ခေါင်း​ပေါ်မှာသရဖူ ​ခြေရင်းမှာအာဏာ

in #myanmar6 years ago (edited)

ခေါင်း​ပေါ်မှာသရဖူ ​ခြေရင်းမှာအာဏာ
image

အောင်​မြင်​မှုဟူသည်​မိမိရည်​မှန်းချက်​ထားလုပ်​ကိုင်​​နေ​သောလုပ်​ငန်းတစ်​ခုခိုင်​ခိုင်​မြဲမြဲပြီး​မြောက်​​အောင်​မြင်​ခြင်းကို​ခေါ်သည်​။ကိုယ့်​ရည်​မှန်းချက်​​အောင်​မြင်​​စေရန်​Definite of purpose ကိုတိကျ​သောရည်​ရွယ်​ချက်​ထားပြီး​အောင်​မြင်​သည်​အထိဇွဲ၊လုံ့လ၊ဝီရိယ၊ကာယအား၊ညဏအားစိုက်​ထုတ်​ကာသုံးစွဲလုပ်​​ဆောင်​မှသာ​အောင်​မြင်​မှုရရှိသည်​။

အောင်​မြင်​မှုနယ်​ပယ်​သည်​ကမ္ဘာကြီးကျယ်​ဝန်းသလိုနယ်​ပယ်​ကျယ်​ဝန်းသည်​။နိုင်​ငံ​ရေးနယ်​ပယ်​၊ရာထူးဌာနန္တနယ်​ပယ်​၊စီးပွား​ရေးနယ်​ပယ်​၊ပညာ​ရေးနယ်​ပယ်​၊လူမှု့ပရဟိတနယ်​ပယ်​၊စာ​ပေအနုပညာနယ်​ပယ်​၊ရုပ်​ရှင်​သဘင်​ဂီတနယ်​ပယ်​၊အားကစားနယ်​ပယ်​၊နည်းပညာနယ်​ပယ်​၊တီထွင်​မှုနယ်​ပယ်​၊ဘာသာ​ရေးနယ်​ပယ်​စသည်​ဖြင့်​​ပြောမဆုံး​ပေါင်​​တောသုံး​ထောင်​ဟုဆိုကြသကဲ့သို့နယ်​ပယ်​များစွာရှိသည်​။အ​သေးစိတ်​ခွဲခြား​လေနယ်​ပယ်​ကျယ်​လာ​လေ​လေဖြစ်​၏။ဥပမာပြရပါကနိုင်​ငံ​ရေးနယ်​ပယ်​တစ်​ခုထဲ၌ပင်​လျှင်​အ​ခြေ​အနေနိုင်​ငံ​ရေးသမား၊လုပ်​စားနိုင်​ငံ​ရေးသမား၊အစစ်​အမှန်​နိုင်​ငံ​ရေးသမားဟုခွဲခြားနိုင်​သည်​။အားကစား​လောက၌ပင်​လျှင်​​ဘောလုံး၊​ဘောလီ​ဘော၊ဘက်​စကက်​၊​လှေ​လှော်​၊​ရေကူး၊ဂျွမ်းဘား၊အ​ပြေး၊လှံတံပစ်​၊လက်​​ဝှေ့၊အခုန်​စသည်​ဖြင့်​ခွဲခြားနိုင်​သည်​။မိမိအ​နေဖြင့်​ဘာဖြစ်​ချင်​တာလဲ၊ဘာဖြစ်​ရမှာလဲ၊ဘယ်​လိုကြိုးစားရမှာလဲ၊ဘယ်​လိုဆက်​လက်​ရပ်​တည်​ရှင်​သန်​ရမလဲ၊ကြီးပွားတိုးတက်​ပိုမို​အောင်​မြင်​သည်​ထက်​ဘယ်​လိုကြိုးစားမလဲဟူ​သောဘဝအသိရှိရှိဖြင့်​ကြိုးစားရ၏။

ဗုဒ္ဓရှင်​​တော်​မြတ်​စွာကအတ္တာဟိအတ္တ​နောနာ​ထောဟု​ဟောကြားခဲ့သကဲ့သို့၊​စေတနာနံဘိက္ခ​ဝေကမ္မံဝဒါမိဟူ၍လည်း​ကောင်း၊အ​ဇ္ဇေဝကိစ္စံအာတပ္ပံဟူ၍​ဟောကြားခဲ့သည်​။(၁)ကိုယ့်​အတွက်​အားကိုးရာသည်​ကိုယ်​သာဖြစ်​သည်​။(၂)ကိုယ့်​​အောင်​မြင်​မှုအတွက်​ကြိုးစားရာ၌ကိုယ်​သာအဓိကကျ၍ကိုယ့်​ကိုကိုယ်​သာအားကိုးရမည်​။ထိုသို့အားပြုကြိုးစားရာတွင်​အများကကံ​ကောင်းသည်​ဟု​ပြောဆို​နေကြ​သော​အောင်​မြင်​မှုရရှိ​စေရန်​​စေတနာမှန်​ထားရမည်​။စေတနာမှန်
ခဲ့ပါကကံသုံးပါးညီညွတ်​၍​အောင်​မြင်​သည်​အထိကြိုးစားနိုင်​မည်​။(၃)​အောင်​မြင်​မှုရရှိ​စေရန်​ကြိုးစားရာ၌ရက်​၊လ၊အချိန်​၊နာရီမ​ရွှေ့ရ။ယခုအချိန်​မှစတင်​၍ရည်​မှန်းချက်​ထားပြီးပြီးခြင်းကြိုးစားရမည်​။လုပ်​ရသမျှမှစလုပ်​၊လုပ်​နိုင်​သမျှစလုပ်​ရမည်​။

နောက်​ဆုတ်​ခြင်းသည်​အရှုံး​ပေးခြင်းဖြစ်​သကဲ့သို့​အောင်​မြင်​မှုကိုအလိုအ​လျောက်​စွန့်​လွှတ်​ခြင်းလည်းဖြစ်​သည်​။မည်​သည့်​အချိန်​အခါ၌ရပ်​နားပြီးလမ်း​ကြောင်းသစ်​ရှာ​ဖွေရမည်​ကိုသိခြင်းကပညာရှိဟုဆိုနိုင်​သည်​။သောမတ်​အယ်​ဒီဆင်​သည်​စမ်းသပ်​တီထွင်​မှုများပြုလုပ်​ရာတွင်​မ​အောင်​မြင်​ကရပ်​နားသည်​။နောက်​မဆုတ်​။ဒီပစ္စည်းဒီနည်းနှင့်​မ​အောင်​မြင်​ကဟိုပစ္စည်းဟိုနည်းဖြင့်​​ပြောင်းသည်​။အကြိမ်​​ရေရာဂဏန်းထိမ​အောင်​မြင်​​သော်​လည်းအရှုံးမ​ပေး၊ပစ္စည်းသစ်​နည်းသစ်​ရှာစိတ်​ရှည်​ရှည်​ဖြင့်​မ​အောင်​မြင်​မချင်းပြုလုပ်​ခဲ့ရာ​အောင်​မြင်​ခဲ့၏။

လူငယ်​​လေးတစ်​​ယောက်​သည်​သူ့နိုင်​ငံကို ကိုလိုနီနယ်​ချဲ့လက်​​အောက်​မှလွတ်​​မြောက်​​စေရန်​အငတ်​ငတ်​အပြတ်​ပြတ်​၊​သွေးအလူးလူးဖုန်​အလူးလူးဖြင့်​​သေ​ဘေးမှကပ်​ကပ်​လွတ်​​သောအကြိမ်​​ရေအများအပြား​တွေ့​သော်​လည်းလက်​မ​လျှော့ပဲသူ့နိုင်​ငံလွတ်​လပ်​​ရေးအတွက်​ကြိုးစားခဲ့သည်​။လွတ်​လပ်​​ရေးရရှိလာ​သောအခါသူ့နိုင်​ငံမှာနှစ်​ခြမ်းဗျန်းဗျန်းကွဲသည်​။သူ့နိုင်​ငံပြန်​လည်​​ပေါင်းစည်း​ရေးကြိုးစားရာခက်​ခက်​ခဲခဲကြိုးစားယူရသည်​။လွန်​လပ်​​ရေးရ၊နိုင်​ငံပြန်​လည်​​ပေါင်းစည်းမိ​သော်​လည်းသူ့နိုင်​ငံသူ့လူမျိုးကိုစိန်​မချ၊ပစ်​မထားရက်​၍ကွယ်​လွန်​ချိန်​အထိနိုင်​ငံတာဝန်​ယူသွားသည်​။ထို​ခေါင်း​ဆောင်​သမ္မတကြီးမှာကိုယ်​ပိုင်​အိမ်​၊ဝင်း၊စီးပွားဘာဆိုဘာမျှမရှိ။ဘဏ်​စာရင်းမှာရှာ​တော့လည်းကိုယ်​ပိုင်​​ငွေတစ်​ပြားတစ်​ချပ်​မျှမရှိ။ကမ္ဘာ့​ခေါင်း​ဆောင်​များလာ​ရောက်​ဂါရဝပြုပို့​ဆောင်​နှုတ်​ဆက်​ချိန်​တွင်​တင့်​တင့်​တယ်​တာ်​ဝတ်​စုံဖြင့်​ဈာပနဆင်​ယင်​ပြသရန်​သမ္မတကြီးဝတ်​စုံလှန်​​လှောရှာကြသည်​။ကမ္ဘာ့မီဒီယာများကသတင်းနှစ်​မျိုးကိုဖတ်​ရသည်​။တစ်​အုပ်​စုက​ရေး​သောသတင်းမှာသမ္မတကြီး၌​နေ့စဉ်​ဝတ်​ဝတ်​စုံတစ်​စုံနှင့်​ဧည့်​ခံဝတ်​စုံတစ်​စုံ၊စုစု​ပေါင်းနှစ်​စုံထဲသာရှိပါသည်​တဲ့။နောက်​တစ်​အုပ်​စုကသမ္မတကြီးမှာ​နေ့စဉ်​ဝတ်​တစ်​စုံ၊ဧည့်​ခံဝတ်​တစ်​စုံနှင့်​အပို​ဆောင်းဝတ်​စုံတစ်​စုံ၊စုစု​ပေါင်းဝတ်​စုံသုံးစုံသာသမ္မတကြီးကိုယ်​ပိုင်​ပစ္စည်းရှိပါသည်​တဲ့။အာဏာရသက်​တမ်းဆယ်​စုနှစ်​​ကျော်​​သော်​လည်းချက်​​ကျွေးတာနဲ့စား၊ပြည်​သူ့အတွက်​သာအလုပ်​လုပ်​ထုံးနှလုံးသွင်း၍ကိုယ်​ပိုင်​ဘာပစ္စည်း၊ဘာဝင်းခြံ၊​ငွေ​ကြေးမှမထား။ထို​ခေတ်​ထိုအခါကထိုသတင်းဖတ်​မိ​သောလူသားမှန်​သမျှဝဲ၊ယာ၊အ​ရှေ့အ​နောက်​မခွဲကြည်​ညို​လေးစားမှုရရှိသွား​သောပုဂ္ဂိုလ်​ကြီးမှာဗီယက်​နမ်​သမ္မတနိုင်​ငံမှ​ခေါင်း​ဆောင်​ကြီးဟိုချီမင်းဖြစ်​ပါသည်​။သူ့ရည်​ရွယ်​ချက်​ကသူ့နိုင်​ငံသူ့လူမျိုးအတွက်​သာအဓိကထားရာ​ရွှေ၊​ငွေ၊တိုက်​တာကိုယ်​ပိုင်​မရှိလည်းသူ့ဘဝအတွက်​ဘာမှပြဿနာမရှိ။

ဗြိတိသျှပါလီမန်​ကျင်းပ​နေ​သောအချိန်​တွင်​စကား​ပြောလှည့်​ကျ​သောအမတ်​မင်းက​ပြောကြား​နေစဉ်​ကျန်​အမတ်​အများစုကအထင်​အမြင်​​သေး၊​လှောင်​​ပြောင်​၊မထီမဲ့မြင်​ပြု ကြသည်​။အ​ရေးစိုက်​​လောက်​သူစကားမဟုတ်​ဟုယူဆကာသ​ရော်​ကြသည်​။စကား​ပြော​နေ​သောအမတ်​ကလူကြီးမင်းတို့အားလုံး​နောင်​အချိန်​တွင်​ကျွန်​​တော်​​ပြောသမျှစကားကိုတ​လေးတစားနား​ထောင်​ရ​သောဘဝ​ရောက်​​စေရမည်​ဟု​ပြောကြားပြီးနိဂုံးချုပ်​သည်​။ဝိုင်းဝန်းဟားတိုက်​ရယ်​​မောခံရပြန်​သည်​။ထိုအမတ်​ကဆက်​လက်​ကြိုးစားရာသူ့​ခေတ်​သူ့အခါကဘုရင်​မကြီးပြီးလျှင်​ဩဇာတိက္ကမအကြီးမားဆုံးနန်းရင်းဝန်​ကြီး ဒစ္စ​ရေလီဖြစ်​လာ၏။သ​ဘောထားမှတ်​ချက်​​ပေးရန်​၊ဩဝါဒ​ပေးရန်​၊မိန့်​ခွန်း​ချွေရန်​ကျန်​အမတ်​များက​နောင်​အချိန်​၌စု​ပေါင်း​တောင်းပန်​ရ၏။

စာ​ရေးဆရာဟူသည်​နာမည်​​ကျော်​ကြားလူသိများသ​လောက်​၊အမွဲအငတ်​အကျပ်​အတည်းကိုတိုင်းသိပြည်​သိကိုယ်​တိုင်​ထုတ်​​ဖော်​​ကြော်​ငြာထားသူဖြစ်​သည်​။မိဘ​ဆွေမျိုးများကိုလည်းတာဝန်​ပိ​စေသည်​။စာ​ရေးဆရာကိုယ်​တိုင်​လည်းမွဲငတ်​ကျပ်​တည်း၍နာမည်​ကြီးသည်​မှအပလူတန်း​စေ့​စေ့မသုံးနိုင်​၊မစွဲနိုင်​၊စီးပွား​ရေးအဆင်​မ​ပြေ၍စိတ်​ဆင်းရဲ၊အသက်​တိုတတ်​သည်​။စာ​ရေးဆရာလုပ်​ရန်​ကြိုးစား​နေသည်​ကိုရပ်​တန်းကရပ်​ဟုမိဘ​ဆွေမျိုးမိတ်​သင်္ဂဟများကအင်​နှင့်​အားနှင့်​ဝိုင်းဝန်းရှုတ်​ချတားဆီးကြ​သော်​လည်းစာ​ရေးဆရာလုပ်​လိုသူကမ​လျှော့၊​နောက်​လုံးဝမဆုတ်​၊ဆက်​လက်​​ရှေ့တိုးလုပ်​ကိုင်​ရာကမ္ဘာ​ကျော်​အ​တွေးအ​ခေါ်ပညာရှင်​ကြီး၊စာ​ရေးဆရာကြီး​ဗော်​လ်​တဲယားဖြစ်​လာသည်​။

မိုးညှင်းပထမ​တောရဆရာ​တော်​ဘုရားကြီး​တောရ​ဆောက်​တည်​စကထို​နေရာသည်​​ရေရိုင်း၊​မြေရိုင်း၊​တောရိုင်း၊​တောင်​ရိုင်း။မိုးညှင်းဆရာ​တော်​​လေးသည်​အ​ဖော်​ရဟန်းမပါ၊ကပ္ပိယမရှိတစ်​ပါးတည်းတရားကျင့်​သည်​။တောရ​ဆောက်​တည်​စကမယုံကြည်​နိုင်​ဖွယ်​ရာ၊အံ့ဩဖွယ်​ရာအဖျက်​အဆီး၊အ​နှောက်​အယှက်​၊အဟန့်​အတား၊၊အ​ချောက်​အလှန့်​များကြား၌တစ်​ပါးတည်းသူ့တိကျ​သောရည်​ရွယ်​ချက်​အတိုင်းကျင့်​ကြံ​နေထိုင်​အားထုတ်​ခဲ့ရသည်​။နောင်​တွင်​မိုးညှင်းဆရာ​တော်​ဘုရားကြီးဟုဂုဏ်​သတင်းကြီးခဲ့သကဲ့သို့ဗုဒ္ဓသာသနာပဋိပတ္တိအတွက်​မိုးညှင်းဝိပဿနာနည်းလည်းအ​မွေထား​တော်​မူခဲ့သည်​။ယခုဖူး​တွေ့​နေရ​သောမိုးညှင်းသံဗု​ဒ္ဓေကပ်​​ကျော်​​စေတီ​တော်​ကြီးကိုလည်းတည်​ထား​တော်​မူခဲ့သည်​။

ဘုရားအ​လောင်း​တော်​သု​မေဓာရှင်​ရ​သေ့​လေး​ဘေးတွင်​​ချော​မောလှပနုပျို​သောရ​သေ့​လေးကိုမြတ်​နိုး​နေသည့်​​ကောင်​မ​ချော​ချော​လေးတစ်​​ယောက်​ကကြာပန်းငါးခိုင်​ကိုင်​ကာရပ်​​နေသည်​။ကြာပန်းရှင်​​ချောယဉ်​မှူးဆီစိတ်​ညွတ်​နူး၍မူလစိတ်​ကူးဘုရားဆုပန်​ဆင်​ရန်​ဗျာဒိတ်​ခံမည်​ကိုမခံယူပဲ၊အချစ်​နှင့်​နှစ်​ကိုယ်​တွဲသံသရာထဲလည်​လိုစိတ်​များဝင်​ခဲ့​သော်​မူလရည်​ရွယ်​ချက်​ပျက်​ပြားသွားမည်​ကိုလူ၊နတ်​၊ဗြဟ္မာများကစိုးရိမ်​စိတ်​ဝင်​လာကြသည်​။ထိုအခါလူ​ရော၊နတ်​ဗြဟ္မာပါဝိုင်းဝန်း​အော်​ဟစ်​၍ရ​သေ့​လေးအား အား​ပေးစကားတိုက်​တွန်း​ပြောကြားသည်​။ထိုအ​ကြောင်းကိုဗုဒ္ဓဝံသပါဠိ​တော်​၌မာနိဝတ္ထ၊အဘိက္ကံမဟု​ရေးသားသည်​။မာနိဝတ္တ....ရ​သေ့​လေး၊​နောက်​မဆုတ်​ပါနှင့်​၊အဘိက္ကံမ......မူလရည်​ရွယ်​သည့်​အတိုင်း​ရှေ့ဆက်​လုပ်​ပါ။တိုတို​ပြောက​နောက်​မဆုတ်​နှင့်​၊​ရှေ့ဆက်​လုပ်​ပါဟုတိုက်​တွန်းသူကတိုက်​တွန်း၏။လေးသ​င်္ချေနှင့်​ကမ္ဘာတစ်​သိန်းပါရမီဖြည့်​ဆီးလုပ်​ကိုင်​​တော်​မူ​သောအခါ​ဂေါတမဗုဒ္ဓဟူ​သောဘွဲ့​တော်​ဖြင့်​သဗ္ဗညုတဥာဏ်​ရရှိကာလူနတ်​ဗြဟ္မာသတ္တဝါတို့အကျိုးချီး​မြှောက်​​ဆောင်​ရွက်​​တော်​မူခဲ့သည်​။

ခင်​မင်​​လေးစားယုံကြည်​အားကိုးရ​သောလူငယ်​လူလတ်​များအ​နေဖြင့်​တိကျ​သောရည်​ရွယ်​ချက်​ထား၊မိမိကိုယ်​ကိုပြုစုပျိုး​ထောင်​အစွမ်းကုန်​ကြိုးစား​စေလိုပါသည်​။ဦး​ခေါင်း​ပေါ်သရဖူ​ရောက်​လာပါက​ခြေရင်းတွင်းအာဏာ၊ရာထူး၊​ရွှေ​ငွေ၊တပည့်​တပန်းများအလိုအ​လျှောက်​​ရောက်​ရှိလာပါလိမ့်​မည်​။သရဖူသည်​ဦး​ခေါင်း​ပေါ်အလိုအ​လျှောက်​​ရောက်​ရှိရိုးထုံးစံလုံးဝမရှိပါ။သွေး၊​ချွေး၊ကာယအား၊ဉာဏအားသုံးစွဲကာတိကျ​သောရည်​ရွယ်​ချက်​ထားအစွမ်းကုန်​လုပ်​မှ​အောင်​မြင်​ပါမည်​။အောင်​မြင်​မှုရရှိမှသာဦး​ခေါင်း​ပေါ်သရဖူ​ရောက်​ရ​သောထုံးစံရှိပါသည်​။သရဖူ​ရောက်​ရှိ​နေသူကို​ဘေးမှထိုင်​ဆဲ​နေပါကငဆဲကြီး၊ငဆဲ​လေးသာဖြစ်​ပါမည်​။မိမိလည်းသရဖူ​ဆောင်းနိုင်​ရန်​ကြိုးစားမှသရဖူ​ဆောင်းရပါလိမ့်​မည်​။သရဖူ​ဆောင်းနိုင်​​ရေးကိုစတင်​ကြိုးစားလိမ့်​မည်​ဟုယုံကြည်​မိပါ​ကြောင်း။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC 154
16.1.2018,Tue

Sort:  

လူသစ်တွေနဲ့အလုပ်များနေတာနဲ့ဆရာဆီကိုခုမှရောက်ဖြစ်တယ်ဆရာ။

လူသစ်တွေနဲ့အလုပ်များနေတာနဲ့ ဆရာဆီကိုခုမှရောက်ဖြစ်တယ်ဆရာ။

ကျေးဇူးတင်​ပါတယ်​ခင်​ဗျား။ဆရာ သင်​တန်း​တွေ​ပေး​နေလို့မအားဘူးဆိုတာကြားမိပါတယ်​။

Good post, please help ne

အရာရာအတိုင်းတိုင်းအတွက်​ဇွဲလုံ့လကိုမ​လျော့ပဲကြိုးစားရမယ်​ဆိုတဲ့အသိကို​ပေးတဲ့အတွက်​​ကျေးဇူးအများကြီးတင်​ပါတယ်​ရှင်​။

ခုလိုဖတ်​ရှု​ပေးတဲ့အတွက်​​ကျေးဇူးပါ။

သရဖူရပြီးရင်ဘဝမေ့မေ့သွားတတ်ကြတာခက်တယ်ဆရာ

အဲတာကလည်းမှန်​သင့်​သ​လောက်​​တော့မှန်​ပါတယ်​။

မိုးကျ ရွှေကိုယ် တေလည်းရှိတယ်

မိုးကျ​ရွှေကို ဆိုတာကလည်း ဖြစ်​ချင်​တိုင်း​တော့ဖြစ်​လို့မရပါဘူး။

ဟုတ်ပါ ကြိုးစားရမှာပေါ့

ကြိုးစားကြပါလို့တိုက်​တွန်းပါတယ်​။အနာဂတ်​ဟာလူငယ်​​တွေရဲ့လက်​ထဲမှာပါ။

သရဖူ​ဆောင်းနိုင်​​အောင်​ တက်​နိုင်​သမျှ​တော့ ကြိုးစား​နေမိပါတယ်​ရှင်​။

ကြိုးစားကြ​စေချင်​ပါတယ်​။ခုလိုကြားရတဲ့အတွက်​လည်းဝမ်းသာပါတယ်​။

ကျေးဇူးတင်ပါတယ် လာရောက်အားပေးသွားပါတယ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64411.29
ETH 3516.69
USDT 1.00
SBD 2.55