အမတ်​မင်းဖြစ်​​အောင်​ကြိုးစားကြစမ်းပါ

in #myanmar6 years ago

အမတ်​မင်းဖြစ်​​အောင်​ကြိုးစားကြစမ်းပါ
image

ဆရာကြီးပီမိုးနင်း၏စာအုပ်​တစ်​အုပ်​ထဲ၌ဖတ်​ရှုခဲ့ရပါသည်​။မည်​သည့်​ရက်​၊လ၊နှစ်​၊မည်​သည့်​လွှတ်​​တော်​၊အမတ်​နှစ်​​ယောက်​အမည်​မည်​သူမည်​ဝါ၊မဲဆန္ဒနယ်​အမည်​စသည်​တို့ကိုစာနယ်​ဇင်းကျင့်​ဝတ်​အရအတိအကျတိုက်​ရိုက်​မ​ဖော်​ပြခဲ့​သော်​လည်းအ​မေရိကန်​နိုင်​ငံလွှတ်​​တော်​တစ်​ခု၏လွှတ်​​တော်​အစည်းအ​ဝေးတွင်​အမတ်​မင်းနှစ်​​ယောက်​အ​ချေအတင်​ငြင်းခုန်​ဆွေး​နွေးရာမှ​ခေတ္တသတိကင်းလွတ်​ပြီးပုထုဇဉ်​ပီပီမ​ပြော​ကောင်း​သောစကားအထိ​ပြောကြားမိသည်​။အမတ်​မင်းတစ်​​ယောက်​က ခင်​ဗျားငယ်​ငယ်​တုန်းကကျွန်​​တော်​တို့အိမ်​မှာဖိနပ်​တိုက်​​ပေးခဲ့ရတယ်​မဟုတ်​လား ဟုငယ်​ကျိုးငယ်​နာကိုမ​မေးစ​ကောင်းမှန်းသတိမထားပဲ၊ငြင်းခုန်​​နေ​သောအ​ကြောင်းအရာနှင့်​မသက်​ဆိုင်​သည့်​အ​မေးကိုရုတ်​တရက်​​မေးချလိုက်​သည်​။အ​မေးခံရ​သောအမတ်​မင်းကတည်​တည်​ငြိမ်​ငြိမ်​ဖြင့်​ ဟုတ်​တယ်​​လေ၊ကျုပ်​ဖိနပ်​တိုက်​​ပေးခဲ့သမျှ​ပြောင်​စင်​​နေ​အောင်​တိုက်​မ​ပေးဘူးလား ဟုပြန်​​ဖြေသည်​။စတင်​​မေးမိ​သောအမတ်​မင်းသည်​လူကြီးလူ​ကောင်းပီပီ​ခေတ္တလစ်​ဟာသွား​သောသတိကိုအသိဖြင့်​ချက်​ချင်းပြန်​ထိန်းပြီး တိုက်​​ပေးခဲ့ပါတယ်​ ဟု​ဖြေ၏။အဖြစ်​အပျက်​ကိုဆရာကြီးပီမိုးနင်းတင်​ပြခဲ့တာထိုမျှသာဖြစ်​ပါ၏။

စာဖတ်​မိသူကျွန်​​တော့်​အ​နေဖြင့်​အမတ်​မင်းနှစ်​​ယောက်​စကားအဆုံးမှာသက်​ပြင်းလည်းချမိ၏။ဝမ်းလည်းသာမိ၏။မျက်​စိထဲမှာဖိနပ်​တိုက်​​ပေး​နေ​သော​ကောင်​​လေးလည်းမြင်​​ယောင်​မိ၏။ဖိနပ်​တိုက်​​ပေးရ​သော​အောက်​ဆုံးအဆင့်​လွှာမှအမတ်​မင်းဖြစ်​လာ​သောအမတ်​မင်းရုပ်​ပုံလွှာကိုလည်းမြင်​​ယောင်​မိ၏။ဖိနပ်​တိုက်​​ပေးရ​သော​အောက်​​ခြေလွှာအဆင့်​မှလွှတ်​​တော်​အမတ်​မင်းဖြစ်​လာ​သောသူ၏​အောင်​မြင်​မှုအတွက်​လည်းစိတ်​ထဲမှအလိုလို​နေရင်းကြည်​နူးပီတိဖြစ်​မိ၏။ကောင်​​လေးဘာ့​ကြောင့်​အမတ်​မင်းဖြစ်​သွားရပါသလဲ၊သူ့ဘဝသူ့ဒဿန၊သူ့ပျိုး​ထောင်​မှုကဘာလဲ၊သူဖိနပ်​တိုက်​​ပေးခဲ့ရ​သောအလွှာမှလူနှင့်​ဘာ​ကြောင့်​ပခုံးချင်းယှဉ်​၍အမတ်​မင်းအဖြစ်​လွှတ်​​တော်​ထဲဝင်​နိုင်​ခဲ့သလဲ။အပြန်​ပြန်​အလှန်​လှန်​အ​ဖြေရှာသုံးသပ်​မိသည်​။ဘဝအဓိပ္ပါယ်​၊ဘဝတန်​ဖိုး၊ဘဝအားမာန်​၊ဘဝရည်​ရွယ်​ချက်​ကို​ကောင်​​လေးသိမြင်​သ​ဘော​ပေါက်​၍ရုန်းကန်​ကြိုးစားခဲ့ပါလိမ့်​မည်​။လောကဓံတရားဟူသည်​လာဘ်​ရ၊မရ၊ရှုတ်​ချ​မြှောက်​စား၊နည်းများခြံရံ၊သုခဒုက္ခကြုံ​တွေ့ရ​လေ့ရှိသည်​။လူ့ဘဝဟူသည်​ရရန်​လွန်​စွာခက်​ခဲသည်​။လွန်​စွာခက်​ခဲ​သောလူ့ဘဝကိုရှိလာချိန်​၌ကြိုးစားလုပ်​ကိုင်​ပါက​အောင်​မြင်​မှုရရှိသည်​။အခက်​အခဲကို​ဖြေရှင်းက​ပြေလည်​မည်​။နိမ့်​ကျမှုကိုစိတ်​မပျက်​ပဲကြိုးစားပါကမြင့်​မားလာမည်​။ဖိနပ်​တိုက်​စားရ၍ဘဝသည်​နုံချာသည်​။မွဲ​တေသည်​။အောက်​ကျသည်​။ထို့​ကြောင့်​​နေမထူး၊​သေမထူးဖြစ်​သလို​နေမည်​ဟု​ရေစုန်​​မျှောအ​တွေးအ​ခေါ်ထားက၊ဘဝ​ရေစုန်​​မျောရာမှနစ်​မြုပ်​မည်​။မည်​မျှ​အောက်​တန်းကျကျ၊မည်​မျှဆင်းရဲဆင်းရဲ၊မည်​မျှချို့တဲ့ချို့တဲ့ လူသားဟူသည်​ဘဝရည်​မှန်းချက်​ထားကာကြိုးစားကတစ်​​နေ့​နေ့တစ်​ချိန်​ချိန်​တွင်​​အောက်​ကျ​သောဘဝမှလွတ်​၊ဆင်းရဲ​သောအဖြစ်​မှလွတ်​၊ချို့တဲ့ခြင်းကင်း​ဝေး၍အစစအရာရာ​အောင်​မြင်​လာမည်​ဟုဘဝအဓိပ္ပါယ်​၊ဘဝတန်​ဖိုး၊ဘဝအားမာန်​၊ဘဝရည်​ရွယ်​ချက်​ကိုသိမြင်​ကာပညာရည်​မြှင့်​တင်​ခြင်း၊စီးပွားဥစ္စာရှာ​ဖွေခြင်း၊လူမှုအသိုင်းအဝိုင်းကျယ်​ပြန့်​​စေရန်​ကြိုးစားခြင်း၊ကိုယ့့်​အကျိုးသူ့အကျိုး၊နယ်​​မြေ​ဒေသအကျိုး၊တိုင်းကားပြည်​ရွာအကျိုးကိုနှစ်​ရှည်​လများမျက်​ခြည်​မပြတ်​ကြိုးစားရာမှအမတ်​မင်းဘဝအထိ​ရောက်​ရှိလာခြင်းဖြစ်​ပါလိမ့်​မည်​။

ဆင်းရဲ​အောက်​ကျခြင်းကိုဆုံးရှုံးခြင်းဟုအမတ်​​လောင်းလျာ​ကောင်​​လေးသည်​မယူဆခဲ့။ကြိုးစားအားထုတ်​ရန်​လို​နေ​သေး​ကြောင်းဘဝသတိ​ပေးချက်​ခံယူပြီးဘဝကိုစိတ်​ကူးမယဉ်​၊အသက်​သာခံ​ရေသာမခိုပဲကြိုးစားမှအမတ်​မင်းဖြစ်​လာပါလိမ့်​မည်​။ဘဝကိုစိတ်​မပျက်​ပဲချစ်​မြတ်​နိုးကာဖိနပ်​တိုက်​​ပေးခဲ့ရ​သော​ကောင်​​လေးအမတ်​ဖြစ်​​အောင်​ကြိုးစားခဲ့သကဲ့သို့အမတ်​မင်းဖြစ်​​အောင်​ကြိုးစားကြစမ်းပါဟုတိုက်​တွန်းပါသည်​။

ခင်​မင်​​လေးစားယုံကြည်​အားကိုးရ​သောကိုယ်​ပိုင်​ရပ်​တည်​ချက်​၊ကိုယ်​ပိုင်​​ခေါင်း၊ကိုယ်​ပိုင်​နှလုံးသားရှိသည့်​လူငယ်​များ၊လူလတ်​များကိုအထူးတိုက်​တွန်းအပ်​ပါသည်​။သူများစီးထား​သောဖိနပ်​တိုက်​၊​ရော​ယောင်​​နောက်​လိုက်​၍ဘဝအဆုံးရှုံးမခံပါနှင့်​။ဆင်းရဲ​အောက်​ကျ​နေခြင်းသည်​ထာဝရဆုံးရှုံးခြင်းမဟုတ်​။ကြိုးစားအားထုတ်​ရန်​လိုအပ်​​နေ​သေး​ကြောင်းကိုဘဝကလက်​​တွေ့သတိ​ပေး​နေခြင်း၊ပညာ​ပေး​နေခြင်းဟုမှန်​မှန်​ကန်​ကန်​ခံယူပြီးအစွမ်းကုန်​ကြိုးစား​စေလိုပါသည်​။ဖိနပ်​​လေးတိုက်​ပြီး​ရောင့်​ရဲမ​နေကြပါနှင့်​။အမတ်​မင်းဖြစ်​​အောင်​ကြိုးစားကြစမ်းပါဟုထပ်​မံတိုက်​တွန်းအပ်​ပါသည်​။

ကျန်းမာချမ်းသာ​ဘေးကင်းကြပါ​စေ
တွင်းကြီးဝမ်း​မောင်​(​မြောင်​)
@twingyiwunmaung
MSC No.154
31.12.2017,Sun

Sort:  

စာ​ပေ​ကောင်းများဖတ်​ရလို့​ကျေးဇူးပါ

ခုလိုကြားရတဲ့အတွက်​လည်းဝမ်းသာပါတယ်​။

ဆရာ့စာတွေ အားဖြစ်စေပါတယ်

ခုလိုအား​ပေးမှုကို​ကျေးဇူးအထူးတင်​ပါတယ်​။

ဟုတ်​ကဲ့ပါဆရာ၊ ကိုယ့်​ဘ၀ကိုယ်​ ဒီ့ထက်​မြင့်​မား​အောင်​ ကြိုးစား​နေပါတယ်​ရှင်​ ☺

ကြိုးစားကြပါ။Steemit မှာ​ရော အပြင်​ဖက်​လက်​​တွေ့ဘဝမှာ​ရောကြိုးစားကြပါ။

ခုခေတ် အမတ်တော့ လုပ်ချင် ပါဘူး

နိကအာလူးပဲဖုတ်ချင်နေတာကိုးး :-P

အမတ်​ဖြစ်​​အောင်​လုပ်​ကြပါဆိုတာက
အမတ်​လုပ်​ခိုင်းတာမဟုတ်​ပါဘူး။
ဥပမာပြထားတာပါ။
ဖိနပ်​သုတ်​သမားဟာရပ်​​နေရင်​ ဖိနပ်​သုတ်​သမားဘဝမှာပဲအဆုံးသတ်​ရပါလိမ့်​မယ်​။
ကြိုးစားခဲ့တဲ့အတွက်​အမတ်​ဖြစ်​သွားပါတယ်​။
အဲဒါကို ဥပမာ ယူပြီး ခိုင်းနှိုင်းတင်​စား​ရေးထားတာပါ။
စာကို​သေချာဖတ်​ရှု​စေချင်​ပါတယ်​။ကျေးဇူးတင်​ပါတယ်​။

အရမ်းကောင်းပါတယ်

လာ​ရောက်​ဖတ်​ရှုတဲ့အတွက်​​ကျေးဇူးပါ။

အား​ပေး​နေတယ်​ ဆရာ

အချိန်​ရရင်​ရသလိုဆက်​လက်​​ရေးသားအုံးမှာပါ။အား​ပေးဖတ်​ရှုတာ​ကျေးဇူးပါ။

ဟုတ်ကြဲု့းစားနေပါတယ် bro

ကျေးဇူးတင်​ပါတယ်

Inspiration ဖြစ်တဲ့စာတွေ တွေ့ရတာ တကယ်ကို အားတက်ပါတယ်ဗျ . . .တန်ဖိုးရှိတဲ့ စာတစ်ပုဒ်ပါနော် . . ကျေးဇူးပါဗျ

လာ​ရောက်​ဖတ်​ရှု​ပေးတာကိုလည်း​ကျေးဇူးတင်​ပါတယ်​။

ဟုတ်ကဲ့ပါ

လာ​ရောက်​ဖတ်​ရှုတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​။

Yep,I'm trying

ကြိုးစားလျှင်​ဘာမဆို ဖြစ်​နိုင်​ပါတယ်​။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64453.36
ETH 3507.44
USDT 1.00
SBD 2.56