ဘေးအန္တရာယ်ကင်းဝေးအောင်မြင်ရေးမျှော်တွေးကျင့်သုံးပါ(၁)

in #myanmar7 years ago (edited)

ဘေးအန္တရာယ်ကင်းဝေးအောင်မြင်ရေးမျှော်တွေးကျင့်သုံးပါ(၁)
image

ကျွန်တော်တို့သည်လုံးစုံများစွာသတ္တဝါချမ်းသာကြပါစေ၊ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေဟုအစချီကာအထင်သေးခြင်းအချင်းချင်းကင်းဝေးကြပါစေအထိမေတ္တာပို့သလေ့ရှိသည်။ကိုယ်တတ်နိုင်ခြင်းမတတ်နိုင်ခြင်းကတစ်ကိစ္စ၊ကိုယ်၏စေတနာမှန်ဖြင့်မေတ္တာပို့သမှုကတစ်ကိစ္စဖြစ်သည်။

ယျေဘုယျအားဖြင့်ဘေးအန္တရာယ်နှစ်မျိုးရှိသည်ဟုယူဆမိ၏။ရှောင်လွှဲမရသောအန္တရာယ်နှင့်ရှောင်လွှဲရသောအန္တရာယ်ဟုခွဲခြားလိုပါသည်။

အို၊နာ၊သေဘေးသည်နိယာမဘေး၊ဓမ္မတာဘေးဖြစ်၏။နာဂစ်မုန်တိုင်းဗဟိုချက်မနေရာကျနေက၊တာလေငလျင်ကဲ့သို့ငလျင်ကြောအတွင်းကျနေက၊မီးမရိုသေတတ်သောအိမ်နီးချင်းဘေးကျနေ၍မီးကူးစက်ခံရပါက၊ရေကြီးခြင်းမြေပြိုခြင်းဖြစ်ရာနေရာကျနေပါကရှောင်လွှဲမရ။ထိုဘေးသည်သဘာဝဘေး၊နိယာမဘေးဖြစ်၍ကြုံတွေ့လာကရှောင်ကွင်းမရနိုင်ပေ။

ရှောင်ကွင်းရနိုင်သောရှောင်လွှဲရနိုင်သောဘေးအန္တရာယ်လည်းရှိပါသည်။ထိုဘေးအန္တရာယ်များကိုရှောင်ကွင်းနိုင်ပါလျှက်လုပ်ယူသူများသည်ဘေးတွေ့သူများသာဖြစ်သည်။ရှေးလူကြီးများကဘေးမှန်းမသိ၊ရန်မှန်းမသိလုပ်သည်၊ဒုက္ခမရှိဒုက္ခရှာသည်၊ကိုယ့်ကိုကိုယ်ဘေးတွေ့အောင်မိုက်မဲသည်ဟုပြောသောဘေးအန္တရာယ်မှာလေးပါးဖြစ်ပါသည်။

(၁)လွန်ကြူးသမျှနောက်နောင်တရရှိရမည်ကို
လည်းကြောက်တတ်စေ(အတ္တာနုဝါဒဘေး)
ကျွန်တော်အပါအဝင်ပုထုဇဉ်အများစုကိုသင့်တတ်သောဘေး၊လူများစွာကျူးလွန်မိုက်မှားမိသောဘေးဖြစ်သည်။မတွေးကောင်းသည်ကိုတွေး၊မပြောကောင်းသည်ကိုပြော၊မလုပ်ကောင်းသည်ကိုလုပ်၍ကိုယ့်ကိုကိုယ်ပြန်လည်အပြစ်တင်မိပါသည်။ထို့အတူတွေးကောင်းသည်ကိုမတွေး၊ပြောကောင်းသည်ကိုမပြော၊လုပ်ကောင်းသည်ကိုမလုပ်မိ၍နောင်မှနောင်တရကာပူပင်သောကခံစားရပါသည်။မိဘသက်ရှိထင်ရှားရှိစဉ်ကမကျွေးမွေးဖြစ်၊ဆရာသမားသက်ရှိထင်ရှားရှိစဉ်ကကျေးဇူးမဆပ်ဖြစ်၊လင်မယားစုံစုံညီညီရှိစဉ်ကမကြင်နာဖြစ်၊ပညာသင်ရွယ်ကပညာမသင်ဖြစ်၊စီးပွားရှာဖွေရမည့်အရွယ်၌စီးပွားမရှာဖြစ်၊ကိုယ့်ကိုစောင်မကြည့်ရှုနိုင်သောသူကောင်းစားနေစဉ်ကမသွားမလာဖြစ်စသည်စသည်တို့ကိုစဉ်းစားတွေးတောပူပင်တောက်ခေါက်အံကြိတ်၊ကြိတ်မနိုင်ခဲမရဖြစ်တတ်သည်။ထိုဘေးသည်အသင့်များဆုံးဘေးဖြစ်သောနောင်တရခြင်းဘေးဖြစ်သည်။လူမိုက်နောက်မှနောင်တရဟုဆိုကြသည်။ထိုဘေးကိုစာလိုပြောကအတ္တာနုဝါဒဘေးဟုပြောကြသည်။

(၂)မျက်ကွယ်မျက်မြင်မဆင်ခြင်လူရှင်သိမည်ကြောက်တတ်စေ(ပရာနုဝါဒဘေး)

လောကကြီးကိုထိန်းသိမ်းစောင့်ရှောက်ပေးနေသောတရားနှစ်ပါးမှာဟီရိသြတ္တပတရားနှစ်ပါးဖြစ်သည်။အရှက်အကြောက်တရားနှစ်ပါးပျောက်ကွယ်ပါကလောကကြီးသည်ပျက်စီးသွားမည်ဖြစ်သည်။မလုပ်သင့်သောအလုပ်၊မပြောသင့်သောစကား၊မတွေးသင့်သောအတွေးကိုမလုပ်၊မပြော၊မတွေးရန်လိုသည်။စာစကားခပ်ဆန်ဆန်ပြောကမကောင်းမှုပြုလုပ်ရမည်ကိုရှက်ခြင်း၊ကြောက်ခြင်းဟုဆိုရပါမည်။

မကောင်းမှုအဓိပ္ပါယ်ကိုအမျိုးမျိုးဖွင့်ဆိုနိုင်သည်။မပြုလုပ်သင့်သောကိစ္စပြုလုပ်ပါကအပြုလုပ်ခံရသူရောလူ့ဘောင်ဘဝလူ့လောကပါကောင်းကျိုးမပေးသောကိစ္စဟုယျေဘုယျပြောသော်ရမည်။မကောင်းမှုစံနှုန်းကိုတိုင်းထွာရာ၌ပေတံများစွာစံနှုန်းများစွာရှိသည်။လောကုတ္တရာနယ်ပယ်မှသတ်မှတ်ချက်၊လောကီနယ်ပယ်သတ်မှတ်ချက်၊သူ့နိုင်ငံသူ့လူမျိုးသတ်မှတ်ချက်၊သူ့ဘာသာသူ့သာသနာအယူအဆရသတ်မှတ်ချက်၊ကိုယ့်ဘာသာကိုယ့်သာနာအရသတ်မှတ်ချက်၊ဓလေ့ထုံးတမ်းအစဉ်အလာရသတ်မှတ်ချက်ဟူ၍ကွဲပြားနိုင်ပါသည်။

သို့ရာတွင်ကောင်းမှုမဖြစ်စေသော၊မကောင်းမှုဖြစ်စေသောအရာမှန်သမျှကိုမစင်ထုပ်ကဲ့သို့ရွှံရှာစက်ဆုပ်ရမည်။မီးရဲရဲသံတွေသံခဲပူကိုကိုင်ရန်ကြောက်ရွံ့သလိုကြောက်ရွံ့ရမည်။အများရှင်လူကဤသူဤသူသည်မကောင်း မှုပြုသူအဓမ္မဝါဒသမား၊အဓမ္မလူဟုကဲ့ရဲ့ပြစ်တင်မခံရစေရန်ရှောင်ကြဉ်ရမည်။ဤသို့မရှောင်ကြဉ်ပါကရဟန်းရှင်လူတို့၏ကဲ့ရဲ့ရှုံ့ချသောဘေးသင့်မည်ဟုဆိုလိုသည်။စာလိုပြောကပရာနုဝါဒဘေးဟုခေါ်သည်။

ဆက်ပါအုံးမည်။

ကျန်းမာချမ်းသာဘေးကင်းကြပါစေ
တွင်းကြီးဝမ်းမောင်
@twingyiwunmaung
MSC No.154
18.12.2017,Mon

Sort:  

စောင့်မျှော်နေပါတယ်ခင်ဗျာ
ဆက်လက်ရေးသားပါအုံးခင်ဗျာ။

ခုလိုကြားရတာဝမ်းသာပါတယ်

စောင့်စားဖတ်ရှုနေပါ့မယ်ဆရာ

ဆရာလည်းအားရင်​အားသလိုတင်​မှာပါ။ဖတှ်ုတယ်​ဆိုလို့ဝမ်းသာပါတယ်​။

မကောင်းမှုရှောင် ကောင်းမှု ဆောင်

မှန်​ပါတယ်​သမီး

ကျေးဇူးတင်​ပါတယ်​။

ကျေးဇူးတင်​ပါတယ်​။

မှတ်သားလိုက်နာစရာအမျာကြီးရပါတယ်။ရေးသားဝေမျှပေးတဲ့ဆရာ့ကိုကျေးဇူးတင်ပါတယ်။

ဖတှ်ု​ပေးတဲ့သူ​တွေကိုလည်း​ကျေးဇူးတင်​ပါတယ်​။

အဆက်​တွဲ (၂)ကို
စောင့်​​မျှော်​ပါအုံးမည်​....
Good Bro....

တင်​ပြီးသားပါ။

ကျေးဇူးတင်ပါဆယ်ဆရာရေ၊ ကျွန်တော်တို့ MSC အတွက် အားဖြည့်ရေးသားပေးလို့။

ဟုတ်​ကဲ့ပါဆရာတင်​လှိုင်​ဦးခင်​ဗျား။ဆရာ့အ​ကြောင်းကိုလည်း ​ပြောပြထားလို့်​အတန်​အသင့်​သိပြီးပါပြီ။msc အတွက်​ လည်း တတ်​နိုင်​သည့်​ဘက်​မှအချိန်​ရလျှင်​ရသလိုပါဝင်​​ရေးသား​ပေးပါမည်​ခင်​ဗျား။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64354.36
ETH 3507.50
USDT 1.00
SBD 2.54