ယောက်ျားဘသား.....လူသားအားမာန်​ပြသပါလား

in #myanmar6 years ago

ယောက်ျားဘသား.....လူသားအားမာန်​ပြသပါလား
image

သမုဒ်​​ရေပြင်​ကို​စောင့်​​ရှောက်​ရ​သောမဏိ​မေခလာနတ်​သမီးသည်​သမုဒ်​​ရေပြင်​ကျယ်​ကိုလက်​ပစ်​ကူး​နေ​သောသူအားကြည့်​၍သံသယဝင်​မိသည်​။ဒီလူသားဟာ​သေ​ဘေးကို​ကြောက်​လန့်​၍​သွေးရူး​သွေးတန်းကူး​နေ​လေ​ရော့သလား၊ကမ်းမမြင်​လမ်းမမြင်​သမုဒ်​​ရေပြင်​ဟုကြားများမကြားဖူး​လေ​ရော့သလား၊တစ်​စုံတစ်​ခု​သောအ​ကြောင်းထူးများရှိ​လေ​ရော့သလား၊ကယ်​သင့်​မကယ်​သင့်​ဆုံးဖြတ်​နိုင်​ရန်​လက်​ပစ်​ကူး​နေ​သောထိုလူအနီးကိုယ်​ထင်​ရှားပြ၍စုံစမ်း​မေးမြန်းသည်​။အ​မေးခံရ​သောသူကား​ယောက်ျားဘသားလူသားအားမာန်​ပြသပါလားဟူ​သောစိတ်​ဓာတ်​ဖြင့်​လူသားအားမာန်​ပြသ​နေ​သောအ​လောင်း​တော်​မဟာဇနကမင်းသား၊၊​မေးလာသူက​မေခလာနတ်​သမီး။

အ​လောင်း​တော်​မဟာဇနကမင်းသားသည်​ပင်​လယ်​ပြင်​၌သူတို့စီးနင်းလာ​သောသ​င်္ဘောပျက်​ကတည်းကအ​နှေးနှင့်​အမြန်​​သေ​ဘေးကျ​ရောက်​နိုင်​​ကြောင်းကိုသိလိုက်​သည်​။အခြားလူများကကယ်​ပါ၊ယူပါ၊ကူညီပါ၊မှိုင်းမပါဟုတစာစာဟစ်​​အော်​ငို​ကြွေး​သွေးပျက်​​နေကြ​သော်​လည်းဇနကမင်းသားသည်​ထိုသူများကဲ့သို့​သွေးပျက်​​ချောက်​ချားကယ်​တင်​ရှင်​မ​မျှော်​။ပြုဖွယ်​ကိစ္စကို ကိုယ့်​ကိစ္စ၌ကိုယ်​ကိုတိုင်​မပြုလုပ်​ပဲအခြားသူကိုကယ်​တင်​ခိုင်းခြင်းသည်​​ဖြေရှင်းမှုနည်းမှားခြင်းဟုယူဆသည်​။ကိုယ်​​ရေးကြုံလာပါကမိမိကိုယ်​သည်​သာမိမိကိုးကွယ်​ရာဖြစ်​​ကြောင်း၊ကိုယ့်​အခက်​အခဲကိုကိုယ်​သာ​ဖြေရှင်းရမည့်​အ​ကြောင်း၊​ဖြေရှင်းနိုင်​ရန်​ကာယအား၊ဉာဏအားလို​ကြောင်းသ​ဘော​ပေါက်​သည်​။ထို့​ကြောင့်​ရနိုင်​သမျှအစာကိုအလျှင်​အမြန်​ပင်​လျှင်​ဝဝလင်​လင်​စား၊သ​င်္ဘောနစ်​မြုပ်​ပါကလူ​သေတို့ကိုသ​င်္ဘောပျက်​အနီးလာစားမည့်​​ရေ​အောက်​သတ္တဝါများ​ဘေးရန်​မှလွတ်​ကင်း​စေရန်​ရွက်​တိုင်​ထိပ်​ဖျားအ​ရောက်​တက်​ကာသ​င်္ဘောနှင့်​​ဝေးနိုင်​သမျှ​ဝေးရန်​အားစိုက်​ခုန်​ချပြီး​နေ့ညမနားကူးခတ်​သည်​။

မဟာဇနကမင်းသားသည်​မဏိ​မေခလာနတ်​သမီးကလာ​ရောက်​ကယ်​တင်​လိမ့်​မည်​ဟုလည်းကြိုတင်​မသိ။လာ​ရောက်​ကယ်​တင်​ပါဟုတစာစာဟစ်​​အော်​မ​ခေါ်ယူခဲ့။မျှော်​လင့်​လည်းမထား။လူသားတစ်​​ယောက်​အ​နေဖြင့်​ကြုံ​တွေ့လာ​သော​ဘေးအန္တရာယ်​မှလွတ်​​မြောက်​​စေရန်​သတ္တိရှိရှိဖြင့်​ဇွဲ၊လုံ့လ၊ဝီရိယ၊အသိ၊သတိဖြင့်​လူသားအားမာန်​ထုတ်​သုံးစွဲရင်​ဆိုင်​ခြင်းဖြစ်​သည်​။မဟာဇနကနှလုံးသား၌နတ်​သမီးကယ်​မမှငါ့​ဘေးအန္တရာယ်​လွတ်​ကင်းလိမ့်​မည်​ဟုအားကိုးအ​တွေးအ​ခေါ်လုံးဝမရှိ။ဘဝ​တွေ့ကြုံ​နေရသည်​ကကြမ်းတမ်းသည်​၊ခက်​ထန်​သည်​၊မာ​ကျောသည်​၊​သေ​ဘေး​တွေ့​နေသည်​။ရင်​ဆိုင်​သူကအ​သေမခံ၊လက်​မ​မြှောက်​ပဲအန်​တုရင်​ဆိုင်​သည်​။အန္တရာယ်​ကအလွန်​ထူ​ပြောသည်​။ရှောင်​လွှဲမရ။ရင်​ဆိုင်​သူကကိုယ်​စွမ်းဉာဏ်​စွမ်းရှိသမျှသတ္တိရှိရှိဖြင့်​ရင်​ဆိုင်​​ကျော်​လွှားသည်​။ဘဝကဆင်းရဲပင်​ပန်းနာကျင်​လှိုက်​​မောသည်​။ထိုအ​ခြေအ​နေကို​ရှောင်​လွှဲမရ​သောအခါတည့်​တည့်​ရင်​ဆိုင်​၍အစွမ်းကုန်​တုံ့ပြန်​သည်​။ယောက်ျားဘသားလူသားအားမာန်​၊လူသားစွမ်းအားပြပါလားဟုစိတ်​မှကြိမ်းဝါးကာအားမာန်​ပြသည်​။လူသားဂုဏ်​သိက္ခာ၊လူသားတန်​ဖိုး၊လူသားစွမ်းရည်​ကိုအစွမ်းကုန်​အသုံးချသည်​။

မဏိ​မေခလာကယ်​တင်​ခြင်းမှာပါရမီကိစ္စ၊ကံ ကံ၏အကျိုး​ပေး၊တိုက်​ဆိုင်​မှုဟုဆိုလာ​သော်​မငြင်းဆန်​လိုပါ။သို့ရာတွင်​သ​င်္ဘောပျက်​လျှင်​ပျက်​ချင်းကံပဲဟာ​သေချင်​​သေ၊ရှင်​ချင်​ရှင်​ဟုဆိုလာ၍လူသားအားမာန်​​ဘေးချိတ်​ထားက​သေတန်​ရာသည်​။သေနိုင်​ပါသည်​။ချမ်းသာကြွယ်​ဝမှုဆုံးရှုံးခြင်းသည်​တစ်​စုံတစ်​ရာမျှသာဆုံးရှုံးခြင်း၊ရဲစွမ်းသတ္တိဆုံးရှုံးခြင်းကအရာအားလုံးဆုံးရှုံးခြင်းဟုပညာရှိများကဆိုမိန့်​ခဲ့ကြပါသည်​။မဟာဇနကမင်းသားသည်​​သေ​ဘေးကျ​ရောက်​လာသည့်​တိုင်​သတိမလွတ်​၊သတ္တိရှိရှိ၊ဇွဲလုံ့လဝီရိယရှိရှိဖြင့်​​ယောက်ျားတို့လုံ့လဝီရိယ​သေသည်​အထိမ​လျှော့ထုံးအားမာန်​ထုတ်​သုံးရင်​ဆိုင်​​ကျော်​လွှား​သောအခါ​သေ​ဘေးမှလည်းလွတ်​​မြောက်​ခဲ့ပါ၏။မင်းလည်းဖြစ်​ခဲ့ရပါ၏။လူသားသတ္တိ၊လုံ့လဝီရိယကိုနတ်​ကပင်​လျှင်​ကူညီခဲ့ရပါ၏။လူသားအားမာန်​တန်​ဖိုးသရုပ်​လည်း​မော်​ကွန်းစိုက်​ထူခဲ့ပါ၏။

ကျွန်​​တော်​တို့ကိုယ်​စီ၌ရှိ​နေ၊ကြုံ​တွေ့​နေကြ​သောဘဝအ​မော၊ဘဝအခက်​အခဲကိုသက်​ပြင်းချ၊​ခေါင်းကုတ်​၊​ငေးမှိုင်​၊​တွေးထိုင်​​နေမည်​ကြံစည်​မိတိုင်းမဟာဇနကမင်းသား၏​ယောက်​ကျားဘသားလူသားအားမာန်​ပြသပါလားဟုလူ့ဘဝကိုတန်​ဖိုးထား​သော၊လူသားအားမာန်​တန်​ဖိုးထား​သောရင်​ဆိုင်​မှုကိုသတိရကြ​စေလိုပါ၏။
image

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်
@twingyiwunmaung
Msc-154
2.3.2018,Fri

Sort:  

လူသားအားမာန်ဟာ ဘယ်အရာကမှ တားမရဘူးထင်ပါတယ်ဗျ။

ဇွဲ၊လုံ့လ၊ဝီရိယရှိသူကို တားဆီးဖို့မလွယ်​ပါဘူး။

ဟုတ်ကဲ့ပါဆရာ။မှတ်သားထားပါ့မယ်။

ကျေးဇူးတင်​ပါတယ်​။

အရမ်း​ကောင်းတဲ့Postပါ။သို့​ပေမယ့်​​ယောက်ျား​လေး​တွေပဲဇွဲလုံ့လရှိတာမဟုတ်​ပါဘူးမိန်းက​လေးများမှာလည်းဇွဲလုံ့လအပြည့်​ရှိကြပါတယ်​ရှင်

ယောက်ျားဆိုတာ မဟာဇနက နှင့်​တင်​စားပြီး​ပြောခြင်းပါ။ တကယ်​ကလူသားရဲ့ဇွဲလုံ့ကို​ပြောချင်​တာပါ။ယောက်ျားရယ်​၊မိန်းမရယ်​မဟုတ်​ပါဘူး။

စိ​တ်​အားတက်​ကြွစရာပါ

ကျေးဇူးတင်​ပါတယ်​။

အားပေးနေပါတယ် ဆရာ

ကျေးဇူးတင်​ပါတယ်​။

post ကို bookmarkလိုက်ပီဆရာ စိတ်ဓာတ်ကျတိုင်း ဖတ်ရအောင် 😞

ခုလိုကြားရ​တော့ဝမ်းသာရပါတယ်​။

အ​ရေးအသာ​တွေမိုက်​တယ်

ကျေးဇူးတင်​ပါတယ်​။

ဖတ်ခွင့်ရလို့ကျေးဇူးပါ

ကျေးဇူးတင်​ပါတယ်​။

အရမ်းကောင်းပါတယ်

ကျေးဇူးတင်​ပါတယ်​။

ဇနက ထုံးနှလုံးမူ၍ ကျိုးစားပါမယ်ဗျာ

ကြိုးစားကြ​စေချင်​ပါသည်​။

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.030
BTC 68297.87
ETH 3746.45
USDT 1.00
SBD 3.67