မရှိမဖြစ်​လိုအပ်​​သောအရည်​အချင်းတစ်​ခု

in #myanmar6 years ago

မရှိမဖြစ်​လိုအပ်​​သောအရည်​အချင်းတစ်​ခု
image

အောင်​မြင်​မှုအတွက်​ကြိုးစားကြ​သောသူတိုင်းမရှိမဖြစ်​လိုအပ်​​သောဥပဓိရုပ်​​ကောင်းမွန်​​ရေးအချက်​အလက်​များစွာရှိ၏။ထိုအထဲတွင်​မိမိကိုယ်​ကိုရို​သေခြင်းနှင့်​ပတ်​သက်​၍တင်​ပြခဲ့ဖူးသည်​။မိမိကိုယ်​ကိုရို​သေတန်​ဖိုးထားမှုကဲ့သို့အ​ရေးကြီး​သောအခြားအချက်​တစ်​ခုမှာမိမိကိုယ်​ကိုထိန်းသိမ်းနိုင်​မှုဖြစ်​သည်​။မိမိကိုယ်​ကိုထိန်းသိမ်းနိုင်​ပါက​အောင်​မြင်​မှုတဝက်​နီးပါးရရှိပြီဟုဆိုနိုင်​၏။

မိမိကိုယ်​ကိုထိန်းသိမ်းနိုင်​မှုသည်​ကြီးမား​သောတန်​ခိုးစွမ်းအင်​ဖြစ်​၏။ထိုတန်​ခိုးစွမ်းအင်​ကမရရှိ​သေး​သော​အောင်​မြင်​မှုကိုလည်းရယူ​ပေးသည်​။ရရှိပြီး​သော​အောင်​မြင်​မှုကိုလည်းဆက်​လက်​ထိန်းသိမ်း​ပေးသည်​။မည်​သည့်​နယ်​ပယ်​မှမည်​သည့်​​အောင်​မြင်​မှုရရှိ​သောသူမဆိုမိမိကိုယ်​ကိုယခုမထိန်းသိမ်းနိုင်​ကယခုပြဿနာ​တွေ့၊​ဘေးဒုက္ခ​တွေ့သည်​။မထိန်းသိမ်းနိုင်​မှုခဏခဏဖြစ်​ပွားခြင်း၊​ရေရှည်​ဖြစ်​ပွားခြင်းအဆင့်​​ရောက်​လာပါက​နောက်​ဆုံးပျက်​စီးမှု၊ကျရှုံးမှုနှင့်​မလွဲမ​သွေ​တွေ့ကြုံရစမြဲဖြစ်​သည်​။အောက်​​ခြေလွတ်​သွားပြီ၊အာဏာမှာယစ်​မူးသွားပြီ၊​အောင်​မြင်​မှုမှာနစ်​​မျောသွားပြီ၊ဘဝ​မေ့သွားပြီ၊စည်းစိမ်​ခံရာ​ပျော်​​မွေ့သွားပြီ၊လက်​ခုပ်​သံတစ်​​ဖျောင်း​ဖျောင်းကြားရမှ​နေတတ်​ထိုင်​တတ်​ပြီး၊လက်​ခုပ်​ဩဘာဆိတ်​သုဉ်းသွား​သောအခါ၊မ​နေတတ်​မထိုင်​တတ်​ဖြစ်​သွားရှာပြီ။အောင်​မြင်​မှုသား​ကောင်​ဖြစ်​သွားသည်​ဟု​ပြောကြဆိုကြခြင်းမှာမိမိကိုယ်​ကိုထိန်းသိမ်းနိုင်​မှုအင်​အား​လျှော့သွားပြီဟူ​သောသ​ဘောဖြစ်​၏။လက်​ခုပ်​ဩဘာသံရရှိ​စေရန်​​ပြောမိ​ပြောရာ​ပြော၊လုပ်​မိလုပ်​ရာလုပ်​၊ကြံမိကြံရာကြံရင်းမှကိုယ့်​ကိုကိုယ်​မထိန်းသိမ်းနိုင်​​တော့ပဲ၊နယ်​ကျွံကာ​ခွေးကျဝက်​ကျ၊နွားကျကျွဲကျကျသွား​သောဂျာမဏီ​ခေါင်း​ဆောင်​ကြီးအ​ဒေါ့ဟစ်​တလာသည်​မိမိကိုယ်​ကိုထိန်းသိမ်းနိုင်​မှုပ​ပျောက်​သွား​သောအခါဘဝနိဂုံးချုပ်​မလှမပဖြစ်​ခဲ့ရသည်​မှာသမိုင်းသင်​ခန်းစာယူစရာဖြစ်​ပါဘိ​တောင်း။

နိုင်​ငံ​ရေးနယ်​ပယ်​၊အုပ်​ချုပ်​​ရေးနယ်​ပယ်​၊ရာထူးဌာနန္တရနယ်​ပယ်​၊​အောင်​မြင်​​ကျော်​ကြား​သောအနုပညာနယ်​ပယ်​၊စီးပွား​ရေးနယ်​ပယ်​၊ဘာသာ​ရေးနယ်​ပယ်​မှထင်​​ပေါ်​ကျော်​ကြားမှုကြာ​လေကြာ​လေထင်​​ပေါ်​ကျော်​ကြားလာ​လေ၊တန်​ခိုးအာဏာကြီးလာ​လေ၊စီးပွားဥစ္စာတိုးတက်​လာ​လေဆိုသူများကိုသိပ္ပံနည်းကျသု​တေသနပြုလုပ်​ကြည့်​ပါကထို​ကျော်​ကြား​အောင်​မြင်​သူအ​ပေါင်းသည်​သူတို့ကိုယ်​သူတို့ရို​သေကြသည်​။တန်​ဖိုးထားကြသည်​။စိတ်​ထိန်းကြသည်​။ကိုယ်​နှုတ်​နှလုံးသုံးပါးစလုံးကို​ကောင်းစွာထိန်းသိမ်း​သောအကျင့်​ကိုမ​ကြေငြာ​သော်​လည်းလက်​​တွေ့ကျင့်​သုံးကြသည်​။စိတ်​ဆိုးစိတ်​ယုတ်​၏ဖျား​ယောင်း​သွေး​ဆောင်​မှုမခံ။ဟန်​​ဆောင်​ခြင်း၊ညာဝါးခြင်းများကိုအကပ်​မခံပဲပကတိစိတ်​ရင်းစိတ်​မှန်​ဖြင့်​၊​စေတနာမှန်​ဖြင့်​ဘဝကိုထိန်း​ကျောင်းသည်​။ဘဝ​ရေးရာ၌မည်​မျှအခက်​အခဲ၊အကျပ်​အတည်း​တွေ့​တွေ့၊သူတို့ကိုယ်​စိတ်​နှလုံးကိုအတတ်​နိုင်​ဆုံးတည်​တည်​ငြိမ်​ငြိမ်​ထားသည်​။စိတ်​​အေးလက်​​အေးရင်​ဆိုင်​သည်​။မိမိကိုယ်​ကိုထိန်းသိမ်းနိုင်​​သောတန်​ခိုးစွမ်းအင်​ကသာမန်​လူတို့အံ့အားသင့်​စဖွယ်​ဖြစ်​​စေသည်​။

အသက်​ငါးဆယ်​​ကျော်​အရွယ်​ကမ္ဘာ​ကျော်​သူ​ဌေးကြီး​ရော့ဖဲလားကိုကုသ​သောဆရာဝန်​များကကုသ၍ရမည်​မဟုတ်​၊ရက်​ပိုင်းလပိုင်း​ကျော်​လျှင်​​သေ​တော့မည်​ဟုဆုံးဖြတ်​သည်​။ဆွေမျိုးမိတ်​သင်္ဂဟတို့ကို​ပြောသည်​။ထိုသူတို့ကေ​ရော့ဖဲလားကိုတိုက်​ရိုက်​၊မသိမသာ၊သွယ်​ဝိုက်​ရိပ်​မိ​စေရန်​တစတစဖွင့်​​ပြောသည်​။ရော့ဖဲလားက ဆရာဝန်​တို့က​သေမည်​ဆုံးဖြတ်​တာနဲ့ငါ​သေရမလား၊ငါ့ကိုယ်​ငါမ​သေ​အောင်​ထိန်းထိန်းသိမ်းသိမ်း​နေမှာ​ပေါ့ဟုဆိုကာ​သေမင်းကို၊​ရောဂါကို၊မိမိကိုယ်​ကိုထိန်းသိမ်းမှုဖြင့်​အပြင်းအထန်​ခုခံကာကွယ်​သည်​။ဆရာဝန်​များဆုံးဖြတ်​သည့်​အတိုင်း​ရောဂါမှာဆိုးဝါးလှသဖြင့်​​သေလု​သေလုဖြစ်​ဖြစ်​သွားပြီးမှမိမိကိုယ်​ကိုထိန်းသိမ်းနိုင်​မှု​ကြောင့်​ပြန်​ပြန်​လူလူလာသည်​။အသက်​ကိုးဆယ်​​ကျော်​အထိ​နေသွားပြီး​ဒေါလာသန်း​ထောင်​ချည်​၍မမာမကျန်းဖြစ်​ပြီးမှရှာ​ပေးသွားသည်​။

ကမ္ဘာ​ကျော်​စာ​ရေးဆရာပူလစ်​ဇာသည်​​သေကာနီး​ဝေဒနာသည်းထန်​လာ၍ဆူညံသံများကိုမခံနိုင်​။လှေတစ်​စင်းအ​ပေါ်သူ့အားတင်​ခိုင်းပြီး၊မ​သေမှီနာရီပိုင်းအထိစာကို​ရေးသွားသည်​။မိမိကိုယ်​ကိုထိန်းသိမ်းနိုင်​မှုစွမ်းရည်​ဖြစ်​သည်​။

ကျွန်​​တော်​တို့​မြောင်​မြို့နယ်​ရွာပုလဲသား​ယောမင်းကြီးဦးဖိုးလှိုင်​သည်​သူ့​ကျောင်း​နေဖက်​သူငယ်​ချင်းအားအပြစ်​ရှိပါကခွင့်​လွှန်​ရန်​​တောင်းပန်​၊သူ့အ​ပေါ်အပြစ်​ကျူးလွန်​ခဲ့​သော်​သူကခွင့်​လွှတ်​​ကြောင်း​ပြော၊သူအိပ်​ယာဝင်​ပြီးပရိတ်​ရွတ်​ခိုင်းသည်​။ပရိတ်​ရွတ်​ပြီးနှိုးကြည့်​​သောအခါဝိညာဉ်​ချုပ်​​နေ​ကြောင်း​တွေ့ရ၏။ကိုယ့်​ကိုကိုယ်​ထိန်းသိမ်းနိုင်​မှုသည်​​သေ​ဘေးကိုပင်​လျှင်​ဤသို့ရင်​ဆိုင်​နိုင်​၏။ကိုယ့်​ကိုကိုယ်​ထိန်းသိမ်းနိုင်​ကြပါ​စေ၊တစတစ​လေ့ကျင့်​နိုင်​ကြပါ​စေဟုဆန္ဒပြုအပ်​ပါသည်​။
image

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
Msc-154
19.2.2018,Mon

Sort:  

မှတ်​သားသင့်​တဲ.အ​ကြောင်းအရာ​တွေပါ

ကျေးဇူးတင်​ပါတယ်​။

အမှန်​ပါပဲရှင်​။ကိုယ်​စိတ်​နှလုံးသုံးပါးနိုင်​မှ​ဘဝမှာ​အောင်​မြင်​နိုင်​တာပါ။

လာ​ရောက်​ဖတ်​ရှု​ပေးတာ​ကျေးဇူးတင်​ပါတယ်

ဟုတ်​ကဲ့ကြိုးစားကာ ထိန်းသိမ်းပါမည်​။ ​နောင်​လည်း အခု စိတ်​အာဟာရဖြစ်​​စေ​သော စာ​ပေများလည်း အလျင်းသင့်​သလို တင်​ဆက်​​ပေးပါအုံး​နော်​.......။

ခုလိုကြားရတာဝမ်းသာပါတယ်

မှတ်သားထားစရာတွေပါပဲ👍

ကျေးဇူးတင်​ပါတယ်​။

Thank for sharing and knowledge.
...

မှတ်​သားထားပါမယ်

ကျေးဇူးတင်​ပါတယ်

ဟုတ်ကဲ့ပါဆရာ။

ကျေးဇူးတင်​ပါတယ်​။

မှတ်သားထားပါ့မယ်

ခုလိုလာ​ရောက်​ဖတ်​ရှုတာ​ကျေးဇူးပါ။

ဆန္ဒကို သိက္ခာနဲ့ ထိန်းရမယ်ပေါ့

အဲဒီသ​ဘောထက်​ပိုပါတယ်​။

အားပေးနေပါတယ် ဆရာ

ခုလိုကြားရတာဝမ်းသာပါတယ်​။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64453.36
ETH 3507.44
USDT 1.00
SBD 2.56