အသက်ကို ညဏ်စောင့်ပါသည်မိတ်ဆွေ...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
လူသားအားလုံးဟာ မိမိတို့၏စားဝတ်နေရေး..လူမှုရေး.. ကျန်းမာရေး..စသည်ဖြင့် လူ့လောကအတွင်းရှိ ဆောင်ရွက်ရန်လိုအပ်သော ကိစ္စရပ်များကို လုပ်ဆောင်ရင်း ဘဝကို ပိုမိုကောင်းမွန်အောင် ကြိုးစားဖြတ်သန်းနေကြရမှာပါ။
Memory-Power.jpg
Crd-org-source
ထိုသို့ ဆောင်ရွက်ကြတဲ့အခါ အရေးကြီးတာ အရေးမကြီးတာ အားလုံးပုံစံမျိုးစုံပါဝင်နေကြမှာပါ။ဒီလို ပုံစံမျိုးစုံတွေကို လုပ်ဆောင်နေကြရသော်လည်း မိမိတို့အတွက် အလေးအနက်ထားဆောင်ရွက်ရမည့်ကိစ္စများနှင့် အန္တရာယ်ရှိသော ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ သတိလေးနဲ့ ခွဲခြားပြီး လုပ်ဆောင်ကြရမှာပဲ ဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ပိုမိုသိလွယ်နိုင်စေရန် ဥပမာလေးများ နဲ့ တင်ပြရေးသားလိုက်ပါတယ်မိတ်ဆွေတို့...။

Road-safety-2400x1600.jpg
Crd-org-source
ဥပမာ(၁)-----
မိမိသည် ခရီးသည်တင်ယဉ်လိုင်းကား(သို့) taxi မောင်းသမား တစ်ယောက်ဖြစ်တယ်ဆို့ပါစို့...။
မိမိဟာ နေ့စဉ်နဲ့အမျှ ကားမောင်း၍ စီးပွားရှာနေရသဖြင့် ကားမောင်းတဲ့အခါ စိတ်ကိုအေးအေးချမ်းချမ်း နှင့် အာရုံများစရာများ စိတ်ရှုပ်စရားများနည်းနိုင်သမျှနည်းအောင် နေထိုင်ခြင်းဖြင့် စနစ်တကျ မောင်းနှင်ရပါမည်။ကားကို မောင်းတဲ့အခါ ခရီးသည်ပိုရလို၍သော်လည်းကောင်း.. အရေးကြီးကိစ္စရှိ၍သော်လည်းကောင်း မောင်းသင့်တာထက် အရှိန်မြန်အောင်ပိုမောင်းတာမျိုး(သို့) စိတ်ဒေါသဖြစ်ပြီး ကားကိုမောင်းတာမျိုးတွေကို ဂရုတစိုက် ထိန်းချုပ်နိုင်ရပါမယ်။ဒီလို မိမိစိတ်ကို မထိန်းချုပ်နိုင်ပဲ မောင်းသင့်တာထက် ပိုမြန်အောင်မောင်းနှင်နေပြီဆိုရင်တော့ မိမိအတွက်လည်းအန္တရာယ်များပြီး ခရီးသည်များအတွက်ပါ အသက်အန္တရာယ်များလှပါတယ်။
မည်သို့ပင်ဖြစ်စေ မြန်မြန်မောင်းပြီးလုပ်ရမည်ဆိုပါက အချိန်စောထွက်တာမျိုး ဒါမှမဟုတ် လမ်းမှာ စိတ်ဒေါသထွက်စရာကြုံတဲ့အခါ ဖြည့်တွေးပေးလိုက်တာမျိုးတွေနဲ့ ဖြစ်ပေါ်လာသောအခြေအနေကို တစ်ခြားသော အိုင်ဒီယာလေးတွေနဲ့ ပြောင်းလဲလိုက်တာမျိုးတွေကို မိမိ၏ဦးနှောက်အသိညဏ်နှင့် ကြိုးစားလုပ်ဆောင်ကြရမှာပါ။ဒါမှသာ မိမိအတွက်ရော အခြားသူများအတွက်ပါ အေးအေးချမ်းချမ်း နဲ့ အန္တရာယ်ကင်းဝေးကြမှာဖြစ်ပါတယ်။

motorcycle2.jpg
Crd-org-source
ဥပမာ(၂)-----
ထို့အတူ မိမိဟာ ဆိုင်ကယ်နေ့စဉ် မောင်းနှင်အသုံးပြုသူတစ်ယောက်ဆိုပါစို့...။
မိမိသည် ကိစ္စရပ်တစ်ခုကို အချိန်မီရောက်ရန်အတွက် မိမိဆိုင်ကယ်မောင်း၍ နာရီဝက်ခန့်ကြာသောခရီးကို နာရီဝက်ထက် ငါးမိနစ် ဆယ်မိနစ်ခန့် စောပြီးထွက်၍ သွားတတ်သောအကျင့်ကို ရအောင်မွေးမြူပါ။ဒီလိုမဟုတ်ပဲ နာရီဝက်ခန့်မောင်းနှင်ရသောခရီးကို ဆယ်ငါးမိနစ်အချိန်လေးဖြင့်ရောက်အောင်သွားမည်ဆိုပါက ဆိုင်ကယ်ကို အရှိန်နှစ်ဆတင်ပြီး မောင်းတော့မည်ဖြစ်သည်။ထိုအရှိန်ဖြင့် သင်မောင်းပါက ရုတ်တရက် မမျှော်လင့်သော အန္တရာယ်များ ကြုံလာနိုင်မည်ဖြစ်ပါ၍ သင်ကိုယ်တိုင်ကြိုတင်တွက်ဆထားရမည်ဖြစ်ပါသည်။ဒါကြောင့် သင့်ရဲ့ ဦးနှောက်အသိညဏ်ဟာ သင့်အတွက် အရမ်းအရေးကြီးသောအရာ ဖြစ်ပါသည်။

electrician-safety.png
Crd-org-source
ဥပမာ(၃)-----
လျှပ်စစ်လုပ်ငန်းလုပ်သောသူများသည်လည်း မိမိတို့လုပ်သော လျပ်စစ်ဆိုင်ရာကိစ္စရပ်များတွင် အမြဲသတိရှိရှိ နဲ့ ဂရုတစိုက်ဆောင်ရွက်ကြရမှာပါ။မည်သို့သောအခြေအနေမျိုးမှာမဆို safety first အတွက် အကုန် recover ယူပြီးမှ လုပ်ဆောင်သင့်ပါတယ်။မြန်မြန်လုပ်ဆောင်ရမည်ဆိုသည့်နေရာမှာ  အလျင်စလို ပြီးဖို့အတွက်သာ ဦးတည်နေသောစိတ်မျိုးမထားပါနှင့်။လျှပ်စစ်မှာ တိကျသေချာဖို့က အဓိကကျသောအချက်ဖြစ်၍ ဒီအချက်ကိုသာ အဓိကထားပြီးလုပ်ဆောင်ရမှာပါ။ဒါကြောင့် မိမိလုပ်နေသောလုပ်ငန်း၏ အဓိကကျသော သဘာဝကို သိဖို့လိုအပ်ပါသည်။အဓိကနဲ့သာမညကို မိမိဦးနှောက်နဲ့ ဆင်ခြင် ခွဲခြားတတ်ရပါမည်။သို့မှသာ အန္တရာယ်ကင်းပြီး စိတ်အေးချမ်းသာပျော်ရွှင်မှုတွေ ရရှိကြမှာဖြစ်ပါတယ်။

44-50-secrets-hospitals-wont-tell-you-forget-doctors-orders.jpg
Crd-org-source
ဥပမာ(၄)-----
မိမိသည် ကျန်းမာရေးမကောင်းဖြစ်တယ်ဆိုပါစို့။မိမိဖြစ်သောအခြေအနေဟာ တော်ရုံအနေအထားဖြစ်တာလား... ဆေးခန်းပြရမယ့်အနေအထား ဖြစ်တာလား... ဆိုတာကို ပထမဦးဆုံး မိမိကိုယ်တိုင် ဦးနှောက်နဲ့ဆုံးဖြတ်ရမှာပါ။
ဒီလိုဆုံးဖြတ်ပြီး ဆရာဝန်ဆီသွားပြတဲ့အခါ မိမိခံစားနေရသော ဝေဒနာကို မိမိကိုယ်တိုင် တိတိကျကျ သေချာစွာ ပြောဆိုမှသာ ဆရာဝန်အတွက် ရောဂါကုသတဲ့အခါ ထိရောက်သေချာပြီး ပိုမိုမြန်ဆန်ကာ အနာနဲ့ဆေး တစ်ထပ်တည်းကျမှာပါ။ဒီလိုမှမဟုတ်ပဲ မိမိကိုယ်တိုင်က ဟိုနေရာလိုလို ဒီနေရာလိုလို မတိကျပဲ သေချာအောင်မပြောပြနိုင်ပါက ဆရာဝန်အတွက် ရောဂါကုသရာတွင် အနာနဲ့ဆေးတစ်ထပ်တည်းကျစေရန် အချိန်ပိုယူနေရတော့မည်ဖြစ်ပါသည်။
ဒါကြောင့် မိမိခံစားရသော အခြေအနေသည် မိမိကအသိဆုံးဖြစ်၍ မိမိဦးနှောက်ညဏ်နဲ့ ဘယ်အချိန်မှာ ဘာဖြစ်တယ်ဆိုတာကအစ မှတ်သားပြီး သေချာစွာ ပြောပြနိုင်ပါက ရောဂါမြန်မြန်ဆန်ဆန် ပျောက်ကင်းသက်သာမည်ဖြစ်ပါသည်။
မိမိ၏ကျန်းမာရေးအတွက် မိမိ၏ဦးနှောက်အသိညဏ်က နံပါတ် (၁)အရေးကြီးဆုံးဖြစ်ပါသည်။ဆရာဝန်သည် နံပါတ်(၂)အဆင့်ဟု သတ်မှတ်နိုင်ပါသည်။

အထက်ပါ ဥပမာလေးများကို ကြည့်ခြင်းအားဖြင့် အသက်ကိုညဏ်စောင့်တယ်ဆိုတာ အသေအချာပဲဖြစ်ပါကြောင်း...
မည်သည့်ကိစ္စမဆို မိမိဆောင်ရွက်သောကိစ္စရပ်များကို မိမိ၏ဦးနှောက်အသိညဏ် နှင့် တွက်ချက်ချိန်ဆပြီး စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပါကြောင်း...
ဂရုတစိုက် သတိထားဆင်ခြင်နိုင်ကြစေရန် ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

အစစ အရာရာ သတိဆိုတာ ပိုတယ်​ မရှိပါဘူး
အသက်​ညာဏ်​​စောင့်
ဥစ္စာကံ​စောင့်

ဟုတ်ပါတယ်အစ်ကိုယု သတိလေးထားလိုက်တာနဲ့ မှတ်သားနိုင်တဲ့ညဏ်က နေရာရလာပြီပေါ့။

မိမိအသိဥာဏ်​နှင့်​ချိန်​ဆပြီးစနစ်​တကျ​ဆောင်​ရွက်​သင့်​ပါတယ်​...တခါတရံသတိမမူဘဲစိတ်​​လောပြီးအလျင်​စလိုပြုလုပ်​မိတတ်​တယ်​...ခုလိုမှတ်​သားစရာပိုစ့်​အတွက်​​ကျေးဇူးပါ...​ကောင်း​သောပိုစ့်​ပါ...

ဟုတ်ကဲ့ပါအစ်မ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဝမ်းသာပီတိဖြစ်ရပါတယ်။

ဟုတ်‌တယ်‌ ကိုသန့်‌‌ရေ။ဆိုင်‌ကယ်‌တို့ ကားတို့ ‌မောင်း‌နေကြတာများကြာက်‌စရာ။သူတို့မှာ အသက်‌ပိုပါတယ်‌များ မှတ်‌‌နေလားမသိဘူး။

ဟုတ်တယ်အစ်ကို အဓိကတော့ အဲဒီလိုတွေ တွေ့နေ ကြုံနေရလို့ ရေးဖြစ်သွားတာပါ။ကျွန်တော်တို့ဘက်မှာ သဲတင်တဲ့ကားတွေ အရမ်းမောင်းပြီး နေ့စဉ်ဖြတ်သွားနေတာကြောင့်ပါ။ဝါးတစ်ရာဆိပ်ကမ်းကနေ သီလဝါဆိပ်ကမ်းကို သဲတွေပို့တာ အခေါက်အရေအတွက်နဲ့ ဆိုတော့ အရမ်းကို လုမောင်းနေကြတာပါဗျာ။

မလုပ်​ခင်​ အရင်​စဉ်းစားတာ အ​ကောင်းဆုံးပါ​လေ ☺ ☺

ဟုတ်ပါတယ်အစ်ကို မလုပ်ခင် ကြိုတင်စဉ်းစားပြီး သတိလေးထားရင် ပိုမိုအေးချမ်း ပျော်ရွှင်ကြရမှာပါ။

အကြောင်းအရာတစ်ခု
ကိစ္စတစ်ခုကို စနစ်တကျ သေချာမှ လုပ်ဆောင်သင့်ပါတယ် ဒါမှမဟုတ်
ကိုယ့်ရဲ့ ဆုံးဖြတ်နိုင်မှုစွမ်းရည်ကို အကျိုးရှိအောင် ပုံဖော်သင့်ပါတယ်
ဥပမာလေးတွေနဲ့ တင်ပြသွားတာ အရမ်းကောင်းပါတယ် အကိုသန့် 

မှန်ပါတယ် ဒီလိုစွမ်းရည်တွေနဲ့ အကျိုးရှိအောင် ပုံဖော်ကြရမှာပါ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

သိပ်ကောင်းတဲ့စာပါမောင်လေးရေ
လိုက်နာနိုင်လျှင် အလွန်အကျိုးရှိပါတယ်

comment လေးကြောင့် ကြိုးစားဖို့အားဖြစ်စေပါတယ်။ကျေးဇူးလည်းတင်ပါတယ်။

အသိဥာဏ်ကနံပါတ်တစ်ပါ မှန်ပါတယ်သား

ဟုတ်ကဲ့ပါအန်တီရေ။အခုလို လာအားပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။အန်တီလည်း ကျန်းမာ ချမ်းသာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

ဆုံးဖြတ်ရန်အချိန်ရမသွားသူများအားသနားမိတယ်။ ကျန်းမာရေးက အရေးကြီးဆုံးဆိုတာ မသိဖြစ်သွားကြရတယ်လို့ထင်တယ်။ ဆင်ခြင်နေုထိုင်သွားလာ စားသောက်မှ မိမိအသက်ကို စောင့်ရှောက်နိုင်ကြတာပါ။

ဟုတ်ပါတယ်အစ်ကို။မိမိ၏အသိညဏ်လေးနဲ့ ဂရုတစိုက် ဆင်ခြင်နေထိုင်ကြဖို့ အရေးကြီးပါတယ်။ကျေးဇူးပါခင်ဗျာ။

အသက်ကို ဥာဏ်စောင့် သကိုးဗျ

ဟုတ်ပါတယ်ခင်ဗျာ။အခုလို လာရောက်ပြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်ကို။

သတိ အလွန် အရေးကြီးပါသည် ။ သာမာန်လူသားများအဖို့ နေရာတိုင်း သတိကပ်နိုင်ဖို့ အလွန်ပင် ခက်ခဲပါသည် ။

ဟုတ်တယ်အစ်ကို တော်တော်လေး သတိထားနိုင်မှ ရမှာပါ။သတိလက်လွတ်နေတတ်တာများတယ်လေ။ဒီလို လာရောက်ပြီး comment ပေးတာ အားဖြစ်စေပါတယ်။ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62345.27
ETH 2427.57
USDT 1.00
SBD 2.49