ထပ်​ဆင့်​​ဝေငှလို​သောနှစ်​သစ်​ဦးဆု​တောင်း

in #myanmar6 years ago

ထပ်​ဆင့်​​ဝေငှလို​သောနှစ်​သစ်​ဦးဆု​တောင်း
image

ဘဝအဓိပ္ပါယ်​ကို​လောကီအမြင်​၊​လောကုတ္တရာအမြင်​ဖြင့်​အဓိပ္ပါယ်​ဖွင့်​ဆိုကြသည်​။လောကီနယ်​ပယ်​ရှု​ထောင့်​မှအဓိပ္ပါယ်​ဖွင့်​ဆိုရာ၌ပင်​လျှင်​နိုင်​ငံ​ရေးနယ်​ပယ်​၊စီးပွား​ရေးနယ်​ပယ်​၊လူမှု​ရေးနယ်​ပယ်​၊ပညာ​ရေး၊အနုပညာ၊အုပ်​ချုပ်​​ရေး၊တရားစီရင်​​ရေး၊ဥပ​ဒေပြု​ရေးစသည်​စသည်​ဖြင့်​သူ့နယ်​ပယ်​သူ့နှုန်းသူ့စံမတူကွဲပြားခြားနားကြသည်​။ဘဝအဓိပ္ပါယ်​၊ဘဝသတ်​မှတ်​ချက်​များသည်​ကိုယ့်​ရှု​ထောင့်​မှကိုယ့်​အကြိုက်​နှင့်​အညီခံယူဆုံးဖြတ်​ထားရာတန်​ဖိုးချင်းမတူညီကွဲပြား၏။

တစ်​ရံ​ရောအခါက​တောအုပ်​ကြီးအလယ်​တွင်​တန်​ခိုးအဘိညာဉ်​ရရ​သေ့တစ်​ပါးနှင့်​နာမည်​​ကျော်​​ရှေ့​နေတစ်​ဦးအမှတ်​မထင်​ဆုံမိ၏။ရှေ့​နေကရ​သေ့ကိုကြည့်​ပြီးကိုယ်​ယုံကြည်​ရာကိုယ်​လုပ်​ရသည်​မှအပဘာမှအကျိုးအမြတ်​မရှိသူ၊လူမွဲ၊လူနုပ်​၊လူအ​လှေးအမွှားဟုမူးမူးဖြင့်​ခနဲ့တဲ့တဲ့၊ရွဲ့တဲ့တဲ့​လှောင်​​ပြောင်​သ​ရော်​သည်​။ရ​သေ့ကငါပစ္စည်းမွဲချင်​မွဲမည်​၊သင်​ကဲ့သို​လူသိများ​ကျော်​ကြားသူဟုတ်​ချင်​မှဟုတ်​မည်​၊သင်​ကဲ့သို့လာသမျှအမှုအကုန်​ကို​ငွေနင့်​​နေ​အောင်​​တောင်း၊မနိုင်​နိုင်​​ရေးအတွက်​ခယဝယရှိခိုးဦးတင်​လုပ်​၊လာဘ်​​ပေးလာဘ်​ယူလုပ်​၊ဖြတ်​စားလျှပ်​စားနှစ်​ဖက်​ဝါးလုပ်​ကာ၊ဘဝကိုရှင်​သန်​အသက်​​မွေးသူမဟုတ်​။ငါ့ကိုလာပြီးသင်​မယှဉ်​နှင့်​။ရိုးသားသန့်​စင်​စွာဖြင့်​ဥပ​ဒေကိုသာအားကိုး၍လုပ်​ကိုင်​စား​နေ​သော​ရှေ့​နေ​ကောင်းတို့၏စိတ်​ချမ်းသာမှုအဆင့်​မျိုးအထိသင်​​ရောက်​ရှိ​အောင်​အရင်​ကြိုးစားကြည့်​​စေလိုပါသည်​။ထိုအခါ​ရောက်​မှဘဝအဓိပ္ပါယ်​၊ဘဝတန်​ဖိုး၊ဘဝ၏မြင့်​မြတ်​မှုကိုသင်​​တွေ့ရှိ၍ဘဝကိုမြတ်​နိုးလာလိမ့်​မည်​ဟုဆို၏။ဘဝတန်​ဖိုး၊ဘဝစံနှုန်းကိုကိုယ့်​ရှု​ထောင့်​ကိုယ့်​အမြင်​မှရပ်​တည်​ကာစံနှုန်းသတ်​မှတ်​တန်​ဖိုးဖြတ်​ခြင်း​ကြောင့်​တန်​ဖိုးကွာခြားခြင်းဖြစ်​သည်​။ကွာခြားချက်​ရှိလျှင်​သာရှိမည်​။ဘဝကိုဥ​ပေက္ခာမပြုရ။

ဘဝကိုဥ​ပေက္ခာပြုမရခြင်းမှာဘဝကခွင့်​မပြု၍ဖြစ်​သည်​။အနိမ့်​ဆုံးအဆင့်​စားဝတ်​​နေ​ရေးပြည့်​စုံ​အောင်​မဖြစ်​မ​နေဖြည့်​ဆည်း​ပေးဖို့ဘဝက​တောင်းဆိုစမြဲဖြစ်​သည်​။ထိုထက်​ပိုလာပါကတိကျ​သောရည်​ရွယ်​ချက်​ထား၊ပန်းတိုင်​သတ်​မှတ်​၊ပန်းတိုင်​​ရောက်​​အောင်​သွား၊ဘဝ​အောင်​မြင်​မှုရယူ၊ကိုယ့်​အကျိုးရပ်​ရွာမြို့ပြတိုင်းနိုင်​ငံအကျိုး၊လူ့​ဘောင်​လူ့ဘဝလူ့​လောကအကျိုးထမ်း​ဆောင်​ရန်​ဘဝကတိုက်​တွန်းသည်​။ဘဝတိုက်​တွန်းချက်​နားမ​ထောင်​ပဲတိကျ​သောရည်​မှန်းချက်​လည်းမရှိ၊ပန်းတိုင်​လည်းမရှိ​သောသူမှန်​သမျှဘဝ​အောင်​မြင်​မှုမရရှိ၊ရရှိလည်း​နှေး​ကွေးသည်​။စိုင်​​ကော်​၍ချုံ​ပေါ်​တော့တင်​သည်​။ချုံကမခိုင်​ခံ့သဖြင့်​​အောက်​ပြားဝပ်​ကျရာ၊အိပ်​​နေ​သော​မြွေအ​ခွေ​ပေါ်သို့ကျ၊​မြွေကိုက်​ခံရတတ်​၏။ထို့​ကြောင့်​ဘဝကိုမ​မေ့ရ၊ဘဝအသိရှိရမည်​။ဘဝကိုမျက်​ခြည်​မပြတ်​ရ။ဘဝနှင့်​ဆန္ဒကိုက်​ညီရမည်​။ဘဝအ​ခြေအ​နေနှင့်​အညီထပ်​ကြပ်​မကွာလိုက်​ရမည်​။ဘဝကိုပစ္စလက္ခတ်​သ​ဘောမထားပဲတန်​ဖိုးထား၍အမြဲတန်းကြိုးစားရမည်​။လူတစ်​​ယောက်​ဘဝတစ်​ခု​အောင်​မြင်​​ကောင်းစားခြင်းသည်​လူအများမှီခိုရာ၊အားထားရာ၊လူ့​လောကစည်​ပင်​ဝ​ပြောရာဖြစ်​၏၊ထို့အတူမီးပွားတစ်​ပွင့်​၊မီးတစ်​စသည်​အရာရာကိုပြာကျ​စေနိုင်​သကဲ့သို့၊မ​ကောင်းသူတစ်​​ယောက်​​ကြောင့်​​ကောင်းသူအ​ပေါင်း​မြောက်​များစွာဘဝပျက်​နိုင်​၏။ဘဝကိုထိန်းသိမ်း​စောင့်​​ရှောက်​မှု၊ပျိုး​ထောင်​မှု၊အဆင့်​မြှင့်​တင်​မှုသည်​လူတစ်​ဦးချင်းအတွက်​လည်းအဓိကဖြစ်​သကဲ့သို့လူ့​ဘောင်​လူ့အဖွဲ့အစည်းအတွက်​လည်းအဓိကကျလှသည်​။ဘဝမ​မေ့နဲ့၊ဘဝမျက်​ခြည်​မပြတ်​နဲ့၊ဘဝကိုမထီမဲ့မြင်​မလုပ်​နဲ့၊ဘဝကိုတန်​ဖိုးထားဟု​ရှေးလူကြီးသူမများဆုံးမခဲ့ကြသည်​မှာတစ်​ဦးချင်း​ကောင်းစား​ရေးဘဝအသိ​ပေး၊လူသားအားလုံး​ကောင်းစား​ရေးဘဝပညာ​ပေးဟုရင်​ထဲအသဲထဲနှစ်​လုံးထဲအ​သွေးထဲအသားထဲမှရခဲ့​သောဘဝအ​တွေ့အကြုံ၊ဘဝအသိ​ကြောင့်​ဖြစ်​ပါ၏။

ဤမျှလူ့ဘဝတွင်​အ​ရေးကြီးလှ​သောဘဝအမြင်​၊သ​ဘောထားတို့ကိုတင်​ပြလိုပါသည်​။
What is life?ဘဝဆိုတာဘာပါလည်း?
(1)Life is challenge.ဘဝဟူသည်​စိန်​​ခေါ်မှုတစ်​ရပ်​။
Meet it.​ပြေး​တွေ့ပါ။ရင်​ဆိုင်​ပါ။
(2)Life is struggle.ဘဝဟူသည်​တိုက်​ပွဲ။
Accept it.လက်​ခံလိုက်​ပါ။အသိအမှတ်​ပြုတိုက်​ပွဲဝင်​ပါ။
(3)Life is sorrow.ဘဝဟူသည်​ဝမ်းနည်းခြင်းတစ်​ရပ်​။
Overcome it.​အောင်​မြင်​စွာ​ကျော်​လွှားပါ။
(4)Life is mystery.ဘဝဟူသည်​ရှုပ်​​ထွေးနက်​နဲ​သောအရာတစ်​ခု။
Unfold it.ဖွင့်​ထုတ်​လိုက်​ပါ။အရှုပ်​ကိုရှင်းပါ။
(5)Life is joy.ဘဝဟူသည်​​ပျော်​ရွှင်​မှုတစ်​ရပ်​။
Spread it.ဖြန့်​​ဝေလိုက်​ပါ။ကိုယ်​​ပျော်​သလို​ပျော်​နိုင်​ကြ​စေ။
(6)Life is duty.ဘဝဟူသည်​တာဝန်​တစ်​ရပ်​။
Perform it.​ဆောင်​ရွက်​ပါ။ဘဝတာဝန်​​ကျေပွန်​​အောင်​ထမ်း​ဆောင်​ပါ။
(7)Life is romance.ဘဝဟူသည်​အချစ်​ဇာတ်​လမ်းတစ်​ပုဒ်​။
Enjoy it.နှစ်​သက်​ခံစားပါ။
(8)Life is gamble.ဘဝဟူသည်​အ​လောင်းးအစားတစ်​ရပ်​။
Watch it. ​စောင့်​ကြည့်​ပါ။
(9)Life is tragedy.ဘဝဟူသည်​​ကြေကွဲဖွယ်​ဇာတ်​လမ်းတစ်​ပုဒ်​။
Face it.မျက်​နှာမလွှဲပဲရင်​ဆိုင်​ပါ။
(10)Life is a song.ဘဝဟူသည်​သီချင်းတစ်​ပုဒ်​။
Sing it.သီဆိုလိုက်​ပါ။
(11)Life is bliss.ဘဝဟူသည်​အလွန်​​ပျော်​ရွှင်​ဖွယ်​တစ်​ရပ်​။
Embrace it.​ပွေ့ပိုက်​ထားပါ။
(12)Life is dream.ဘဝဟူသည်​အိပ်​မက်​တစ်​ခု။
Realize it.အ​ကောင်​အထည်​​ဖော်​ပါ။
(13)Life is journey.ဘဝဟူသည်​ခရီးတစ်​ရပ်​။
Complete it.အပြီးသတ်​ပါ။
(14)Life is promise.ဘဝဟူသည်​ကတိတစ်​ရပ်​။
Fulfil it.ဖြည့်​စွမ်းပါ။ဖြည့်​ဆည်းပါ။
(15)Life is puzzle.ဘဝဟူသည်​ပ​ဟေဠိတစ်​ပုဒ်​။
Solve it.​ဖြေရှင်းပါ။အ​ဖြေရှာပါ။
(16)Life is adventure.ဘဝဟူသည်​စွန့်​စားခန်းတစ်​ခု။
Done it.ဝံ့စားပါ။စွန်းစားပါ။
(17)Life is opportunity.ဘဝဟူသည်​အခွင့်​အ​ရေးတစ်​ခု။
Grosp it.မိမိရရဆုပ်​ကိုင်​ပါ။
(18)Life is game.ဘဝဟူသည်​ကစားခုန်​စားမှုတစ်​ခု။
Play it.ကစားပါ။
(19)Life is God's gift.ဘဝဟူသည်​ဘရားသခင်​လက်​​ဆောင်​။
Cherish it.အမြတ်​တနိုးထားပါ။

ကုလသမဂ္ဂ၊ပြန်​ကြား​ရေးဌာန၊ရန်​ကုန်​မြို့မှ၁၉၇၇ခုနှစ်​နှစ်​ဦးဆု​တောင်းလွှာအဖြစ်​what is life ကို ထုတ်​​ဝေခဲ့ပါသည်​။ဆရာကြီးC.T.O.က The Guardian (No.10.october1983)၌ဆီ​လျော်​​အောင်​ဘာသာပြန်​တင်​ပြခဲ့ပါသည်​။ကျွန်​​တော်​၏ဖြည့်​စွက်​ချက်​နှင့်​ထပ်​မံ​ပေါင်းစပ်​ထားပါသည်​။စာဖတ်​သူများလည်းမိမိကြိုက်​နှစ်​သက်​သကဲ့သို့ဖြည့်​စွက်​ပြီးဘာသာပြန်​နိုင်​ပါသည်​။အသက်​​လေးဆယ်​​အောက်​လူငယ်​များဖတ်​ဖူးချင်​မှဖတ်​ဖူးကြပါမည်​။အသက်​အရွယ်​ကြီးပြီးထိုစဉ်​ကမဖတ်​မိခဲ့​သောလူကြီးများလည်းရှိနိုင်​ပါသည်​။၂၀၁၈ခုနှစ်​နှစ်​သစ်​ဦးဆု​တောင်းစကားကိုနယ်​ပယ်​အသီးသီးမှပုဂ္ဂိုလ်​ကြီး၊လတ်​၊ငယ်​များက​ပြောကြားခဲ့ပြီးဖြစ်​၍အားလုံးနှစ်​သက်​​ကျေနပ်​စွာကြားနာပြီးဖြစ်​ပါမည်​။ကျွန်​​တော်​အ​နေဖြင့်​နှစ်​သစ်​ဦးဆု​တောင်းကိုစာဖတ်​ပရိသတ်​ကြီးအတွက်​ကုလသမဂ္ဂပြန်​ကြား​ရေးဌာန၊ရန်​ကုန်​မြို့မှထုတ်​​ဝေ​သောwhat is life ကိုထပ်​ဆင့်​​ရေးသား​ဝေငှလိုက်​ပါသည်​။ထပ်​ဆင့်​​ဝေငှလိုက်​​သောနှစ်​သစ်​ဦးဆု​တောင်းလွှာကိုဖတ်​၍ဘဝမြတ်​နိုး၊ဘဝတန်​ဖိုးထား၊ဘဝအတွက်​ကြိုးစား​သောသူများ​ပေါ်ထွက်​ပါ​စေဟုဆုမွန်​​ခြွေ​မေတ္တာ​ရေ​လောင်း၂၀၁၈ခုနှစ်​သည်​နှစ်​​ကောင်းနှစ်​မြတ်​ဖြစ်​ပါ​စေဟုဆုပန်​​တောင်းပါ​ကြောင်း။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC No.154
8.1.2018,Mon

Sort:  

ကောင်းပါတယ်​ ဆရာ

ခုလိုဖတ်​ရှု​ပေးတာ​ကျေးဇူးပါ

life is a ဘ + ဝ

Thanks for visiting

good post လေးပါအကို အားပေးပါတယ်ကြိုးစားပါ

ခုလိုဖတ်​ရှု​ပေးတာ​ကျေးဇူးပါ

ပြန်လည်ဆုတောင်းပေးလိုက်တယ်ဗျာ

ကျေးဇူးပါ

မှတ်သားပြီး လိုက်နာပါ့မယ်ဆရာ

ခုလိုဖတ်​ရှု​ပေးတာ​ကျေးဇူးပါ

အာ​ပေစလျှက်​ပါဗျာ

ကျေးဇူးပါ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64443.68
ETH 3507.13
USDT 1.00
SBD 2.55