စေ့စေ့တွေးကရေးရေးပေါ်ပါသည်

in #myanmar6 years ago

စေ့စေ့တွေးကရေးရေးပေါ်ပါသည်
image

ရွှေနန်းကြော့ရှင်အင်းဝဘုရင်နရပတိနှင့်ရွှေနော်ရထာမင်းသား၏ကျွန်ယုံတော်ငသောကြာ၊အထိန်းတော်သားဘုရင့်လူရေနံ့သာစားငရွှေကျိုင်းတို့သုံးယောက်ထဲထိုင်နေခိုက်ငသောကြာကသူ့ဓားကိုရုတ်တရက်ထုတ်၍ဘုရင့်ကိုခုတ်သည်။ဘုရင်ကလည်းငသောကြာအမူယာပျက်နေကတည်းကသတိထားနေရာဓားအိမ်ထဲမှသူ့ဓားကိုပြိုင်တူထုတ်ထုတ်ခုတ်ခုတ် ခုတ်သည်။ငသောကြာခုတ်လာသောဓားကိုသူ့ဓားဖြင့်ဘုရင်ကဆီးကာ၊ဆီးဖျက်၊ဆီးပက်လှန်ပြီးပြန်လည်ခုခံတိုက်ခိုက်ရာဓားခုတ်သံတစ်ချွင်ချွင်မီးတစ်ဖွားဖွား၊သူခုတ်ကိုယ်ကခံ၊ကိုယ်ကခုတ်သူကဆီးလှန်တချွမ်ချွမ်။

ရေနံ့သာစားငရွှေကျိုင်းမှာဓားမပါ၊သူ့ဘုရင်သည်သူ့ကျေးဇူးရှင်၊သူ့ကိုကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သူ၊ကျေးဇူးရှင်ဘုရင်ကိုကျေးဇူးဆပ်ရမည်။ဓားနှင့်ငသောကြာကဆီးခုတ်၍ဇက်ပြတ်ပြတ်သဘောထားကာကျေးဇူးရှင်ကိုကျေးဇူးဆပ်ရေးအတွက်ရေနံ့သာစားကဇွတ်ဝင်ပစ်လုံးသည်။ဘုရင်နှင့်ယှဉ်ပြိုင်ဓားချင်းခုတ်နေသောငသောကြာကဓားဓားချင်းခုတ်နေသည့်ပွဲ၌လက်နက်မဲ့လူရေနံ့သာစားကအသေခံဇွတ်ဝင်လုံးပုတ်တိုက်ခိုက်ဝံ့မည်မထင်မှတ်ခဲ့။ရှေ့အားစိုက်ဓားခုတ်နေစဉ်ဘေးမှရေနံ့သာစားကဇွတ်ဝင်ပစ်လုံးရာအင့်ကနဲမြည်ပြီးဓားလွင့်စင်ပြေးသည်။လက်နက်မဲ့ငသောကြာနှင့်ရေနံ့သာစားငရွှေကျိုင်းတို့လုံးထွေးသတ်ပုတ်ပွဲမှာဘတပြန်၊ကျားတပြန်သူကအထက်ကရောက်လိုက်ကိုယ်ကအထက်ကရောက်လိုက်၊ဘေးကဓားကြီးမိုး၍ခုတ်ကွင်းရှာနေသောဘုရင်မှာဘယ်လိုခုတ်ရမည်ဟုတွက်ဆမရ။ခုတ်မည်လုပ်လိုက်ကိုယ့်လူကခုတ်ကွင်းဝင်လာလိုက်၊ပြန်ရုပ်လိုက်ရန်သူကခုတ်ကွင်းဝင်လာလိုက်၊တစ်ခါခုတ်မည်လုပ်ရွယ်လိုက်ကိုယ့်လူကရောက်လာလိုက်လည်ချာလည်ချာ။ထိုစဉ်ရေနံ့သာစားကလုံးထွေးသတ်ပုတ်ရင်းအသံကုန်အော်သည်။အကြိမ်ရေများစွာအော်သည်။ အရှင်မင်းကြီး ကျွန်တော်မျိုး၏အသက်ကိုငဲ့မနေပါနဲ့၊အရေးတော်မပြီးပဲအရှင်မင်းကြီးမှာအသက်ဘေးအန္တရာယ်ဖြစ်လာပါလိမ့်မည်။မိရာလူကိုခုတ်သာသတ်ပါ။ပြီးမှအရှင်မင်းကြီးရန်သူကိုသတ်ပါ။ကျွန်တော်မျိုးအပေါ်အရှင်မင်းကြီးကျေးဇူးကားကြီးမားလှပါသည်။အရှင်မင်းကြီးခုတ်သတ်လည်းကျေးဇူးဆပ်ရာရောက်၍ကျွန်တော်မျိုးခွင့်လွှတ်ပါသည်။မိရာလူကိုခုတ်ပါ။သတ်ပါ။ငဲ့ညှာမနေပါနှင့်။

ကျေးဇူးသိ၍သစ္စာရှိသောရေနံ့သာစားငရွှေကျိုင်းကိုရွှေနန်းကြော့ရှင်အင်းဝဘုရင်နရပတိကငဲ့ညှာ၍သူခိုင်းသည့်အတိုင်းတွေ့ရာလူမိရာလူကိုခုတ်မသတ်ပါ။ငသောကြာကိုသတ်ခွင့်သာမှရွေးချယ်ခုတ်ထစ်သတ်ခဲ့ပါသည်။ကျေးဇူးသိမှသစ္စာရှိသည်။သစ္စာရှိမှအနစ်နာခံသည်။မြန်မာရာဇဝင်၌အမှန်တကယ်ဖြစ်ခဲ့သောဖြစ်ရပ်အားနှောင်းလူတို့သိရှိစေရန်ရာဇဝင်လာဖြစ်ရပ်အား ရွှေနန်းကြော့ထံ၊အသေခံ၊ရေနံ့သာစားပွဲ ဟုကဝိလက္ခဏသတ်ပုံကျမ်း၌မြန်မာပညာရှိကြီးစိန္တကျော်သူဦးဩကရေးစပ်ဖွဲ့သီဂုဏ်ပြုခဲ့ပါသည်။ကဝိလက္ခဏသတ်ပုံအဆုံး၌တစတစတွေးမိပါသည်။စာကောင်းတစ်ပုဒ်၏အဆုံးသတ်သည်ဘဝအမြင့်ဖြန့်ကျက်တွေးခေါ်ရာအစဟုဆရာ့ဆရာကြီးများကမိန့်မြွက်ခဲ့ဖူးပါ၏။စေ့စေ့တွေးသော်ကားေ​ရးရေးပေါ်လာပါ၏။

ဖဝါးလက်​နှစ်​လုံး၊ပခုံးလက်​နှစ်​သစ်​အရွယ်​​မှစတင်​၍ဝါးဖတ်​​တော်​ကစီနှစ်​နှင့်​လူဖြစ်​​အောင်​အညစ်​အ​ကြေးသုတ်​သင်​၊​ဘေးရန်​ကာကွယ်​​စောင့်​​ရှောက်​၊ပြုစုပျိုး​ထောင်​​ကျွေး​မွေးလာသည့်​မိဘ​ကျေးဇူးအစုံစုံသည်​ရိုးသားစွာတည့်​တည့်​​ပြောက​ရေနံ့သာစားကိုဘုရင်​က​ကျွေး​မွေးပြုစု​စောင့်​​ရှောက်​သည့်​​ကျေးဇူးထက်​အဆကု​ဋေကုဋာပိုပါလိမ့်​မည်​။ပိုလည်းပိုပါသည်​။အ​ဖေတို့အ​မေတို့​ကျေးဇူးကို​ကော​ရေနံ့သာစားလိုအ​သေခံဆပ်​ခဲ့ကြပါသလား၊ဆပ်​နိုင်​ပါ့မလား၊ဆပ်​ကြမလား။

တစ်​အူတုံဆင်း​မွေးချင်းအရင်းအချာများသည်​ကြီးစဉ်​ငယ်​လိုက်​၊ငယ်​စဉ်​ကြီးလိုက်​ချီပိုးထိန်း​ကျောင်း​ဝေယျာဝစ္စပြုခဲ့​သော​ကျေးဇူးများ၊ကူညီ​စောင့်​​ရှောက်​ခဲ့ကြ​သော​ကျေးဇူးများကိုယ်​စီကိုယ်​ငှရှိခဲ့ကြပါ၏။ကျေးဇူးဟုမြင်​မိပါသလား၊ပြန်​လည်​ဆပ်​ဖြစ်​ပါသလား။

သွေးရင်းသားရင်း​ဆွေမျိုးများ၊ရပ်​​ဆွေရွာမျိုးများ၊တာဝန်​ထက်​​စေတနာကိုအဓိကထား​သောဆရာသမားများ၊ကူညီ​စောင့်​​ရှောက်​ခဲ့​သောမိတ်​​ဆွေများ.....သူတို့၏​ကျေးဇူးကိုကြည့်​မိပါသလား၊ပြန်​လည်​ဆပ်​မိပါသလား၊ဆပ်​ရန်​တာဝန်​ရှိသည်​ဟုထင်​မြင်​ယူဆပါသလား။

ကိုယ့်​တိုင်း​ဒေသကြီး​ကျေးဇူး၊ကိုယ့်​ပြည်​နယ်​​ကျေးဇူး၊ကိုယ့်​အတူ​နေလူမျိုးများ​ကျေးဇူး၊ကိုယ်​ကိုးကွယ်​ချင်​သည့်​ဘာသာကိုးကွယ်​ပါ၊ကိုယ်​ကိုးကွယ်​ရာဘာသာတရား၏​ကျေးဇူးကို​ကောမြင်​ကြည့်​မိပါသလား၊မြင်​မိသိမိပါပြီလား၊​ကျေးဇူးဆပ်​ရန်​တာဝန်​ရှိတာလက်​ခံပါသလား၊​ရေနံ့သာစားင​ရွှေကျိုင်းကဲ့သို့အသက်​စွန့်​၍​ကျေးဇူးဆပ်​နိုင်​ကြပါ​စေသတည်း။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC-154
28.1.2018,Sun

Sort:  

ကျေးဇူးတင်​ရမည့်​အရာများ စာရင်းပြုလုပ်​ထားရမယ်

အဓိကက​တော့မိဘနှစ်​ပါး​ပေါ့။နောက်​ကိုယ့်
ကိုအ​ထောက်​အပံ့ပြုဖူးတဲ့ပတ်​ဝန်းကျင်​၊အဖွဲ့အစည်း။

ကျေးဇူးတရားသိတတ်ပုံများ စံတင်လောက်ပါတဟ်ဗျာ ကျေးဇူးပါ သိရတာ

ခုလိုလာ​ရောက်​ဖတ်​ရှု​ပေးတာကို​ကျေးဇူးတင်​ပါတယ်​။

တစ်လုပ်စားဖူးသူ့ကျေးဇူး
မမေ့အပ်သောအရာ

မှန်​ပါတယ်​။

မြန်မာတွေက ကျေးဇူးတရားသိတတ်သူတွေပါ plz v and c me back @mgtoetat

အဲ့လိုကြီး please v and c မလုက်ပါနဲ့လေ တစ်ဖက်လူကို မလေးစားရာ ကျသလို ဖြစ်နေပါတယ် တစ်ဖွဲ့ထဲဟာ v and c လုပ်မှာဘဲလေ ဟုတ်ဖူးလား နော်

ကျေးဇူးရှိဖူးသူတိုင်းကိုကျေးဇူးဆပ်နိုင်ကြပါစေ

အဓိကက​တော့ မိဘနှစ်​ပါးကို ဆိုလိုချင်​တာပါ။

တစ်လုပ်စားဖူးသူ့ကျေးဇူး

မှန်​ပါတယ်​။

ကျေးဇူးပါအကို

ကျေးဇူးတင်​ပါတယ်​ဗျာ။
အကို အရွယ်​​တော့မဟုတ်​ပါဘူး။
ဆရာက ၆၀ ​ကျော်​ပါပြီ။
ဆရာတင်​လှုင်​ဦးထက်​ကိုကြီးပါတယ်​။

ကျေးဇူးမကန်းတတ်သူ ဖြစ်ရုံတင်မက ကျေးဇူးသိသူ ကျေးဇူးဆပ်တတ်သူဖြစ်အောင် ကြိုးစားပါ့မယ်ဆရာ ။

ခုလိုကြားရတာဝမ်းသာရပါတယ်​။ကျေးဇူးတရားကိုသိတတ်​သူဟာလည်းဘယ်​​သောအခါမှ​အောက်​မကျပါဘူး။

အရမ်း​ကောင်းပါတယ်​။ကျေးဇူးတရားသိတတ်​ခြင်းသည်​မင်္ဂလတပါးပါရှင်​။

မှန်​ပါတယ်​။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64411.29
ETH 3516.69
USDT 1.00
SBD 2.55