ထာဝရလှပ​နေမည့်​ငယ်​ချစ်​ဦး

in #myanmar6 years ago

ထာဝရလှပ​နေမည့်​ငယ်​ချစ်​ဦး
image

အလှအပကိုမြတ်​နိုးတတ်​ခြင်းသည်​လူ့သ​ဘော၊လူ့သဘာဝလူ့စရိုက်​ဖြစ်​သည်​။ပန်းပွင့်​ပန်းခိုင်​ကိုစားသုံး၍မရမှန်းလူတိုင်းသိကြပါသည်​။စားသုံးမရ​သော်​လည်းမြတ်​နိုးချစ်​ခင်​တန်​ဖိုးထားကြသည်​။

ကျေးငှက်​သာရကာ​လေးများ၏သဘာဝမြည်​ကျူးသံသည်​အ​နောက်​တိုင်း​တေးလည်းမဟုတ်​၊အ​ရှေ့တိုင်း​တေးလည်းမဟုတ်​၊ဂန္တဝင်​သံစဉ်​လည်းမဟုတ်​၊ဟစ်​​ဟော့မဟုတ်​၊ဟဲဗီးမဟုတ်​၊​ပေါ့မဟုတ်​၊သို့ရာတွင်​သဘာဝတွတ်​တီးတွတ်​တာမြည်​ကျူးသံကိုနား​ထောင်​၍လူသားတို့ကြည်​နူးကြသည်​။

သစ်​ပင်​၊မြစ်​​ချောင်း၊​တော​တောင်​တို့သည်​ကိုယ့်​အိမ်​၊ကိုယ့်​ရွာ၊ကိုယ့်​ယာမဟုတ်​။သို့ရာတွင်​သစ်​ပင်​၊မြစ်​​ချောင်း၊အင်း၊အိုင်​၊​တော​တောင်​အလှကိုလူသားတို့မြတ်​နိုးကြသည်​။

လူသားတို့၏စိတ်​ထား၌အပြုစိတ်​ထား၊အ​ကောင်းမြင်​စိတ်​ထားလည်းရှိကြ၏။ထိုစိတ်​ထားရှိသူတို့သည်​မြင်​မြင်​သမျှဤ​လောက၌အလှတရားတို့ဖြင့်​ပြည့်​နှက်​​နေသည်​။လှပ​နေသည်​ဟုရှုမြင်​ကြသည်​။ကမ္ဘာကြီးအလှ၊​နေမင်းကြီးအလှ၊လမင်းကြီးအလှ၊ကြယ်​နက္ခတ်​တာရာအလှ၊ပိ​တောက်​၊ငုဝါ၊နှင်းဆီ၊စံပယ်​၊ဇလပ်​ခတ္တာပန်းရတနာအဖြာဖြာ၏အလှ၊လူသားအလှ၊ဝန်းကျင်​အလှ၊ထိုအလှအပကိုမြတ်​နိုး​နေကြသကဲ့သို့ဘဝကိုအလှဆင်​ရန်​၊​လောကကိုအလှဆင်​ရန်​လည်းကြိုးစားကြသည်​။ကိုယ့်​ဘဝလှပဖို့၊မိသားစုဘဝလှပဖို့၊​ကျေးရွာလှပဖို့၊ကိုယ့်​နိုင်​ငံလှပဖို့၊ကိုယ့်​ဘာသာသာသနာယဉ်​​ကျေးမှုလှပဖို့၊ကမ္ဘာ​မြေကြီးကျန်းမာလှပဖို့တတ်​စွမ်းသမျှကြိုးစားကြအားထုတ်​ကြသည်​။လူသားတာဝန်​​ကျေပွန်​ကြသည်​။

ထိုအပြုစိတ်​ထားရှိ​သောအလှဆင်​သူများနှင့်​ဆန့်​ကျင်​ဖက်​စိတ်​ထားရှိသူများမှာအဖျက်​စိတ်​ထား၊မ​ကောင်းမြင်​စိတ်​ထားရှိသူများဖြစ်​သည်​။ထိုသူတို့သည်​အလှဝန်​တို၊အလှကိုငြိုငြင်​ရာမှအလှ၏ဆန့်​ကျင်​ဖက်​အရုပ်​ဆိုးအကျည်းတန်​ဘဝသိသိသာသာ​ရောက်​သွားရသည်​။အကျည်းတန်​အရုပ်​ဆိုး​စေ​သောပူပူ​လောင်​​လောင်​စိတ်​ဓာတ်​​မွေးမြူကြသည်​။ရန်​ငြိုး၊အာဃာတ၊အမုန်း၊အဘိဇ္ဈာ၊ဣဿာ၊မစ္ဆရိယ၊ကိုယ့်​ကိုကိုယ်​မယုံကြည်​​တော့မှု၊သံသယကြီးမားမှု၊ကိုယ့်​အချင်းချင်း​ရောအခြားသူများကိုပါသံသယဖြင့်​အမြဲတ​စေ​စောင့်​ကြည့်​​နေတတ်​မှု၊သံသယဖြင့်​ဆက်​ဆံမှု၊ကိုယ့်​ကိုကိုယ်​စိတ်​မချတိုင်းဘယ်​သူ့ကိုမှမယုံ​တော့မှု၊ထိုထို​သောအ​ခြေခံအမြင်​မှားယွင်းမှုကထုနှင့်​ထည်​နှင့်​ဖြစ်​လာ​သောအခါအပျက်​စိတ်​ထား၊အဖျက်​စိတ်​ထား၊မ​ကောင်းမြင်​စိတ်​ထားကထိုသူတို့ကိုမ​ကောင်းကျိုး​ပေးလာပါသည်​။ဘယ်​သူဘာလုပ်​လုပ်​အ​ကောင်းမမြင်​နိုင်​​တော့ပဲမ​ကောင်းသည့်​အချက်​အလက်​ကိုသာရှုမြင်​​ထောက်​ပြ၍မ​ကောင်းစိတ်​လုံးလုံးဝင်​လာပါသည်​။ထိုအခါကမ္ဘာသုံး​ဝေါဟာရတစ်​မျိုးဖြစ်​​သောcynic(စိတ်​ဓာတ်​​ရေးရာအချဉ်​​ပေါက်​​နေသူများ)များ​ပေါ်လာပါသည်​။

ထမင်း၏မူလဂုဏ်​သတ္တိမှာအချဉ်​မဟုတ်​။မူလဂုဏ်​သတ္တိပျက်​ပြယ်​​သောအခါအချဉ်​ဘဝ​ရောက်​ရသည်​။cynic(စိတ်​ဓာတ်​​ရေးရာအချဉ်​​ပေါက်​​နေသူ)တို့သည်​သ​ရော်​​စော်​ကားခြင်း၊​လှောင်​​ပြောင်​ခြင်း၊မထီမဲ့မြင်​ပြု ခြင်း၊
အခြားသူများအားပျက်​စီး​စေရန်​ပစ္စလက္ခတ်​မှိုချိုးမျှစ်​ချိုး​ပြောခြင်း၊အပျက်​စိတ်​ထားဖြင့်​အပျက်​သ​ဘောရှုမြင်​ကာမ​ကောင်းမြင်​၊မ​ကောင်း​ပြော၊မ​ကောင်းလုပ်​လုပ်​လာသည်​။cynicတို့သည်​သူတို့ထက်​နိမ့်​ကျသူ၊သူတို့နှင့်​တန်းတူရည်​တူလူတို့ကိုရန်​လိုကြ၊ရန်​ရှာကြ၊မနာလိုမုန်းထားကြသည်​။

ထူးခြား​သောcynic(စိတ်​ချဉ်​​ပေါက်​သမား)တစ်​မျိုးမှာသူတို့ထက်​နိမ့်​ကျသူ၊တန်းတူရည်​တူလူများကိုသဲသဲမဲမဲရှုတ်​ချ​ပြောဆိုနှိမ့်​ချဆက်​ဆံ​သော်​လည်းသူတို့ထက်​အာဏာ၊ရာထူး၊ဥစ္စာ​ငွေ​ကြေး၊ဩဇာအရှိန်​အဝါ၊လွန်​စွာကြီးမားသူများကိုဒူးတုပ်​ခစား၊ဘုရားထူး​မော်​ဖူးကာဘုရင့်​​ခေတ်​က​ကျေး​တော်​မျိုးကျွန်​​တော်​မျိုးတို့ကဲ့သို့အလွန်​အကျူးရို​သေညွတ်​တွားလျှက်​လူ့ဂုဏ်​သိက္ခာ​မြေကျနီးပါး​အောက်​ကျ​နောက်​ကျခံဆက်​ဆံကြသည်​။cynicစိတ်​ဓာတ်​လုပ်​ရပ်​ကားသု​တေသနပညာရှင်​များပင်​လျှင်​အံ့ဩရသည်​။cynicတို့သည်​​တောင်​​တောကိုသာသာယာ​စေချင်​သည်​။မြောက်​​တောသာယာသည်​ကိုမကြိုက်​။အ​ရှေ့​တောကိုခမ်း​ခြောက်​​စေလိုသည်​။အ​နောက်​​တောကိုမူစိမ်းလမ်းစို​ပြေ​စေချင်​ကြသည်​။တစ်​ခါတစ်​ရံ၌​တောအားလုံး​ခြောက်​ကပ်​​သေလျှင်​သစ်​ရွက်​​ကြွေလှဲရသက်​သာသ​ဘောမျိုးလည်းခံယူကြသည်​။လိုလျှင်​လှ မလိုလျှင်​မလှဟူ​သောသ​ဘောလည်းထားကြသည်​။cynicတို့သည်​သူတို့ကအနိုင်​ရ​သောအချိန်​၌အခြားသူများကိုရက်​စက်​ချိုးနှိမ်​ကြသကဲ့သို့၊သူတို့ကရှုံးနိမ့်​အားနည်း​သောအချိန်​၌လည်း​ကောက်​ကျစ်​စဉ်းလဲတတ်​သည်​။အရာရာကို​ယျေဘုယျသ​ဘောအားဖြင့်​cynicတို့ကအဆိုးမြင်​​သောအခါမြင်​မြင်​သမျှဘာမှအ​ကောင်းမထင်​၊အ​ကောင်းမမြင်​။အညာရွာတစ်​ရွာတွင်​အမူးသမားတစ်​ဦးကမူးမူးဖြင့်​ မ​ကောင်းတဲ့လူ​တွေ ဒို့ရွာထဲလှည့်​ရှာရင်​ ငါကတစ်​၊အ​ဖေကနှစ်​၊အ​မေကသုံး၊ကျန်​တာတစ်​ရွာလုံး​ဟေ့ဟု​ပြောသလို​ပြောတတ်​ကြသည်​။

ကျွန်​​တော်​ငယ်​ငယ်​ကထဲကချစ်​ခဲ့ရ​သောငယ်ချစ်​ဦးမှာcynic(စိတ်​ဓာတ်​​ရေးရာနိမ့်​ကျသူ၊စိတ်​ချဉ်​​ပေါက်​သူ၊စိတ်​ချွတ်​ယွင်းသူ)တို့နှင့်​ဆန့်​ကျင်​ဖက်​သ​ဘောထား၏။မြန်​မာပီပီမြန်​မာ့ယဉ်​​ကျေးမှုဓ​လေ့ထုံးတမ်းစဉ်​လာစိတ်​ထားဖြင့်​ခပ်​ရိုးရိုးပဲသူ့အမြင်​​ပြောပြ၏။
တောင်​၊​တော၊ရယ်​သာ။
မာလကငုံဖူး။
တစ်​ပင်​ကိုနှစ်​ပင်​ယှက်​တယ်
ကျေးငှက်​ကမြူး။ ။တဲ့။
ဘယ်​​တောင်​သာပါ​စေ၊မသာပါ​​​စေ၊ဘယ်​​တောသာပါ​စေ၊မသာပါ​စေ၊ဘယ်​ပန်းဖူးပါ​စေ၊မဖူးပါ​စေ၊ဘယ်​​ကျေးငှက်​သာရကာသာပါ​စေ၊မသာပါ​စေနှင့်​ဟုလုံးဝမပါ။အလှအပကိုမြတ်​နိုးတတ်​​သောလူသား၏အလှချစ်​နှလုံးသားဖြင့်​သာယာလှပ​သော​တော​၊တောင်​၊ပန်းမာလ်​နှင့်​​ကျေးငှက်​သာရကာတို့၏အလှအပအားလုံးကိုချစ်​မြတ်​နိုးစွာဗြဟ္မစိုရ်​စိတ်​ထားဖြင့်​ကြည့်​မြင်​​ပြောပြသည်​။အားလုံးအားလုံး၏အလှအပကိုဗြဟ္မစိုရ်​စိတ်​ထား​ကောင်းဖြင့်​တင်​ပြ​ပြောကြား​သောအခါပင်​ကိုယ်​အလှတွင်​အယဉ်​ဆင့်​​လေသည်​။

ဒေသန္တရခရီးသည်​ငါးရာဝတ္ထု​တော်​၌ဗြဟ္မဝိဟာရအမြင်​ကိုဗြဟ္မစိုရ်​အမြင်​ဟုလည်း​ခေါ်၏။ယင်းအမြင်​သည်​​မေတ္တာအမြင်​၊ဂရုဏာအမြင်​၊မုဒိတာအမြင်​၊ဥ​ပေက္ခာအမြင်​တို့ဖြစ်​ကြ၏။လောကကို​မေတ္တာအမြင်​ဖြင့်​ကြည့်​​သောအခါအားလုံးကိုချစ်​စရာချည်းဟုမြင်​၏။ဂရုဏာအမြင်​ဖြင့်​ကြည့်​​သောအခါအားလုံးကိုကြင်​နာစရာချည်းဟုမြင်​၏။မုဒိတာအမြင်​ဖြင့်​ကြည့်​​သောအခါအားလုံးကိုဂုဏ်​ယူစရာချည်းပဲဟုမြင်​၏။ဥ​ပေက္ခာအမြင်​ဖြင့်​ကြည့်​​သောအခါအားလုံးကိုလူသားချင်းအတူတူချည်းပဲဟုမြင်​၏။ဤအမြင်​​လေးမျိုးဖြင့်​ကြည့်​ခြင်းကိုဗြဟ္မဝိဟာရအမြင်​ဖြင့်​ကြည့်​ခြင်းဟူ၍လည်း​ကောင်း၊ဗြဟ္မာအမြင်​ဖြင့်​ကြည့်​ခြင်းဟူ၍လည်း​ကောင်းဆိုရ၏ဟုလမ်းညွှန်​ပြသဆိုဆုံးမ​ဟောကြား​တော်​မူခဲ့သည်​။

ကျွန်​​တော်​ငယ်​ငယ်​ကထဲကချစ်​မြတ်​နိုးခဲ့ရ​သောငယ်​ချစ်​ဦးထိုကဗျာ​လေးသည်​အမြင်​​ကောင်း​လေးမျိုးဖြင့်​​လောကကိုအ​ကောင်းမြင်​ထားရာအစဉ်​ထာဝရလှပ​နေမည်​သာဖြစ်​ပါသည်​။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
**တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC-154
11.2.2018,Sun

Sort:  

ဆရာရဲ့ စာစောင်တွေ အမြဲဖတ်ရှု လေ့လာမှတ်သားထားပါတယ် ဆရာ ကေိးဇူးပါဆရာ

ဝမ်းသာစရာပါ။ခုလိုကြားရတဲ့အတွက်​။ကျေးဇူးလည်းတင်​ပါတယ်​။

ကောင်းတယ်ဗျ အားပေးနေပါတယ် bro

ဖတ်​ရှု​ပေးတာ​ကျေးဇူးတင်​ပါတယ်​။

အရမ်းကောင်းတဲ့ post တစ်ခုပါ ဆရာ။

ခုလိုကြားရတာဝမ်းသာပါတယ်​။

ဗဟုသုတရပါတယ် အစ်က်ုရေ အမြင်လေမျိုးနဲ့ကြည့်တတ်ဖို့ကြိုးစားဦးမဟ်

ကျင့်​ကြံနိုင်​ရင်​အ​ကောင်းဆုံးပါ

အားပေးသွားတယ်

ကျေးဇူးတင်​ပါတယ်​။

အားပေးနေပါတယ်

ကျေးဇူးတင်​ပါတယ်​။

စာကောင်းလေးတွေပေးဖတ်တာကျေးဇူးပါ

ဖတ်​ရှုတာ​ကျေးဇူးပါ

အရမ်း​ကောင်းပါတယ်​ရှင်

ကျေးဇူးတင်​ပါတယ်​။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64411.29
ETH 3516.69
USDT 1.00
SBD 2.55