***သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၂၆)***
သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၂၆)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။
ထုလို့ မပြား၊ထောင်းလို့မကျေ၊ရာကုဋေပွား လူ့ထိပ်ဖျား။
ထုလို့ မပြား၊ထောင်းလို့မကျေ၊ရာကုဋေပွား လူ့ထိပ်ဖျား။စကားထာရဲ့ အဖြေကတော့ဆံပင်ဖြစ်ပါသည်။ဆိုလိုချက်ကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ဦးခေါင်းမှာ တည်ရှိနေသော ဆံပင်ကို အလေးထားကြသည်။ထိုအတူ ထိုဆံပင်တွေကို ထုလိုရနိင်ပါသလား။မရနိင်ပါဘူးလို့ပြောပါရစေ။ဒါဆို ထောင်းလို့ရော ရနိင်သလား။No Noဘဲပြောရမှာဘဲလေ။ထောင်းလို့လည်းမရပါ။ဒါကြောင့် ဒီစကားထာဖြစ်လာခြင်းဖြစ်သည်။
ခုတ်လိုမပြတ်၊သတ်လို့မသေ။
ခုတ်လိုမပြတ်၊သတ်လို့မသေ။စကားထား အဖြေလေးကတော့ ကျွန်တော်တို့ငယ်ငယ်က လူသိများခဲ့သော ရေဖြစ်ပါသည်။ဒီစကားထာလေကို လူတိုင်းသိမည်ထင်ပ။ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ အများဆုံး ဝှက်ခဲ့သောစကားထာပေါ့။ရေကို ဓားတင်မဟုတ် ဘယ်အရာနဲ့မှ ဖြတ်အောင် မဖြတ်နိင်သလို့ ဘယ်လိုလုပ်လုပ် သေအောင်လည်း မသတ်နိင်ပါဘူးဗျာ။ဒါကြောင့် ပညာရှိတွေက မှတ်မ်လွယ်ကူအောင် စကားထာနဲ့ ပြောပြခြင်းဖြစ်သည်။
ကောင်ကင်ပျံ ဈာန်ရှင်မဟုတ်။ဂူပျော်မွေ့ ရသေ့မဟုတ်။
ကောင်ကင်ပျံ ဈာန်ရှင်မဟုတ်။ဂူပျော်မွေ့ ရသေ့မဟုတ်။ဒီစကားထာအဖြေကတော့ နကျယ်ကောင်ဖြစ်ပါသည်။နကျယ်ကောင်တွေဟာ ဆို ကောင်ကင်မှာ ပျံကာ ဝဲပျံနေသောအကောင်ဖြစ်သလို မြေဂူတွေမှာလည်း နေထိုင်ကျက်စားသော အကောင်ဖြစ်သည်။ထိုသို့ ပြုလုပ်နိင်သောလည်း ဈာန်ရှင် ရသေ့များမဟုတ်ကြောင် ပြောလိုပြီး ဒီစကားထာလေးဖြစ်ပေါ်လာမည်ထင်သည်။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps. nnnwwwwwwww
eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.
Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store
Download eSteem Surfer for your PC💻
Available for all OS Github
Join eSteem Discord https://discord.gg/UrTnddT
Join eSteem Telegram http://t.me/esteemapp
Proud to be a member of The Steemians Directory
Join eSteem Community
နကျယ်ကောင်တွေကတကယ်ထူးဆန်းတာ ဘောက်ဖတ်ကလေးတွေရှာလာပြီး၊ ထွက်လာတော့ နကျယ်လေးတွေ
ဒါတော့ သိဘူးအကိုရေ
Posted using Partiko Android
အသိတွေတိုးပါတယ်ကျေးဇူးပါ
ကျေးဇူးပါ
Posted using Partiko Android
စကားထာလေးတွေပုံမှန်တင်တော့အသိတိုးပါတယ်...
Posted using Partiko Android
ဟုတ်ကဲ့။အစဉ်ကြိုးစားလျက်ပါ
Posted using Partiko Android
အဖြေဖတ်ကြည့်မိတော့
လွယ် လွယ်လေးတွေ အဟိ
ဟီးဟီး ဟုတ်တယ်နော်
Posted using Partiko Android
ငယ်ငယ်တုံးကလို စကားထာဖွက်တမ်းကစားအုံးမှပါ အတော်စုမိနေပီ ☺
ဟုတ်ကဲ့။ကျော်လည်း ခုထိ ရှာဖွေစုဆောင်းနေရတုန်းပါ
Posted using Partiko Android
ဆံပင်
ဟုဟု
Posted using Partiko Android
ဖြေလိုက်ရင် လွယ်လွယ်လေးတွေ
Posted using Partiko Android
ဟုတ်ပ
Posted using Partiko Android
အဖြေက နကျယ်ကောင်မှန်း အခုမှ သိတော့တယ်ကြားဖူးနေတာတော့ ကြာပြီ
Posted using Partiko Android
ဟုတ်ကဲ့။ကျော်လည်းကြိုးစားပြီးရှာဖွေလျက်ပါ
Posted using Partiko Android
စကားထာမှာတော့ broကနှံ့ စပ်တယ်နော်
ဖတ်ရ မှတ်ရတုန်းပါဘဲ
Posted using Partiko Android
အသိတွေ ဗဟုသုတတွေ အများကြီးရစေပါတယ်ကိုအေး။
ဟုဟု
Posted using Partiko Android