ဇွဲရှိမှ​အောင်​နိုင်​သည်

in #myanmar6 years ago

ဇွဲရှိမှ​အောင်​နိုင်​သည်
image

အောင်​မြင်​မှုကိုလူသားတိုင်းရယူလိုကြသည်​။သို့ရာတွင်​အချို့​အောင်​မြင်​ကြသည်​။အချို့မ​အောင်​မြင်​ကြ​ပေ။အဓိကအဆုံးအဖြတ်​မှာတိကျ​သောရည်​ရွယ်​ချက်​(Definiteness of purpose)ရှိမရှိ၊ခိုင်​မာထက်​သန်​စိတ်​ထားမထား၊​အောင်​မြင်​​စေ​ရေးအတွက်​အဆက်​မပြတ်​ကြိုးစားအားထုတ်​​သောလုံ့လဝီရိယရှိမရှိဖြစ်​သည်​။ကိုယ့်​ရည်​မှန်းချက်​​အောင်​မြင်​​ရေးအတွက်​အဆက်​မပြတ်​လုံ့လဝီရိယစိုက်​ထုတ်​လုပ်​ကိုင်​မှုကိုဇွဲဟုလူအများက​ခေါ်ကြသည်​။ဇွဲလုံ့လဝီရိယဟုတွဲစပ်​၍လည်းသုံးကြသည်​။ထိုဇွဲလုံ့လဝီရိယသည်​မည်​မျှအထိရှိရမည်​နည်း။ယေဘုယျ​ပြောရလျှင်​​အောင်​မြင်​သည်​အထိရှိရသည်​။သိပ္ပံနည်းကျကျတင်​ပြပါကမ​အောင်​မြင်​​သေးမှီက​အောင်​မြင်​​စေရန်​ဇွဲလုံ့လဝီရိယထားရသည်​။အောင်​မြင်​လာပါက​အောင်​မြင်​မှုကိုထိန်းသိမ်းရန်​ဇွဲလုံ့လဝီရိယထားလုပ်​​ဆောင်​ရသည်​။

ရှေးမြန်​မာကြီးများကစစ်​မ​ရောက်​ခင်​မြားမကုန်​နှင့်​၊လူပျင်းလုံ့လတစ်​ခဏမဖြစ်​နှင့်​ဟုဆုံးမကြသည်​။လုပ်​ငန်းလုပ်​ကိုင်​ရာ၌အခက်​အခဲ၊အကျပ်​အတည်း၊​မျှော်​လင့်​သကဲ့သို​ဖြစ်​မလာ​သေးမှုတို့မှာ​တွေ့ဆုံမြဲလုပ်​ငန်းသ​ဘောဖြစ်​၏။အကျိုးရှိမည်​ထင်​၍လုပ်​မိရာမှအကျိုးအမြတ်​ရလာမှုမရှိ​သောအခါအ​တွေ့အကြုံရှိလုပ်​ငန်းကြီးများကိုလုပ်​​ဆောင်​​နေသူများပင်​လျှင်​မြင်း​ကောင်းခွာလိပ်​၊ပညာရှိသတိဖြစ်​ခဲလွဲ​ချော်​တတ်​သည်​။လွဲ​ချော်​မှုကိုတိမ်း​စောင်းရာမှပြန်​တည့်​၍ရ​သောလုပ်​ငန်းလည်းရှိ၏။ပြန်​လည်​တည့်​၍မရ​တော့​သော​ကြောင့်​​နောင်​တရသင်​ခန်းစာယူရုံမှအပ၊ဆုံးရှုံးလက်​လွှတ်​လိုက်​ရ​သောကမ္ဘာ​ကျော်​ဖြစ်​ရပ်​၊စာ​ပေမှတ်​တမ်းတင်​ညွှန်​ပြခံရ​သောဆုံးရှုံးမှုကြီးများလည်းရှိခဲ့ဖူးသည်​။

လွန်​ခဲ့​သောအနှစ်​ရှစ်​ဆယ်​ဝန်းကျင်​ကနိုင်​ငံရပ်​ခြားတိုင်းပြည်​တစ်​ပြည်​၌ကုမ္ပဏီကြီးတစ်​ခုက​ရွှေတူးသည်​။ရွှေလုပ်​ကွက်​မှာကျဉ်း​မြောင်း​မြောင်းလုပ်​ရ၍ဖြစ်​မည်​။အရှည်​တစ်​မိုင်​ခရီး​ပေါက်​၍​ဒေါလာတစ်​သိန်း​ကျော်​ကုန်​ကျရာမှအကျိုးအမြတ်​ပြန်​လည်​ချိန်​ဆရာအရှုံး​ပေါ်​လေသည်​။ထိုအခါအပြီးရပ်​ဆိုင်းရန်​နှင့်​ဝယ်​ယူသူရှိကပြန်​လည်​​ရောင်းချရန်​ဆုံးဖြတ်​လိုက်​၏။ဆေးသမားသား​သေ၊​ဗေဒင်​ဆရာနွား​ပျောက်​ဖြစ်​ခဲ့ရ၏။နောက်​ကုမ္ပဏီတစ်​ခုကထိုလုပ်​ကွက်​ကိုဝယ်​ယူပြီးဆက်​တူးရာငါးကိုက်​အ​ရောက်​မှစတင်​၍​ရွှေအ​မြောက်​အများ​တွေ့ကာများစွာချမ်းသာသွားသည်​ဟုတက်​ကျမ်းတစ်​ကျမ်း၌ဖတ်​ရှုခဲ့ရဖူးသည်​။ဘေးမှ​ဝေဖန်​ကဆုတ်​ခွာရသလားဟုမချင့်​မရဲမြင်​ကြ​ပြောကြမည်​။ကုမ္ပဏီအဖို့တွက်​ဆပါကကုန်​ကျစရိတ်​နှင့်​လက်​​တွေ့အကျိုးအမြတ်​ချိန်​ဆကြည့်​လျှင်​​သွေးပျက်​​ချောက်​ချားစရာဖြစ်​ပါလိမ့်​မည်​။ပေးသွား​သော​လောကအမြင်​မှာမ​အောင်​မြင်​မချင်းဇွဲလုံ့လဝီရိယထားမှသာ​အောင်​မြင်​ပါလိမ့်​မည်​ဟူသည့်​၊ဇွဲလိုအပ်​​ကြောင်းသက်​​သေထူပြသွားခြင်းဟုယူဆရပါမည်​။

အောင်​မြင်​မှုတိုင်းသည်​ယခု​ရေတွင်းတူး၊ယခု​ရေကြည်​​သောက်​မဟုတ်​ကြ။အောင်​မြင်​မှုလမ်း​ကြောင်း​ပေါ်​ရောက်​သည်​အထိအခက်​အခဲ၊အကျပ်​အတည်း၊ပြဿနာအရပ်​ရပ်​တို့ကိုကြံ့ကြံ့ခံကာရည်​မှန်းချက်​ပန်းတိုင်​မ​ရောက်​မချင်း၊ဇွဲလုံ့လဝီရိယမ​လျှော့ပဲသွားရန်​လိုအပ်​သည်​။စာ​ရေးဆရာဖြစ်​ရန်​ကြိုးစားခဲ့​သောဖင်​နီဟတ်​သည်​စာအုပ်​တိုက်​သို့(၃၆)ကြိမ်​ပို့ရာ(၃၆)ခါအပယ်​ခံခဲ့ရသည်​။ဖင်​နီဟတ်​ဇွဲ​လျှော့ပါသလား။ဇွဲမ​လျှော့။(၃၇)ကြိမ်​ဆက်​ပို့ခဲ့ပါသည်​။ဖင်​နီဟတ်​​ရောသူ့စာအုပ်​ပါကမ္ဘာ​ကျော်​သွားသည်​အထိ(၃၇)ကြိမ်​မှစွမ်း​ဆောင်​နိုင်​ခဲ့သည်​။သူတို့နိုင်​ငံထုံးစံအရစာအုပ်​တစ်​အုပ်​စတင်​၍​အောင်​မြင်​လျှင်​ဖြစ်​​နေကြထုံးစံအတိုင်းကမ္ဘာလည်း​ကျော်​၊မီလျံနာသူ​ဌေးဘဝလည်း​ရောက်​ခဲ့ပါသည်​။

ဖိလစ်​ပိုင်​နိုင်​ငံကို ကိုလိုနီနယ်​ချဲ့တို့သိမ်းပိုက်​ခံခဲ့ရစဉ်​ကဖိလစ်​ပိုင်​နိုင်​ငံသား​ဟွေဇုံသည်​သူ့နိုင်​ငံလည်းလွတ်​လပ်​​ရေးရရမည်​။သူလည်းသမ္မတဖြစ်​ရမည်​ဟုမျက်​ခြည်​မပြတ်​၊ဆက်​တိုက်​စဉ်​တိုက်​ကြိုးစားခဲ့ရာ၂၄နှစ်​နှင့်​၅လအထိဖိလစ်​ပိုက်​နိုင်​ငံလည်းမလွတ်​လပ်​၊သူလည်းသမ္မတဖြစ်​မလာ။၂၄နှစ်​နှင့်​၆လကြာမှဖိလစ်​ပိုင်​လည်းလွတ်​လပ်​​ရေးရ၊သူလည်းသမ္မတဖြစ်​ခဲ့ပါသည်​။

ယ​နေ့တရုတ်​ပြည်​၏တိုးတက်​မှုကိုဝါဒ၊စနစ်​၊မူကိုထား။သိပ္ပံနည်းကျအမြင်​ဖြင့်​အကဲဖြတ်​ကငြင်းပယ်​မရ။တရုတ်​ပြည်​သည်​ကမ္ဘာ့အင်​အားကြီးနိုင်​ငံအဖြစ်​ရပ်​တည်​လာသည်​။ထိုတရုတ်​ပြည်​သစ်​ကိုပန္နက်​ချရပ်​တည်​တိုက်​ပွဲဝင်​ခဲ့​သော​မော်​စီတုန်းသည်​​ချေမှုန်းခံရ၍​ကျေပြုန်းကုန်​​တော့မည်​ကိုသိ၍ခရီးရှည်​ချီတက်​ပွဲဖြင့်​ထွက်​​ပေါက်​ရှာကာရပ်​တည်​ရာရှာ၊ရပ်​တည်​ရာရမှ​ရှေ့ဆက်​လက်​ကြိုးစားရုန်းကန်​ခဲ့​သော​ကြောင့်​​အောင်​မြင်​ကာ​မော်​စီတုန်းကိုတရုတ်​ပြည်​သစ်​ဖခင်​ကြီးအဖြစ်​ဂုဏ်​ပြု​ခေါ်​ဝေါ်ခဲ့ကြသည်​။ခရီးရှည်​ချီတက်​ပွဲသည်​သမီးရည်းစားခါးဖက်​၊ပန်းဥယဉ်​ကြားလမ်း​လျှောက်​ထွက်​၊​လေညှင်းခံခြင်းမဟုတ်​။ထောင်​၊​သောင်း၊သိန်းဂဏန်းအ​သေအ​ကျေအဆုံးရှုံးခံကာထွက်​​ပေါက်​ရှာ၊​အောင်​ပွဲရယူရန်​စွန့်​စားရခြင်းဖြစ်​သည်​။လွယ်​လွယ်​အရှုံးမ​ပေးပဲခက်​ခဲကြမ်းတမ်းစွာဇွဲကြီးကြီးဖြင့်​ရင်​ဆိုင်​ခြင်းဖြစ်​သည်​။ဇွဲသာမရှိပါက​မော်​စီတုန်း၊တရုတ်​ပြည်​သစ်​၊​အောင်​မြင်​မှုရှိချင်​မှရှိမည်​။

နိုင်​ငံ​ရေး၊စစ်​​ရေး၊စီးပွား​ရေး၊ပညာ​ရေး၊လူမှု​ရေးနယ်​ပယ်​များတွင်​လည်းအခက်​အခဲ၊အကျပ်​အတည်း၊ပြဿနာ​ပေါင်းစုံးကိုဇွဲရှိရှိဖြင့်​​ဖြေရှင်း​ဆောင်​ရွက်​ရာမှ​အောင်​မြင်​မှုဆီ​ရောက်​သကဲ့သို့သိပ္ပံပညာနယ်​ပယ်​၊တီထွင်​မှုနယ်​ပယ်​၌လည်းထိုသို့​ဆောင်​ရွက်​ရသည်​။တယ်​လီဖုန်းကိုဂ​ရေဟမ်​ဘဲလ်​တီထွင်​သည်​ဟုအများသိ​နေကြသည်​။တီထွင်​မှုစတင်​ခဲ့သူများမှာ(၁)ဂ​ရေး(၂)အက်​ဒီဆင်​(၃)ဒိုးဘီးယား(၄)မက်​ဂရီ​နော(၅)ဗန်​ဒါ​ဒေဝီ(၆)ဖီးလစ်​ရီးတို့ဖြစ်​ကြသည်​။သို့ရာတွင်​မ​အောင်​မြင်​ခဲ့ကြ။ဂ​ရေဟမ်​ဘဲလ်​ကဇွဲလုံ့လမ​လျှော့ပဲဝက်​အူရစ်​ငယ်​ငယ်​​လေးတစ်​ခုကို​နောက်​ထပ်​တစ်​ရစ်​လှည့်​ရန်၏၃/၄ကိုသာလှည့်​​ပေးရာမှလျှပ်​စစ်​ဓာတ်​ကူး၍​အောင်​မြင်​သွားသည်​။ထိုအချက်​ကိုအဓိကပြု၍တရားရုံး​တော်​ကဂ​ရေဟမ်​ဘဲလ်​အားတယ်​လီဖုန်းတီထွင်​သူအဖြစ်​အနိုင်​အမိန့့်​ချ​ပေးခဲ့သည်​။ရိုက်​ညီ​နောင်​အရင်​က​လေယဉ်​ပျံတီထွင်​သူများရှိခဲ့ကြသည်​။မ​အောင်​မြင်​ခဲ့ကြ။ယခင်​သူတို့တီထွင်​ရာတွင်​ပါဝင်​ခဲ့​သော​တောင်​ပံကိုရိုက်​ညီ​နောင်​က​ရွေ့လျားနိုက်​​သောအချပ်​အပြားများတီထွင်​ကာအဆုံးအစွန်​၌တပ်​ဆင်​လျှက်​စမ်းသပ်​ပျံသန်းခဲ့ရာမှ​အောင်​မြင်​မှုရရှိခဲ့သည်​။ရှေ့လူမှမ​အောင်​မြင်​ပဲဒို့လဲ​အောင်​မြင်​မှာမဟုတ်​ဟုအညံ့စိတ်​မထား၊ဇွဲလုံ့လအရင်းတည်​၍​အောင်​မြင်​မှုမရမချင်းကြိုးစားရာမှ​အောင်​မြင်​ခဲ့သည်​။

အချို့​သောမြန်​မာများတွင်​မ​အောင်​မြင်​ကဆက်​လက်​မကြိုးစားပဲကံမလိုက်​၍၊ကံအကျိုးမ​ပေး၍၊နတ်​မကြိုက်​၍၊ဓာတ်​မကြိုက်​၍ဟုယူဆတတ်​ပါသည်​။ကျေးဇူး​တော်​ရှင်​မန်​လည်​ဆရာ​တော်​ဘုရားကြီးကမဃ​ဒေဝလင်္ကာတွင်​လုံ့လမထူ၊ညဏ်​မကူပဲ၊အယူတစ်​​ချောင်း၊ကံတစ်​​ကြောက်းမျှ၊မ​ကောင်းလည်းကံ​၊ကောင်းလည်းကံဟု၊ကံကိုချည်းသာ၊မကိုးရာဘူးဟု​ရေးစပ်​ဆုံးမခဲ့ပါသည်​။ကြိုးစားကဘုရားဖြစ်​၏။တိုးပွားကမယားချစ်​၏။
ငုတ်​မိသဲတိုင်​၊တက်​နိုင်​ဖျား​ရောက်​၊ဇွဲရှိရှိဖြင့်​ကြိုးစားမှ​အောင်​နိုင်​ပါလိမ့်​မည်​။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC No.154
12.1.2018,Fri

Sort:  

ဟုတ်ကဲ့ပါရှင့်
powerအားကျနေလို့လျော့ပြီးvoteလိုက်ရပါတယ်နော်

Hr idol gyi က ဒီ​ရောက်​​နေတာ ကိုး

ကျေးဇူးတင်​ပါသည်​။

fighting ပါ

Sbd​ဈေး​နေလည်း ဆက်ြုးစားပါ

Good postပါဆရာ။

ခုလိုလာ​ရောက်​ဖတ်​ရှု​ပေးတာ​ကျေးဇူးတင်​ပါတယ်​။

အာ​ပေးလျက်​ပါ

ဇွဲရှိဖို့အ​ရေးကြီးတာသိ​ပေမယ့်​လည်း သုံးခါ​လောက်​မ​အောင်​မြင်​ရင်​ကိုပဲ လက်​​မြှောက်​မိ​နေတယ်​ 😰

လူဆိုတာက​တော့​တော်​​တော်​များများကဒီလိုပါပါပဲ

တကယ်မှန်ပါတယ် အကိုရေ
ဇွဲရှိမှ အောင်မြင်မှာပါ

ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးပါ။

စိုးစိုး ဂွတ်တယ် စိုးစိုး ဂွတ်တယ်

ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးပါ။

မှန်ပါတယ်ဗျာ

ကျေးဇူးပါ။

ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးပါ။

ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးပါ။

မိုက်​တယ်

ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးပါ။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64411.29
ETH 3516.69
USDT 1.00
SBD 2.55