မွဲလို့လည်းမဆဲနဲ့၊ငတ်​လို့လည်းရပ်​မ​နေနဲ့

in #myanmar6 years ago

မွဲလို့လည်းမဆဲနဲ့၊ငတ်​လို့လည်းရပ်​မ​နေနဲ့
myprofile.jpg

မြန်​မာလူငယ်​အချို့သည်​(အားလုံးကိုဝါးလုံးရှည်​ဖြင့်​ရမ်း၊သိမ်းကျုံးမဆိုလိုပါ)တိကျ​သောရည်​ရွယ်​ချက်​မရှိ၊ထိုအခါပန်းတိုင်​မရှိ၊ပန်းတိုင်​ထားမကြိုးစား​သောအခါ၊​အောင်​မြင်​မှုမရ၊အဓိကအချက်​မှာကိုယ့်​ကိုတိုက်​ရိုက်​အကျိုးပြု​သောကိုယ့်​ရည်​ရွယ်​ချက်​ထားရှိရာပန်းတိုင်​​ရောက်​​စေမည့်​စာအုပ်​စာတမ်းများအဖတ်​ရှုနည်းပါးခြင်း၊​အောင်​မြင်​မှုရရှိသည်​အထိ​စောင့်​ဆိုင်းနိုင်​​သောခန္တီတရားနည်းပါးခြင်း၊ကြုံ​တွေ့လာ​သော​ခေတ်​သစ်​အ​ခြေအ​နေသစ်​ကိုစိတ်​သစ်​လူသစ်​ဖြင့်​သဟာဇာတဖြစ်​ဖြစ်​​နေထိုင်​၍မျက်​​ခြေမပြတ်​မကြိုးစားခြင်းကဘဝ​အောင်​မြင်​မှုဆုံးရှုံး​စေ၊ကြံ့ကြာ​စေပါသည်​။ကျွန်​​တော်​သည်​လူငယ်​လူလတ်​များကို​လေးစားခင်​မင်​ယုံကြည်​အားကိုး​သောလူပီပီကျွန်​​တော်​တတ်​နိုင်​သမျှ​ဝေငှနိုင်​​သောဗဟုသုတတို့ကိုကျွန်​​တော်​တတ်​နိုင်​သည့်​စာ​ရေး​သောနည်းဖြင့်​တင်​ပြအပ်​ပါသည်​။

ယခုတင်​ပြမည့်​စာမူမှာကမ္ဘာ​ကျော်​တက်​ကျမ်းပညာရှင်​ကြီးတစ်​ဦးဖြစ်​သူဟားဘတ်​အဲန်​ကက်​ဆင်​၏self development မှဘဝ​အောင်​မြင်​​ရေးအကြံပြုချက်​၊လမ်းညွှန်​ချက်​များလည်းအဓိကပါဝင်​ပါမည်​။အခြားစာအုပ်​တစ်​အုပ်​မှအထုပ္ပတ္တိအတို​လေးလည်းထည့်​​ရေးထားပါသည်​။ဆရာကြီးဟားဘတ်​အဲန်​ကက်​ဆင်​၏​အောင်​မြင်​​ရေးသ​ဘောထားများမှာသိပ္ပံနည်းကျသကဲ့သို့​လေးနက်​လှပါသည်​။တိုက်​ရိုက်​ဘာသာပြန်​ခြင်း၊အကျဉ်းချုံးခြင်း၊ကြိုက်​နှစ်​သက်​ရာတစ်​ချက်​နှစ်​ချက်​ကိုသာ​ရွေးထုတ်​တင်​ပြခြင်း​ရှောင်​ရှားကာဆရာကြီးထုတ်​ဖော်​လို​သောအဓိကလမ်းညွှန်​များကိုပါနိုင်​သမျှပါ​ဝင်​​အောင်​စုစည်း၍မြန်​မာစာဖတ်​ပရိသတ်​အတွက်​မြန်​မာနား၊မြန်​မာမျက်​စိ၊မြန်​မာနှလုံးသားနှင့်​ယဉ်​ပါး​စေ​သောအသုံးနှုံးများဖြင့်​မွန်းမံ​ရေးသားလိုက်​ပါသည်​။ဆရာကြီး၏​အောင်​မြင်​​ရေးသ​ဘောတရားများသည်​သိမ်​​မွေ့နက်​နဲ၊တိကျပြတ်​သား၊ခိုင်​မာလှပါသဖြင့်​ဝတ္ထုရုပ်​ပြဖတ်​သကဲ့သို့မဖတ်​ဘဲစဉ်းစားရင်းဖတ်​၊ဖတ်​ရင်းစဉ်းစား၊​နောင်​တွင်​သတိရကပြန်​ဖတ်​နိုင်​ပါကပိုမိုနားလည်​နှစ်​သက်​လက်​ခံလာမည်​ဟုယူဆပါသည်​။

ကမ္ဘာ​ကျော်​တက်​ကျမ်းများကိုပြုစု​အောင်​မြင်​ခဲ့သူဆရာကြီးဟားဘက်​အဲန်​ကက်​ဆင်​ကဘာသာရပ်​အားလုံးအနက်​အ​ရေးပါအရာ​ရောက်​ဆုံးဘာသာရပ်​မှာကိုယ်​တိုင်​​အောင်​မြင်​ကြီးပွား​ရေးဘာသာရပ်​ဖြစ်​သည်​။သို့​သော်​ကိုယ်​တိုင်​​အောင်​မြင်​ကြီးပွား​ရေးဘာသာရပ်​ကိုစိတ်​ပါဝင်​စားသူမှာလူနည်းစု​လေးမျှသာရှိသည်​ဟုမှတ်​ချက်​ပြုခဲ့ပါသည်​။မိမိဘဝကိုမိမိကိုယ်တိုင်​ဖွံဖြိုးတိုးတက်​​အောင်​(self development) မိမိဘဝကိုမိမိကိုယ်​တိုင်​ကြီးပွား ချမ်းသာ​အောင်​လုပ်​ရန်​တာဝန်​မိမိမှာရှိ​ကြောင်းမဖြစ်​မ​နေယုံကြည်​ရန်​၊ခံယူရန်​လိုအပ်​သည်​ကို​မေ့မရပါ။

ဘဝတစ်​သက်​တာတွင်​ကိုယ့့်ဘဝကိုအဖိုးတန်​ဆုံးဖြစ်​​အောင်​လုပ်​​ဆောင်​သည်​ထက်​ပိုမိုအ​ရေးကြီး​သောအလုပ်​မရှိ။လူတစ်​ဦးချင်းဆိုင်​ရာ​အောင်​မြင်​မှုအတွက်​လူတစ်​​ယောက်​သည်​သူ့ဘဝကိုသူကိုယ်​ပိုင်​စွမ်း​ဆောင်​နိုင်​မှု၊ဘဝတိုးတက်​​စေဖို့အခွင့်​အလမ်းရရှိ​စေ​ရေးအတွက်​ကြိုးပမ်းအားထုတ်​မှုပိုမိုတတ်​သိ​ရေး၊ပိုမိုကျွမ်းကျင်​​ရေး၊ပိုမိုအကျိုး​ကျေးဇူးဖြစ်​ထွန်း​ရေးကိုကြိုပမ်း​သောအခါသူ့ဘဝသည်​​အောင်​မြင်​​သောလူသားဘဝ​ရောက်​ရှိ​စေရန်​စတင်​မှုပြုသည်​မည်​၏။

အချို့က​အောင်​မြင်​​သောသူများကိုမနာလိုကြ။အဘိဇ္ဇျာ၊ဣဿာ၊မစ္ဆရိယ၊​ဒေါသစိတ်​ထားဖြင့်​လျှာ​စောင်းထိုးကြသည်​။ဆဲ​ရေးကြသည်​။အောင်​မြင်​လို​သောသူမှန်​သမျှမနာလိုခြင်း၊ဝန်​တိုခြင်း၊ငြူစူခြင်း၊ဆဲ​ရေးခြင်းသည်​ကိုယ်​​သောက်​မည့်​ကိုယ့်​​သောက်​​ရေခွက်​ထဲသို့ကိုယ်​ကိုတိုင်​ဖုန်​၊သဲ၊ခဲ၊အမှိုက်​ထည့်​ခြင်း၊ကိုယ့်​​သေနတ်​ဖြင့်​ကိုယ်​ကိုတိုင်​ကိုယ့်​ခြေ​ထောက်​ကိုပစ်​ချိုးခြင်းဟုယုံကြည်​​သော​ကြောင့်​​ရှောင်​ရှားသည်​။အောင်​မြင်​သူ၏​အောင်​မြင်​မှုသရဖူကိုအားကျကာမိမိလည်းသူတို့ကဲ့သို့​အောင်​မြင်​ရန်​နည်းမှန်​လမ်းမှန်​ဖြင့်​ကြိုးစားသည်​။အားကျစိတ်​ကမ​အောင်​မြင်​မချင်းလုပ်​ရန်​ဆုံးဖြတ်​​သောအဓိဋ္ဌာန်​ချစိတ်​ဖြစ်​လာ၏။ထိုအဓိဋ္ဌာန်​စိတ်​ထားဆုံးဖြတ်​ချက်​ချမှတ်​​သောစိတ်​ထားသည်​​ရှေ့တက်​လှမ်း​တော့မည်​ဟုသူ့ကိုယ်​သူကိုယ်​တိုင်​ပြဌာန်းခြင်းမည်​၏။ထိုစိတ်​ထားဖြင့်​ကိုယ့်​အလုပ်​အတွက်​အ​ထောက်​အပံ့ဖြစ်​​စေ​သော၊လိုအပ်​​သောဘာသာရပ်​ကို​လေ့လာသည်​။အချိန်​​ပိုရသမျှကိုဘဝတက်​လမ်းအတွက်​အသုံးချသည်​။ထင်​ရှား​အောင်​မြင်​​ကျော်​ကြားကြီးပွားချမ်းသာလို​သောထိုလူသား၏စိတ်​ထားသည်​သာမန်​စိတ်​ထားမဟုတ်​​တော့။တိုးတက်​​အောင်​မြင်​မှုကိုငမ်းငမ်းတက်​လိုလား​သော၊ဆန္ဒပြင်းထန်​​သော၊​ဖျောက်​ဖျက်​မရ​သော၊​အောင်​မြင်​လိုသည့်​စွဲစွဲမြဲမြဲစိတ်​ထားမည်​ပါ​ပေ၏။

အောင်​မြင်​လို​သောသူတိုင်းမိမိကိုယ်​ကို​လေ့လာသူ၊ပြင်​ဆင်​သူ၊အ​ကောင်းဆုံးလုပ်​နိုင်​သူ၊​အောင်​မြင်​မှုကြီးစွာရရှိသူ၊ဝင်​​ငွေအများဆုံးရှာ​ဖွေနိုင်​စွမ်းရှိ​သောသူဖြစ်​​အောင်​ကြိုးစားနိုင်​မှသာမှန်​ကန်​မည်​။လူဖြစ်​ရကျိုးနပ်​မည်​။တိုးတက်​မှုမရှိနိုင်​​သောအလုပ်​ထဲ၌နစ်​မြုပ်​​နေခြင်းအချိန်​ပိုင်းသာ​ကောင်းစား​သောဘဝအာမခံချက်​ကင်းမဲ့သည့်​လုပ်​ငန်းထဲနစ်​မြုပ်​​နေခြင်းဖြင့်​ဘဝကိုစ​တေးမပစ်​စ​ကောင်း၊မဆုံးရှုံးစ​ကောင်း၊ရခဲလွန်းလှ​သောလူ့ဘဝကို​တော့ရလာပါ၏။ဝမ်းဝရုံ၊ခါးလှရုံ၊အိမ်​မိုးလုံရုံလုပ်​ငန်းထဲနစ်​မြုပ်​ကာယာယီ​ပျော်​ရွှင်​မှုအ​သေးအမွှားထဲဝဲလှည့်​ကာ​နောင်​တမရစ​ကောင်း။နောင်​တဟူသည်​ဝယ်​သူလည်းမရှိ၊ကိုယ်​တိုင်​စားသုံး၍မရ​သောအချိန်​လွန်​သစ်​သီးနှင့်​တူလှပါဘိ။စားမဖြစ်​၊ပစ်​လိုက်​ကဆုံးမဖြစ်​​ကောင်း။

အစကနဦးအ​ခြေအ​နေအရထမင်းစားလုပ်​ငန်း(စားဝတ်​​နေ​ရေးလုပ်​ငန်း)ကိုကြုံရာကျပန်းလုပ်​ကိုင်​​နေခြင်းကိုအပြစ်​မ​ပြောစ​ကောင်း။ထမင်းစားလုပ်​ငန်းလုပ်​ရင်းဘဝတိုးတက်​မှုကိုဆက်​လက်​ကြိုးစားရန်​သတိမ​မေ့စ​ကောင်းသည်​ကိုသတိ​ပေးခြင်းဖြစ်​သည်​။ထမင်းစားလုပ်​ငန်းမှပိုလျှံ​သောအချိန်​တိုင်းကိုဘဝ​အောင်​မြင်​​ရေးအတွက်​အရင်းအနှီးအဖြစ်​အမြဲစု​ဆောင်းအသုံးချတတ်​ရန်​သတိမပြတ်​ဖို့လိုသည်​။လုပ်​ငန်းမှသင်​ကြား​သော၊ဘဝမှသင်​ကြား​သော၊ပတ်​ဝန်းကျင်​မှသင်​ကြား​သော၊လုပ်​ငန်းခွင်​ဆရာမှသင်​ကြား​သော၊စာအုပ်​စာ​ပေမှသင်​ကြား​သောသင်​ကြားမှုမှန်​သမျှကိုလိုလိုလားလား၊ခုံခုံမင်​မင်​လက်​ခံတတ်​၊သင်​ယူတတ်​ရမည်​။ဇီးကွက်​​လောက်​​တော့ငှက်​တိုင်းလှ၊ငါလည်းဒီ​လောက်​​တော့တတ်​ပြီ၊သိပြီဟုမထီမဲ့မြင်​စိတ်​ဖြင့်​လစ်​လျူမရှုရ။သင်​ကြားမှုကိုခံယူတတ်​မှအမြတ်​ကိုယ့်​ဖို့ကျန်​ရစ်​မည်​။အောင်​မြင်​​သောသူဖြစ်​​စေရန်​လုပ်​ငန်းကသင်​ကြားမှုကိုလက်​ခံခြင်း၊ဘဝနှင့်​ပတ်​ဝန်းကျင်​မှသင်​ကြားမှုကိုလက်​ခံခြင်း၊လုပ်​ငန်းခွင်​ဆရာအသီးသီး၏သင်​ကြားချက်​ကိုလက်​ခံခြင်း၊​လေ့လာဆည်းပူးခြင်း၊ညှိနှိုင်း​ပေါင်းစပ်​ရယူတတ်​ခြင်း၊မိမိ​လျှောက်​လှမ်းရမည့်​လမ်း၊မိမိလုပ်​ငန်းခွင်​၌မလွဲမ​သွေကြုံ​တွေ့လာမည့်​အခက်​အခဲများ၊ပြဿနာများ၊​ဘေးရန်​များကို​ဖြေရှင်းရင်​ဆိုင်​​ကျော်​လွှားနိုင်​မည်​များကိုအ​ထောက်​အထားပြုမည့်​ဘာသာရပ်​များ၊စာအုပ်​စာတမ်းများကိုအဓိကထား​လေ့လာသင်​ကြားမှတ်​သားဖတ်​ရှုရန်​မှာဘဝတာဝန်​တစ်​ရပ်​ဖြစ်​သည်​။အ​ပျော်​ဖတ်​စာ​ပေ၊ကိုယ့်​ဘာသာရပ်​နှင့်​တိုက်​ရိုက်​မသက်​ဆိုင်​​သော၊သီးခြားနယ်​ပယ်​သ​ဘော​ဆောင်​​သောစာနယ်​ဇင်းများထဲနစ်​မွန်းကာကိုယ့်​ဘာသာရပ်​ကိုလာထိခိုက်​​စေသည်​အထိစိတ်​အလိုမလိုက်​အပ်​။မဖတ်​ရဟုမရည်​ညွှန်း၊ဖတ်​နိုင်​လျှင်​​ကောင်းသည်​။မဆိုင်​သည့်​နယ်​ပယ်​ထဲနစ်​မြုပ်​၍အသုံးချပညာဘာသာရပ်​၌မပြည့်​မစုံ၊အဆင့်​မမှီဖြစ်​မ​နေ​စေရန်​စဉ်းစားချင့်​ချိန်​ဖို့လိုသည်​။

အရာရာကိုသိပြီ၊တတ်​ပြီ၊ပြည့်​စုံပြီ၊လုံ​လောက်​ပြီ၊​လေ့လာရန်​မလို​တော့၊ငါ​အောင်​မြင်​​နေပြီ၊အ​ခြေအ​နေခိုင်​ခံ့​နေပြီ၊မပျက်​စီးနိုင်​​တော့ဟုထင်​မြင်​ယူဆကသွက်​သွက်​လည်​​အောင်​မှားယွင်းလိမ့်​မည်​။အ​ခြေအ​နေ၊အချိန်​ကာလ၊အ​နေအထား၊ကာလ၊​ဒေသ၊ပ​ရောဂဟူသည်​အချိန်​နှင့်​အမျှ​ပြောင်းလဲမှုအစဉ်​အဆက်​မပြတ်​ရှိ​နေ၍ထာဝရသင်​ကြားသူ၊ထာဝရ​လေ့လာသူ၊စဉ်​ဆက်​မပြတ်​ထိ​တွေ့ဆည်းပူးသူ၊ထာဝရအ​ခြေအ​နေကိုမျက်​​ခြေမပြတ်​သူဖြစ်​ဖို့လိုသည်​။လောကကြီးသည်​​ပြောင်းလဲမှုဖြစ်​စဉ်​အတွင်းမှာရှိ​နေသည်​။ငါသည်​လည်း​ပြောင်းလည်းမှုဖြစ်​စဉ်​အတွင်းမှာ​နေရသည်​။ပြောင်းလဲမှုနှင့်​အညီ​ပြောင်းလဲ၍အ​ကောင်းဆုံးရယူနိုင်​မှ​အောင်​မြင်​မည်​။ကိုယ့်​ဘဝ​အောင်​မြင်​မှုသည်​ကိုယ့်​ဘဝအတွင်း၌သာရှိသည်​။ကိုယ့်​ဘဝလက်​ရှိအ​ခြေအ​နေကိုအမှန်​အကန်​အတိုင်းသိမြင်​ကာလက်​ရှိအ​နေအထား၊​လျှောက်​ရမည့်​လမ်း၊​အောင်​မြင်​မှုနှင့်​အနီးအ​ဝေး၊ဖြည့်​စွမ်းရမည့်​ဘဝအသိဉာဏ်​၊အားမာန်​ကိုစိတ်​ရှည်​လက်​ရှည်​သည်းခံချိန်​ဆလုပ်​ကိုင်​မှ​အောင်​မြင်​မည်​။ကိုယ်​မ​အောင်​မြင်​၍(မွဲ၍ဆဲ​နေက)ပိုမိုသာဆိုးဝါးမည်​။မွဲကမဆဲနှင့်​၊ကြိုးစားပါ။

ငတ်​၍ရပ်​​နေကပိုမိုသာငတ်​မည်​။ငတ်​ကရပ်​မ​နေပါနှင့်​။ပိုမို၍ပိုမို၍ကြိုးစားပါ၊အလုပ်​လုပ်​ပါ။ငတ်​၍ရပ်​မ​နေသူဂျပန်​တစ်​ဦးအ​ကြောင်းတင်​ပြလိုပါသည်​။ဂျပန်​နိုင်​ငံမှအိုတိုကီချီမီကီမိုတိုသည်​ဆင်းရဲနွမ်းပါး​သောမိသားစုမှ​မွေးဖွားလာသဖြင့်​က​လေးဘဝကတည်းကအရွယ်​နှင့်​မမျှတ​အောင်​​သေ​ကောင်​​ပေါင်းလဲအလုပ်​လုပ်​ခဲ့ရသည်​။မီကီမိုတိုတို့မိသားစုသည်​အလုပ်​တစ်​ခုတည်းလုပ်​ရုံဖြင့်​ထမင်းမဝသဖြင့်​​နေ့စဉ်​အလုပ်​သုံး​လေးခု၊အချို့​သော​နေ့များ၌​လေးငါး​ခြောက်​လုပ်​ကိုအချိန်​ပိုင်းလုပ်​ကာခက်​ခက်​ခဲခဲ၊မွဲမွဲ​တေ​တေဘဝကိုရပ်​တည်​ခဲ့ရသည်​။နေ့ညမ​ရွေးအချိန်​ပိုင်းအလုပ်​များစွာလုပ်​ကိုင်​ရသဖြင့်​တစ်​ညမှအိပ်​ချိန်​​လေးငါးနာရီမျှသာအိပ်​စက်​နိုင်​ခဲ့ကြသည်​။မီကီမိုတိုသည်​မွဲ၍​အောင်​မြင်​သူကိုထိုင်​ဆဲ၊အချိန်​ဖြုန်း​နေပါသလား၊ငတ်​၍ရပ်​ကာဘဝကိုစိတ်​ဓာတ်​ကျလက်​​လျှော့ပါသလား။သူတို့လည်းလူ၊ငါလည်းလူဟုမ​လျှော့​သောဇွဲနှလုံးဖြင့်​သူ့ကိုယ်​သူအ​ကောင်းဆုံးပျိုး​ထောင်​၊နှစ်​ရှည်​လများသည်းခံကြိုးစားခဲ့ရာဂျပန်​ပုလဲဘုရင်​မင်းမြတ်​ဟုကမ္ဘာကကင်​ပွန်းတပ်​နာမည်​​ပေးရသည်​အထိ​အောင်​မြင်​ချမ်းသာခဲ့၏။တစ်​ဘီလီယံခွဲမျှရှိ​သောမုတ်​​ကောင်​များ​မွေး၍ပုလဲအဆင့်​မှီလုံး​ရေဆယ်​သန်း​ကျော်​​ရောင်းချကာ၊အသက်​ကိုးဆယ်​​ကျော်​အထိ​နေသွားပြီးလူသားတစ်​သိန်း​ကျော်​ကိုအလုပ်​​ပေး​ကျွေး​မွေးသွားသည်​။သူ​အောင်​မြင်​ရခြင်းမှာချက်​ချင်းချမ်းသာလိုစိတ်​ကိုပယ်​သတ်​နိုင်​ခြင်း၊ချမ်းသာ​အောင်​မြင်​ချိန်​ကိုသည်းခံ၍​စောင့်​ဆိုင်းနိုင်​ခြင်း၊အဆက်​မပြတ်​အလုပ်​လုပ်​ခြင်းဟုဆိုကြပါ​ကြောင်း။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC-154
21.1.2018,Sun

Sort:  

အားအင်တွေရပါတယ် bro

ကျေးဇူးတင်​ပါတယ်​။

အမှန်ဘဲ့ဆရာ.ျန်တော့်အမြင်ကတော့ ကျောက်ခတ်ကနေ အခုဒီမိုကရေစီခတ်အထိ..ပြောင်းလဲလိုက်လျောညီထွေုရှိတဲ့သူသာ အောင်မြင်တာ။

လိုက်​​လျောညီ​ထွေဖြစ်​​အောင်​​နေတတ်​ဖို့ကအရမ်းအ​ရေးကြီးပါတယ်​။

မှတ်သားစရာများရပါတယ်ရှင့်

လာ​ရောက်​ဖတ်​ရှု​ပေးတာ​ကျေးဇူးပါ။

အသိပညာဗဟုသုတတိုးရပါသည်။ကျေးဇူးတင်ပါတယ်ဗျ။

ဖတ်​ရှု​ပေးတဲ့အတွက်​လည်း​ကျေးဇူးတင်​ပါတယ်​။

အားတက်စေပါတယ်ဗျ . . ကျေးဇူးပါ

ဖတ်​ရှု​ပေးတဲ့အတွက်​လည်း​ကျေးဇူးတင်​ပါတယ်​။

မွဲလို့လည်းမဆဲနဲ့ ငတ်​လို့လည်းရပ်​မ​နေနဲ့ မှန်တယ်ဗျာ ရပ်တဲ့နေ့ မွဲတဲ့နေ့ပဲလေ အစိကိုရေ ကျနော်ဆို တစ်အိမ်လုံးတာဝန်ကို တစ်ယောက်ထဲရှာနေရတော့ပိုဆိုးတာပေါ့ဗျာ

အားမ​လျှော့ပဲပိုပြီးကြိုးစားပြလိုက်​ပါ။တစ်​​နေ့မှာကြိုးစားမှုကအရာထင်​လာပါလိမ့်​မယ်​။

အေးဆေးဘဲနေတယ်

မှတ်သားလိုက်နာစရာတွေပါဆရာ။

ခုလိုလာ​ရောက်​ဖတ်​ရှု​ပေးတာ​ကျေးဇူးတင်​ပါတယ်​။

အန်​ကယ့်​စာ​ကိုဖတ်​ရတာစိတ်​အားတက်​မှူ​တွေဖြစ်​ရပါတယ်​။

ခုလိုကြားရတဲ့အတွက်​ဝမ်းသာပါတယ်​။လူငယ်​​တွေကိုကြိုးစားကြ​စေချင်​ပါတယ်​။

ခုလိုတက်ကျမ်းတစ်စောင်ဖတ်ရတာ အသိပညာ ဗဟုသုတတိုးပါတယ် ဆရာ ။
...
ဖတ်ရူ့ နိုင်ရန်တင်ပေးသည့်အတွက် ကျေးဇူးတင်ပါတယ် ။

ကြားရတာဝမ်းသာပါတယ်​။တတ်​နိုင်​သ​လောက်​​ရေးသားဖို့ရှိပါတယ်​။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64443.68
ETH 3507.13
USDT 1.00
SBD 2.55