ို ကြီးပွားခြင်းနှင့်ဘဝရှင်သန် သေဆုံးခြင်း

in #myanmar7 years ago (edited)

image

ဒီဆောင်းပါးလေးကို ကြီးပွားခြင်းနှင့်ဘဝရှင်သန် သေဆုံးခြင်းလိုအမည်ပေးထားပါသည်။အဓိပ္ပာယ်နှစ်မျိုးကို ဆောင်းပါးတစ်ပုဒ်လိုရေးထားခြင်းဖြစ်သည်။ဒါကြောင့် ဖတ်ရတာ အဆင်ပြေ မပြေဆိုတာတော့ စာဖတ်သူ သယ်ရင်းတို့ရဲ့ခံယူချက်ဖြစ်ပါသည်။

လူဘဝ လူလောကသို့ရောက်လာကြသောအခါ ကျွန်တော်တို့အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေရှိကြပါသည်။ထိုအရာတွေကို ရဖို့အတွက်လရှာရ ဖွေရနဲ့ သံသရာလည်နေကြတာပေါ့။လူတွေအတွက် လူဖြစ်လာရင် ပစ္စည်း ဥစ္စာ ပညာ အပေါင်းအသင်း စသော ထိုအရာတွေဟာ ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်လာပါသည်။ကဲ ဒါဆို ဒီအရာတွေကို ဘယ်လိုရှာရမလဲ။ဘယ်လိုရအောင်လုပ်ယူကြမလဲဆိုတာ စဉ်းစားဖို့ လိုအပ်လာပါပြီး။ထိုအရာတွေကိုရဖို့ သူအလိုလိုဖြစ်ထွန်း ပေါ်ပေါက်လာမယ်လိုမထင်လိုက်ပါနဲ့။မိမိဘာသာ ရှာရ ပြုလုပ်ရမှာဖြစ်လာမှာပါ။ဒါကို ကံ၊ဥာဏ်၊ဝီရိယနှင့် လောကီရေးရာ ကျွမ်းကိင် နှံစပ်မှုတွေရှိဖို့လိုအပ်လာပါပြီး။ကြီးပွားသူတွေကိုလေ့လာကြည့်ရင် တစ်ချို့က ပစ္စည်းဥစ္စာကိုစနစ်တကျ သုံးစွဲတတ်ခြင့်ကြောင့်ဖြစ်သလို တစ်ချို့က ကံ၊ဥာဏ်၊ဝီရိယဆိုတဲ့အရာတွေ အားသန်ပြီး တစ်ချို့က ပတ်ဝန်ကျင်အပေါင်းအသင်းဆက်ဆံမှုကောင်းကြကာ ကြီးပွားခြင်းဘဝသို့ရောက်ကြခြင်းဖြစ်သည်။ထိုသို့ တစ်ဦးတစ်ယောင်ဆီတွင် ကြီးပွားခြင်းအကြောင်းအရာတွေ အရည်အချင်းတွေဟာ ကိုယ်စီရှိကြပြီးထိုအရည်အချင်းတွေကို အသုံးချတတ်မှုကောင်းကာ ကြီးပွားခြင့်သို့ရောက်ကြလေသည်။

ကြီးပွားခြင်းအကြောင်းအရာတွင် ဥပမာနဲ့ဆောင်ရန်ရှောင်ရန်တို့ကို တင်ပြပေးသွားပါမည်။ဒါဆို လူတိုင်းလူတိုင်း သဘောပေါက် နားလည်ပြီး ကြိးပွားခြင်းလမ်းမှန်ကို ရောက်ကြမယ်လို့ထင်ပါသည်။ပထမအနေနဲ့ပြောချင်တာကတော့ မိမိထက်အသက်ကြီးသူ၊ဝါရင့်သောသူ၊ဂုဏ်အားဖြင့်ကြီးမားသောသူနှင့် ကြည်ညိုလေးစားစရာကောင်သောသူများကို ပြစ်မားခြင်းမပြုလုပ်ကြဖို့ အထူသတိပေးခြင်းပါသည်။ဘာဖြစ်လို့လည်းဆိုရင် ထိုသူများကို ပြစ်မှာမိရင် "ဆူးပေါ်ဖက်ကျလျင် ဖက်ပေါက်သလို ဖက်ပေါ်ဆူကျခဲ့ရင်လည်း ဖက်ပေါက်က" မိမိက ထိုသူများကို ပြစ်မားပြောဆိုမိလျင် မိမိဘဲ အပြစ်ရပါမည်။နောက်ဘယ်အရာဖြစ်ဖြစ်မစဉ်းစားဘဲ လက်လွတ်စဖွယ် မပြုလုပ်ပါနှင့်။လက်လွတ်စဖွယ်လုပ်ကာ ခုချိန်မှာ မိမိကိုယ်ကို ဟုတ်လှပြီးဆိုတော့လည်း နောင်တစ်ချိန်တွေ တစ်ခြားသူကြောင့် ပျက်စီးကာ အသက်ပင် ဆုံးတတ်ပါသည်။မိမိတစ်ခုခုလုပ်တော့မယ်ဆိုရင် သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချပြီးမှသာ လုပ်ပါ။အရာရာကိုသတိယှဉ် ဥာဏ်ကူပြီး ပြုလုပ်သင့်ကြောင်း ပြောပါရစေ။

ယောကျာ်းတို့သည် စီးပွားရှာရာ၌ တစ်နေရာထဲတွင် စီးပွားမရှာသင့်ပါ။ဘာကြောင့်လည်းဆို "တစ်ရွာမပြောင်းသူကောင်းမဖြစ်"ဆိုသလို မိမိသည် ထိုနေရာ အရပ်ဒေသတွင် စီးပွားရှာရတာ အဆင်မဆပြရင် နောက်ဒေသ အရပ်ကိုသွားပြီးစီးပွားရှာသင့်သည်။ဒါပေ့မဲ့တစ်ခုတော့ သတိထားစေချင်သည်။"တစ်ရွာမပြောင်းသူကောင်းမဖြစ"်ဆိုတဲ့ စကားနှင့် ဆန့်ကျင်သောစကားလည်းရှိနေတာကို တွေရကာ ထိုစကားကတော့ "သေချင်တဲ့ကျားတောပြောင်း"ဆိုတဲ့စကားလည်းရှိသည်။မိမိဘာသာ မိမိအရပ်မှာ အေးအေးလူလူ စီးပွားရှာပြီးနေသင့်ကြောင်း တစ်ခြားအရပ်ဒေသပြောင်းပြီးရှာမှ "မြွေပါလည်းဆုံး သားလည်းဆုံး "ဆိုသလိုမျိုး ဖြစ်နေလိမ့်အုံးမည်။ကြီးပွားချင်ရင်တော့ တစ်ချို့ တိရိစ္ဆာန်များကိုအတုယူသင့်ပါသည်။ခြသည် သူတို့အိမ်ဆောက်ဖို့အတွက် တစ်ဖြည်းဖြည်းချင် တည်ဆောက်ကာ မိမိတို့၏အိမ်မှာအချိန်ကြာလာသည်နှင့်အမျှ ပိုမိုကြီးမားလာကာ ခြတောင်ပို့ အခြေအနေဘဝသို့ ရောက်ရှိလာပါသည်။ထိုအတူ ပျားသည်လည်း ပန်းဝတ်ရည်များကို တစ်နေ့နည်းနည်း စုပြီး အသိုက်ထဲတွင် စုဆောင်းကာ နောက်ဆုံးအချိန်တွင် ပျားလပို့ ဘဝသို့ရောက်ရှိလာပါသည်။ထိုသို့လုပ်မယ်ဆိုရင် ကြီးပွားမှာအမှန်ပါ။

ရှင်သန်ခြင်ဟာ လူရယ်လိုဖြစ်လာရင် ရှင်သန်ခြင်းက ပထမ အရာပါ။အသက်ရှင်လာပြီ လူလာမြောက်လာသည်အထိ ကျွန်တော်တိုတွေဖြတ်သန်လားကြရတယ် မဟုတ်လား…လောကဓံကို ရင်ဆိုင်ကျော်ဖြတ်ရတယ် ကောင်းတာတွေရှိ သလို အဆိုးတွေလဲ ရှိလာကြတယ်ဒါတွေကို ကျွန်တော်တို့တွေ ရုန်းကန်းကျော်ဖြတ်ရတယ်…ပျော်စရာကောင်းတဲ့ နေရက်တွေရှိသလို စိတ်ညစ်ရတဲ့ အချိန်တွေလဲရှိကြရတယ် ဒါတွေဟာလဲ ဒွန်းတွဲ လာတဲ့ အရာတွေပါ…ကျွန်တော်တို့တွေ့ လောကဓံ အမျိုးမျိုးကို ကျွန်တော်တို့အားလုံး ကြုံကြရမှာ ဧကန်အမှန်ပါ ကြုံရမဲ့ လောကဓံကို ကျော်ဖြတ်ဖို့ ခံနိုင်ရည်ရှိခြင်းသာမတူညီကြတာပါ…ကျွန်တော်တို့တွေ့ ကောင်းတာတွေနဲ့တွေရင် အနေအထား မပျက်ပေမယ့် မကောင်းတဲ့ လောကဓံဆိုးနဲ့ ကြုံကြိုက်
တဲ့ အလှည်ရောက်ရင် လူတိုင်းလူတိုင်းဟာ ဒဏ်မခံနိုင်ကြပါဘူး…

ကျွန်တော်တို့တွေ့ ရှင်သန်တာခြင်တူပေးမယ့် အသက်ရှင် ရပ်တည်တာခြင်း ဟာလဲ ကွဲပြားပါတယ်…ှုရှင်သန်နေတဲ့ ကာလအလျောက် ဖြတ်သန်ကြရပါမယ် ကျွန်တော်တို့တွေ အသက်ရှင်နေတဲ့ ကာလမှာ ကိုချစ်တဲ့သူတွေကို တန်ဖို့ထားပြီရှောက်စောက်ရမယ် ပျော်ရွှင်အောင် ထားတပ်ရမယ်…အသက်ရှင်နေတဲ့ ကာလအတွင်းမှာ ကျွန်တော်တိုတွေ့ဟာ အချစ်ခံရဖို့ထက် ကျွန်တော်တိုတွေ့ ချစ်တက်တဲ့ စွမ်းရည်တွေ ရှိဖို့က ပိုပြီးအရေးကြီးတယ်လို ကျွန်တော်ထင်တယ်…ကျွန်တော်တိုတွေ့ဟာ တခြားလူသူတွေကိုချစ်ဖို့ စာနာနားလည်ပေးဖို့မသိနားမလည်သေးတဲ့ အရာတွေ့ကိုလဲ ကိုယ်က သိသလောက်တက်
သလောက် ပြောပြလမ်းညွှန်းပေးခြင်း တိုဖြင့် ရှင်သန်နေတဲ့ ကာလလေမှာ တက်နိုင်သလောက်လေ ဖြည့်စွတ် လမ်းပြပေးစေချင်ပါတယ်…

{ဘဝမှာရှင်သန်ခြင်းနှင့်သေဆုံးခြင်းကြား တံခါးတစ်ချပ်သာ ခြားနားထားတယ်}

ဘဝမှာ ရှင်သန်ပြီရင် နောက်ဆုံးတော့ သေဆုံးခြင်ကိုလဲ မလွှဲဧကန်မုချ သွားကြရမယ်…ကျွန်တော်တိုတွေ ရှင်သန်နေတဲ့ အချိန်မှာ တန်ဖိုးထား စောင့်လျောက် ရမယ် ကိစ္စ အဝဝတွေကို ဂရုမစိုက် အမှုမဲ့အမှတ်မဲ့နေခဲ့တာတွေဟာ ကျွန်တော်တို့တွေ ခွဲခွာချိန်ရောက်မှ နောင်တ တရားတွေနဲ့ ငိုကြွေးနေလို့လဲ့ ပြန်ပြီမရနိုင်တော့ဘူး…ကျွန်တော်တိုတွေ့ သေဆုံးခြင်မရောက်ခင် တက်နိုင် သမျှလေနဲ့အလှူအတန်းတွေ လုပ်မယ် ကိုယ်အားငယ်တဲ့ လူငယ်လူရွယ်တွေ့ကို အားပေးကူးညီကြမယ်…ကျွန်တော်တို့တွေ့တက်နိုင် သမျှလေနဲ့ ပရဟိတလုပ်ငန်းလေတွေလုပ်မယ် တန်ဖိုးထား အားပေးကူညီမယ်မသေးဆုံးခင်လေးတွေမှာ ကျွန်တော်တို့တွေ့ တက်နိုင် သမျှလေနဲ့ကိုယ့်ရဲ့ ပတ်ဝန်းကျင်လေးကို ကောင်းမွန်တဲ့အရာလေတွေနဲ ဖြည့်ဆည့်ပေးလိုက်ခြင်းဖြင် မသေးဆုံးခင်လေမှာ ကျွန်တော်တို့အာလုံးလဲပျော်ရွှင် ပိတိတွေနဲ့ နောက်ဘဝအကူးလေမှာ ပျော်စရာ ဘဝလေးကို
မရောက်သွားနိုင်သော ရှင်သန်ချင်နှင့် သေဆုံးခြင်းလေးကို ကောင်းကောင် မွန်မွန် အရောက်သွားနိုင်ကြပါစေ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
14.1.2018/5:00am
Msc.100

Sort:  

good knowledge

ကျေးဇူးပါ

ဘဝဆိုတာ တိုတိုလေးပါ ကိုအေးရေ
ရလာတဲ့ အချိန်လေးအတွင်းမှာ တက်နိုင်သလောက် ပရဟိတလုပ်ငန်းလေးတွေလုပ်သွားကျရင် ဘဝက ပိုပြီးနေပျော်လာပါတယ်

ဟုတ်ကဲ့မဆုရေ။အချိန်တိုတိုလေးဘဲရကြတာလေ။

အားပေးလျက်ပါ bro

ဟုတ်ကဲ့။ကျေးဇူးပါ@htin

ဘဝအတွက်အေးဆေးဖြစ်သွားရင်ပရဟိတလုပ်ပြီးလက်ကျန်အချိန်ကိုဖြတ်သန်းသွားချင်တယ် ကိုအေး

မှန်တယ်@yehtet

တစ်ရွှာမပြောင်း သူကောင်းမဖြစ် steemit ရွှာသို့ ပြောင်းလာသည် ။

ဟုတ်တာပေါ့။နာပြောင်းလာတော့ နိက လာကြိုပေါ့။

လေးစား အားကျပါတယ်​ဗျာ

thank you@myanmar

good post

thank you@kyaw

ပရဟိတလုပ်ငန်းတွေကို ယခုထက်ပိုမို လုပ်ကိုင်နိုင်ကြသောသူများ ဖြစ်လာကြပါစေဗျာ

thank you@wai

ဟုတ်ကဲ့ပါ။

ကောင်းပါတယ်​ဗျာ....

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.026
BTC 57142.47
ETH 2437.81
USDT 1.00
SBD 2.39