင်းအားမေးလိုက်တယ်...
သူငယ်ချင်း အဲဒီ suspended (ဆိုင်းငံ့)ထားတဲ့ကော်ဖီတွေက ဘာလုပ်တာလဲ လို့ မေးတော့... သူကလည်း ငါ့သူငယ်ချင်း ဆက်စောင့်ကြည့်ကွာ မင်းတွေ့လိမ့်မယ်လို့ပြောတာနဲ့ ကျွန်တော်လည်း ဆက်မမေးမိတော့ပဲ ရောက်လာတဲ့ကော်ဖီကိုသောက်နေလိုက်ပါတယ်...
image
စိတ်ထဲမှာတော့ ဘာပါလိမ်ဆိုပြီးစဉ်းစားနေမိပါတယ်...နောက်ပြီးအမျိုးသမီးနှစ်ဦးရောက်လာတယ် ကော်ဖီ နှစ်ခွက်မှာတယ်... ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်...
ရှေ့နေသုံးယောက်ထပ်ရောက်လာတယ် ကော်ဖီခုနှစ်ခွက်မှာတယ် သုံးခွက်ကကျွန်တော်တို့သောက်ဖို့ ကျန်လေးခွက်က (ဆိုင်းငံ့)ထားလို့ပြောပြီး...ပိုက်ဆံရှင်းသွားပါတယ်...
စိတ်ထဲမှာတော့
တော်တော်လေးစိတ်ဝင်စားနေခဲ့ရပြီ...
ဒီ suspended (ဆိုင်းငံ့)ဆိုတာ ဘာလဲ???
အတွေးတွေများရင်း ဆိုင်ရှေ့က အလှအပ ရှုခင်းလေးတွေနဲ့ ဖြတ်လျှေက်သွားတဲ့သူတွေကို လိုက်ကြည့်နေမိတယ်။
အဲဒီအချိန်မှာပဲ အဝတ်အစား နွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံ လူတစ်ယောက်ဆိုင်ထဲဝင်လာတယ်...
မဝံ့မရဲနဲ့ counter နားကပ်သွားပြီး suspended coffee (ဆိုင်းငံ့ကော်ဖီ)လေးများရှိသလားဗျာတဲ့...
ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်...
ကော်ဖီတစ်ခွက်ယူပြီး ဆိုင်လေးရဲ့ချောင်ကျကျ တစ်နေရာမှာ အဲဒီပုဂ္ဂိုလ်သွားသောက်နေလေရဲ့...
အဲဒီအခြေအနေလေးကိုတွေ့ပြီး သူငယ်ချင်းဟာ အားလုံးသဘောပေါက်သွားပါတယ်...
လူတွေကသူတို့စားသောက်ဖို့အပြင် ဆင်းရဲနွမ်းပါးတဲ့သူတွေနဲ့မတတ်နိုင်တဲ့သူတွေအတွက် coffeeနဲ့စားစရာသောက်စရာတွေကိုsuspended (ဆိုင်းငံ့)အဖြစ်နဲ့ ငွေကြိုရှင်းထားကြတာပါ...
image
ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples city)ဆိုတဲ့ မြို့လေးကနေစတင်ခဲ့ပြီး အခုတော နိုင်ငံတော်တော်များကိုပျံ့နှံ့လို့နေပါပြီ...
တချို့နေရာတွေဆို ကော်ဖီတင်မကဘူး sandwich ဒါမှမဟုတ် စားစရာတွေတောင် suspended အနေနဲ့ ရနေပါပြီ...
ကျွန်တော်ဒီစာလေးကို facebook ပေါ်မှာတွေ့လို့ ဖတ်ပြီးကတည်းက စိတ်ထဲမှာ ဝမ်းသာ ကြည်နူး ပီတိမျိုးစုံ ဖြစ်ခဲ့ရတဲ့ အတွက်မဖြစ်မနေ ပြန်လည်မျှဝေမယ်လို့ စိတ်ထဲမှာဆုံးဖြတ်ပြီးရေးဖြစ်ခဲ့တာပါ။သူငယ်ချင်းမိတ်ဆွေအပေါင်းတို့လည်း ကျွန်တော်လိုမျိုး ခံစားရလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။
ဒါကြောင့် ဒီလိုမျိုး ဆင်းရဲနွမ်းပါးတဲ့ သူတွေအတွက် သူတို့ရဲ့ ကြင်နာမှု နွေးထွေးမှု မေတ္တာတရားတွေဟာ ဘယ်လောက် အတုယူစရာ လေးစားစရာကောင်းလိုက်သလဲဗျာ။နေ့စဉ်နဲ့အမျှ မိမိသွားရင်းလာရင်း စားကြသောက်ကြရင်းနဲ့ အလှူကုသိုလ်ပါတစ်ခါတည်း လုပ်ပြီးသားဖြစ်နေတာပါ။ကျွန်တော်တို့တွေဆို အလှူ ကုသိုလ်လုပ်မယ်ဆိုရင်တောင် ဘုရားသွားမှ... အလှူခံနေရာကြမှ...မွေးနေ့ရောက်မှ... ဆိုတာမျိုးလေးတွေ ရှိနေနိုင်အုံးမယ်ဗျာ။အခုတော့ မိမိနေ့စဉ် လုပ်ငန်းဆောင်တာများဆောင်ရွက်ရင်း ကော်ဖီဆိုင်သွားကြ... စားစရာဆိုင်သွားကြရင်းနဲ့ကို ကုသိုလ်လုပ်လို့ရနေတဲ့အတွက် ဘယ်လောက်ကောင်းတဲ့အရာလည်းဆိုတာစဉ်းစားကြည့်ရင် သူငယ်ချင်းတို့လည်းသိမှာပါ။ကျွန်တော်တို့ဆီက ငွေကျပ်သုံးရာ လေးရာဟာ ဘာမှမဟုတ်ပေမယ့် ဆင်းရဲနွမ်းပါးတဲ့ သူတွေအတွက် ထမင်းကိုကြက်ဥကြော်လေးနဲ့ ဖြစ်ဖြစ် ထမင်းတစ်ထုပ် suspended (ဆိုင်းငံ့)လေးများရလိုက်ရင်ဖြင့် သူတို့တွေ ဆာလောင်မှုမှ ဘယ်လောက်အေးချမ်းသွားမလဲဗျာ...
image
ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ကော်ဖီဆိုင် ထမင်းဆိုင် နဲ့ စားစားရာဆိုင်များမှ ဒီလို suspended (ဆိုင်းငံ့)လေးတွေ များလုပ်ပေးရင် ဘယ်လောက် ကျေနပ်ပီတိဖြစ်စရာကောင်းလိုက်မလဲ... ညှိုးနွမ်းနေတဲ့မျက်နှာတွေနဲ့ ဦးဦးဒေါ်ဒ်ါကိုကိုမမ ဖိုးဖိုးဖွားဖွားမှအစ ကလေးငယ်လေးတွေအတွက် စားရမဲ့သောက်ရမဲ့ တောင်းစားနေတဲ့အချိန်မှာ ဒီလိုစနစ်လေးတွေ အလေ့အထလေးတွေ လုပ်ပေးလိုက်မယ်ဆိုရင် လူသားချင်းစားနာ ထောက်ထားပြီး အေးချမ်းတဲ့ လောကလေးတစ်ခုဖန်တီးပေးသလိုလေး ဖြစ်သွားမှာပါ။
ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလိုနှစ်သက်စရာကောင်းတဲ့ အလေ့အထလေးတွေ ဆောင်ရွက်နိုင်ကြစေချင်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ထမင်းဆိုင်ပိုင်ရှင်ကြီးများနှင့် ကော်ဖီဆိုင်များမှ ဤကဲ့သို့ လေးစားအတုယူစရာကောင်းသော အလေ့အထများအား ဆောင်ရွက်နိုင်ပါရန်နှင့် ဆောင်ရွက်သင့်ပါကြောင်း အားလုံးသိရှိနိုင်ရန်အလို့ငှာ စေတနာထားတိုက်တွန်းရေသားလိုက်ရပါတော့သည်။
image
မြန်မာ့ စတီးမစ်မိသားစုများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပျော်ရွှင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
photos from facebook & google images

Sort:  

လေးစားသွားပြီ အစ်​ကို​ရေ။မနက်​ဖြန်​ကစပြီး suspended(ဆိုင်းငံ)​လေးတစ်​ခု လုပ်​သွားပါ​တော့မယ်​။ကိုယ့်​အတွက်​က မထိခိုက်​​ပေမယ့်​လိုအပ်​တဲ့သူ​တွေအတွက်​ တန်​ဖိုးရှိမှာပါ။ ကိုညီညီဝင်း ​ဖော်​ပြတဲ့ကြယ်​ငါး အ​ကြောင်း​လေးနဲ့တွဲလိုက်​ရင်​ပိုအဆင်​​ပြေမှာပါ။
ကြယ်​ငါးဇာတ်​လမ်းဖက်ရန်

ဖတ်မယ်အစ်ကို။ကျေးဇူးတင်ပါတယ်အစ်ကို။လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စလေးတစ်ခုပါ။

လုပ်​လိုက်​ပြီ အစ်​ကိုေ​ရေ။ သည်​​နေ့အတွက်​ suspanded ​လေး။ ဆိုင်​ထိုင်​တိုင်း သတိတရ လုပ်​သွား​မယ်​အစ်​ကို။

ဆိုင်းငံ့ အစားအစာများစနစ် ပေါ်ထွန်းဖို့ရာ မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ကြဖို့ ထပ်မံလှုံ့ဆော်ပေးကြပါစို့ဗျာ

ဒီလိုကောင်းတဲ့ ကိစ္စရပ်လေးတွေကိုနိုးဆော်နေရတာ တင်ကိုပဲ ဝမ်းသာ ပီတိဖြစ်နေရပါတယ်အစ်ကို။

share ပေးလိုက်ပါပြီ U thant ရေ

ကျေးဇူးတင်ပါတယ်ခင်ဗျ။

ကမ္ဘာမှာဒို့မြန်​မာ​တွေ အတုယူစရာအများကြီးပါ

ဟုတ်ပါတယ်။ယူတတ်ရင်အများကြီးရှိနေမှာအမှန်ပါ။

ခေး ကော်ဖီ သောက်ချင်တေ ဥဥ😭😭😭😭

ခေး သောက်ချင်ရင်တိုက်မှာပေါ့

ဒီလို အပြုအမူ မျိုးကို ကျွန်တော်တို့တွေ ထားတတ်အောင်ကျင့်ရမှာ အသေအချာပဲ ဒါဟာ နိုင်ငံရဲ့ icon ကိုလည်းတက်စေတဲ့ အတွက် လုံးဝ ထောက်ခံတယ်ဗျာ

ဟုတ်ပါတယ်အစ်ကို။မြန်မာနိုင်ငံမှာလည်း suspended ရှိတယ်ဆိုတာ ကမ္ဘာကသိသွားရင်တော့ နိုင်ငံရဲ့ image တက်လာမှာပေါ့

အတုယူ​လေးစားလိုက်​နာစရာ​ကောင်းမွန်​ပါတယ်​ဗျ

ဟုတ်ပါတယ်။လေးစားအတုယူစရာကောင်းပါတယ်။

အရမ်းကောင်းပြီး အတုယူသင့်သော postလေးတွေရေးတဲ့အတွက် လေးစားပါတယ်

အခုလိုအားပေးတဲ့ အတွက် အားရှိစေတာပေါ့။ကျေးဇူးတင်ပါတယ်အစ်ကို

facebookမှာလည်း ဆင်တူလေးဖတ်ဖူးတယ်ဗျာ သိပ်ကောင်းတယ်အစ်ကို ကျတော်တို့အတုယူရမယိ

ဟုတ်တယ်ဗျာ။မှတ်သားအတုယူ ပြီး လုပ်ဆောင်နိုင်အောင်ကြိုးစားကြတာပေါ့ဗျာ

တကယ်လေးစားစရာ အပြုအမူ ဆောင်ရွက်ချက်လေးများပါပဲ။ လူတိုင်းလူတိုင်းက ဒီလို အသိစိတ်ဓါတ်လေးတွေသာထားသွားရင် ကမ္ဘာကြီးဟာ လှပနေမှာပါဗျာ။

ဟုတ်ပါတယ်ဗျာ။ဒီလိုနဲ့ ကျွန်တော်တို့ကြိုးစားလုပ်ဆောင်သွားကြရမှာပေါ့အစ်ကို

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63330.55
ETH 2645.93
USDT 1.00
SBD 2.82