စုန်း၊တ​စ္ဆေ၊သရဲများနှင့်​ ကျွန်​​တော်

in #myanmar6 years ago

စုန်း၊တ​စ္ဆေ၊သရဲများနှင့်​ ကျွန်​​တော်

image

၁၉၆၉/၇၀ခုနှစ်​များဆီကကျွန်​​တော်​သည်​​ချောင်းဦးအ.ထ.ကဆယ်​တန်း​ကျောင်းသားပင်​ရင်းမြန်​မာစာတွင်​ဆရာကြီး​ရွှေဝယ်​ဧ​ရေးသား​သောပင်​လယ်​စုန်း၊ပင်​လယ်​မီးလုံးကြီးများအ​ကြောင်းပါရာကျွန်​​တော်​အထူးစိတ်​ဝင်​စားသည်​။ကျွန်​​တော်​ကိုယ်​တိုင်​စာ​ရေးဆရာဖြစ်​လာ​သောအခါကျွန်​​တော့်​​ဒေသရှိစုန်း၊တ​စ္ဆေ၊သရဲဆိုင်​ရာမီးလုံးများအ​ကြောင်းကိုစမ်းသပ်​​ရေးသားတင်​ပြကြည့်​ရာပရိသတ်​ကကြိုက်​နှစ်​သက်​ကြသည်​။

(၁)​ရောင်​စုံမီးတ​စ္ဆေသို့မဟုတ်​စုန်းမီး​တောက်​မှာသစ်​ပင်​ချုံပင်​ပိ​ပ္ပေါင်းထူထပ်​​သော​နေရာ၊ကဇာခင်​တန်းချုံတန်းများထဲ၌​တောင်​ပို့အို​တောင်​ပို့​ဟောင်းများရှိ​သော​နေရာ၌​ချောက်​လှန့်​တတ်​သည်​၊ပြသ​လေ့ရှိသည်​ဟု​ရှေးလူကြီးသူမများက​ပြောကြသည်​။ချောက်​လှန့်​ပုံ၊ပြသပုံမှာမိုးရွာ​နေစဉ်​ဖြစ်​​စေ၊မိုးသဲသဲမဲမဲရွာပြီးစ၌ဖြစ်​​စေညအချိန်​တွင်​ကဇာချုံတန်းချုံပုတ်​​တောင်​ပို့များဆီမှ ​ဝေါ ​ဝေါ ​ဝေါ ​ဝေါ အသံများကိုကားအပြိုင်​​မောင်းလာသကဲ့သို့ပထမစတင်​ကြားရသည်​။ဝေါ​ဝေါဝူးဝူးအသံများအဆမတန်​ကျယ်​ကျယ်​​လောင်​​လောင်​ကြားလာပြီး​နောက်​ချုံတန်းသစ်​ပင်​​တောင်​ပို့များဆီမှဖြူ၊နီ၊ပြာ၊ဝါ၊စိမ်းအစရှိ​သော​ရောင်​စုံမီးပွင့်​မီးပန်းများ​ဝေ​ဝေဆာဆာထွက်​​ပေါ်လာပြီးလင်းထိန်​ရှိန်​​တောက်​ မြင့်မြင့်မြင့်မြင့်​ တက်​လာသည်​။ဝေါ​ဝေါဝူးဝူးအသံများ​၊ရောင်​စုံထွက်​​ပေါ်လာ​သောမီးပွင့်​မီးပန်းများကိုအစွဲပြု၍အ​ချောက်​အလှန့်​ခံရသူတို့က ​ရောင်​စုံမီးတ​စ္ဆေ၊စုန်းမီး​တောက်​ဟု​ခေါ်ခဲ့ကြသည်​။ဘယ်​ကဇာဘယ်​ချုံဘယ်​​တောကဘယ်​​တောင်​ပို့ကတ​စ္ဆေ​ချောက်​သည်​၊စုန်းမီး​တောက်​ထသည်​ဟု​ရှေးလူကြီးများက​ပြောကြ၏။

(၂)မီးသရဲမှာယာသားလွင်​ပြင်​များတွင်​အများဆုံး​တွေ့​လေ့ရှိသည်​။ယခု​ခေတ်​လူငယ်​များမှာရွာချင်းဆက်​လမ်းသာသာယာယာကိုဆိုင်​ကယ်​၊စက်​ဘီး၊ကား၊​ထော်​လာဂျီဖြင့်​ဖြတ်​သွားဖြတ်​လာလုပ်​​နေကြရသည်​။ယာထွန်​ထွက်​ရာမျိုး​စေ့စိုက်​ရာ၌မနက်​လင်းမှသွားလာ​နေကြရသည်​။လွန်​ခဲ့​သောနှစ်​အစိတ်​သုံးဆယ်​​ကျော်​ကတွင်းကြီးမှ​ချောင်းဦး၆တိုင်​(၁၂မိုင်​)​မြောင်​သို့၆တိုင်​(၁၂မိုင်​)ဘယ်​မြို့သွားသွားနွားလှည်းဖြင့်​သွားကြရသည်​။လှည်းထုံးစံတစ်​နာရီတစ်​တိုင်​​ယျေဘုယျသတ်​မှတ်​ရာအသွား၆နာရီ၊အပြန်​၆နာရီပျမ်းမျှကြာတတ်​ရာညဉ့်​ခရီးကိုလွှဲဖယ်​​ရှောင်​မရ။ထို့အတူယခင်​ကမိုး​ပေါ၊မိုးများရာ​ပေါင်းပင်​အလွန်​ထူထပ်​​ပေါများသည်​။သစ်​ငုတ်​သစ်​တက်​၊​ပြောင်းရိုးငုတ်​၊ပဲစဉ်းငုံငုတ်​တို့ကအတက်​ထွက်​သန်​ကြသည်​။ထိုအခါ​တောချွတ်​ကြရသည်​။တောကို​စော​စောသွားရသည်​။တောထဲမှာအိပ်​၊စား၍​ပေါင်းရှင်းယာထွန်​ရသည်​။ရွာမှထလာသူကဝီရိယထား၍ညဉ့်​နှစ်​ချက်၊​သုံးနာရီ၌ယာ​တောသို့နွားလှည်းဖြင့်​သွားရသည်​။ထိုအချိန်​၌မီးသရဲများကို​တွေ့ရပါ​တော့သည်​။

ကျွန်​​တော်​တို့ငယ်​ငယ်​ညဉ့်​ဖက်​ခရီးထွက်​ထွက်​၊ယာထွန်​မျိုးကျဲသွားသွားလူကြီးများကအမြဲမှာသည်​။မီးသရဲဟူသည်​မီးလင်​ပန်းကြီးကိုရွက်​၍​ပြေးလွှား​နေရ​သောဝဋ်​​ကျွေးခံ​နေရသည့်​သရဲကြီးဖြစ်​သည်​။လူနှင့်​​တွေ့ကြုံလာပါကသူရွက်​လာ​သောမီးလင်​ပန်းကြီးနှင့်​လူကိုပစ်​​ပေါက်​လိုက်​သည်​။မီးလင်​ပန်းထိမိ၊အ​ပေါက်​ခံရမိသူကမီးသရဲဘဝသို့​ရောက်​သွားပြီးမီးသရဲကသရဲဘဝမှလွတ်​သွားသည်​။မီးသရဲ​တွေ့က​ဝေး​ဝေး​ရှောင်​၊သူဖြတ်​သွားမည့်​လမ်းကျ​လောက်​​သော​နေရာဖြစ်​နိုင်​က​ကွေ့ပတ်​​ရှောင်​ဟုအမြဲမှာသည်​။

မီးသရဲများသည်​​တောင်​မှ​မြောက်​သို့​ပြေးလျှင်​လည်းတန်းတန်းမတ်​မတ်​​ပြေးသည်​။အ​ရှေ့မှအ​နောက်​၊အ​နောက်​မှအ​ရှေ့​ပြေးလျှင်​လည်းတန်းတန်းမတ်​မတ်​​ပြေးသည်​။အ​ရှေ့​ပြေးရာမှ​တောင်​ချိုးခြင်း၊​မြောက်​ချိုးခြင်းမရှိသ​လောက်​ရှားပါးသည်​။အ​နောက်​မှအ​ရှေ့​ပြေး​နေရာကအ​နောက်​ပြန်​လှည့်​ခြင်းရှားသည်​။တစ်
ခါတစ်​ရံညများ၌တစ်​​ကောင်​တစ်​​လေ​တွေ့ရတတ်​သည်​။တစ်​ခါတစ်​ရံညများ၌ဟဟမီးသရဲဟု​အော်​၍မှမပြီး​သေး၊​နောက်​တစ်​​နေရာ၌ဟိုမှာ ဟိုမှာလည်းတစ်​​ကောင်​ဟုလက်​ညိုးညွှန်​ပြရသည်​။မကြာမီတ​ခြား​နေရာမှ​နောက်​မီးသရဲကဘွားကနဲ​ပေါ်၊​ပြေးတတ်​​သေးသည်​။တော(ယာ​တော)၌ညဉ့်​အိပ်​သက်​ရှည်​ကြာလာ​သောအဖိုးတို့၊အဖွားတို့၊အဘတို့၊အ​မေကြီးတို့ကြ​တော့မီးသရဲဝါရင့်​သမ္ဘာရင့်​များဖြစ်​ရာဘယ်​​နေရာကမီးသရဲစ​ပြေးလာပြီဆိုလျှင်​ဘယ်​​တော၊ဘယ်​သစ်​ပင်​၊ဘယ်​သူ့ယာနားရပ်​မည်​ဟုကြိုတင်​​ပြောတတ်​သည်​။သူတို့​ပြောသည့်​အတိုင်းလည်းမှန်​မှန်​​နေ၏၊ဤသည်​မှာ​ဒေသဝန်းကျင်​​တွေ့​နေ၊​ပြော​နေ၊မြင်​​နေရ​သောတ​စ္ဆေ၊သရဲများနှင့်​ပတ်​သက်​သည့်​အချက်​အလက်​များဖြစ်​ပါသည်​။

ရှေးထုံးလည်းမပယ်​နဲ့၊သိပ္ပံနည်းကျအမြင်​လည်းလက်​မလွှတ်​နဲ့ဟူ​သောထုံးနှလုံးသွင်း၍ကွင်းဆင်းထိ​တွေ့ပြီး၊ချိန်​ချိန်​ဆဆသုံးသပ်​​ရေးခဲ့ရပါသည်​။ရောင်​စုံမီးတ​စ္ဆေ​ခေါ်စုန်းမီး​တောက်​သည်​အမှန်​လည်းရှိခဲ့သည်​။အမှန်​လည်း​ချောက်​လှန့်​ခဲ့သည်​။အ​ကြောင်းအရင်းမှာခြ​တောင်​ပို့ဆီမှလာသည်​။တောင်​ပို့အိုလာကခြဆီဘူးလည်းရှိသည်​။ခြသံလည်းရှိသည်​။ခြသံထုထည်​အင်​အားကြီးမားလာပါကမိုးသဲသဲမဲမဲရွာချိန်​၊ဓာတ်​ပြုချိန်​နှင့်​ကြုံကြိုက်​ပါက​ဝေါ​ဝေါဝူးဝူးအသံကုန်​​အော်​မြည်​သည်​။ရောင်​စုံမီးပွင့်​မီးပန်းများလင်းထိန်​ရှိန်​​တောက်​​နေ​အောင်​ထွက်​သည်​။ဤသည်​ကို​ဒေသခံ​ရှေးလူကြီးများက​ရောင်​စုံမီးတ​စ္ဆေ၊သို့မဟုတ်​စုန်းမီး​တောက်​ဟု​ခေါ်ကြသည်​။ထိုအချက်​ကိုကျွန်​​တော်​၏င​တောငလုံးဝတ္ထုတိုများတွင်​ထည့်​သွင်း​ရေးသားထားရာပရိသတ်​ကလည်းလက်​ခံခဲ့ကြသည်​။စာ​ပေဆု​ရွေးချယ်​​ရေးအဖွဲ့ကလည်းစိတ်​ကူးသက်​သက်​ဖြင့်​​ရေးမရ​သောဝတ္ထုတိုများဟုမှတ်​ချက်​ချကာစာ​ပေဗိမာန်​ဆုလည်း​ပေးခဲ့သည်​။စိတ်​ဝင်​စားပါကစာ​ပေဗိမာန်​ဆုရင​တောငလုံးဝတ္ထုတိုများ၁+၂(ရန်​​အောင်​စာ​ပေ၂-ဒုတိယအကြိမ်​ထုတ်​)မှ ဖားသမား ဝတ္ထုရှာဖတ်​ကြည့်​ပါ။ယခုထက်​စုံစုံလင်​လင်​သိရှိရပါမည်​။

မီးသရဲကို​ရေးသားတင်​ပြရာ၌မီးလုံးကြီးဖြစ်​​ကြောင်း၊အရှိန်​ပြင်းပြင်းဖြင့်​အခတ်​ခံရ​သော​ဘောလုံးကြီး​ပြေးသကဲ့သို့​မြောက်​၊​တောင်​၊​ရှေ့​နောက်​​ပြေး​နေ​ကြောင်း၊မည်​သူမျှ​ပြေးလွှား​နေ​သောမီးလုံးကြီးကို​စောင့်​ဖမ်းကာအလျား၊အနံ၊ထုအမျိုးအစားတိုင်းထွာနိုင်​သူမရှိ​သေး​ကြောင်း၊မီးလုံးကြီး​တော့မီးလုံးကြီးသာဖြစ်​​ကြောင်းတင်​ပြခဲ့သည်​။(၁)​ငွေတာရီမဂ္ဂဇင်း၊(၂)​ငွေတာရီဆုရ​ပေါင်းချုပ်​၊(၃)င​တောငလုံး၃(၄)ဒို့​ကျေးရွာဂျာနယ်​(၅)ပတ္တမြားFMဇာတ်​လမ်း(၆)ပုဂ္ဂလိကထုတ်​​ဝေသူမှထုတ်​​ဝေလို​ကြောင်းခွင့်​​တောင်း၍​နောင်​ထုတ်​​ဝေမည့်​ဝတ္ထုတို​ပေါင်းချုပ်​ပါဝင်​မည့်​စာမူအဖြစ်​ဝတ္ထုတိုတစ်​ပုဒ်​ထဲ၆ကြိမ်​၆ခါအထိပြန်​လည်​​ဖော်​ပြရ​သောကျွန်​​တော်​၏​ငွေတာရီဆုရ အသက်​ကယ်​ပွဲ ဝတ္ထုတိုမှာမီးသရဲအ​ကြောင်းတင်​ပြခဲ့ပါသည်​။(စိတ်​ဝင်​စားပါက​ငွေတာရီဆုရ​ပေါင်းချုပ်​သို့မဟုတ်​င​တောငလုံး၃ပါအသက်​ကယ်​ပွဲဝတ္ထုတိုကိုပြန်​ဖတ်​ကြည့်​ပါ။)

နောက်​အပတ်​၌ဒုံမီးသရဲ(တုတ်​မီးသရဲ)၊နနွင်းမှိုင်းတ​စ္ဆေ(ဆနွင်းမှိုင်းတ​စ္ဆေ)၊​တောက်​​ခေါက်​သစ်​(သစ်​​တောက်​)တို့အ​ကြောင်းတင်​ပြပါအုံးမည်​။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC-154
Feb.6.2018,Tue

Sort:  

သရဲအကြောင်း စိတ်ဝင်စားပါတယ်။ကြောက်လည်း ကြောက်ပါတယ်။

ကြောက်​စရာ​တော့မဟုတ်​ပါဘူး။ဗဟုသုတအဖြစ်​တင်​ပြတာပါ။

စိတ်ဝင်စားပါတယ်

ကျေးဇူးတင်​ပါတယ်​။

ဆရာ့ဆီသူများတွေ အလည်လာကြသလိုဆရာလည်း အလည်သွားပေးဖို့ လိုပါတယ်ဆရာ။

ဘာကိုဆိုလိုချင်​လည်းမသိဘူးဗျာ။
ကျွန်​​တော်​ စကတည်းက vote ကို အားလုံးကို​ပေးပါတယ်​။
ကျွန်​​တော့်​ဆီကို လာvote သည်​ဖြစ်​​စေ မvoteသည်​ဖြစ်​​စေ၊အားလုံးကို​ပေးပါတယ်​။
ကျေးဇူးတင်​ပါတယ်​။

comment ကို ပြောလိုတာ ဖြစ်နိုင်ပါတယ် ဆရာ ဖိုးဖိုး တားက အာ့မျိုးတော့ တွေ့ဖူးဘူး ဥဘ ဆိုလား ဘာလားမသိ မီးချောင်းလိုဟာဘဲ တွေ့ဖူးပါတယ်

ကြေက်ပါတယ်

ဗဟုသုတအဖြစ်​ပါ။

ဗဟုသုတရပါတယ်

ကျေးဇူးတင်​ပါတယ်​။
ခုလိုဖတ်​ရှု​ပေးတဲ့အတွက်​။

စိတ်လည်း ၀င်စားတယ် ကြောက်လည်းကြောက်တယ် ဆရာရေ

ကြောက်​စရာကြီးရယ်​လို့​တော့မဟုတ်​ပါဘူး။
သူ့​နေရာကိုယ့်​​နေရာ​ပေါ့။

အသက်ကယ်ပွဲဝတ္ထုရှာဖတ်ကြည့်လိုက်ပါဦးမယ်ဆရာ . . . ကျွန်တော်တို့လိ စုန်းဇာတ်လမ်တွေရေးနေသူတွေအတွက် တကယ်ကို အထောက်ကူဖြစ်ပါတယ် . . . မီးသရဲတော့ လွန်ခဲ့တဲ့ ၈ လ လောက်က တစ်ခါမြင်ဖူးပါတယ်

ဖတ်​ကြည့်​ရင်​အ​ထောက်​အကူဖြစ်​မှာပါ။

သရဲ တို့ မီးသရဲ့ တို့ ခုထိ ကိုယ်တွေ မမြင်ဖူးသေးဘူး ။ မတွေ လဲ မတွေ့ ချင်မိဘူး ကြောက်စိတ် က ဘယ်လောက် ထိ ဖြစ်မယ်ဆိုတာ မတွေးရဲ့ ဘူး

မ​တွေ့နိုင်​ပါဘူး။တော်​ရုံနဲ့လည်း။

သရဲတော့ကြောက်ပါ့

ကြောက်​စရာကြီးရယ်​လို့​တော့မဟုတ်​ပါဘူး။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64453.36
ETH 3507.44
USDT 1.00
SBD 2.56