သူကနပိုလီယန်​၊​နောက်​လူကဗိုလ်​ချုပ်​​အောင်​ဆန်း

in #myanmar6 years ago

သူကနပိုလီယန်​၊​နောက်​လူကဗိုလ်​ချုပ်​​အောင်​ဆန်း
image

အောင်​မြင်​လိုသူမှန်​သမျှ၊၊​အောင်​မြင်​​နေသူမှန်​သမျှထားရှိကြ​သောအ​ခြေခံသ​ဘောထားများထဲတွင်​သည်းခံခြင်းတရား(ခန္တီတရား)နှင့်​ဥ​ပေက္ခာတရားထိုနှစ်​ပါးပါဝင်​သည်​။ကျေးဇူး​တော်​ရှင်​လယ်​တီဆရာ​တော်​ဘုရားကြီးကဥ​ပေက္ခာသည်​အဖ၊ခန္တီသည်​အမိဟုညွှန်​ပြခဲ့၏။ဥ​ပေက္ခာ၏သ​ဘောကိုညွှန်​ပြရာ၌မိမိကိုကြည်​ညို​လေးမြတ်​​သောသူ၊ပူ​ဇော်​​သောသူ၊ချီး​မြှောက်​​သောသူဟူ၍လည်းသာယာခင်​မင်​စိတ်​အထူးမရှိ၊မိမိကိုပြစ်​တင်​ပြစ်​မှား​သောသူ၊ညှဉ်းပန်းနှိပ်​စက်​​သောသူ၊ကဲ့ရဲ့ရှုတ်​ချ​သောသူဟူ၍လည်းမသာယာခြင်း၊မုန်းတီးခြင်းမရှိ။ထိုနှစ်​မျိုးနှစ်​ဦးတို့၌စိတ်​နှစ်​မျိုးမရှိခြင်းကိုဥ​ပေက္ခာပါရမီဟုဆိုလိုသည်​ဟုညွှန်​ပြ​တော်​မူခဲ့ပါသည်​။ယခု​ခေတ်​အချို့လူများဆိုလျှင်​သူများကိုရစရာမရှိ​အောင်​မှိုချိုးမျှစ်​ချိုး​ပြော၊ပက်​ပက်​စက်​စက်​​ပြော၊တစ်​​ယောက်​ထဲ​ပြောအားမရှိ၍အုပ်​စုဖွဲ့၊ယိမ်းတိုက်​သလိုလူညှိပြီး​နေရာအနှံ့​ပြော၊ကိုယ့်​ကို​ပြောလာကဆက်​ဆက်​ထိမခံ၊ကက်​ကက်​လန်​ရန်​​တွေ့၊အုပ်​စုလိုက်​သဲသဲမဲမဲစု​ပေါင်းအပုပ်​ချ၊မ​ကောင်း​ပြောလာသူဒို့ရန်​သူသတ်​မှတ်​သူများသတိထားသင့်​​သောစိတ်​ထားဟုဆိုနိုင်​သည်​။သည်းခံစိတ်​ထားဆိုရာ၌အရာရာကိုသည်းခံခြင်းအပြင်​ပူမှု​အေးမှု၊ဆာ​လောင်​မွတ်​သိပ်​မှုအထိပါသည်းခံနိုင်​ရန်​ခန္တီသ​ဘောဆိုမိန့်​ခဲ့ပါသည်​။

အောင်​မြင်​မှုတစ်​ခုရရှိရန်​အချိန်​ကာလတစ်​ခု​ပေးရပါသည်​။ထိုအချိန်​ကာလကိုကြိုးစား​နေချိန်​၊ပြုစုပိုး​ထောင်​​နေချိန်​၊ဘဝတည်​​ဆောက်​​နေချိန်​၊ရုန်းကန်​ဆဲကာလဟုသတ်​မှတ်​ကြသည်​။ထိုကာလ၌​စော်​ကားခြင်း၊အထင်​အမြင်​​သေးခြင်း၊ပျက်​လိုပျက်​စီး​ပြောဆိုခြင်း၊လူရာမသွင်းခြင်း၊​ဘေးဖယ်​ခြင်း၊​လှောင်​​ပြောင်​သ​ရော်​ခြင်းစသည်​စသည်​တို့မလွဲမ​သွေကြုံ​တွေ့ကြရပါမည်​။ကိုယ့်​ကိုကိုယ်​ယုံကြည်​မှုမြှင့်​တင်​၊ကိုယ်​ရည်​ကိုယ်​​သွေးမြင့်​မား​အောင်​လုပ်​၊ကိုယ့်​လမ်းကိုယ်​​လျှောက်​၍ကိုယ့်​ပန်းတိုင်​ကိုယ်​​ရောက်​ရန်​သာအာရုံပြုကြည့်​ရပါမည်​။တက္ကသိုလ်​ပါ​မောက္ခချုပ်​ကြီးသည်​ဘွားကနဲ​ပေါ်လာ၍ပါ​မောက္ခချုပ်​ကြီးတန်းကနဲဖြစ်​လာသည်​မဟုတ်​။ကကြီးခ​ခွေး၊​အေဘီစီ၊တစ်​နှစ်​သုံး​လေး​အော်​ဆို​အော်​ကျက်​၊ကုန်း​ရေးရာမှပါ​မောက္ခချုပ်​ကြီးများဖြစ်​လာပါသည်​။ထိုအချက်​ကိုလက်​ခံရပါမည်​။အဆင့်​ဆင့်​ကြိုးစားယူရပါသည်​။ကြိုးစား​မေချိန်​၌အပျက်​စိတ်​ထားဖြင့်​​ပြောကြားပိတ်​ဆီးလာကဥ​ပေက္ခာနှင့်​ခန္တီတရားကျင့်​သုံး​ကျော်​လွှားရပါမည်​။

ကိုယ်​ကြိုးစား​နေရချိန်​၊​အောင်​မြင်​မှုအတွက်​တည်​​ဆောက်​​နေရချိန်​တွင်​ဥ​ပေက္ခာသ​ဘော၊ခန္တီသ​ဘောထားနိုင်​ရန်​အ​ခြေခံသ​ဘောထားအမြင်​ကျယ်​ပြန့်​ရမည်​။အရပ်​​ပြော​ပြောကသ​ဘောထားကြီးသည်​ဟု​ပြောရမည်​။ကိစ္စအကန့်​အသတ်​၊နယ်​ပယ်​အကန့်​အသတ်​၊အချိန်​အကန့်​အသတ်​ရှိဖို့လိုသည်​။ကြားလာသမျှ၊ကြုံလာသမျှကိစ္စရပ်​တိုင်း၊နယ်​ပယ်​တိုင်းအားအာဂုံမသွင်းဖို့လိုသည်​။ကြားကြားသမျှငါ့ကိစ္စ၊ကြုံကြုံသမျှငါ့ကိစ္စ၊လာလာသမျှငါ့ကိစ္စဟုအ​ရေးတကြီးသ​ဘောထား၊ပတ်​သက်​စိတ်​ဝင်​စားကလမ်း​ကြောင်း​ပျောက်​တတ်​သည်​။အောင်​မြင်​ချိန်​​နောက်​ကျပန်းဝင်​တတ်​သည်​။နေရာတကာဝင်​၍ပါအသင်​ဘာ​ကောင်​နည်း၊ပွဲထဲကဝန်​၊လမ်းပြညွှန်​၊ဝန်​ကြီး​ပြောသလိုဖြစ်​တတ်​သည်​။အညာဇာတ်​ပွဲလူပျက်​များပျက်​လုံးထုတ်​ရာ၌ရံဖန်​ရံခါဝန်​ကြီးအဝတ်​ကြီးဝတ်​လာပြီးဝမ်​ထွက်​စာမရွတ်​ပဲ၊သဲဟဲဟဲ ငါဘာ​ကောင်​ပါလိမ့်​ဟုသူ့ကိုယ်​သူပြန်​ကြည့်​ရာ၊ကိုယ့်​ကိုကိုယ်​မှဘာ​ကောင်​မှန်းမသိသည့်​ဝန်​ကြီးပွဲထွက်​လာသည့်​ဇာတ်​ပွဲကိုလာအား​ပေးမိသည့်​ပရိသတ်​ကငါတို့အလွန်​အသည်​၊နသည်​ဟုသ​ဘောထားကာရယ်​ကြ​မောကြသည်​။ထိုအခါမှသူ့ကိုယ်​သူပြန်​ကြည့်​ပြီး​သောလူပျက်​က ဟာ....ဟုတ်​ပြီ....ဟုတ်​ပြီ....၊ကျုပ်​ကဝန်​ကြီး၊ဝန်​ကြီးကကျုပ်​၊ဇာတ်​ဆရာ​ရေး​ပေးတဲ့ဝန်​စာကိုည​ကြေးရ​အောင်​ကျုပ်​ဝန်​မင်းဝန်​စာရွတ်​မယ်​ဟုဆိုကာဝန်​စာရွတ်​သည်​။ပရိသတ်​က တဝါးဝါးတဟားဟား။အောင်​မြင်​မှုတည်​​ဆောက်​သူသည်​ဇာတ်​စင်​​ပေါ်မှလူရွှင်​​တော်​မဟုတ်​။စိတ်​ကူးယဉ်​မရ​သောဘဝတိုက်​ပွဲ၌ကိုယ့်​ရည်​မှန်းချက်​​အောင်​မြင်​​စေရန်​သတိမ​မေ့ဖို့၊မျက်​ခြည်​မပျက်​ဖို့အမြဲလိုသည်​။

အောင်​မြင်​လိုသူ၊​အောင်​မြင်​​နေသူမှန်​သမျှ​နေတတ်​ထိုင်​တတ်​ရမည်​။ကိုယ့်​ကိုကိုယ်​ငါ့ဘဝရည်​မှန်းချက်​ကဘာ၊ငါ့ယခုလက်​ရှိအဆင့်​ကဘာဟုသိရှိရုံမျှမကအကျိုးဖြစ်​ထွန်းလာဖွယ်​မရှိကအ​ရေးတကြီးသ​ဘောမထားပဲသည်းခံတတ်​၊လစ်​လျူရှုတတ်​ရသည်​။ကမ္ဘာ​ကျော်​စစ်​သူကြီး​လောင်းလျာနပိုလီယန်​နှင့်​အ​ဖော်​နှစ်​ဦးကိုက​ဖေးဆိုင်​တစ်​ဆိုင်​ထဲ၌အမူးလွန်​​နေ​သေ.အမူးသမားတစ်​ဦးကအ​ကြောက်းမဲ့စိန်​​ခေါ်သည်​။နပိုလီယန်​၏အ​ဖော်​နှစ်​ဦးကထိုအမူးသမားကိုတုဖက်​၍ယှဉ်​ပြိုင်​လိုသည်​။အပြတ်​ရှင်းပစ်​ခဲ့ချင်​သည်​။နပိုလီယန်​ကကိုယ်​တိုင်​လည်းတုဖက်​မပြိုင်​၊ကျန်​နှစ်​​ယောက်​ကိုလည်းတုံ့ပြန်​ခွင့်​၊ပြဿနာဖြစ်​ခွင့်​မ​ပေး။နပိုလီယန်​၌ကြီးကျာ်​​သော​အောင်​မြင်​မှုရရှိရန်​ကြိုးပမ်းရဦးမည်​ဖြစ်​​သော​ကြောင့်​သာမန်​အ​သေးအဖွဲကိစ္စဖြင့်​အချိန်​ကုန်​မခံနိုင်​။အမူးသမားရန်​စ​စော်​ကားမှုကိုဥ​ပေက္ခာပြုကာက​ဖေးဆိုင်​မှ​အေး​အေး​ဆေး​ဆေးထွက်​ခွာ​ပေးခဲ့သည်​။နောင်​များမကြာမီအချိန်​အတွင်းမှာပင်​လျှင်​ကမ္ဘာ​ကျော်​စစ်​သူကြီး၊ဧကရာဇ်​မင်း နပိုလီယန်​အဖြစ်​​အောင်​မြင်​လာ၏။

၁၉၄၇ခုနှစ်​ဝန်းကျင်​ကရခိုင်​ပြည်​သို့သတင်းစာ၊ဂျာနယ်​အ​ရောက်​အ​ပေါက်​နည်းသည်​။ရုပ်​မြင်​သံကြားစက်​လည်းမရှိ​သေး။၁၉၄၇ခုနှစ်​ဧပြီ၃ရက်​​နေ့ကရခိုင်​ပြည်​နယ်​​ကျောက်​ဖြူခရိုင်​၊​မြေပုံမြို့သို့​ရောက်​ရှိ​နေ​သောဗိုလ်​ချုပ်​​အောင်​ဆန်းသည်​ည ၇ နာရီခန့်​လ​ရောင်​မလင်းတလင်းတွင်​သတင်းစာဆရာဦးပုက​လေး၊ဗိုလ်​မင်းလွင်​တို့နှင့်​စကား​ပြော​နေစဉ်​ဗိုလ်​မင်းလွင်​၏ရဲ​ဘော်​တစ်​​ယောက်​ဝင်​လာပြီးဗိုလ်​ချုပ်​​အောင်​ဆန်းအား၊ဒီရဲ​ဘော်​ကဘယ်​ကလည်း၊ဘီအိုင်​​အေကထဲကပါခဲ့တဲ့ရဲ​ဘော်​လားဟုဗြုန်းစားဒိုင်းစား​မေးချလိုက်​သည်​။ဗိုလ်​မင်းလွင်​မှာ​ခေါင်းမီး​လောင်​ခံရသကဲ့သို့ဖြစ်​သွားပြီး၊ထိုစကား​မေးလာ​သောရဲ​ဘော်​အား ဟ...ဟ...ဟ​ကောင်​၊အဲဒါ ဗိုလ်​ချုပ်​.....ဗိုလ်​ချုပ်​ဟု ပျာပျာသလဲ​ပြောမှ ထိုရဲ​ဘော်​ကဗိုလ်​ချုပ်​​အောင်​ဆန်းမှန်းသိသွားပြီးချာကနဲလှည့်​ကာ​ဝေးရာအ​မှောင်​ထုထဲသို့ဒုန်း​ပြေးထွက်​သွားသည်​။ဗိုလ်​ချုပ်​​အောင်​ဆန်းစိတ်​ဆိုးပါသလား။ဗိုလ်​မင်းလွင်​အားဆူပူပါသလား။ထိုရဲ​ဘော်​အားမထီမဲ့မြင်​ပြုမှုဖြင့်​အ​ရေးယူခိုင်းပါသလား။မဆူပူပါ။မခိုင်းပါ။နေတတ်​ထိုင်​တတ်​၊ရင်​ဆိုင်​​ဖြေရှင်းတတ်​​သောခန္တီတရား၊ဥ​ပေက္ခာတရားအကျိုး​ကြောင့်​တဝါးဝါး တဟားဟားသာ ဗိုလ်​ချုပ်​​အောင်​ဆန်းကရယ်​​မော​နေ၍ သည်​ဖြစ်​ရပ်​သည်​မှာပဲပွဲပြတ်​စခခန်းရပ်​ပါသည်​။အ​သေးအဖွဲကို​ရေးကြီးခွင်​ကျယ်​သ​ဘောမထားပါ။ပေါ့​ပေါ့ပါးပါးတဟားဟားရယ်​ပြ၍ပြီးစီးခဲ့ပါသည်​။

လူတိုင်းလူတိုင်းနပိုလီယန်​မဟုတ်​ကြ၊ဗိုလ်​ချုပ်​​အောင်​ဆန်းမဟုတ်​ကြဟု​စောဒကတက်​လာငြားအံ့။ကိုယ့်​ဝန်​ကိုယ့်​အား၊ကိုယ့်​အ​ခြေအ​နေနှင့်​ညီညွတ်​သည့်​​နေတတ်​ထိုင်​တတ်​မှု​တော့အနည်းဆုံးလိုအပ်​ပါမည်​ဟု​ဖြေဆိုလိုပါသည်​။ထိုသို့​နေတတ်​ဖို့သည်းခံစိတ်​ထား၊ဥ​ပေက္ခာစိတ်​ထား ထားသင့်​ကထားရပါ​ကြောင်း။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC No.154
27.12.2017,Wed

Sort:  

ကျေးဇူးတင်​ပါတယ်​။

Thanks for your sharing

Thanks for reading.

အရမ်းကောင်းတဲ့စာပါပဲရှင်။

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

ဗဟုသုတ တွေ သိသင့်တာတွေ ပြန်ပြီး ဝေမျှ တာကို လေ့လာခွင့်ရတဲ့အတွက် ကျေးဇူးပါဗျာ။

တတ်နိုင်သလောက်ဆက်လက်ရေးသားပါအုံးမယ်။

အရမ်းကောင်းတယ် ဆရာ
ကျနော့်အတွက် များစွာအထောက်ကူဖြစ်စေပါတယ်
ကေိးဇူးပါ

ခုလိုကြားရတော့ဝမ်းသာပါတယ်။ဆက်လက်စောင့်မျှော်အားပေးပါဦး။

ခန္တီရော ဥပေက္ခာရော ကိုယ့်အတိုင်းအတာတခုထိထားနိုင်ကြမယ်ဆို ပြဿ နာတွေအတော်လျော့နည်းသွားမယ်ထ်ပါတယ် ဆရာ...

ကိုယ့်အတိုင်းအတာတစ်ခုထိကျင့်ကြံနိုင်အောင်ကြိုးစားကြရမှာပါ။အားလုံးတော့မလွယ်ပါဘူး။

ဗိုလ်​ချုပ်​တို့လို ဥ​ပေက္ခာနဲ့ ခန္တီစိတ်​ထားဖို့ကလည်း ခက်​ခဲပါတယ်

တကယ်​မလွယ်​ကူတဲ့ကိစ္စပါ

အရမ်းကောင်းပါတယ်

ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးအထူးပါ။

ဆရာ့ကြီးရေးသားသောစာများအားဖတ်ရှုခွင့်ရသည့်အတွက်ကျေးဇူးအများကြီးတင်မိပါတယ် ဆရာကြီးခင်ဗျာ

အားလုံးကခုလိုကြိုဆိုတဲ့အတွက်​ဝမ်းသာရပါတယ်​။အချိန်​ရရင်​ရသလိုကြိုးစားပြီး​ရေးပါဦးမယ်​။ကျေးဇူးတင်​ပါတယ်​။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64411.29
ETH 3516.69
USDT 1.00
SBD 2.55