တန်ဖိုးရှိသောလူ

in #myanmar7 years ago (edited)

ဒီဆောင်းပါးလေးကိုရေးရတဲ့အကြောင်းလေးကတော့ လူရယ်လို့ဖြစ်လာရင် လူတော်လူကောင်းဖြစ်စေချင်တဲ့ စေတနာစိတ်လေးနဲ့ ရေးရခြင်းဖြစ်ပါတယ်။နောက်တန်ဖိုးရှိတဲ့ လူတော် လူကောင်းလေးတွေများများဖြစ်စေချစ်တာပါ။ဒါကြောင့် စာဖတ်မိတ်ဆွေ ညီ ညီမ အကို မမ ဦးဦး ဒေါ်ဒေါ်အစရှိတဲ့ လူတိုင်း စာကိုဆုံးတဲ့အထိဖတ်စေချင်ပါတယ်။
" တန်ဖိုး"ဆိုတဲ့စကားလုံးလေးက အကြောင်းမဲ့သက်သက်ဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတာ လူတိုင်းသိစေချင်ပါတယ်။လူတစ်ယောက်မှာ သူနေရာနဲ့သူ တန်ဖိုးဆိုတာ ရှိကြပါတယ်။နောက်လူတိုင်းလူတိုင်းမှာ အရည်အချင်းဆိုတာလည်း ရှိကြပါတယ်။ကိုယ်က တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုပြုမှုနေထိုင်မလဲဆိုတာ ပထမဦးဆုံးစဉ်းစားသင့်တယ်။နောက် ကျင့်ကြံပြီး လိုက်နာရမယ်။ဒါကြောင့် တန်ဖိုးရှိအောင် နေပါ ပြောဆိုပါ စိတ်ကောင်းထားပါ လေ့ကျင့်ပါ။ဒါဆို ဘယ်လိုလုပ်ရမလဲဆိုတာ တွေးပါ။ပထမဦးဆုံးအနေနဲ့ စိတ်ကောင်းရှိဖို့က ပထမပါ။
စိတ်ဆိုတာ မျက်စိတစ်ခက်အတွင်းမှာ ပြောင်းလဲနေတာပေါ့။ဒါကြောင့်စိတ်ကို အရင်ဆုံး ပြုပြင်ရမယ်။ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ဆိုတာ အမြဲတမ်း လင်မယားလို တွဲတတ်နေတယ်။ဒါက သဘာဝဘဲလေ။အကောင်းရှိရင် အဆိုးရှိမယ်။အကြောင်းရှိရင် အကျိုးရှိမယ်။ဒါတွေဟာ လူလောကမှာနေသ၍ ရှိနေကြမှာပါ။ဒါကို သိထားရင် စိတ်ကိုပြင်လိုရတယ်။အကောင်းမြင်တဲ့စိတ်လေးဖြစ်အောင် အရာရာကို နားလည်ပေးပါ။ရင်ဘတ်ထဲက နှလုံးသားနဲ့ ခံစားပေးပါ။ဒါဆို အကောင်းမြင်တဲ့ စိတ်ကို ဖြစ်ပေါ်လာမှာပါ။ဘယ်အရာဖြစ်ဖြစ် အကောင်းမြင်တဲ့စိတ် နားလည်တဲ့စိတ် နဲ့ကြည့်ပေးဖို့ဘဲလို့ပါတယ်။ဥပမာ ကိုယ်သောက်ဖို့ ရေသန့်ဘူးနဲ့ ရေအပြည့်ထည့်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားတယ်ဆိုပါတောပ။ကိုယ်အရမ်းရေဆာတဲ့အချိန် ရေခဲသေတ္တာထဲက ကိုယ်ထည့်ထားတဲ့ရေကို ထုတ်သောက်ဖို့ကြည့်လိုက်တော့ ရေသန့်ဘူးထဲက ရေက တစ်ဝက်လျော့နေရင် မိတ်ဆွေတို့ရော ဘယ်လိုဖြစ်သွားမလဲ။တွေးကြည့်ပါနော်။
လူအများစုကတော့ ကိုယ်သောက်ဖို့ထည့်ထားတဲ့ရေ လျော့နေတာတွေ့ရင် ဒေါသဆိုတဲ့စိတ်လေးဖြစ်ပြီး ရန်ရှာတတ်ကြတယ်နော်။ကောင်းတဲ့သူကတော့ အဲဒီလိုမတွေးဘူး။သြော် သူက ငါသောက်ဖို့အတွက် ရေတစ်ဝက်ကြီးတောင် ချန်ထားသေးပါလား။တော်သေးတာပေါ့။သူသောက်မယ်ဆို အကုန်သောက်လို့ရပြီး ငါအတွက်တစ်ဝက်တောင်း ချန်ထားသေးတယ်။ ကျေးဇူးတောင်တင်သင့်တယ်လို့ တွေးမိမှာပါ။အဲလိုလေး များများတွေးပေးရင် စိတ်ကောင်းရှိလာမယ် အကောင်းမြင်စိတ်လေးဖြစ်လာပါတယ်။နောက်တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်လာဖို့ နီးစပ်ပါတယ်။ဒါကြောင့် နှလုံးသားနဲ့ခံစားပေးပြီး များများတွေး နားလည်ပေးရင် တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
နောက်တစ်ခုက စည်းကမ်းရှိဖို့လည်း လိုပါတယ်။"စည်းကမ်း"ဆိုတဲ့စကားလေးကလည်း အရမ်းအဓိပ္ပာယ်ရှိတဲ့စကားလေးပါဘဲ။"စည်း"တစ်ခုနဲ့တစ်ခု ပိုင်းခြားတဲ့အခါသုံးတယ်။"ကမ်း"သတ်မှတ်ချက်တစ်ခုပါ။ဒါကြောင့် "စည်းကမ်း"
အရာတစ်ခုခုကို ပိုင်းခြားသတ်ချက်လို့ အဓိပ္ပာယ်ရပါတယ်။ လူရယ်လို့ဖြစ်လာရင် ကိုယ်စည်းကိုယ်ကမ်းနဲ့နေထိုင်ပြုမှုပါ။စည်းကမ်းသတ်မှတ်ပါ။သတ်မှတ်ထားတဲ့ စည်းကမ်းကိုလည်း ကိုယ်ကိုတိုင် လိုက်နာပါ။လေးစားပါ။ဒါမှ စည်းကမ်းရှိတဲ့သူဖြစ်လာမယ်။တန်ဖိုးရှိတဲ့သူဖြစ်လာမှာပါနော်။

image
နောက် မိဘနှင့် လူကြီးသူမတွေကို လေးစားရပါမယ်။မိဘကတော့ ကိုယ်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့သူတွေပါ။အစားထိုးလို့မရတဲ့သူတွေပါနော်။ငယ်တုန်း လုပ်ကျွေးပါ။ကိုယ်ဘဝကို ငယ်ငယ်ထဲကနေ ခုချိန်ထိ ပညာတွေသင်ပေးပြီးပြီး မိဘတွေဘက်ကလည်း မိဘတာဝန်ကျေပြီးဘဲ ကိုယ်ဘက်က သားသမီး တာဝန်ကျေဖို့ဘဲ လိုပါတော့တယ်နော်။ကိုယ်လုပ်ကျွေးတဲ့ အချိန်မှာ မငြီးပါနဲ့။ငါငယ်ငယ်တုန်းက မိဘတွေလုပ်ကျွေးတုန်းက ခုလိုမျိုး ငြီးဖူးလို့လားဆိုတာ တွေးပါ။အသက်ကြီးတဲ့အခါ မိဘတွေက သူငယ်ပြန်တတ်တဲ့သူတွေရှိပါတယ်။စိတ်ပျက်ပါနဲ့ ။ ငါငယ်ငယ်ကရော ငါမိဘတွေ ငါအတွက်စိတ်ပျက်ဖူးလားတွေးကြည့်ပါ။ ခုခေတ်မှာ သူတို့မသိတာရှိလို့မေးတဲ့အခါ လိုလိုလားလားဖြေပေးကြပါ။ မိမိတို့ငယ်ငယ်တုန်းက ကိုယ်မသိလို့မေးတဲ့အခါ မိဘတွေက လိုလိုလားလားဖြေပေးကြတာ မြင်ယောင်ပါ။
မိဘတွေကို စိတ်မဆင်းရဲအောင်ထားကြပါ။ ပထမ စိတ်ကောင်းရှိလာမယ်။ဒုတိယ စည်းကမ်းရှိလာမယ်။နောက်ဆုံးအရေးကြီးဆုံးကတော့ မိဘကို လုပ်ကျွေးပါလို့ပြောချင်ပါတယ်။ဒါဆို မိမိကိုယ်ကို တန်ဖိုးရှိလာမယ်။ အထက်ပါအချက်တွေနဲ့ညီရင် တန်ဖိုးရှိတဲ့လူလို သတ်မှတ်လိုက်ပါ။လူတိုင်းလူတိုင်း တန်ဖိုးရှိတဲ့ လူတော် လူလိမ္မာမှာလေးတွေဖြစ်ကြပါစေ။
image* item

          နောက်ဆုံးစကားလက်ဆောင်ပေးချင်ပါတယ်။

    "သူတော်တော်  မတော်တော်
      ကိုယ်တော်ဖို့  အရေးကြီးပါတယ်။
      သူကောင်းကောင်း  မကောင်းကောင်း
      ကိုယ်ကောင်းဖို့လိုပါတယ်နော်။"အားလုံးလူတော်လူကောင်း တန်ဖိုးရှိတဲ့သူများဖြစ်ကြပါစေ။

                                    အမြဲတမ်းကြိုးစားလျက်
                                        Author Tunnaingwin
                                           Photo Credit Google Image

MSC-100

Sort:  

ကောင်းဖို့ဖြစ်​လာတာ​တွေးရင်
ကောင်းဖို့ပဲဖြစ်​လာမှာပါ

ဟုတ်အကို။စာဖတ်လို့မရဘူးဖြစ်နေတယ်

ကောင်းပါတယ်ဗျာ စာလေး နည်းနည်း ချဲ့ပြီး ရေးပေးစေချင်ပါတယ်

ခုလို အကြံပေးတဲ့အတွက် ကျေးဇူးပါအကို။

ကောင်းတယ်

ကြိုးစားလျက်ပါအကို

good ပုံကို credit ထည့်ပါဗျာ

ထည့်ထားပါတယ်အကို

ဟုတ်ကဲ့ပါ

ကောင်းပါတယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58906.05
ETH 2666.51
USDT 1.00
SBD 2.44