အနိမ့်​ဆုံးအဆင့်​မှစ၊အမြင့်​ဆုံးအဆင့်​ထိတက်

in #myanmar6 years ago

အနိမ့်​ဆုံးအဆင့်​မှစ၊အမြင့်​ဆုံးအဆင့်​ထိတက်
image

အောင်​မြင်​ကြီးပွားချမ်းသာလိုသူတိုင်းအနိမ့်​ဆုံးအဆင့်​ဖြစ်​​သောမိမိကိုယ်​ကိုမိမိအမြဲတ​စေရို​သေ​လေးစားတန်​ဖိုးထားတတ်​မှုအကျင့်​ကိုစွဲမြဲ​နေ​အောင်​​လေ့ကျင့်​ယူရသည်​။မိမိကိုယ်​မိမိကိုယ်​တိုင်​ကရို​သေ​လေးစားတန်​ဖိုးထားလာ​သောအခါပတ်​ဝန်းကျင်​ကလည်း​လေးစားလာ၊တန်​ဖိုးထားလာသည်​။ဒီလူဟာအလကားလူမဟုတ်​ဘူး။သူ့ကိုယ်​သူရိုရို​သေ​သေ​နေတယ်​။သူ့ကိုယ်​သူတန်​ဖိုးထားတယ်​ဟုထင်​မြင်​ယူဆခံရ​သောအဆင့်​အထိ​ရောက်​ရှိလာသူသည်​သာမန်​ထက်​ပို​သောဝိ​သေသရှိသူဖြစ်​လာ၏။ထိုဝိ​သေသဂုဏ်​ရည်​ကဘဝ​အောင်​မြင်​​ရေးတွန်းအားဖြစ်​လာမည်​။

ထို့​ကြောင့်​​အောင်​မြင်​မှုနယ်​ပယ်​အသီးသီး၌​အောင်​မြင်​မှုရရှိ​စေရန်​ကြိုးစား​နေသူတိုင်းကိုယ့်​ကိုကိုယ်​ရို​သေခြင်း၊တန်​ဖိုးထားခြင်းကို​ဆောက်​တည်​ရမည့်​အနိမ့်​ဆုံးအဆင့်​၊ချမှတ်​ရမည့်​ဘဝပန္နက်​ဟုခံယူရမည်​။ကိုယ့်​ကိုကိုယ်​မရို​သေသူ၊တန်​ဖိုးမထားသူများရှိပါ့မလား၊ဟုတ်​ပါ့မလားဖြစ်​နိုင်​ပါ့မလားဟုသံသယရှိပါကကိုယ့်​ကိုကိုယ်​ဖျက်​သံ​ချေးတက်​​နေ​သောသူများ၊ကိုယ့်​ဘဝကိုမရို​သေသူ၊တန်​ဖိုးမထားသူများစွာရှိပါသည်​။ယခုစာမူကိုဖတ်​ပြီးပါကကိုယ့်​ဝန်းကျင်​၊ကိုယ့်​ရွာ၊ကိုယ့်​မြို့၊ကိုယ့်​တိုင်းကိုယ့်​နိုင်​ငံ၊ကိုယ့်​ကမ္ဘာအတွင်း၌သတိထားကြည့်​ပါ။များစွာရှိ​ကြောင်း​တွေ့ရပါမည်​။အမှန်​တရားကိုရှာ​ဖွေချဉ်းကပ်​ရာ၊သက်​​သေထူရာ၌ရှာ​ဖွေသူ၊သက်​​သေထူသူကိုယ်​တိုင်​ကအမှန်​တရားကိုအမှန်​​တရားအတိုင်းချဉ်းကပ်​ရှုမြင်​ရန်​သာလိုအပ်​ပါသည်​။

ကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားမှုကို​အောင်​မြင်​မှုသက်​သက်​ရရှိ​စေရန်​ရည်​ရွယ်​ပြီးပျိုးမ​ထောင်​စ​ကောင်းပါ။ပင်​ကိုယ်​အသိ၊ပင်​ကိုယ်​​လေးစားမြတ်​နိုးတန်​ဖိုးထားခြင်းဖြင့်​သာပျိုး​ထောင်​ရပါမည်​။ထို့အတူကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားမှုနှင့်​ဘဝင်​မြင့်​ခြင့်​၊​ခေါင်းမာခြင်း၊တယူသန်​ခြင်း၊တ​ဇောက်​ကန်းနိုင်​ခြင်း၊အ​ခြောက်​တိုက်​မာနကြီးခြင်း၊တရား​သေ​လှေနံဓားထစ်​မှတ်​ခြင်း၊ဂါရဝတရားနိဝါတတရားကင်းမဲ့၍ရို​သေထိုက်​သူကိုမရို​သေ၊နှိမ့်​ချဆက်​ဆံထိုက်​သူကိုမနှိမ့်​ချပဲ၊လူမြင်​သမျှကိုယ်​နှင့်​တန်းတူထားခြင်း၊ကိုယ့်​ထက်​နိမ့်​သူဟုထင်​မြင်​ယူဆခြင်း၊ငါ့ထမင်းငါစား​နေသည်​၊ဘယ်​သူ့ကိုမှ​အောက်​ကျ​နောက်​ကျခံစရာမလို၊ငါတို့က​တော့ငါတို့ကိုယ်​ငါတို့ရို​သေသည်​။ခပ်​မာမာခပ်​တင်းတင်းပဲဟူ​သောအမြင်​သမားများနှင့်​လည်းမတူညီပါ။အနှစ်​သာရ​ရော၊အပြင်​သဏ္ဍန်​ပါကွားခြားလှပါသည်​။

ကိုယ့်​ကိုကိုယ်​ရို​သေသူသည်​အခြားသူများကိုလည်းရို​သေ​လေးစား​လေ့ရှိသည်​။ကိုယ့်​ကိုကိုယ်​တန်​ဖိုးထား​သောသူသည်​အခြားသူများကိုလည်းတန်​ဖိုးထား​လေ့ရှိသည်​။ဟောင်းနွမ်း၊ရိုးအီ၊ဖန်​တရာ​တေ​အောင်​​ပြော​ပြော​နေကြသည့်​စကားအိုစကား​ဟောင်းတစ်​ခွန်းကိုသ​ဘောကျနှစ်​သက်​၍အများနားရည်​ဝ​နေ​အောင်​ဆီသည်​မလက်​သုတ်​ပုဝါလိုဖြစ်​​စေကာမူပြန်​လည်​တင်​ပြလိုပါသည်​။ဒီမိုက​ရေစီဟူသည်​လူတစ်​ဦးချင်းစီ၏တန်​ဖိုးရှိမှု၊ကြီးမြတ်​နိုင်​မှုကိုအသိအမှတ်​ပြုသည်​တဲ့။ကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားသကဲ့သို့အခြားသူ၏တန်​ဖိုးနှင့်​ကြီးမြတ်​နိုင်​မှုကိုအသိအမှတ်​ပြုခြင်းသည်​သဟဇာတစိတ်​ထား၊မြင့်​မြတ်​စိတ်​ထားဖြစ်​ရာထိုစိတ်​ထားဖြင့်​လုပ်​ကိုင်​ပါကရန်​မများခြင်း၊စူးစိုက်​လုပ်​နိုင်​ခြင်းဖြစ်​​စေပါသည်​။

ကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားသူမှန်​သမျှအစားကျူးခြင်း၊အအိပ်​ကျူးခြင်း၊အ​သောက်​ကျူးခြင်း၊အ​ပျော်​ကျူးခြင်း၊အ​ပြောကျူးခြင်း၊အချိန်​ဖြုန်းတီးမှုကျူးခြင်း၊အကျိုးမများ​သော​ဝေ​လေ​လေကိစ္စများပါဝင်​ပတ်​သက်​ခြင်းစသည့်​လွန်​ကျူးမှုမှန်​သမျှကို​ရှောင်​ကြဉ်​ပါသည်​။ကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားသူသည်​အခွင့်​အ​ရေးရှာသမား၊ငါ့ဘို့သမား၊အ​ခြေအ​နေသိမီးစင်​ကြည့်​ကသမားနှင့်​မတူညီပါ။လောကကြီးနှင့်​လူသားထုကိုခုတုံးလုပ်​၍၊ငြမ်းဆင်​၍အသုံးမချပါ။တက်​လမ်းမရှာပါ။ကာယအား၊ဉာဏအား၊လုံးလဝီရိယအားသုံးစွဲ၍သာတရားနည်းလမ်းဖြင့်​​အောင်​မြင်​မှုရှာ​ဖွေပါသည်​။အမြီးကျက်​အမြီးစား၊​ခေါင်းကျက်​​ခေါင်းစား၊ကိုယ်​လိမ္မာကိုယ်​ဖို့၊စားရတုန်းစား၊ဝါးရတုန်းဝါးနှင့်​ကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားသူမှာဆီနှင့်​​ရေပမာကြာ​လေကွာ​လေကွာပါသည်​။မကြံစည်​​ကောင်းသည်​ကိုမကြံစည်​ခြင်း၊မ​ပြော​ကောင်းသည်​ကိုမ​ပြောခြင်း၊မလုပ်​​ကောင်းသည်​ကိုမလုပ်​ခြင်းဖြင့်​ကိုယ့်​ဘဝတန်​ဖိုးကိုကိုယ့်​ကိုကိုယ်​ရို​သေသူကလိုက်​နာပါသည်​။တစ်​နပ်​စားကြံခြင်း၊ငါးပွက်​ရာငါးစာချခြင်း၊သည်​ယုန်​မြင်​၍သည်​ချုံထွင်​ခြင်း၊ဘူးသီးသီးမှ အရီး​ခေါ်ခြင်း၊ရှင်​ဘုရင့်​ပုဆိုးပိုးချည်းပဲဟုချီးကျူးချဉ်းကပ်​ခြင်း၊ရှင်​ဘုရင်​ရှိခိုးအမျိုးလုပ်​ခြင်းကို​ရှောင်​ကြဉ်​ပါသည်​။သစ္စာ​စောင့်​သိခြင်း၊​ကျေးဇူးသိခြင်း၊လူမှုဝတ္တရားသိတတ်​ခြင်းရှိပါသည်​။

ရှင်​သန်​​နေ​သောအရာဝတ္ထုမှန်​သမျှသည်​အ​ခြေအ​နေ၊အချိန်​အခါ၊ကာလ၊​ဒေသ၊ပ​ရောဂနှင့်​အညီအမြဲ​ပြောင်းလဲ​လေ့ရှိသည်​ဟူ​သော​ပြောင်းလဲမှုဖြစ်​စဉ်​ကိုကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားသူကအမြဲခံယူပါသည်​။မျက်​ခြည်​မပျက်​ပါ။ပြောင်းလဲမှုဖြစ်​စဉ်​ကိုအမှီလိုက်​ပါ​လေ့ရှိပါသည်​။သို့ရာတွင်​ကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားသူနှင့်​သာကူးသာ​ပေါင်း၊ညာကူးညာ​ပေါင်းသမား၊ခါ​တော်​မှီသမား၊​လှေနံနှစ်​ဖက်​နင်းသမား၊​ရော​ကြော်​သမား၊အ​ခြေအ​နေ​နောက်​မြီးဆွဲသမား၊အင်​အားများရာလိုက်​​ယောယိမ်းလိုက်​၊ဘသားယိမ်းလိုက်​သမား၊​ရောင်​​တော်​ပြန်​သမား၊ခုတစ်​မျိုး​တော်​ကြာတစ်​မျိုး၊ခုစာက​လေး​ကြော်​ခုဆီထမင်းသမား၊မူဝါဒမဲ့သမား၊​ရှေ့တစ်​မျိုး​နောက်​တစ်​မျိုးဗ​လောင်းဗလဲသမား၊သာယာစီး၍လူတွင်​ကျယ်​လုပ်​လို​သောလူတွင်​ကျယ်​သမား၊​အောင်​မြင်​လာ​သောအခါငါမှသိ၊ငါမှတတ်​၊ငါ့၌ဆရာမရှိဟူ​သောဂုတ္တိလ​စောင်းသမားကဲ့သို့ဆရာပင်​လျှင်​မထီမဲ့မြင်​ပြု၊ငါမှငါဟူ​သောအတ္တသမားမတူညီကြပါ။ကိုယ့်​ကိုကိုယ်​ရို​သေသူသည်​ကိုယ့်​ဘဝပျက်​စီး​စေမည့်​မည်​သည့်​ကာယကံ၊ဝစီကံ၊မ​နောကံကိုလည်းမပြုလုပ်​။ထို့အတူအခြားသူအားဖျက်​ဆီးလိုသည့်​ကာယကံ၊ဝစီကံ၊မ​နောကံမှုကိုလည်းမပြုလုပ်​။ကိုယ်​နှင့်​နှိုင်းမရိုင်း​စေရထုံးနှလုံးသွင်းကာအမြဲကျင့်​သုံးသည်​။လူ့ဘဝတွင်​အလိုအပ်​ဆုံးအရည်​အချင်းထဲ၌ထိပ်​ဆုံးကပါဝင်​​သောစိတ်​​ကောင်းနှလုံး​ကောင်းထားခြင်း၊ရိုးသား​ဖြောင့်​မတ်​ခြင်း၊ကြိုးစားကြံစည်​လုပ်​​ဆောင်​ခြင်းဖြင့်​မိမိဘဝကိုတိုးတက်​​အောင်​​ဆောင်​ရွက်​သည်​။ထို့​ကြောင့်​လည်းကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားသူမှန်​သမျှကိုကမ္ဘာကြီးကရို​သေ​လေးစားတန်​ဖိုးပြန်​ထားကြသည်​။

အင်​အားသုံးအထက်​စီးမှအနိုင်​ယူကျင့်​ပါ​နေ​သောညာဉ်​အဆိုးအရိုးစွဲအယူအဆ၊လည်​သလိုစားအယူအဆ၊စားရတုန်းစားအယူအဆ၊နိုင်​တုန်းလုပ်​ချင်​သလိုလုပ်​အယူအဆ၊အ​ချောင်​သမားအယူအဆတို့သည်​​လောကကြီးကို​ရော၊ကျင့်​သုံးသူပါ​ရေရှည်​၌​ကောင်းကျိုးမ​ပေးပါ။ရေရှည်​​ကောင်းကျိုး​ပေးသည်​မှာကိုယ့်​ကိုကိုယ်​ရို​သေတန်​ဖိုးထားသကဲ့သို့အခြားလူသားနှင့်​ကမ္ဘာ​လောကကြီးကိုပါရို​သေတန်​ဖိုးထား၍အမြင့်​ဆုံးအထွဋ်​အထိတ်​အထိတက်​လှမ်းနိုင်​ရန်​စိတ်​​ကောင်းနှလုံး​ကောင်း၊ရိုးသား​ဖြောင့်​မတ်​၊ဇွဲ၊လုံ့လဝီရိယဖြင့်​ကြိုးစားခြင်းသာဖြစ်​ပါ​ကြောင်း။
image

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
Msc-154
25.2.2018.Sun

Sort:  

စိတ်ကောင်းနှလုံးကောင်းက တန်ဘိုးအရှိဆုံးပါဗျာ။ လိုက်နာကျင်းသုံးကြိုးစားနေပါတယ်။

ခုလိုကြားရတာဝမ်းသာပါတယ်​။

ဟုတ်ကဲ့ပါ၊မှတ်သားထားပါ့မယ်ရှင့်

ခုလိုကြားရတာ​ကျေးဇူးတင်​ပါတယ်​။

တကယ့်ကို အရမ်းအနှစ်သာရရှိတဲ့စာတစ်ပုဒ်ပါဗျ . . တင်ဆက်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

ခုလိုဖတ်​ရှုတဲ့အတွက်​ဝမ်းသာပါတယ်​။ကျေးဇူးလည်းတင်​ပါတယ်​။

အရမ်း​ကောင်းပါတယ်​ရှင်​။

ကျေးဇူးတင်​ပါတယ်

ဟုတ်ကဲ့။မှတ်သားလိုက်နာစရာတွေပါ။

ဖတ်​ရှုတာ​ကျေးဇူးတင်​ပါတယ်​။

ဘာပဲလုပ်​လုပ်
ကိုယ်​ချင်းစာတရား​ရှေ့ ထားပြီး
လုပ်​နိုင်​ရင်​​တော့ အ​ကောင်းဆုံး
ပါပဲ ။

Nice post bro !

အရမ်းကောင်းပါတယ် ဆရာ

ခုလိုကြားရတာ​ကျေးဇူးတင်​ပါတယ်​။

ကိုယ်ချင်းစာတရား လူတိုင်းထားသင့်ပါတယ်

မှန်​ပါတယ်

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64354.36
ETH 3507.50
USDT 1.00
SBD 2.54