မယဉ်ကျေးကအများမုန်းအထင်သေးကအမှားဆုံး

in #myanmar7 years ago (edited)

မယဉ်ကျေးကအများမုန်းအထင်သေးကအမှားဆုံး
image

ကျွန်တော်တို့မေတ္တာပို့သရာတွင်လူအချင်းချင်းအထင်သေးခြင်း၊ကင်းရှင်းကြပါစေဟုထည့်သွင်းမေတ္တာပို့လေ့ရှိပါသည်။
အထင်သေးခြင်းသည်အပြုစိတ်ထားမဟုတ်.အဖျက်စိတ်ထားဟုခေါ်သည်လူသား၏ဘဝတက်လမ်းကိုလည်းဖျတ်ဆီးသည်။ရရှိနေသော အောင်မြင်မှုကိုလည်းပျက်ပြားစေသည်။စိတ်ငြိမ်းချမ်းမှုကိုလည်းပယ်သတ်သည်။အထင်သေးခြင်း မျက်မှန်အနက်စွပ်၍ကြည့်ကအရာရာကိုအမှန်အကန်အတိုင်း၊အရှိကိုအရှိအတိုင်းဓမ္မဓိဋ္ဌာန်ကျကျ ပြည့်ပြည့်စုံစုံမမြင်တော့ပဲအားနည်းချက်၊ချွတ်ယွင်းချက်၊လစ်ဟာချက်များကိုသာမြင်တွေ့သိရှိရသည်။

အားနည်းချက၊်ချွတ်ယွင်းချက်၊လစ်ဟာချက်၊နိမ့်ကျချက်ကိုသာအဓိကထားရှာဖွေကြည့်ရာမှအထင်သေးလာပြီး၊အထင်သေးသောစိတ်ဓာတ်၊အထင်သေးသောဆက်ဆံမှု၊အထင်သေးနှိမ့်ချမှုတို့ကိုပြောဆိုတွေးတောလုပ်ကိုင်ဆက်ဆံတတ်ကြသည်။

လူမှန်သမျှကိုယ့်လမ်းကိုယ်လျှောက်၍ကိုယ့်ဝမ်းစာကိုယ်ရှာ၊ကိုယ့်ဘဝတက်လမ်းကိုနာရီပေါင်းတစ်သိန်းခန့်သုံးစွဲကာကြိုးစားလုပ်ကိုင်နေရသည်ဟုတက်ကျမ်းဆရာများကသုတေသနပြုလုပ်စစ်တမ်းထုတ်ပြကြသည်။ထိုအချိန်အတွင်း၌ ဘယ်သူကဘယ်သူ့ကိုအကြောင်းမဲ့လိုအပ်သမျှကိုထာဝရထောက်ပံ့ပေးကမ်းနိုင်ပါ့မလဲ။သူ့ဘဝသူ့လမ်း၊ကိုယ့်ဘဝကိုယ့်လမ်းလျှောက်နေရသူအချင်းချင်းတစ်ပါးသူအားအထင်သေးခြင်းသည်စိတ်ဓာတ်ရေးရာနိမ့်ကျမှုပြယုဂ်သာဖြစ်မည်။သူ့ထမင်းသူရှာစားနေသောလူတစ်ယောက်အားအထင်အမြင်သေးခြင်းသည်သူလည်းအကျိုးမရှိ၊ကိုယ်လည်းအကျိုးမရှိဟုသတိမပြုမိခြင်းလည်းပါနိုင်ပါသည်။

ငယ်ရွယ်စဉ်အခါကငါနှင့်ငါသာနှိုင်းစရာဟုမာန်
မာနတတ်ကနုနုနယ်နယ်အရွယ်ငယ်အမှားဟုဆင်ခြေပေးကရှောင်လွှဲရကောင်းရမည်။မိမိကိုယ်ကိုမိမိထိန်းသိမ်းနိုင်သောအရွယ်အထိအမျက်ဒေါသကြီးခြင်း(ကောဓ)၊ရန်ငြိုးဖွဲ့ခြင်း(ဥပနာထ)၊ရိုသေထိုက်သူကိုမရိုသေခြင်း(ထမ္ဘ)၊အနိုင်ရလို၍ဖိနှိပ်ခြင်း(သာရမ္ဘ)၊သူ့ကျေးဇူးမသိခြင်း(မက္ခ)၊ကိုယ့်ထက်သာလွန်နေသူကိုသာလွန်နေသည်ဟုသဘောမထားနိုင်ခြင်း(ပဠာသ)၊ဘဝမြင့်ခြင်း၊ကောက်ကျစ်စဉ်းလြဲခင်း(သာဌေယျ)၊ဂုဏ်ပြုလိုစိတ်၊ဂုဏ်ဖော်လိုစိတ်လွန်စွာကြီးမားခြင်း(မဟိစ္ဆာ)၊တစ်
ပါးသူကိုအထင်သေးရှုတ်ချ၍မိမိကိုယ်ကိုယ်သာချီးကျူးဂုဏ်ပြုစေလိုခြင်း(ပါပိစ္ဆာ)အစရှိသောရှောင်ကြဉ်ရမည့်အချက်များကိုသတိတမံ၊ညဏ်
်ခြေကတုတ်ပညာစွမ်းချွန်းအုပ်၍မရှောင်ကြဉ်က ငြိမ်းချမ်းသောစိတ်လည်းမရ၊အဆင်မြင့်ဘဝလည်းမရ၊ရရှိပြီးအောင်မြင်မှုလည်းလျှောကျသွားမည်မှာမြေကြီးလက်ခတ်မလွဲပင်။အထင်သေးခြင်း
အကြည့်ဖြင့်ကြည့်ကအထင်သေးစရာများသာတွေ့မည်။ဓမ္မဓိဋ္ဌာန်ကျကျကြည့်မှသာအားနည်းချက်၊အားသာချက်နှစ်ရပ်စလုံးသိမည်။တစ်ပါးသူ၏အားနည်းချက်ကိုသင်ခန်းစာယူ၍ကိုယ့်ဘဝလမ်းညွှန်ဖြစ်မှသာမှန်ကန်သောအသိဟုဆိုရမည်။အားနည်းချက်ရှာ၍အထင်သေး၊အထင်သေးရာမှသေးသိမ်အောင်ပြော၊မကောင်းတာရှာပြော၊မ
ကောင်းတာထုတ်ဖော်ပြသနေကပြရင်းပြရင်း
ပြောရင်းပြောရင်းပြောသူုပြသူပါမကောင်းမြင်ဝါဒ
မသိမသာစွဲ၍အဖျက်စိတ်ထားဝင်ကာအမြတ်လည်းမရ၊အရင်းလည်းဆုံးဖြစ်တတ်သည်။အခြားသူတစ်ပါးအားအထင်ကြပ်ကြပ်သေးလေလေ၊ကိုယ့်ကိုယ်စိတ်နှစ်ပါးအေးချမ်းမှုပျက်စီးလေလေ ဖြစ်ရုံမကရန်သူအလွန်ပေါလာလိမ့်မည်။

ကိုယ့်ကိုအထင်သေးနေသူအားအထင်ကြီးပါစေဟုတမင်ရည်ရွယ်လုပ်ပြ၍မရ၊မထီမဲ့မြင်မှုဖြင့်တုံ့ ပြန်၍လည်းမရ။အထင်သေးအင်အားကောင်းလေလေအထင်ကြီးအောင်လုပ်ပြရန်ခက်လေလေပင်။ကိုယ့်ကိုအထင်သေးနေပါကကိုယ့်အလုပ် ကိုယ်လုပ်၍ကိုယ့်လမ်းကိုယ်သာမေတ္တာမပျက်
လျှောက်လှမ်းရမည်။အထင်ကြီးစေရန်တမင် ဖန်တီးပြခြင်းသည်မီးပုံဓာတ်ဆီပက်နှင့်တူတတ်
သည်။ကိုယ့်ရိုးသားဖြောင့်မတ်မှုကိုမစွန့်ပစ်မှသာရင်ဆိုင်နိုင်သည်။

ရှိတ်စပီးယားသည်သူ့ကိုအထင်သေးနေသူများကအထင်ကြီးပါစေဟုတမင်တကာမလုပ်၊သူ့အမဲသားကိုသူစတိုင်ကျကျခုတ်လှီးကာအမဲသားရောင်းချရင်းပြဇာတ်များကိုရေးသည်။ကမ္ဘာကျော်ပြဇာတ်ဆရာကြီးရှိတ်စပီးယားဖြစ်လာခဲ့သည်။
ပေါ်ဦးသည်ဘိုးတော်ဦးဝိုင်းနိမ်ကျစဉ်ကလွန်စွာအထင်သေးခံခဲ့ရသောသူတစ်ဦးဖြစ်သည်။ဘယ်သူအထင်သေးသေး၊သစ်ပင်များစွာတက်၊ချုံနွယ်ပိပ္ပေါင်းများစွာထွင်း၊ဟင်းရွက်စုံခူးရောင်း၊
ချဉ်ရည်ချဉ်ဖတ်လုပ်ရောင်းခဲ့ရ၏။နောင်တွင် အ
မတ်ကြီးဦးပေါ်ဦးမြန်မာပညာရှိသုခမိန်ဦးပေါ်ဦး
ဖြစ်လာသည်။

ဘယ်သူအထင်သေးသေး၊ကဲ့ရဲ့ကဲ့ရဲ့မစ္စက်ဂိုဒါမီယာသည်သူ့ကြက်သူမွေး၊သူကိုယ်တိုင်ကျွေးခဲ့၏။
နောင်တွင်အစ္စရေးနိုင်ငံဝန်ကြီးချုပ်မစ္စက်ဂိုဒါမီယာ ဟုကမ္ဘာတဝှမ်း၌ဟိုးဟိုးကျော်ခဲ့သည်။
ကိုယ့်ကိုအထင်သေးလာပါကအထင်သေးစေနိုင်
သောအပြောအဆ၊ိုအပြုအမူ၊အနေအထိုင်၊အသွားအလာ၊အစားအသောက်၊အအိပ်အနေ၊
အကြံအဆအထိတာဝန်တစ်ရပ်သဘောထားကာသတိပြုစောင့်ကြည့်ချက်ခြင်းပြုပြင်ရမည်။
ကိုယ့်ကိုအထင်သေးလာသူအပေါ်ပြန်လည်အထင်မသေးရ၊သူ့ဘဝကိုဓမ္မဓိဋ္ဌာန်ကျကျကြည့်ရှုအဖြေရှာရမည်။လူလူချင်းသာမကလုပ်ငန်းလုပ်ဆောင်ရာတွင်လည်းအထင်အမြင်မသေးမိဖို့အထူးလိုအပ်သည်။လုပ်ငန်းနှင်းပတ်သက်၍အထင်သေးသွားလုပ်မိတာ၊ခုမနိုင်မနင်းဖြစ်ပြီ၊ကွဲပြီ၊ရှုံးပြီဟူသောစကားများကိုရံဖန်ရံခါ၌ကြားဖူးကြလိမ့်မည်။အထင်သေးစိတ်ဖြင့်လုပ်ငန်းများကိုသွားလုပ်မိရာကွဲမှ၊ပြဲမှ၊ရှုံးမှအထင်သေးစိတ်ဖျားယောင်းသွေးဆောင်မှုခံရ၍ရင်ထုမနာဖြစ်ရတတ်သည်။

ရာဇသင်္ကြန်အမတ်ကြီးသည်ရှင်ဘုရင်ကိုအထင်သေးမိ၍ရာထူးမှချ၊ဒလအပို့ခံရဖူးကြောင်းရာဇဝင်၌လာသည်။စောလူးမင်းသည်ကျန်စစ်သား၏မေတ္တာ၊သစ္စာကိုအထင်သေး၍အသတ်ခံခဲ့ရဖူးသည်။အရှင်ဒေဝဒတ်သည်ဘုရားရှင်ကိုအထင်သေး၍တုဖက်ပြိုင်ရာမှမြေမြိုခံခဲ့ရသည်။

အထင်သေး၍ဖိနှိပ်ခြင်း၊စော်ကားခြင်း၊လှောင်ပြောင်ခြင်း၊ပျက်ရယ်ပြုခြင်း၊အမနာပဆိုခြင်း၊ပစ္စလက္ခတ်ပြောခြင်း၊အကျိုးယုတ်စေရန်ပြောခြင်းသည်ပြောသူရော၊အပြောခံရသူပါလုံးဝကောင်းကျိုးမပေး၊မိမိကမည်မျှအထင်သေးသေးစိန်သည်ဖန်ပေသီးမဖြစ်၊ရွှေသည်ကြေးမဖြစ်၊သူ့တန်ဖိုးကိုသူဆောင်မြဲဆောင်မည်သာဖြစ်သည်။

ဒီမိုကရေစီသဘောအရလူတစ်ဦးချင်းစီ၏ကြီးမြင့်နိုင်မှု၊အောင်မြင်နိုင်မှုကိုအသိအမှတ်ပြုရပါသည်။လူသားတိုင်းလူသားတိုင်းအခြေခံလူ့အခွင့်အရေးရပိုင်ခွင့်များရှိနေသောဒီမိုကရေစီခေတ်တွင်သူ့ထမင်းသူရှာစား၊သူ့ဘဝလမ်းသူလျှောက်နေသောအခြားသူများကိုအထက်စီးမှကြည့်၊မလိုမုန်းထားအထင်သေးခြင်းမှာမယဉ်ကျေးကြောင်းဖော်ပြရာရောက်နေပါသည်။မယဉ်ကျေးကအများမုန်း၊အထင်သေးကအမှားဆုံးဟုထုံးဖွဲ့ထားသောစာရှိပါသည်။လူကိုလူလိုမြင်သော၊လူကိုလူလိုလေးစားတတ်သော၊လူကိုလူလိုတန်ဖိုးထားတတ်သောဒီမိုကရေစီယဉ်ကျေးမှုရရှိကြပါစေသတည်း။

ကျန်းမာချမ်းသာဘေးကင်းကြပါစေ
တွင်းကြီးဝမ်းမောင်(မြောင်)
@twingyiwunmaung
MSC No.154
17.12.2017,Sun

Sort:  

@tinhlaingoo
ဆရာတင်လှိုင်ဦးနှင့်တကွ၊အသက်ပင်ငယ်သော်လည်းsteemit၌ဝါပိုရင့်သောဆရာသမားများအားလုံးကိုဝင်ရောက်ဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။အထူးသဖြင့်ယခုပို့စ်ရဲ့tagကိစ္စနှင့်ကျန်သောမိမိထင်မြင်ချက်များကိုဆွေးနွေးပေးစေလိုပါတယ်။ကျွန်တော်ကခုမှစတဲ့သူမို့ပါ။

မင်္ဂလာပါဆရာ ခုလို ရေးသားပညာပေးတဲ့အတွက် ကျေးဇူးပါဆရာ ကျွှန်တော်တို့လို စာပေနဲ့ဝေးနေသူများ steemit ကြောင့် ဆရာတို့နဲ့ ဆုံခွင့် ရတာလဲ ဝမ်းမြောက်မိပါတယ် ဟိုလေ tag ကလေ ဆရာ steemit အကြောင်းရေးမှ steemit ထည့်ပေးပါ ။https://steemit.com/tags မှာ post နဲ့ အဆင်ပြေမည့် tag လေးတွေ ရှာကြည့်နိုင်ပါတယ်ဆရာ

ကျေးဇူးအထူးပါ​နော်​ကိုဒိုမီ​လေး၊ဆရာကနည်းပညာပိုင်းမှာမသိပါဘူး။ခုလို​ပြောပြတာဝမ်းသာပါတယ်​။အားလုံးလည်းစိတ်​ထဲရှိတဲ့အတိုင်းပွင့်​ပွင့်​လင်းလင်းပါဝင်​​ဆွေး​နွေး​ပေးကြပါ။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61795.04
ETH 3458.89
USDT 1.00
SBD 2.52