သေနတ်​ပီး​သေနတ်​လွဲသမားများနှင့်​ကျွန်​​တော်

in #myanmar6 years ago

သေနတ်​ပီး​သေနတ်​လွဲသမားများနှင့်​ကျွန်​​တော်
image

စာတစ်​ပုဒ်​ကို​ရေးသားရာ၌ပထမဆုံးအဓိကပြုသတိထားရ​သောအချက်​မှာနိုင်​ငံ​ရေး၊ဘာသာ​ရေးနှင့်​ငြိစွန်း၍ဖြစ်​​စေ၊ပုဂ္ဂိုလ်​​ရေးရာထိခိုက်​ငြိစွန်း၍ဖြစ်​​စေ၊တရားအစွဲမခံရ​စေဖို့နှင့်​​ထောင်​တန်းမကျဖို့ဖြစ်​သည်​။ထိုကဲ့သို့သတိသွင်းပြီးမှကိုးကားသင့်​​သောစာအုပ်​ကိုးကား၊လက်​​တွေ့ကွင်းဆင်းထိ​တွေ့​လေ့လာသင့်​​သောကိစ္စကိုလက်​​တွေ့ကွင်းဆင်း​လေ့လာရသည်​။ပြီးမှအနုပညာလက်​ရာ​မြောက်​​အောင်​စာ​ပေအနုပညာအတတ်​ဖြင့်​ဖန်​တီး​ရေးသားရသည်​။စိတ်​ကြိုက်​​ရောက်​ပြီဆိုမှစာဖတ်​ပရိသတ်​ထံတင်​ပြရသည်​။

ကျွန်​​တော်​သည်​လွန်​ခဲ့​သော၁၅နှစ်​​ကျော်​က​သေနတ်​ပီးသည်​၊​သေနတ်​လွဲသည်​ဟုဆိုကြ​သောဝက်​စွယ်​ကင်းပိတ်​(ဝက်​စွယ်​ဘင်းပိတ်​)၊ချိုးအမြု​တေ(ချိုးအမ​တေ)၊ဧကမုတ်​အုန်းကိုဂဝံရုပ်​ထုထား​သောသိဒ္ဓိ​မြောက်​အရုပ်​အစရှိသည်​တို့ကိုသု​တေသနပြု​လေ့လာရင်း​သေနတ်​ပီး၊​သေနတ်​လွဲသမားများနှင့်​သူတို့​လောကကိုထဲထဲဝင်​ဝင်​ဆက်​ဆံ​လေ့လာခဲ့ဖူးသည်​။

သေနတ်​ပီး၊​သေနတ်​လွဲသမားများနှင့်​သူတို့အ​ရောင်းအဝယ်​​လောကသည်​ပုန်းလျှိုးကွယ်​လျှိုး၊ခိုး​ကြောင်​ခိုးဝှက်​မဟုတ်​ကြ။ပြောင်​​ပြောင်​တင်းတင်းပင်​လျှင်​လက်​ကမ်း​ကြော်​ငြာများ​ဝေငှကာ​ရောင်းကြ၊ဝယ်​ကြ၊စမ်းသပ်​ကြ၊စစ်​​ဆေးကြသည်​။

ကျွန်​​တော်​မှတ်​မိသမျှတင်​ပြကလက်​ကမ်း​ကြော်​ငြာတွင်​(၁)မိုးကြိုးသွား၊​ကြေး​သေပစ္စည်း၊(လက်​နှိပ်​မီးပြတ်​)၊(၂)ပြဒါးငုပ်​၊၃၅ိသားထက်​မနည်းရ၊​ကြေးရည်​ကြိုပြီးသားဖြစ်​ရမည်​။(၃)ကျည်​အပိတ်​၊ကျည်​အလွဲ၊အပိတ်​-​သေနတ်​သုံးချက်​ပစ်​စမ်းမည်​၊အလွဲ-​သေနတ်​သုံးချက်​ပစ်​စမ်းမည်​။(၄)​ကျောက်​လိပ်​-ခက်​မငါးဖြာလိပ်​ကွက်​ပါရမည်​။(၅)ပြဒါးထွက်​(၆)ပြဒါးခဲ(၇)ပြဒါးရည်​ကြည်​(၈)ခြသံ-ကလာပ်​လုံး၊နွားနို့​သွေးပြန်​ဖြစ်​စသည်​စသည်​တို့ပါဝင်​ပြီးဥပ​ဒေနှင့်​ငြိစွန်း​သောပစ္စည်း၊ဘုရား၊​ရှေး​ဟောင်းပစ္စည်းများကိုအ​ရောင်းအဝယ်​လုံးဝပြုလုပ်​မ​ပေးပါ၊သတိ ဟု ​ရေးသားထားသည်​။

ကျွန်​​တော်​ကနားမလည်​သည်​များကို​မေးသည်​။မမြင်​ဖူးသည်​များကိုကြုံကြိုက်​ကကြည့်​သည်​။ပစ္စည်းရှိရာ​ဒေသ၊ရပ်​ရွာ​နေရာ၊အမည်​ကို​ခေါင်းထဲမှတ်​သားရသမျှမှတ်​သားသည်​။ပစ္စည်းရှင်​​ရောပွဲစားလုပ်​​နေသူပါ​မေးခွင့်​သာက​စေ့​စေ့စပ်​စပ်​​မေးသည်​။ဒါကဘာပစ္စည်းလည်း၊ဘာအာနိသင်​ရှိလည်း၊ကျည်​ပိတ်​ဆိုတာကျည်​ပိတ်​ပစ္စည်းချ၊​သေနတ်​နဲ့ပစ်​၊ကျည်​မီးမကူးကကျည်​ပိတ်​(မီးမကူး၊မီး​သေ)၊ကျည်​​တော့ထွက်​သည်​။ကျည်​လွဲပစ္စည်းကိုမထိမှန်​။သုံးချက်​ပစ်​မီးမကူးကကျည်​ပိတ်​၊မီး​တော့ကူးသည်​၊မမှန်​ပဲလွဲက ကျည်​လွဲ။

ထားပါ​တော့၊ပိတ်​ပိတ်​လွဲလွဲ။ကျွန်​​တော်​သိလိုသည်​မှာပစ္စည်းဘယ်​နှမျိုး၊အ​ရောင်းအဝယ်​ဘယ်​နှပွဲဖြစ်​ခဲ့ဖူးသလဲ၊​အောင်​ခဲ့ဖူးသလဲဟု​မေးရာတစ်​ပွဲမှမ​အောင်​ခဲ့​သေးပါ။အောင်​လိုက်​ကပွဲခနင့်​​နေ​အောင်​ရမည်​။ငွေသိန်းရာ၊​ထောင်​၊​သောင်းရမည်​တဲ့။ဘယ်​နှပွဲမှမ​အောင်​မြင်​ဖူးပဲဘာ့​ကြောင့်​သဲသဲမဲမဲလုပ်​​နေသလည်း။အခြားလူများ​အောင်​သွားလို့​ငွေ​တွေထုပ်​ထမ်းသွားရတာမြင်​ဖူးလား၊​တွေ့ဖူးလား​မေး​တော့မမြင်​ဖူးပါ။ဒါဖြင့်​ကြားဖူးသလား၊လိပ်​စာ​နေရပ်​နာမည်​​ပြောပြပါဆို​တော့ကြားရုံသာကြားဖူးပါသည်​၊၊အတိအကျပြည့်​ပြည့်​စုံစုံမသိပါတဲ့။လက်​ဖွဲ့နှင့်​ခြ​င်္သေ့က​ဇောင်းအမြု​တေရုပ်​ပူးတွဲပစ်​စမ်းရာကျည်​လွဲပါသည်​။လက်​ဖွဲ့သမားကသူ့​ကြောင့်​၊က​ဇောင်းအမြု​တေသမားကသူ့​ကြောင့်​စွမ်းသည်​​ပြော၍​ငွေလျာထားခွဲ​ဝေရာအ​ဝေမတည့်​၍အ​ရောင်းအဝယ်​မဖြစ်​ဟုဆိုသူကဆို၏။

ထိုကျည်​လွဲ၊ကျည်​ပိတ်​ပစ္စည်းများရှိ​ကောင်းရှိပါလိမ့်​မည်​။ရှိလည်းရှိချင်​ရှိပါလိမ့်​မည်​။ရှိ၍လည်းဝယ်​၊ဝယ်​၍လည်းရှာ​ရောင်းဖြစ်​​ကောင်းဖြစ်​နိုင်​ပါသည်​။လွယ်​လွယ်​ကူကူ၊သက်​သက်​သာသာ၊​ပေါ​ပေါများများရှိနိုင်​လိမ့်​မည်​ဟုမထင်​မြင်​မိပါ။ပြောရမှာအားနာ​သော်​လည်းအားနာနာနှင့်​​ရှေ့မျက်​နှာ​နောက်​ထား​ပြောရပါမည်​။သိုက်​စာအညွှန်းအရသိုက်​ရှာသလို၊သိုက်​တူးသလိုများဖြစ်​​နေမည်​လား။(စကားချပ်​-ကျွန်​​တော့်​စကားရင့်​သီးလွန်းပါက​တောင်းပန်​ပါသည်​။)

နိုး​လေးပါးကိုအများကြားဖူးကြပါသည်​။(၁)သိုက်​စာဖတ်​ရာနား​ထောင်​ပါဥစ္စာရနိုးနိုး၊
(၂)​ဆေးစာဖတ်​ရာနား​ထောင်​ပါ​ရောဂါ​ပျောက်​နိုးနိုး၊
(၃)ကဝိဆရာ​နောက်​ကပါပညာရနိုးနိုး၊
(၄)​ကျောင်းကခင်​ကြီးအထင်​ကြီးမင်းသမီးရနိုးနိုး။

ဘယ်​ပစ္စည်းကသိန်းရာ၊​ထောင်​၊​သောင်းဟု​ပေါ်​ပေါ်ထင်​ထင်​​ဈေး​ပြော​နေကြသည်​။ရကကိစ္စမရှိ။မရကအချိန်​ကုန်​၊​ငွေကုန်​၊လူပင်​ပမ်း၊စိတ်​ဆင်းရဲ၊ဗျာများရသည်​။ဝယ်​​ရောင်း၊​ရောင်းဝယ်​လုပ်​​နေသူများ၊ပွဲစားများကိုမနာလိုတိုရှည်​စိတ်​၊ပျက်​စီး​စေလိုစိတ်​ဖြင့်​ဆန့်​ကျင်​​ရေးသား​နေသည်​မဟုတ်​ပါ။ဓမ္မဓိဋ္ဌာန်​ကျကျဝိုင်းဝန်းစဉ်းစားကြဖို့အ​ဖော်​ညှိ​နေခြင်းသာဖြစ်​ပါသည်​။

ဟတ္ထိပါလပျို့ဆရာက ဖြစ်​​ခေါင့်​ဖြစ်​ခဲ၊​ကျောက်​စစ်​သဲကို၊ရွဲရွဲဆီရည်​၊ထွက်​စိမ့်​မည်​ဟု၊ဆုံကျည်​အဝ၊ပွတ်​မှားကြသို့၊ထိုမှတစ်​ပါး၊​ယောက်ျားမီးရှာ၊ညဉ့်​အခါဝယ်​၊​ရောင်​ဝါကွန့်​မြူး၊ပိုးစုန်းကြူးကို၊မူးတူးမင်​တင်​၊ကယ်​​ကောင်းထင်​၍၊​တောက်​ရှင်​နိုးနိုး၊မှိုက်​​ကောက်​ရိုးဖြင့်​၊မှုတ်​ကြိုးသံပ၊သက်​မချသို့၊ဗာလအစစ်​၊သူမိုက်​ညစ်​လျှင်​၊ဆန်​ဖြစ်​​စေ​ကြောင်း၊ဖွဲကို​ထောင်း​သော်​၊ပန်း​ညောင်းကာမျှ၊ဆန်​မရသို့၊နွမနို့ရည်​၊ချို၌တည်​ဟု၊ကြိုးရှည်​များလျား၊တိုင်​ချည်​ထား၍၊ရှိရှားပန်းလျ၊ညှစ်​လှည့်​ထသို့၊​မောဟထူထပ်​၊​တောသွားညှပ်​လျှင်​၊တံလျှပ်​ကို​ရေ၊မိုက်​မှား​ချေ၍၊လိုက်​​လေလိုက်​​လေ၊ငတ်​မ​ပြေသည်​၊ပန်း​ခြေလက်​ချ၊​သောက်​ချင်​ထသို့ ဟုညွှန်​ပြစပ်​ဆို​တော်​မူခဲ့ပါသည်​။

ဟတ္ထိပလပျို့လာအထက်​ပါ​ဖော်​ပြချက်​များသည်​​သေနတ်​ပီး၊​သေနတ်​လွဲသိဒ္ဓိဝင်​ပစ္စည်းရှာ​ဖွေ​နေသူ၊​ရောင်းဝယ်​သူ၊ပွဲစား​လောက်​မျှသာရည်​ညွန်းသည်​မဟုတ်​ပါ။ကျွန်​​တော်​တို့လူသားအားလုံးနှင့်​လည်းတိုက်​ရိုက်​သက်​ဆိုင်​ပါသည်​။စာဖတ်​သူများအ​နေဖြင့်​လည်းဟတ္ထိပါလပျို့လာစကားနှင့်​ငါတို့လည်းဘယ်​လိုသက်​ဆိုင်​​နေသလဲဟုရိုးသားစွာအ​ဖြေရှာဆန်းစစ်​သင့်​ပါသည်​။ကျွန်​​တော်​အပါအဝင်​လူသားများစွာသည်​မရွာ​သောမိုးကို​မျှော်​ကိုး၍များပန်းမျိုး​စေ့မကျဲမစိုက်​မိဖူးလား၊သစ်​​ခြောက်​ပင်​​အောက်​ပန်း​ကောက်​မသွားမိဖူးလား၊ကန္တာရ​တော​ခေါင်​​ခေါင်​မှာအ​တောင်​ကျွတ်​​သောကြိုးကြာ​ရေရှာမရမဖြစ်​ခဲ့ဖူးဘူးလား၊​ကျောက်​ခဲ​ရေညှစ်​မိ၊သဲဆီပွတ်​မိ၊ပိုးစုန်းကြူးဖြင့်​မီး​မွှေးမိ၊စပါးမ​ထောင်းပဲဖွဲ​ထောင်း၍ဆန်​ထုတ်​မိ၊မထုတ်​မိ၊နွားမချိုနို့ညှစ်​မိမမိ၊တံလျှပ်​​ရေထင်​ဖြစ်​မိမမိ၊ရိုးသားသန့်​စင်​စွာ​တွေးကကျွန်​​တော်​တို့လည်းရံဖန်​ရံခါသတိကင်းကွာကလုပ်​မိ​လေ့ရှိကြပါမည်​။တံလျှပ်​​ရေထင်​၊​ရွှေသမင်​အလိုက်​မှားတာတိရစ္ဆာန်​ပါ၊ကျွန်​​တော်​တို့သည်​လူသားပါ။လူသားဟူသည်​ဘယ်​​လောက်​မှားမှား၊ဘယ်​​လောက်​မိုက်​မိုက်​၊မှားမှန်း၊အကျိုးမရှိမှန်းသိကရပ်​တံ့ပြီးအကျိုးရှိရာအမှန်​လမ်း​ကြောင်း​ပေါ်​လျှောက်​​လေ့ရှိပါသည်​။

ပုထုဇဉ်​ လူသားဖြစ်​​သောကျွန်​​တော်​တို့သည်​​လောဘ၊​ဒေါသ၊​မောဟအဝိဇ္ဇာ​ကြောင့်​တံလျှပ်​​ရေထင်​ခဲ့ဖူး၊သဲဆီပွတ်​ခဲ့ဖူး၊ပိုးစုန်းကြူးဖြင့်​မီး​မွှေးခဲ့ဖူး၊ဖွဲဆန်​​ထောင်းခဲ့ဖူး၊နွားမချိုနို့ညှစ်​ခဲ့မိတန်​​ကောင်းပါသည်​။(စာရှည်​လျားမသွား​စေရန်​အ​သေးစိတ်​​ရေးမပြ​တော့ပါ။စာဖတ်​သူကိုယ်​တိုင်​လွတ်​လွတ်​လပ်​လပ်​ဓမ္မဓိဋ္ဌာန်​ကျကျစဉ်းစားပါ။)​နောင်​တွင်​ထိုသို့မလုပ်​မိ​စေရန်​သတိ၊ပညာ​ရှေ့ထားစဉ်းစားချင့်​ချိန်​ရန်​လိုအပ်​လှပါသည်​။ဖုံးဝှက်​ကွယ်​ဆင်​​ခြေ​ပေး​ရှောင်​တိမ်းမ​နေပဲသင်​ခန်းစာယူရန်​လိုအပ်​လှပါသည်​။သိဒ္ဓိဝင်​ပစ္စည်း​လေ့လာစဉ်​ကပြသကူညီကြ​သောပစ္စည်းရှင်​များ၊​ရောင်းသူများ၊ဝယ်​သူများ၊ပွဲစားများ၊​ကြော်​ငြာစာရွက်​ကမ်း​သောသူများကျန်းမာချမ်းသာကြပါ​စေ။ရောင်းပန်းဝယ်​ပန်းလှ၍သိန်းရာ၊​ထောင်​၊​သောင်းဂဏန်းရှိပစ္စည်းကြီးများအ​ရောင်းအဝယ်​တည့်​ကြပါ​စေ။သေနတ်​ပီးသမား၊ကျည်​လွဲသမားများထံမှ​လေ့လာရ​သောအချက်​များကိုစု​ပေါင်း၍​ကျောက်​လိပ်​၊ဧကမုတ်​အုန်း၊ဝက်​စွယ်​ကင်းပိတ်​ဟုမဂ္ဂဇင်းဝတ္ထုရှည်​ကို​ရေးသားပြီး​ငွေတာရီမဂ္ဂဇင်းသို့ကျွန်​​တော်​ပို့ခဲ့ရာနှစ်​လခွဲ၍စာမူထည့်​​ပေးသဖြင့်​စာမူခနှင့်​မဂ္ဂဇင်းနှစ်​အုပ်​ရရှိခဲ့ပါသည်​။ကျွန်​​တော့်​ကိုစာမူခ​ပေးခဲ့​သောမြဝတီစာ​ပေတိုက်​​ငွေတာရီမဂ္ဂဇင်းနှင့်​စာမူ​ရေးသားနိုင်​ရန်​အကျိုးပြုအချက်​အလက်​​ပေးခဲ့​သော​သေနတ်​ပီးသမားများ၊ကျည်​လွဲသမားများကျန်းမာချမ်းသာ​စေရန်​လည်း​မေတ္တာပို့သလျှက်​ရှိပါ​ကြောင်း။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC-154
1.2.2018,Thu

Sort:  

ဗဟုသုတရပါယတ်

ကျေးဇူးတင်​ပါတယ်​။လာ​ရောက်​ဖတ်​ရှု​ပေးတဲ့အတွက်​။

ဗဟုသုတရပါတယ် bro

လာ​ရောက်​ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​။
ဆရာက အကို အရွယ်​​တော့မဟုတ်​ပါဘူး။
ဆရာ တင်​လှိုင်​ဦးထက်​ကို ကြီးပါတယ်​။

သိခွင့်ရပါတယ် bro

လာ​ရောက်​ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​။
ဆရာက အကို အရွယ်​​တော့မဟုတ်​ပါဘူး။
ဆရာ တင်​လှိုင်​ဦးထက်​ကို ကြီးပါတယ်​။

ဟုတ်ကဲ့ဆရာ။ ညီကိုတွေအရွယ်ထင်မိတာပါ။
စိတ်မရှိပါနဲ့ခဗျာ

ရပါတယ်​။
ဘယ်​လိုမှဖြစ်​လို့​ပြောခြင်းမဟုတ်​ပါဘူး။
ဆရာ က လူငယ်​​တွေနဲ့အ​နေများပါတယ်​။

အရမ်းတော်ပါတယ်ဗျာ တကယ့်စာပေဝါသနာရှင်ပါ
တော်တယ်လို့ မချီးမွမ်းရဲ့ပါဘူး ဘာမှမသ်မတန်သေးတဲ့သူက ချီးမွမ်းရင် ကဲ့ရဲ့တာနဲ့ တူတယ်လို့ ဆယ်တန်းမှာသင်ဖူးလို့ပါ
လေးစားအားကျတယ်လို့ပဲ ပြောပါရစေတော့ အစ်က်ု

ရပါတယ်​။တစ်​ဦးနဲ့တစ်​ဦးရို​သေသမှုရှိဖို့ကပိုအ​ရေးကြီးပါတယ်​။
ကြိုးစားကြပါလို့လည်းတိုက်​တွန်းပါတယ်​။

မသိသေးတာတွေ သိခွင့်ရတဲ့အတွက် အားပေးခဲ့ပါတယ် ဆရာ

လာ​ရောက်​ဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​။

အရေးသားကောင်းပါတယ်

ကျေးဇူးတင်​ပါတယ်​။

ဗဟုသုတအများကြီးရပါတယ်​ရှင်​။

ခုလိုလာ​ရောက်​ဖတ်​ရှု​ပေးတာ​ကျေးဇူးတင်​ပါတယ်​။

ဗဟုသုတရပါတယ်ဆရာ။

ခုလို ဖတ်​ရှု​ပေးတာကို ​ကျေးဇူးတင်​ပါတယ်​။

ကောင်းပါတယ်ရှင့်

ကျေးဇူးတင်​ပါတယ်

သေနတ်ပီးတယ်ဆိုတော့ good ပေါ့

တကယ်​ပီးရင်​​တော့ good တာ​ပေါ့။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64411.29
ETH 3516.69
USDT 1.00
SBD 2.55